Labels
×××× (3) ၀ဏ္ဏသီရိ (1) ၀တ္ထုစာအုအ်များ (7) apk for Android Smart Phone (4) APP (3) Ashin Revata (1) Auto World Journal (1) Blogger များ (10) Chan Myay Mying Sayadaw (2) Dhamma Talk (English) MP3 (1) Dr Ashin Dhammapiya (2) Dr. Mehm Tin Mon (8) Dr. Nandamalabhivamsa (3) DVD တရားခွေများ (5) e-Book in English (42) Facebook ဆိုင်​ရာ (1) Inside jornel (1) IT ebook (1) Lလင်း (1) Maha Thera Ledi Sayadaw (3) Mingun Sayadaw (10) Mogok SayaDaw U Wimala (7) MP3 (10) NetGuide (6) Photos (1) SAR MAUNG TOH (1) U Pannya Vamsa (1) U San Lwin's Dhamma Talks (1) ViDeo dhanma (2) Videos (2) Website (1) Zar Ni (2) ကံချွန် (3) ကဗျာများ (5) ကျွန်းရွာ​တောရဆရာ​တော်​ (1) ကာတွန်း (13) ကိုနေ (1) ကို​ရွှေ​တောသား (1) ကိုလေးမြတ် (1) ကလောင်စုံ (1) ကျမ်းမာသုခ ဂျာနယ် (1) ကျမ်းမာရေး (8) ခင်ချိုထွန်းစာပေ (1) ခင်မျိုးချစ် (1) ခင်မောင်ညို (ဘောဂဗေဒ) (1) ခင်နှင်းယု (1) ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်း (1) ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်း (1) ချက်နည်းပြုတ်နည်း (1) ချစ်စံဝင်း (4) ချစ်မ (1) ချစ်ဦးညို (2) ချစ်နိုင်-စိတ်ပညာ (1) ချမ်းမြေ့ဆရာတော် (20) ဂါထာမန္တာန်ပေါင်ချုပ် (2) ဂီတတီးနည်း (1) ဂျာနယ်ကျော်မမလေး (1) ဂျာနယ်ကျော်မလေး (2) ဂျူး (4) ငယ်-လတ်-ကြီး-ဓမ္မစရိယ (1) စံ-ဇာဏီဘို (3) စစ်​တုရင်​ ၉ အုပ်​ (1) စွမ်းထက်အောင် (1) စွယ်စုံကျမ်း ၁+၉ (2) စာအုပ်များ (10) စာအုပ်လမ်ညွှန် (1) စာ​ပေ ဇယား (1) စာ​ပေ​ဟော​ပြောပွဲ mp3 (1) စိမ့်(ပညာရေး) (2) စိုက်ပျိုးရေး (3) စိုးမြတ်သူဇာ (2) ဆရာမင်းလူ (2) ဆရာကြီး ဦးဂိုရင်ဂါ (3) ဆရာကြီး ဦးဇေတဝန် (1) ဆရာဇော်ဂျီ (2) ဆရာတော်ဦးဇောတိက (1) ဆရာမောင်တိုး (1) ဆရာသောင်းလွင် (1) ဆားပုလင်းနှင်းမောင် (1) ဆုထူးပန်ဦးကျော် (1) ဆုမြတ်မွန်မွန် (1) ဆန္ဒအောင် (1) ဇ၀န (1) ဇင်သန့် (3) ဇင်ဝေသော် (1) ဇဝန (1) ဇာဂနာ (1) ညိုသောင်း (1) ညီသစ်​ (1) ညီမေတ္တာ (1) တက္ကသိုလ် စိန်တင် (1) တက္ကသိုလ် နေလင်းအောင် (4) တက္ကသိုလ်စိန်တင် (1) တက္ကသိုလ်နန္ဒမိတ် (1) တက္ကသိုလ်ဘုန်နိုင်၏စာအုပ်များ (10) တက္ကသိုလ်နေဝင်း (7) တက်တိုး (7) တင်​မိုး (1) တင်မိုးလွင် (1) တင်ထွေး (2) တင်မောင်မြင့် (1) တင်​​မော်​ (1) တတိုင်မွေး (1) တရားတော်များ (23) တာယာမင်းဝေ (4) တာတေ (1) တိပိဋကမြန်မာပြန် (3) တစ္ဆေ၀တ္ထု (2) ဒဂုန်ခင်ခင်လေး (1) ဒဂုန်ဦးစန်းငွေ (2) ဒဂုန်ရွှေမျှား (4) ဒဂုန်ရွှေမျှား (1) ဒီဃနိကာယ် ၃-ကျမ်း (1) ဒီလှိုင်းဂျာနယ် (2) ဒုတိယဗိုလ်မှူးကြီး သောင်းထိုက် (1) ဒဿန (1) ဓမ္မစရိယ ဦး​ဋ္ဌေးလှိုင်​ (1) ဓမ္မစရိယ ဦးအေးနိုင် (1) ဓမ္မာစရိယတန်းအတွက် (21) ဓမ္မာစရိယဦးအေးနိုင် (1) ဓမ္မာစရိယာဦးမောင်မောင်လေး (1) ဓမ္မကျောင်းတော် (1) ဓမ္မဘေရီ အရှင်ဝိရိယ (1) ဓာတ်ပုံပြုပြင်နည်းစာအုပ် (1) နည်းပညာ (2) နည်းပညာဂျာနယ်များ (2) နည်းပညာစာအုပ်များ (40) နန်းမာဆရာတော် အရှင်ဥာဏ (1) နိင်ငံရေးစာအုပ်များ (1) နီကိုရဲ (1) နန္ဒသိန်းဇံ (2) ပဌမသံဃယနာအ​မေးအ​ဖြေ (2) ပန်းငွေရုံဆရာတော် (1) ပန်းဝေဝေ (2) ပါရဂူ (10) ပါရဂူမင်းနန္ဒာ (1) ပိဋကတ်ကျမ်းစာ (1) ပီမိုးနင်း (3) ပုညခင် (2) ပုံပြင်စာအုပ် (1) ပျူး (3) ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်များ (4) ဖားအောက်တောရဆရာတော် (1) ဖိုးဇာ (1) ဖိုး​ကျော့ (1) ကြည်​ဦး (1) ကြယ်စင်မှူးဝေ (1) တြိစက္က (2) ဗန်းမော်ဆရာတော် (1) ဗဟုသုတ (3) ဗဟုသုတဆောင်းပါး (3) ဗိုလ်ချုပ်အောင်ဆန်း (1) ဗိုလ်​မှူးဘရှင်​ (1) ဗုဒ္ဓစာပေ (1) ဗုဒ္ဓါဝင်​ ပန်း​ချီကားများ (1) ဗျူး (8) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ (11) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသMP3 (9) ဘာသပြန် အင်္ဂလိပ် (1) ဘာသာပြန်​စာအုပ်​ (2) ဘာသာ​ရေး (4) ဘာသာရေးဆောင်းပါး (23) မဂ္ဂဇင်း (5) မင်းကိုနိုင်​ (1) မင်းခိုက်စိုးစံ (1) မင်းယုဝေ (3) မင်မြတ်သူရ (1) မင်းလူ (1) မင်လူ ၏ စာအုပ်များ (1) မင်းသိင်္ခ (1) မင်းဇော် (1) မစန္ဒာ (1) မဇ္ဈိမနိကာယ် ၃-ကျမ်း (1) မမသဒ္ဒါမောင် (1) မှတ်​စု (1) မသိ (1) မဟာဆွေ (1) မဟူရာ(လွိုင်ကော်) (1) မာဏဝ (1) မိတ်ဆက်လွှာ (1) မိန်းကလေး (3) မိုးကုတ်ဆရာတော်ဘုရားကြီး (5) မိုးတိမ်​ (1) မိုးမိုး (အင်းလျား) (3) မီကိုဇူးဇင် (3) မလေးငြိမ် (1) မျိုးမာန် (4) မျိုးသူရ (1) မှုခင်း (4) ယဉ်ကျေးလိမ္မာ (53) ပြည့်ပိုင်မှူး (1) ပြည့်ပိုင်မှူးအိမ် (1) ပြည်သူ့နီတိ (1) ဖြူးးဆရာတော် (2) ဖြူးဆရာ​တော် mp3 (1) မြတ်ခိုင် (1) မြန်မာစွယ်စုံကျမ်း (1) မြန်မာ့အလင်းသတင်စာ (22) မြသန်းတင့် (20) မြကေတု (1) ရန်ကုန်မျိုးသန့် (1) ရန်​​အောင်​ ​မောင်​​မောင်​ (1) ရှားပါးစာအုပ်များ (4) ရာဇဂဏီ (1) ရဝေထွန်း (1) ရဝေနွယ် (အင်းမ) (2) ရဲညွန့် (1) လကာင်္ရည်ကျော် (1) လင်းထွန်း (1) လင်းယုန်မောင်မောင် (6) လည်​တီဆရာ​တော်​ (3) လမင်းမို့မို့ (1) လယ်တွင်းသားစောချစ် (15) လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး M.A (2) လီနင် (1) လူထုစိန်ဝင်း (6) လူထုဦးလှ (3) လူပုဂ္ဂိုလ်များ (29) လူ​နေ (1) လရောင်ကျူးရင့် (2) ဝဏ္ဍသီရိ (1) ​ဝင်း​မောင်​ထက်​ (1) ဝတ္တုရှည် (30) ဝိဇ္ဇာ (1) ဝိနယ ပိဋက မြန်မာပြန် (5) ကျမ်း (1) ဝိနိစ္ဆယ ကျမ်းစာအုပ်များ (1) သခင်​စိုး (1) သခင်ဘသောင်း (3) သခင်မြတ်ဆိုင် (1) သင်္ခါ (1) သင်းမြတ်နိုး (1) သစ်မွှေး (2) သည်ခေတ်နေ (1) သတိုးဝီရ (1) သတိုးတေဇ (3) သန်းထိုက်ရွှေရိပ် (2) သန်းငြိမ်းအေး (1) သန်းသန်းတင့် (1) သမိန်ပေါ့သွယ် (1) သမိုင်းစာအုပ်များ (1) သံယုတ္တနိကာယ် ၅-ကျမ်း (1) သရ(ICT) (1) သျှင်ဥက္ကဌ (1) သာမဏေကျော် စာမေးပွဲ အတွက် (1) သိန်းဖေမြင့် (1) သိမ့်သိမ့်နွေး (1) သိုင်​ဝတ္ထုများ (1) သိုး​ဆောင်း (1) သီချင်းစာအုပ်​ (1) သီတဂူဆရာ​တော်​ mp3 တရား (2) သီရိသဒ္ဓမ္မာ လကာင်္ရ (1) သုခ (5) သုတ/ရသ (7) သုတ္တသင်္ဂဟ (1) သုသိဏ် (1) သူရထိုက် (1) သျှင်မ (1) ဟာသ (2) အရှင်ကုဏ္ဍလာဘိဝံသ (1) အရှင်ဂုဏိန္ဒ (1) အရှင်​ဆန္ဒာဓိက (1) အရှင်ဇနကာဘိဝံသ (1) အရှင်ဇာနေယျ (1) အရှင်နန္ဒမာလာဘိဝံသ (1) အရှင်နန္ဒမာလာ (1) အဂ္ဂဝိဇ္ဇာ (1) အင်္ဂလိပ်စကားပြော စာအုပ် (1) အင်္ဂလိပ်စာရေးရန် (1) အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း (1) အင်အားဂျာနယ် (3) အကြည်တော် (8) အဘိဓမ္မာ ပိဋက မြန်မာပြန် (1) အရှင်ကုမာရ (3) အရှင်ဆန္ဒာဓိက (33) အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ (5) အရှင်ဇနကာဘိဝံသ (1) အရှင်အာစရာလင်္ကာရ (1) အရှင်ဥာဏ (1) အရှင်ဆေကိန္ဒ (26) အလှပုံများ (9) အားကစား ဂျာနယ်​ (3) အိမ်လွမ်းသူ (1) အတွေး (1) အ​မေးအ​ဖြေ (1) ဥပဒေ စာအုပ်များ (10) ဥပဒေစာအုပ်များ (14) ဥာဏ်ကြွယ် (1) ဦးခင်ညွန့် (1) ဦးချစ်မောင် (1) ဦးဂိုအင်​ကာ (1) ဦးစိုးတင့် ( တောင်ကြီး ) (1) ဦးဆန်းလွင် (1) ဦးထွဋ္ဋ် (1) ဦးထွန်း (1) ဦးထွန်လှ (2) ဦးပဏ္ဍိတ (1) ဦးပညာစာမိ (1) ဦးပုကလေး (1) ဦးငြိမ်းမောင် (1) ဦးဘသန်း (1) ဦးသက္က (1) ဦးသက်စိန် -ဖြူး (1) ဦးဟုတ်စိန် (1) ဦး​ဌေးလှိုင်​ (1) ဦးဌေးလှိုင်( ဓမ္မာစရိယ ) (1) ဦးရွှေအောင် (2) ဦးသော်ဇင် (1) ဦးအောင်ခင် (1) ဦးအောင်ညွန့်ဝင်း (1) ဦးအောင်လင်း (1) ဦးအောင်ဟိန်းကျော် (1) ဦးအေးမောင် (4) ဦးနု (2) ကောင်းထက် (1) ကျော်နန္ဒအောင် (1) ​ကျော်​မြသန်း (1) ကျော်လှိုင် (1) ငွေကြည် (1) ငွေဥဒေါင်း (6) စောမုံညင်း (1) ဆွေလှိုင်ဦး (1) ဆွေလှိုင်ဦး (1) ဆောင်းပါး (6) ထောင်မှူးကြီး သိန်းဝင်း (1) ထောင်မှူးကြီးသိန်းဝင်း (2) ထောင်မှူးကြီးသိန်းဝင်းနှင့် သူရိန်ထွန်း (2) ဒေါ်အုန်းကြည်သား (1) ​​ဒေါက်တာ​ မင်းတင်​မွန်​ (1) ဒေါက်တာ အရှင်ကောဝိဒ (1) ​​ဒေါက်တာ​ ​အောင်​ခင်​ဆြင့်​ (1) ​ဒေါက်တာနန္ဒမာလာဘိဝံသ (1) ဒေါက်တာမင်းတင်မွန် (1) ဒေါက်တာလှဖေ (2) ဒေါက်တာသန်းထွန်း (4) ဒေါက်တာမောင်မောင်ညို (1) နေစိုးထက် (1) နေဝင်း(လန်ဒန် (1) ဖေမြင့် (5) ဖေဖေကျော် (1) ကြေးမုံသတင်းစာ (24) မေတ္တာရှင်ရွှေပြည်သာ (2) မှော်ပီဆရာသိန်းကြီး (1) မောင်ကွန်ပျူတာ (1) ​​မောင်​ခိုင်​မာ (1) မောင်ညိုမှိုင်း(သန်လျင်) (1) မောင်ထင် (1) မောင်ထွန်းမြိုင် (1) မောင်ထွန်းသူ (2) မောင်မိုးသူ (1) မောင်ဝံသ (1) ​မောင်သာချို (1) မောင်သိန်းလွင် (2) ​မောင်​သိန်​​ဖေ (1) မောင်ကောင်းထိုက် (1) မောင်မောင် (ရွှေကရ၀ိတ်) (1) မောင်မောင်မြင့်သိန်း(စက်မူတက္ကသိုလ်) (1) မောင်ရွှေခေတ် (2) ​မောင်​နှင်​​ဆွေ (1) မော်စီတုန်း (1) ​ရေနံ့သာဝင်း​မောင်​ (1) ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဥပဒေများ (1) ရွှေဥဒေါင်း (3) သောင်းညွန့်သစ် (2) သောင်းဝေဦး (3) သော်တာဆွေ (2) အောင်မြင်ရေးဆောင်းပါး (1) အောင်သင်း (5) ​အောင်​​ကြောင်​ဖြာ (1) နွယ်ဂျာသိုင်း (1) နိုင်ငံရေး (1) နိုင်ငံရေး စာအုပ်စင် (2) နိုင်ငံရေးသမိုင်းစာအုပ်များ (1) နိုင်ပန်းလှ (1)
လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
Unordered List
Thursday, September 29, 2016
တရားကို စမ်းပြီး ထိုင်ဘူးကြည့်ချင်သူများအတွက် တရားရှုမှတ်နည်း
•••••••••••••••••••••••••••••••••
                 အဲဒီလို ပုဂ္ဂိုလ်တွေဟာ တရားဘယ်လို အားထုတ်ရတယ် ဆိုတာ တစ်ခြားသူကို မေးမြန်ဖို့ အကြောင်းတစ်စုံတစ်ခုကြောင့် မေးဖို့ အခက်ခဲရှိတဲ့ ပုဂ္ဂိုလ်တွေ လည်း ရှိကောင်းရှိနိုင်ပါတယ်။
                ဘယ်လိုလဲ ဖြစ်စေ၊ဖြစ်စေ..ခဏ ဘဲ တရားထိုင်ထိုင်၊ စမ်းသပ်ကြည့်ယုံလောက် သဘောနဲ့ ဘဲ ထိုင်ထိုင်၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်က တော့ ဖြင့် တရားအားမထုတ်တဲ့ သူ ထက်သာတဲ့အတွက် ဝမ်းမြောက်စရာပေါ့နော် ။
                အဲဒီလို စမ်းပြီး တရားထိုင်ချင်သူ ဓမ္မမိတ်ဆွေတို့ အတွက် မိမိတို့ အားထုတ်မှု အချိန်ကို မလစ်ဟင်းစေဖို့ အတွက် ဘယ်လို ရှုမှတ်ရင်း အကောင်းဆုံး အသင့်တော်ဆုံး ဆိုတာ ကို ရေးသားပြီး ဓမ္မဒါနပြုလိုက်ပါတယ်။
            ◆ တရားထိုင်တယ် ဆိုတာဟာ အလွယ်ဆုံး ပြောရရင် စိတ်ကို တည်ငြိမ်စေအောင် လုပ်တာပါ.. လို့ ဘဲ လောလောဆယ်မှတ်ထားလိုက်ပါ။
             အခုမျက်မှောက်ခေတ်ကာလ အနေ နဲ့ ကတော့ တရားထိုင်တော့မယ်ဆိုရင် နေရာလေးဟာ သေးသေးလေးပဲ ဖြစ်ပါစေ၊  စိတ်အားတက်ကြွစေပြီး တန်ဖိုးထားစရာ နေရာလေးလို ဖြစ်ရင်ဘဲ ရပါပြီ။ အသံဆူဆူညံညံ မရှိဘူး၊ နှောင့်ယှက်သူ မရှိတဲ့နေရာလေးဆိုရင်တော့ ပိုကောင်းတာပေါ့နော်။
           ဒီတော့
           ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ "့ငါ ( ၁၅ ) မိနစ် စထိုင်မယ်"ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါ။
           ထိုင်လိုက်ပြီ ဆိုတာနဲ့...
"ငါ ဒီနေရာကို တရားထိုင်ဖို့ ရောက်နေတယ်"..
          ဆိုပြီး သတိကပ်ထားပါ။ တခြားအာရုံတွေ ဝင်မလာပါစေနဲ့။ တရား မထိုင်ခင်မှာ အဲဒီလို စိတ်ထားမျိုးနဲ့ စိတ်ကို အာဟာရ အားဖြည့်ပေးထားရပါမယ်။
              ထိုင်တဲ့ ပုံစံ အနေနဲ့ ..
            ဓမ္မမိတ်ဆွေဟာ တရားကို စမ်းပြီးထိုင်ကြည့်မှာဆိုတော့ ကိုယ်နဲ့ သင့်တော်သလို သက်တောင့် သက်သာဖြစ်ရင်ဘဲ ရပါပြီ။
              ဒါပေမဲ့ ကိုယ်က တရားထိုင်ဖို့  ဆုံးဖြတ်ထားတဲ့ အလျောက်..
             တရားအလုပ် လုပ်တာကို တရားတဲ့ နည်းနဲ့ သွားတာ သင့်တော်တယ်လို့ တော့ အကြံပြုပါရစေ။
          တရားမှာလည်း သူ့ အိနြေ္ဒ နဲ့ သူ ရှိပါတယ်။တကယ်တန်း ကျင့်ကြံအားထုတ်လာကြတဲ့ ပုဂ္ဂိုလ်ဆိုယင် နားလည်ပါလိမ့်မယ်။ဒါကြောင့်မို့  လုံချည်ဝတ်ပြီး နဲ့ တရားအားထုတ်ဖို့ တော့ တိုက်တွန်းပါတယ်။
              ◆ ဦးစွာ တင်ပလ္လင်ခွေ ထိုင်ပြီး ခါးကို ၉၀ ဒီကရီ မတ်မတ်ထားပါ၊ ခါးကို မတ်မတ်ထားခြင်းက တရားအားထုတ်ခါစ ပုဂ္ဂိုလ်ဟာ အလေ့အကျင့်မရှိတော့ မကြာခင် သူများတွေထက်စောပြီး နာကျင်တဲ့ဝေဒနာကို အရင်ဆုံးခံစားရမှာပါ။ အဲဒီလို ခါးကို မတ်မတ်ထားခြင်းဟာ   ဝေဒနာပေါ်လာမှုကို နှောက်နှေးစေပါတယ်။ ဝေဒနာ မရှိသေးတဲ့အချိန် မှတ်ရှုရတဲ့အခါ မှ သမာဓိ အားကောင်းပြီး စိတ်တည်ငြိမ်မှု ကို အချိန်ကြာမြင့်စွာရစေပါတယ်။ ဒါ့ကြောင့် ခါးကို မတ်နေအောင် ထားပါလို့ အကြံပြုတာပါ။  
                လက်ဝါး နှစ်ဖက်ကို ပေါင်ပေါ်မှာ ဘယ်လက်ဝါး ပေါ်၊ ညာလက်ဝါး က ယှက်တင်ထားပြီး လက်မထိပ်ခြင်းကို ထိထားပါ။ ဘာကြောင့်လက်မထိပ်နှစ်ခု ထိ ခိုင်းထားရသလဲ ဆိုရင် ဓမ္မမိတ်ဆွေဟာ ဆက်လက်အားထုတ်လာချင်စိတ်ဖြစ်လာရင် နောက်ပိုင်း အားထုတ်တဲ့ အခါမှာ လက်မခြင်း ထိနေတဲ့ နေရာကို ရှုမှတ်ရတဲ့ ကမ္မဌာန်းတွေနဲ့ ကြုံလာတဲ့အခါ အဆင်သင့်ဖြစ်နေအောင်လို့ ပါဘဲ။ 
ထိုင်တာအဆင်သင့် ဖြစ်ပြီဆိုရင်...
                ပြီးရင် ဘာလုပ်ရမလဲဆိုတော့..နှာခါင်းထိပ်ဝ ကို စိတ်ကို ညွှတ်လိုက်ပါ။ ပြီးယက်...
               ဖြည်းဖြည်းခြင်း လေရှုသွင်းလိုက်ပါ။ အဲဒီ လေ ရှု သွင်းလိုက်တဲ့ "လေ"အတန်းလိုက် လေးက မိမိရဲ့ နှာခေါင်းကနေပြီး " ဝင်သွားတာကို တောက်ရှောက် သတိထားမိမယ် ထင်ပါတယ်။ နောက်ပြီး ခုန ဝင်သွား တဲ့ လေလေးကို ဖြည်းဖြည်းခြင်း ပြန်ရှုထုတ်ပါ၊အဲဒီမှာလဲ ခုန ဝင်သွားတဲ့ လေ လေး ပြန်ထွက်လာပါလား  ဆိုတာကို ပြန်သိနေလိုက်ပါ။"
               အဲဒီလို သိတဲ့ စိတ်ကလေး ဘယ်မှ မပြေးအောင် အချိန်ကျတော့...
           "ထွက်တိုင်းသိ ဝင်တိုင်းသိ "
             ဒီသိတဲ့ စိတ်ကလေး ဘယ်မှ မပြေးအောင် ဓမ္မမိတ်ဆွေ ထိန်းထားပေးပါ။
             ဝိပဿနာအစ...
 "ခန္ဓာကိုယ်ဝင်၊ထွက်သိတာက"
           လို့ မှတ်လိုက်ပါ။ 
        "ဝိပဿနာအစ ခန္ဓာကိုယ် ဝင်တဲ့ လေလေး၊ ထွက်တဲ့လေလေး သိတာက စတာပါ " ဘဲ..။
             ◆ ကောင်းပါပြီ။ အဲဒီလို သိနေပြီးလို့ ၅မိနစ်၊ ၁၀မိနစ်တိုင်တိုင် မိမိစိတ်ကလေးဟာ ဘယ်မှမပြေးတော့ဘူးလို့.....
          ဒီလို "ကိုယ့်ဟာကိုယ် စိတ်ကလေးဟာ ထိန်းလို့ဖြင့်ရပြီဟ"လို့ ဆိုရင်တော့..
          အဲဒီလို စိတ်ကို ထိန်းနေရင်း နဲ့ ခန္ဓာကိုယ်ထဲကနေပြီး ဟိုကအောင့်သလိုလို၊ ဒီက နာသလိုလို ပေါ်လာပါလိမ့်မယ်။
         ဟိုနေရာက ယားသလိုလို၊ ဒီနေရာမှာ ပိုးကောင်လေး သွားနေသလိုလို ပေါ်လာပါလိမ့်မယ်။
            ပြီးတော့..
         ဟိုနေရာကလည်း စိတ် ကလေးတစ်မျိုး သော်လည်းကောင်း၊ ကြားတဲ့ စိတ်ကလေးလို လည်း ပေါ်လာလိမ့်မယ်။
           အဲဒီလိုပေါ်လာတဲ့အခါ...
          " ထွက်သိ၊ ဝင်သိ မှတ်နေတဲ့ စိတ်ကလေးကို ဖြုတ်ပစ်လိုက်ပါ။ခုန.. အောင့်နေတဲ့နေရာ၊ ယားတဲ့ နေရာကို စိတ်ကို ပို့ လိုက် ပါ "...။
              အဲဒီ အောင့်တဲ့ ယားတဲ့ နေရာကို ဓမ္မမိတ်ဆွေ တို့ တွေ့ လိုက်တော့..
            ဒီအောင့် တာလေးကလည်း နဂိုကအောင့်တာ မဟုတ်ပါဘူး။ အခုမှ ဖောက်ပြန် ပျက်စီးပြီး ပေါ်လာတာဖြစ်ပါတယ်...နဂိုတုန်းကမရှိဘူး..အခုမှဖြစ်လာတာပါ။ အခုမှ ဖောက်ပြန်လာတာပါ။ အဲဒီလို ဖောက်ပြန်တာကို သေသေခြာခြာ ဥာဏ်နဲ့ ကြည့်လိုက်ပါ။ အဲဒီဖေါက်ပြန်တာကြီးကလည်း ကြာကြာမမြဲဘူး ပြန်ပြီးပျက်စီးသွားတာ တွေ့ ရလိမ့်မယ်။
ဉာဏ်မပါဘဲ နဲ့ ရိုးရိုးပြောမယ် ဆိုရင်.. " ခုန နာနေတာက သက်သာပြီး ပျောက်သွားတယ်" ပေါ့။
             အဲဒီလို တွေ့ လိုက်တဲ့အခါကျတော့....
ပါဋ္ဌိလို သုံးနှုံးရရင်-
          ဖောက်ပြန် ပျက်စီးတာက ဒုက္ခသစ္စာ
          ဖောက်ပြန် ပျက်စီးမှုကို သိတာလေးက လောကီ မဂ္ဂသစ္စာ..တဲ့။
            ◆  အဲဒီလို ဖောက်ပြန် ပျက်စီးတဲ့ စိတ်ကလေးကို ဟိုနေရာပေါ်ရင်  ဟိုနေရာလိုက်။ လက်မောင်းပေါ် လက်မောင်း၊ စိတ်ပေါ် စိတ်၊ ကိုယ်ပေါ် ကိုယ်လိုက်။ ဟဒယ ဝတ္ထုပေါ် ဟဒယ ဝတ္ထုလိုက်။ နားထဲပေါ် နားထဲလိုက်။ မျက်လုံးထဲက မြင်စိတ်ကလေးပေါ်လည်း မြင်စိတ်ကလေးက ခုမှ ပေါ်လာတာ၊ ဖြစ်ပြီး ပျက်တာပဲ။
    " ဖောက်ပြန် ပျက်စီးတဲ့ ဓမ္မလေး ပဲလို့ ဆိုပြီး အသိ လိုက်နေပါ"
             ◆ အဲဒီလို လိုက်မှတ်နေလို့ လိုက်မှတ် စရာ မရှိတော့ ၊ ဘယ်နေရာမှ မပေါ်လာဘူးလို့ ဆိုလို့ ရှိရင်တော့ ခုနတုန်းက စိတ်ကလေးကို ထွက်တဲ့ဝင်တဲ့ စိတ်နဲ့တွဲနေတဲ့ ဥာဏ်ကလေးကို ဟဒယဝတ္ထုဆိုတဲ့ ဝမ်းထဲ လှည့်လိုက်ပါ။ ဝမ်းထဲ လှည့်လိုက်တဲ့ အခါကျတော့ ဝမ်းထဲမှာရှိတဲ့...
              "လေကို ထွက်အောင် အားထုတ်တဲ့ စိတ်၊ လေကို အတွင်းပြန်ကို ပြန်ဆွဲယူတဲ့ စိတ်ကလေး နှစ်ခု လှည့်ရှုနေပါ။
         ဒါလေးတွေလည်း ဖောက်ပြန် ပျက်စီးတာပဲ၊ ဖောက်ပြန် ပျက်စီးတာပဲလို့ ဓမ္မမိတ်ဆွေဟာ ဥာဏ်နဲ့ လိုက်ပြီးသိနေပေးပါ"
                ◆ လိုက်မှတ်နေရင်း နဲ့ ဟိုနေရာက ယားတယ်၊ ဒီနေရာက အောင့်တယ်၊ ဒီနေရာက ကျင်တယ်လို့ ပေါ်လာပြန်လို့ ရှိရင်လည်း အဲဒီနေရာတွေကို လှည့်လိုက်။ ဝမ်းထဲက ရှုနေတာလေးဟာ မရှိလည်း..
            မရှိတဲ့ အတွက်ကြောင့် ရှုမနေဘဲနဲ့ ပေါ်ရာပြန်လိုက်ပါ။
             အဲဒီလို ပေါ်ရာ လိုက်နိုင်ပြီ ဆိုရင်တော့ ဓမ္မမိတ်ဆွေတို့ ဟာ "ဖြစ် ပျက်" နဲ့ "ရှုတဲ့ မဂ်" ဟာ တစ်သားတည်း ဖြစ်နေပါပြီ။ ခွဲလို့ မရတော့ပါဘူး။ဝိပဿနာ ဉာဏ်တွေ ဖြစ်နေပါပြီ။
             ဒီလိုဆိုရင် ဓမ္မမိတ်ဆွေရဲ့- စိတ်ဟာ....
          " ဖြစ် - ပျက် နောက်က မဂ် အစဉ်လိုက်နေပြီ" ဆိုပြီး ဝမ်းသာလိုက်ပါတော့...လို့ ရေးသားယင်း ကျင့်ကြံအားထုတ်နိုင်သော ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်တွေ ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား-မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားသော ဝိပဿနာတရားအားထုတ်ပုံ တရားတော်ထဲမှ ကောက်နှုတ်၍ ရေးသားဖေါ်ပြပါသည်။
0 comments:
Post a Comment