Labels

APP (3) Ashin Revata (1) Auto World Journal (1) Blogger များ (10) Chan Myay Mying Sayadaw (2) DVD တရားခွေများ (5) Dhamma Talk (English) MP3 (1) Dr Ashin Dhammapiya (2) Dr. Mehm Tin Mon (8) Dr. Nandamalabhivamsa (3) Facebook ဆိုင်​ရာ (1) IT ebook (1) Inside jornel (1) Lလင်း (1) MP3 (10) Maha Thera Ledi Sayadaw (3) Mingun Sayadaw (10) Mogok SayaDaw U Wimala (7) NetGuide (6) Photos (1) SAR MAUNG TOH (1) U Pannya Vamsa (1) U San Lwin's Dhamma Talks (1) ViDeo dhanma (2) Videos (2) Website (1) Zar Ni (2) apk for Android Smart Phone (4) e-Book in English (42) ×××× (3) ကဗျာများ (5) ကာတွန်း (13) ကိုနေ (1) ကိုလေးမြတ် (1) ကို​ရွှေ​တောသား (1) ကလောင်စုံ (1) ကံချွန် (3) ကျမ်းမာသုခ ဂျာနယ် (1) ကျမ်းမာရေး (8) ကျွန်းရွာ​တောရဆရာ​တော်​ (1) ခင်ချိုထွန်းစာပေ (1) ခင်မျိုးချစ် (1) ခင်မောင်ညို (ဘောဂဗေဒ) (1) ခင်နှင်းယု (1) ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်း (1) ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်း (1) ချက်နည်းပြုတ်နည်း (1) ချစ်စံဝင်း (4) ချစ်မ (1) ချစ်ဦးညို (2) ချစ်နိုင်-စိတ်ပညာ (1) ချမ်းမြေ့ဆရာတော် (20) ဂါထာမန္တာန်ပေါင်ချုပ် (2) ဂီတတီးနည်း (1) ဂျာနယ်ကျော်မမလေး (1) ဂျာနယ်ကျော်မလေး (2) ဂျူး (4) ငယ်-လတ်-ကြီး-ဓမ္မစရိယ (1) စစ်​တုရင်​ ၉ အုပ်​ (1) စာအုပ်များ (10) စာအုပ်လမ်ညွှန် (1) စာ​ပေ ဇယား (1) စာ​ပေ​ဟော​ပြောပွဲ mp3 (1) စိမ့်(ပညာရေး) (2) စိုက်ပျိုးရေး (3) စိုးမြတ်သူဇာ (2) စံ-ဇာဏီဘို (3) စွမ်းထက်အောင် (1) စွယ်စုံကျမ်း ၁+၉ (2) ဆရာမင်းလူ (2) ဆရာဇော်ဂျီ (2) ဆရာတော်ဦးဇောတိက (1) ဆရာမောင်တိုး (1) ဆရာသောင်းလွင် (1) ဆရာကြီး ဦးဂိုရင်ဂါ (3) ဆရာကြီး ဦးဇေတဝန် (1) ဆားပုလင်းနှင်းမောင် (1) ဆုထူးပန်ဦးကျော် (1) ဆုမြတ်မွန်မွန် (1) ဆန္ဒအောင် (1) ဇင်သန့် (3) ဇင်ဝေသော် (1) ဇဝန (1) ဇာဂနာ (1) ဇ၀န (1) ညိုသောင်း (1) ညီသစ်​ (1) ညီမေတ္တာ (1) တက်တိုး (7) တက္ကသိုလ် စိန်တင် (1) တက္ကသိုလ် နေလင်းအောင် (4) တက္ကသိုလ်စိန်တင် (1) တက္ကသိုလ်နန္ဒမိတ် (1) တက္ကသိုလ်ဘုန်နိုင်၏စာအုပ်များ (10) တက္ကသိုလ်နေဝင်း (7) တင်မိုးလွင် (1) တင်ထွေး (2) တင်မောင်မြင့် (1) တင်​မိုး (1) တင်​​မော်​ (1) တတိုင်မွေး (1) တရားတော်များ (23) တာယာမင်းဝေ (4) တာတေ (1) တိပိဋကမြန်မာပြန် (3) တစ္ဆေ၀တ္ထု (2) ဒဂုန်ခင်ခင်လေး (1) ဒဂုန်ဦးစန်းငွေ (2) ဒဂုန်ရွှေမျှား (1) ဒဂုန်ရွှေမျှား (4) ဒီဃနိကာယ် ၃-ကျမ်း (1) ဒီလှိုင်းဂျာနယ် (2) ဒုတိယဗိုလ်မှူးကြီး သောင်းထိုက် (1) ဒဿန (1) ဓမ္မစရိယ ဦးအေးနိုင် (1) ဓမ္မစရိယ ဦး​ဋ္ဌေးလှိုင်​ (1) ဓမ္မာစရိယတန်းအတွက် (21) ဓမ္မာစရိယဦးအေးနိုင် (1) ဓမ္မာစရိယာဦးမောင်မောင်လေး (1) ဓမ္မကျောင်းတော် (1) ဓမ္မဘေရီ အရှင်ဝိရိယ (1) ဓာတ်ပုံပြုပြင်နည်းစာအုပ် (1) နည်းပညာဂျာနယ်များ (2) နည်းပညာစာအုပ်များ (40) နည်းပညာ (2) နန်းမာဆရာတော် အရှင်ဥာဏ (1) နိင်ငံရေးစာအုပ်များ (1) နီကိုရဲ (1) နန္ဒသိန်းဇံ (2) ပဌမသံဃယနာအ​မေးအ​ဖြေ (2) ပန်းငွေရုံဆရာတော် (1) ပန်းဝေဝေ (2) ပါရဂူ (10) ပါရဂူမင်းနန္ဒာ (1) ပိဋကတ်ကျမ်းစာ (1) ပီမိုးနင်း (3) ပုညခင် (2) ပုံပြင်စာအုပ် (1) ပျူး (3) ဖားအောက်တောရဆရာတော် (1) ဖိုးဇာ (1) ဖိုး​ကျော့ (1) ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်များ (4) ဗန်းမော်ဆရာတော် (1) ဗဟုသုတ (3) ဗဟုသုတဆောင်းပါး (3) ဗိုလ်ချုပ်အောင်ဆန်း (1) ဗိုလ်​မှူးဘရှင်​ (1) ဗုဒ္ဓစာပေ (1) ဗုဒ္ဓါဝင်​ ပန်း​ချီကားများ (1) ဗျူး (8) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ (11) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသMP3 (9) ဘာသာရေးဆောင်းပါး (23) ဘာသာပြန်​စာအုပ်​ (2) ဘာသာ​ရေး (4) ဘာသပြန် အင်္ဂလိပ် (1) မဂ္ဂဇင်း (5) မင်လူ ၏ စာအုပ်များ (1) မင်းခိုက်စိုးစံ (1) မင်းယုဝေ (3) မင်းသိင်္ခ (1) မင်းဇော် (1) မင်မြတ်သူရ (1) မင်းကိုနိုင်​ (1) မင်းလူ (1) မစန္ဒာ (1) မဇ္ဈိမနိကာယ် ၃-ကျမ်း (1) မမသဒ္ဒါမောင် (1) မသိ (1) မဟာဆွေ (1) မဟူရာ(လွိုင်ကော်) (1) မာဏဝ (1) မိတ်ဆက်လွှာ (1) မိန်းကလေး (3) မိုးကုတ်ဆရာတော်ဘုရားကြီး (5) မိုးတိမ်​ (1) မိုးမိုး (အင်းလျား) (3) မီကိုဇူးဇင် (3) မလေးငြိမ် (1) မျိုးမာန် (4) မျိုးသူရ (1) မှတ်​စု (1) မှုခင်း (4) ယဉ်ကျေးလိမ္မာ (53) ရန်ကုန်မျိုးသန့် (1) ရန်​​အောင်​ ​မောင်​​မောင်​ (1) ရာဇဂဏီ (1) ရဝေထွန်း (1) ရဝေနွယ် (အင်းမ) (2) ရဲညွန့် (1) ရှားပါးစာအုပ်များ (4) လကာင်္ရည်ကျော် (1) လင်းထွန်း (1) လင်းယုန်မောင်မောင် (6) လည်​တီဆရာ​တော်​ (3) လမင်းမို့မို့ (1) လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး M.A (2) လယ်တွင်းသားစောချစ် (15) လီနင် (1) လူထုစိန်ဝင်း (6) လူထုဦးလှ (3) လူပုဂ္ဂိုလ်များ (29) လူ​နေ (1) လရောင်ကျူးရင့် (2) ဝတ္တုရှည် (30) ဝိဇ္ဇာ (1) ဝိနယ ပိဋက မြန်မာပြန် (5) ကျမ်း (1) ဝိနိစ္ဆယ ကျမ်းစာအုပ်များ (1) ဝဏ္ဍသီရိ (1) သခင်ဘသောင်း (3) သခင်မြတ်ဆိုင် (1) သခင်​စိုး (1) သင်္ခါ (1) သင်းမြတ်နိုး (1) သစ်မွှေး (2) သည်ခေတ်နေ (1) သတိုးဝီရ (1) သတိုးတေဇ (3) သန်းထိုက်ရွှေရိပ် (2) သန်းသန်းတင့် (1) သန်းငြိမ်းအေး (1) သမိန်ပေါ့သွယ် (1) သမိုင်းစာအုပ်များ (1) သရ(ICT) (1) သာမဏေကျော် စာမေးပွဲ အတွက် (1) သိန်းဖေမြင့် (1) သိမ့်သိမ့်နွေး (1) သိုင်​ဝတ္ထုများ (1) သိုး​ဆောင်း (1) သီချင်းစာအုပ်​ (1) သီတဂူဆရာ​တော်​ mp3 တရား (2) သီရိသဒ္ဓမ္မာ လကာင်္ရ (1) သုခ (5) သုတ/ရသ (7) သုတ္တသင်္ဂဟ (1) သုသိဏ် (1) သူရထိုက် (1) သံယုတ္တနိကာယ် ၅-ကျမ်း (1) သျှင်မ (1) သျှင်ဥက္ကဌ (1) ဟာသ (2) အဂ္ဂဝိဇ္ဇာ (1) အင်္ဂလိပ်စကားပြော စာအုပ် (1) အင်္ဂလိပ်စာရေးရန် (1) အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း (1) အင်အားဂျာနယ် (3) အဘိဓမ္မာ ပိဋက မြန်မာပြန် (1) အရှင်ကုမာရ (3) အရှင်ဆန္ဒာဓိက (33) အရှင်ဇနကာဘိဝံသ (1) အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ (5) အရှင်အာစရာလင်္ကာရ (1) အရှင်ဥာဏ (1) အရှင်ဆေကိန္ဒ (26) အလှပုံများ (9) အားကစား ဂျာနယ်​ (3) အိမ်လွမ်းသူ (1) အတွေး (1) အကြည်တော် (8) အရှင်ကုဏ္ဍလာဘိဝံသ (1) အရှင်ဂုဏိန္ဒ (1) အရှင်ဇနကာဘိဝံသ (1) အရှင်ဇာနေယျ (1) အရှင်နန္ဒမာလာဘိဝံသ (1) အရှင်နန္ဒမာလာ (1) အရှင်​ဆန္ဒာဓိက (1) အ​မေးအ​ဖြေ (1) ဥပဒေ စာအုပ်များ (10) ဥပဒေစာအုပ်များ (14) ဥာဏ်ကြွယ် (1) ဦးခင်ညွန့် (1) ဦးချစ်မောင် (1) ဦးစိုးတင့် ( တောင်ကြီး ) (1) ဦးဆန်းလွင် (1) ဦးထွန်လှ (2) ဦးထွဋ္ဋ် (1) ဦးပညာစာမိ (1) ဦးပုကလေး (1) ဦးသက်စိန် -ဖြူး (1) ဦးသက္က (1) ဦးဟုတ်စိန် (1) ဦးဌေးလှိုင်( ဓမ္မာစရိယ ) (1) ဦးရွှေအောင် (2) ဦးသော်ဇင် (1) ဦးအောင်ခင် (1) ဦးအောင်ညွန့်ဝင်း (1) ဦးအောင်လင်း (1) ဦးအောင်ဟိန်းကျော် (1) ဦးအေးမောင် (4) ဦးနု (2) ဦးဂိုအင်​ကာ (1) ဦးထွန်း (1) ဦးပဏ္ဍိတ (1) ဦးဘသန်း (1) ဦးငြိမ်းမောင် (1) ဦး​ဌေးလှိုင်​ (1) ကောင်းထက် (1) ကျော်နန္ဒအောင် (1) ကျော်လှိုင် (1) ငွေဥဒေါင်း (6) ငွေကြည် (1) စောမုံညင်း (1) ဆောင်းပါး (6) ဆွေလှိုင်ဦး (1) ဆွေလှိုင်ဦး (1) ထောင်မှူးကြီး သိန်းဝင်း (1) ထောင်မှူးကြီးသိန်းဝင်း (2) ထောင်မှူးကြီးသိန်းဝင်းနှင့် သူရိန်ထွန်း (2) ဒေါက်တာ အရှင်ကောဝိဒ (1) ဒေါက်တာမင်းတင်မွန် (1) ဒေါက်တာလှဖေ (2) ဒေါက်တာသန်းထွန်း (4) ဒေါက်တာမောင်မောင်ညို (1) ဒေါ်အုန်းကြည်သား (1) နေစိုးထက် (1) နေဝင်း(လန်ဒန် (1) ဖေဖေကျော် (1) ဖေမြင့် (5) မေတ္တာရှင်ရွှေပြည်သာ (2) မောင်ကွန်ပျူတာ (1) မောင်ညိုမှိုင်း(သန်လျင်) (1) မောင်ထင် (1) မောင်ထွန်းသူ (2) မောင်ထွန်းမြိုင် (1) မောင်မိုးသူ (1) မောင်ဝံသ (1) မောင်သိန်းလွင် (2) မောင်ကောင်းထိုက် (1) မောင်မောင် (ရွှေကရ၀ိတ်) (1) မောင်မောင်မြင့်သိန်း(စက်မူတက္ကသိုလ်) (1) မောင်ရွှေခေတ် (2) မော်စီတုန်း (1) မှော်ပီဆရာသိန်းကြီး (1) ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဥပဒေများ (1) ရွှေဥဒေါင်း (3) သောင်းညွန့်သစ် (2) သောင်းဝေဦး (3) သော်တာဆွေ (2) အောင်သင်း (5) အောင်မြင်ရေးဆောင်းပါး (1) ကြေးမုံသတင်းစာ (24) ပြည်သူ့နီတိ (1) ပြည့်ပိုင်မှူး (1) ပြည့်ပိုင်မှူးအိမ် (1) ဖြူးဆရာ​တော် mp3 (1) ဖြူးးဆရာတော် (2) မြတ်ခိုင် (1) မြန်မာစွယ်စုံကျမ်း (1) မြန်မာ့အလင်းသတင်စာ (22) မြသန်းတင့် (20) မြကေတု (1) ၀ဏ္ဏသီရိ (1) ၀တ္ထုစာအုအ်များ (7) ကြည်​ဦး (1) ကြယ်စင်မှူးဝေ (1) တြိစက္က (2) နိုင်ငံရေး (1) နိုင်ငံရေး စာအုပ်စင် (2) နိုင်ငံရေးသမိုင်းစာအုပ်များ (1) နိုင်ပန်းလှ (1) နွယ်ဂျာသိုင်း (1) ​ဝင်း​မောင်​ထက်​ (1) ​ကျော်​မြသန်း (1) ​ဒေါက်တာနန္ဒမာလာဘိဝံသ (1) ​မောင်သာချို (1) ​မောင်​သိန်​​ဖေ (1) ​မောင်​နှင်​​ဆွေ (1) ​ရေနံ့သာဝင်း​မောင်​ (1) ​အောင်​​ကြောင်​ဖြာ (1) ​​ဒေါက်တာ​ မင်းတင်​မွန်​ (1) ​​ဒေါက်တာ​ ​အောင်​ခင်​ဆြင့်​ (1) ​​မောင်​ခိုင်​မာ (1)
လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။

Unordered List

Showing posts with label သုတ/ရသ. Show all posts
Showing posts with label သုတ/ရသ. Show all posts

Wednesday, October 21, 2015

ကိုယ်ရည် ကိုယ်သွေး


တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ
ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း
ညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသောထင်းအရေအတွက်မှာ လူငယ်ထက်
ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက်
ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး
ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။
စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။ သို့သော်
အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို
တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ
ရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ
အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။

ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား
မေးမြန်းခဲ့သည်။
“ အဘိုး.... ကျွန်တော်က အဘိုးထက် အားသန်တယ်... အဘိုးထက် စောပြီး
တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့်
ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်... ဘာကြောင့်လဲ”

“ဒီိလို လူလေးရဲ့... အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့
ပုဆိန်ကို အမြဲသွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း
ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက်
စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက်
ထက်မြက်နေတဲ့အတွက် အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက
ဆယ်ချက်လောက် ခုတ်ယူရတယ်... ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”

ပုံပြင်လေးကတော့ ဒါပါပဲ။

အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကို ဟောပြောပွဲတွေ သွားနားထောင်ဖို့၊
အချိန်ပိုရင် ကိုယ့်ဝါသနာပါရာ၊ လေ့လာနေတဲ့ ပညာရပ်ဆိုင်ရာ သင်တန်းတွေ
တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်ပါတယ်။ အများစုက “အလုပ်ပင်ပန်းရတဲ့
ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့
ညည်းပြကြပါတယ်။

“ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး
ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”

လူ့ဘ၀လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း
ကိုယ့်ပညာ ဗဟုသုတတွေကို မြှင့်တင်ယူရမှာ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကတော့
ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ
ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ
ပုဆိန်ကို သွေးနေသင့်ပါတယ်။ နို့မဟုတ်ရင် ခေတ်နောက် မလိုက်နိုင်တဲ့
ကိုယ့်ကို အဲဒီခေတ်ကပဲ ပယ်ထုတ်ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။

တတ်သလောက် အင်္ဂလိပ်စာလေးနဲ့ ဘာသာပြန်လုပ်စားနေတဲ့ ကျွန်တော့်အတွက်
ဒီပုံပြင်လေးက အိပ်ရာက လန့်နှိုးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။
ဘော်ဒါရောင်းရင်းများ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအတွက်လည်း
ဒီပုံပြင်လေးက တစ်ခုခု ပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်ကတော့ အင်္ဂလိပ်စာကို ဒီထက်ပို လေ့လာနိုင်မယ့်၊ သင်ပေးနိုင်မယ့်
သင်တန်းများ ထပ်တက်ပြီး သွေးသစ်လောင်းဖို့ ပြင်နေပါပြီ။

ဒီက မိတ်ဆွေများရော.. ဘယ်လို စီစဉ်ထားပါသလဲ၊ ကိုယ့်ကိုကိုယ် တတ်လှပြီ
ထင်ရင်တော့ သူများက တစ်ချက်တည်းနဲ့ ခုတ်လို့ ပြီးသွားတဲ့ သစ်ပင်ကို
ကိုယ့်ကျမှ နဖူးကချွေးခြေမ ကျအောင် အချက်ပေါင်း လေးငါးဆယ်မက ခုတ်မှ
ရမယ်ဆိုရင်တော့ ထူးအိမ်သင်သီချင်းထဲကလို နည်းနည်းလေးတော့ လွဲနေပြီ
ပေါ့ဗျာ။

ဒီတော့ သင်တန်းချည်းတက်ပြီး တက်သမျှ မလေ့ကျင့်ဘဲ၊ ပြန်မေ့နေရင်ရော
..ဆိုရင်တော့ အဲဒါ ကိုယ့်သမိုင်း ဖြစ်သွားပြီလို့ပဲ ဆိုပါရစေ။ ဒီနေရာမှာ
တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်စ်ရဲ့ စကားတစ်ခွန်း လက်ဆောင်ပါးချင်ပါတယ်။

"လက်တွေ့မပါတဲ့ ပညာဟာ အသုံးမ၀င်သလို၊ ပညာမပါတဲ့ လက်တွေ့ဟာလဲ အန္တရာယ်များတယ်"

အဲဒီလိုပဲ။ ကျွန်တော်တို့ဟာ ကိုယ်သိသလောက်၊ အတွေ့အကြုံလေးနဲ့ပဲ
ပြဿနာတိုင်းကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ လိုအပ်ရင် သင်တန်းတွေတက်
ပညာယူ လေ့လာရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ နေ့တိုင်းနေ့တိုင်း ဒီအလုပ်တွေ
ကုန်းရုန်းလုပ်ရင်း ဒီနေရာမှာပဲ ရပ်တန့်နေတော့မှာလား၊ ကိုယ့်ဘ၀ကို
ဒီထက်မြင့်မြင့် ပျံသန်းနိုင်ဖို့ အချိန်လေး အခွင့်အရေးလေး
မပေးနိုင်ဘူးလား..။ တစ်ချက်တည်း ခုတ်လို့ ပြတ်မယ့် နေရာမှာ
အချက်ပေါင်းများစွာ ခုတ်ရင်း အချိန်ကုန်၊ လူပန်းနဲ့ ဘ၀ကို အောက်ကျ၊
နောက်ကျ ဖြတ်သန်းသွားမလား။ ကျွန်တော်တို့ ပုဆိန်တွေ သွေးကြပါစို့ဗျာ။

Credit : Mynmar77

ဘဝ တန်ဖိုး


တစ်နေ့မှာ နာမည်ကြီး ဟောပြောသူတစ်ယောက်က လူ ၂၀၀ လောက်ရှိတဲ့ ခန်းမထဲမှာ ဒေါ်လာ တစ်ရာတန် တစ်ရွက်ကို ကိုင်ပြီး စတင်လိုက်ပါတယ်။ ခန်းမထဲမှာ ရှိတဲ့ လူတွေကို ဒီ ဒေါ်လာ ၁၀၀ ကို ဘယ်သူလိုချင်လဲ … ? လိုချင်တဲ့သူတွေ လက်ထောင်လိုက်ပါ လို့ ပြောပါတယ် …
အဲဒီအချိန်မှာ အားလုံးက လက်ထောင်ပြီးတော့ လိုချင်ကြောင်း ပြကြပါတယ်။ ပရိတ်သတ်တွေထဲ က တစ်ယောက် ကို ဒီ ဒေါ်လာ ၁၀၀ ကို ပေးပါမယ် … ဒါပေမယ့် ကျွန်တော့်ကို တစ်ခုတော့ လုပ်ခွင့်ပေးပါ လို့ပြောပြီးတော့ အဲဒီပိုက်ဆံကို လုံးချေလိုက်ပါတယ်။ ပြီးတော့ ဘယ်သူတွေ လိုချင်ကြသေးလဲ လို့ မေးပြန်ပါတယ်။ ပရိတ်သတ်တွေကတော့ လက်တွေကို မြှောက်ထားကြဆဲပါ …
ဟုတ်ပြီ … ဒါဆိုရင် ကျွန်တော် … ဘာဆက်လုပ်မလဲ ကြည့်ရအောင်ဗျာ … ဆိုပြီးတော့ ပိုက်ဆံကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ပြီးတော့ ဖိနပ်နဲ့ နင်းချေလိုက်ပါတယ် … အဲဒီကြေမွ ပေရေ နေတဲ့ ပိုက်ဆံကို ပြန်ကောက်ပြီးတော့ ဘယ်သူတွေလိုချင်သေးလဲ လို့ ထပ်မေးပါတယ်။ ပရိတ်သတ်တွေကတော့ လက်တွေ မြှောက်ထားဆဲပါပဲ …
အဲဒီတော့မှ ပရိတ်သတ်ကြီးခင်ဗျာ … ကျွန်တော်တို့အတွက် တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုကို ပြောပြချင်လို့ပါ … ကျွန်တော် ဒီပိုက်ဆံကို ဘယ်လိုပဲ နင်းချေ ညစ်ပတ်ပေရေ လုပ်လိုက်ပေမယ့် ပရိတ်သတ်ကြီးက လိုချင်နေဆဲပါပဲ … ဘာကြောင့်လဲဆိုတော့ ပိုက်ဆံကို ညစ်ပတ်ပေရေ တွန့်ကြေ သွားအောင် လုပ်လိုက်ပေမယ့် သူရဲ့ တန်ဖိုးက ပြောင်းလဲမသွားလို့ပါ …
ကျွန်တော်တို့ ဘဝမှာ အကြိမ်ပေါင်းများစွာ ပြုတ်ကျနိုင်တယ် .. ကြေမွနိုင်တယ် … ညစ်ပတ်ပေရေ သလိုမျိုး ဘဝတွေ နွမ်းပါးနိုင်တယ်။ ကျွန်တော့်တို့ ကို ကျွန်တော်တို့ အသုံးမကျတော့ဘူးလို့တောင် ခံစားရကောင်းခံစားရမိနိုင်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ခဲ့ခဲ့ … ဘာတွေပဲ ဖြစ်လာလာ ကိုယ့်ရဲ့တန်ဖိုးတော့ မမဲ့ပါစေနဲ့ .. ဒါလေးတော့ မမေ့စေချင်ပါဘူး လို့ ပြောလိုက်ပါတယ်
ဒီအကြောင်းအရာလေးကို အင်တာနက်မှာ ဖိတ်မိတဲ့အခါ ဆက်စဉ်းစားဖြစ်ပါတယ် … ပိုက်ဆံ တစ်ရွက်မှာ ၂၀၀ … ၅၀၀ … ၁၀၀၀ .. ၅၀၀၀ …. ၁၀၀၀၀ စသည်ဖြင့် တန်ဖိုးတွေ ရှိသလို …
လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ ဘာလဲ …
ကိုယ့်မှာ ဘယ်လိုတန်ဖိုးတွေ ရှိသင့်လဲ …
ရိုးသားမှု၊
နားလည်မှု၊
တရားမျှတမှု၊
ဉာဏ်ပညာ ကြီးမားမှု၊
ခေါင်းဆောင်နိုင်မှု၊
ပေးကမ်းစွန့်ကြဲနိုင်မှု၊
ရဲရင့်မှု၊
စွန့်လွှတ် အနစ်နာခံနိုင်မှု
စတဲ့ စတဲ့ လောကပါလ တရားတွေထဲက
ကိုယ့်ရဲ့ တန်ဖိုးက ဘာလဲ .....
ဘယ်လို သတ်မှတ်ကြမလဲ …
အလေးအနက်ထားပြီး စဉ်းစားကြည့်ကြစေချင်ပါတယ် ….
“တန်ဖိုးရှိသော ဘဝကိုယ်စီကို ပိုင်ဆိုင် နိုင်ကြပါစေ …”
မေတ္တာဖြင့်
အောင်ကိုဦး(UMK)

လူငယ် နှင့် စိတ်ဖိစီးမှု


ယနေ့ခေတ် ၂၁ ရာစု လူသားတွေဟာ Stress ဆိုတဲ့ စကားလုံးနဲ့ တော်တော် ရင်းနှီးကြပါတယ်။ နေ့စဉ် အိမ်မှာ၊ လုပ်ငန်းခွင်မှာ၊ လမ်းပေါ်မှာ၊ နေရာတိုင်းမှာလိုလို မိသားစုကိစ္စတွေ၊ အလုပ်ကိစ္စတွေ၊ အကြောင်း အမျိုးမျိုးတွေကြောင့် စိတ်ဖိစီးမှုဆိုတဲ့ Stress တွေကို ကြုံနေကြ ရပါတယ်။ ဘဝမှာ အောင်မြင်တဲ့သူ တစ်ယောက် ဖြစ်ဖို့အတွက် Stress တွေကို ရင်ဆိုင် ကျော်ဖြတ်နိုင်ဖို့လည်း လိုပါတယ်။ Stress နဲ့ပတ်သက်လို့ ကျွန်တော် နားလည်သလောက် ရေးသားလိုက်ပါတယ်။
ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ Stress ကို ကျွန်တော်တို့ ကြုံနေကြရပါတယ်။ Stess ဆိုတာ လူတစ်ယောက်အပေါ်မှာ ပိနေတဲ့ စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာ ဖိအားတစ်ခုပါပဲ။ မည်သည့် ဘဝနေထိုင်မှု ပုံစံမျိုးမဆို တနည်းနည်းနဲ့တော့ ဘဝကို အဆင်ပြေအောင်၊ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်နိုင်ဖို့ လိုပါတယ်။ အဲဒီလို နေနိုင်ဖို့ဆိုတာ စိတ်ဖိစီးမှု၊ သောက STRESS တွေ ကင်းရှင်းဖို့လိုပါတယ်။ ဘာတွေက Stress တွေဖြစ်စေနိုင်လဲ …… ?
လုပ်ငန်းခွင်မှာ တွေကြုံရတဲ့ စည်းကမ်းတင်းကျပ်မှု နဲ့ ဖိအားတွေ၊ မမျှော်လင့်တဲ့ အဖြစ်အပျက်တွေ၊ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းအချင်းချင်း ဆက်ရတဲ့ အခက်အခဲတွေ၊ လုပ်ငန်း ရာထူးနေရာ/အဆင့်အတန်း အတွက် ယှဉ်ပြိုင်မှုတွေ၊ ပတ်ဝန်းကျင်က တိုက်ခိုက်မှုတွေ စတဲ့ အချက်တွေဟာ အလုပ်နဲ့ ပတ်သက်တဲ့ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ အကြောင်းတွေပါပဲ။ အလုပ်သွားတဲ့အချိန်မှာ ကားပိတ်လို့ နောက်ကျတာလည်း Stress တစ်ခုပါပဲ။ အိမ်မှာ နေ့စဉ်နဲ့ အမျှလုပ်နေရတဲ့ အိမ်မှု ကိစ္စတွေ၊ ငွေရေးကြေးရေး အဆင်မပြေမှုတွေ၊ မိသားစုတွေက ကိုယ့်ကို နားလည်မပေးတာတွေ၊ မိဘက ချူပ်ချယ်လွန်းတာတွေ၊ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နေရတဲ့ အချိန်နည်းတာတွေကလည်း Stress တွေ ဖြစ်စေနိုင်ပါတယ်။
နည်းပညာဆိုင်ရာ ပစ္စည်းတွေ အဆင်မပြေတာ၊ ဥပမာ- အင်တာနက် connection ကျနေလို့ mail တွေအချိန်မီ မပို့နိုင်တာ၊ Loading တက်နေတာကိုကြည့်နေရတာ၊ ဖုန်းမှာ error တက်တာ၊ ကွန်ပြူတာ သုံးလို့ အဆင်မပြေတာ တွေကလည်း စိတ်ကို Stress တွေပေးပါတယ်။
မိသားစုနဲ့ ဝေးနေရတာတွေ၊ ချစ်သူနဲ့ ဝေးနေရတာတွေ၊ အချစ်ရေး အဆင်မပြေတာတွေ၊ အသဲ ကွဲတာတွေ၊ ချစ်သူခြင်း ပဋိပက္ခတွေ၊ နားလည်မှု အလွဲတွေ အစရှိတဲ့ နှလုံးသားရေးရာ ကိစ္စများကလည်း Stress တွေ ရနိုင်ပါတယ်။
Stress တွေ ရှိတိုင်းလည်း မကောင်းတာတော့ မဟုတ်ပါဘူး၊ တစ်ခါတစ်ခါမှာ အလုပ်လုပ်ချင်စိတ် ဖြစ်ရုံလောက် Stress တွေဆိုရင် အလုပ်အတွက် တွန်းအားဖြစ်ပြီးတော့ အလုပ်တွေ ပိုလုပ်ဖြစ်တဲ့အတွက် လိုချင်တာတွေ ရတာတွေ၊ ပြီးမြောက်အောင်မြင်မှု တွေလည်း ရတတ်ပါတယ်။ ကိုယ့်အပေါ်သက်ရောက်တဲ့ Stress ရဲ့ အတိုင်းအဆ အပေါ်မူတည်ပြီးတော့ ကိုယ့်က အကောင်းနဲ့ တုန့်ပြန်မလား အဆိုးပုံစံ တုန့်ပြန်မလား ဆိုတာ စိတ်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာပါ သူ့အလိုလို ဖြစ်သွားတတ်ပါတယ်။ ကိုယ့်အပေါ်သက်ရောက် နေတဲ့ Stress က ဘယ်လောက် အတိုင်းအတာထိ ရှိနေလဲ ဆိုတာ သိဖို့လည်း လိုအပ်တယ်။ ဒါမှသာ လိုအပ်သလို စိတ်ရော ရုပ်ပါ ပြောင်းလဲ ကျင့်ကြံပြီး ကျော်ဖြတ်ရမှာပါ။
Stress တွေများလာရင် ဘာတွေ ဖြတ်လာတတ်လဲ ? အဖြစ်အများဆုံးကတော့ ညည အိပ်မပျော်တတ်တာပါ၊ ပြီးတော့ မစားချင် မသောက်ချင် ဖြစ်တတ်တယ်၊ ကြွက်သားတွေ တင်းတာ၊ ဇက်ကြောတွေ တအားတတ်တာ၊ ခေါင်းကိုက်တာ၊ ကျောအောင့်တာ၊ အရမ်းပင်ပန်းလွယ်တာ၊ စိုးရိမ်သောက များတာ အစရှိတာတွေလည်း ဖြစ်တတ်ပါ။ ဒါထက်ပိုပြီး ဒေါသတွေ ခဏခဏ လွယ်လွယ်ကူကူထွက်တာ၊ ဂနာမငြိမ်တာ၊ အစာအိမ်ရောင်တာ၊ အစာအိမ်နာတာ၊ စိတ်နေသဘောထား/ စိတ်နေ စိတ်ထား ပြောင်းလဲလာတာ၊ သွေးပေါင်တက်တာ၊ ဆီးခဏခဏ သွားတာ တွေဖြစ်လာရင်တော့ Stress အတိုင်းအတာ မြင့်နေတယ်လို့ သတ်မှတ်ရမှာပါ။
Stress ရဲ့ သက်ရောက်မှုဟာ အကောင်းဖက်ကို ဦးတည်တာ ဖြစ်နိုင်သလို၊ အဆိုးဖက်ကို ဦးတည်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါဆို Stress တွေကို ဘယ်လိုနည်းတွေနဲ့ နိုင်နိုင်နင်းနင်း ကိုင်တွယ် ဖြေရှင်းကြမလဲ ? Stress တွေကို ဖြေရှင်းတဲ့အခါ အလွန်အကျွံ အရက်သောက်တာ၊ အစားအသောက် များတာ၊ ဆေးလိပ် အလွန်သောက်တာ၊ ပြဿနာတွေကို ရှောင်ပြေးတာ၊ တစ်ဖက်သားကို တိုက်ခိုက်တာ၊ တဖက်သားနဲ့ အငြင်းပွားတာ စတဲ့ ကိစ္စတွေကို အနှောင့်အယှက် ပေးတတ်ပါတယ်။ ဆိုလိုတာက စိတ်ဓါတ်မတည်ငြိမ်/ မကြည်လင်တဲ့ အတွက် ဖြေရှင်းရ ခက်တတ်ပါတယ်။ နောက်တစ်ခုက ဘယ်လို အခြေအနေ၊ ဘယ်လို အချိန်မျိုးမှာ ကိုယ်က Stress ရတတ်တယ်ဆိုတာ သိဖို့ လိုပါတယ်။
Stress တွေကြုံလာတဲ့အခါ အသက်ကို ဝဝ ရှုပါ၊ လေ့ကျင့်ခန်း လုပ်ပါ၊ အနားယူပါ၊ ပန်းချီဆွဲတာ၊ သီချင်းဆိုတာ၊ ရုပ်ရှင်ကြည့်တာ စတဲ့ ဝါသနာပါတဲ့ တစ်ခုခုကို လုပ်ပါ။ Stress တွေ မကြုံရအောင် လုပ်ငန်းခွင်မှာ၊ နေ့စဉ်လူမှုဘဝမှာ လုပ်ဆောင်ရမဲ့ ကိစ္စတွေကို တစ်နေ့ခြင်းအတွက် စာရင်းလုပ်ထားပါ။ ကိုယ့်ရဲ့ တစ်နေတာ အချိန်စာရင်းကို သူ့နေရာနဲ့သူ၊ ကိစ္စအလိုက်၊ နေရာအလိုက် တိတိကျကျ သတ်မှတ် ထားပါ။ ကိုယ်သတ်မှတ်ထားတဲ့ အချိန်စာရင်းကို ကိုယ်တိုင် ပြီးအောင် လုပ်ပါ။ အချိန်စာရင်း သတ်မှတ်တဲ့အခါ ဖြစ်နိုင်ချေရှိဖို့၊ သဘာဝကျဖို့လည်း လိုပါတယ်။ ကိုယ့်ရဲ့သဘောထား ခံယူချက်ကို ပြောင်းလဲဖို့ကြိုးစားပါ - ဆိုလိုတာက ကိုယ်က Stress တွေကို မခံနိုင်ဘူးဆိုရင် အဲဒီ Stress တွေဟာ ဘဝ တိုးတက်ဖို့အတွက် စိန်ခေါ်မှုတွေလို့ သတ်မှတ်နိုင်အောင် ကြိုးစားပါ။ မခံနိုင်လောက်အောင် ခံစားချက်တွေ မွန်းကြပ်လာတဲ့အခါ စိတ်ချယုံကြည်ရတဲ့ အရင်းနှီးဆုံးသူ တစ်ယောက်ယောက်ကို ပြောပြပါ။ လုံးဝ ပြောစရာ လူမရှိတဲ့အခါ စာအုပ်ထဲမှာ ချရေးလိုက်ပါ။
လုပ်ငန်း ကိစ္စတွေ ဆောင်ရွက်ရတဲ့အခါ တစ်ချို့ ကိစ္စတွေကို အားမနာတတ်အောင် လေ့ကျင့်ပါ၊ တကယ်ကို အဆင်မပြေနိုင်တဲ့ ကိစ္စတွေအတွက် အားမနာပါနဲ့။ အားနာတတ်လို့ မဖြစ်နိုင်တဲ့ကိစ္စကို ကတိပေးလိုက်တဲ့အခါ ကိုယ့်စကားနဲ့ကို ပိတ်မိပြီး Stress တွေရတတ်ပါတယ်။ ဒါပေမဲ့ ကိစ္စတော်တော် များများကို လုပ်နိုင်အောင် ကြိုးစားပါ၊ “ငါလုပ်ရင် ဖြစ်တယ် ဆိုတဲ့ စိတ်ဓါတ်ကို မွေးမြူပါ။ ဒီနေ့လုပ်လို့ ရတဲ့ကိစ္စကို မနက်ဖြန်ကို မရွှေ့ပါနဲ့၊ ရွှေ့လို့ ရသေရွ့ အလုပ်ကို ရွှေ့နေရင် တကယ် မဖြစ်မနေလုပ်ရတဲ့ အခါ မနိုင်မနင်းနဲ့ Stress တွေ ရတတ် ပါတယ်။ တစ်ခါတစ်လေ ဒုက္ခတွေဟာ အတွဲလိုက် ဆက်တိုက် ဆက်တိုက် လာတတ်ပါတယ်။
အဲဒီအချိန်မျိုးမှာ ဒုက္ခတွေဟာ ကိုယ်တစ်ယောက်တည်းကို ရွေးပြီးလာပေး တာမဟုတ်ဘဲ လူတိုင်းမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ဒုက္ခတွေရှိကြတာကို နားလည်နိုင်အောင် ကြိုးစားပါ။ ဒါဆိုရင် အဆိုးတွေ ကြုံတဲ့အခါ ရလာမဲ့ Stress တွေကို ကျော်ဖြတ်ဖို့ အဆင်ပြေပါလိမ့်မယ်။
အခက်အခဲ တွေကို တစ်ဆင့်ပြီး တဆင့် ကျော်ဖြတ်ပြီးတဲ့အခါ ပိုမြင့်တဲ့ တစ်ဆင့်ကို ရောက်လာ ပါတယ်။ အခက်အခဲတွေဟာ ဘယ်လောက်အထိ အကောင်းဆုံးလုပ်နိုင်တာကို ပြတဲ့ သက်သေတွေပါ။

အောင်ကိုဦး(UMK)

ရေခွက်လေး တစ်ခွက်


ဒီရက်ပိုင်းမှာ ကျွန်တော့်ရဲ့ facebook စာမျက်နှာ မှာ fan အသစ်တွေ တော်တော်များများတိုးလာလို့ အရင်က စာစု အဟောင်းလေးတွေပဲ တင်ဖြစ်နေတော့ အရင်က fan တွေကလည်း စာစု အသစ်လေးတွေ ဖတ်ချင်ကြပြန်တယ် … ။ ဒါနဲ့ ဘာရေးရင်ကောင်းမလဲ အတန်းပြီးတော့ စဉ်းစားလိုက်တော့ ဒီအကြောင်းလေးကို သတိရမိသွားတယ်။ ဒီအကြောင်းလေးကိုလည်း တော်တော်များများက ကြားဖူးကြမယ်လို့ ထင်ပါတယ် … ။ ဒါပေမေယ့် သိပြီးသူတွေရော မသိသေးသူတွေရော အကျိုးရှိမယ်ထင်လို့ ရေးလိုက်ပါတယ်။
စိတ်ဖိစီးမှု နဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှု သင်တန်းခန်းမ ထဲမှာ သင်တန်းနည်းပြ စိတ်ပညာရှင် ဆရာကြီးက သင်တန်းသား/သူ တွေဆီကို လျှောက်လာပါတယ်။
သူက ရေခွက်ဝက်ထည့်ထားတဲ့ ဖန်ခွက် တစ်ခွက်ကို မြှောက်ပြပါတယ်။
သင်တန်းသား/သူတွေ အားလုံးက “ရေခွက်ထဲက ရေက အပြည့်လား ? တစ်ဝက်လား ? ဆိုတဲ့ မေးခွန်းပဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
ဒါပေမယ့် ဆရာကြီးက ပြုံးပြီးတော့ “ဒီရေခွက်က ဘယ်လောက် လေးသလဲ” လို့ မေးလိုက်ပါတယ် ။
၅-ကျပ်သား/ ၁၀-သား လောက်တော့ ရှိမှာပေါ့ လို့ အားလုံးက ဝိုင်းဖြေကြပါတယ်။
အလေးချိန်အတိအကျ ဘယ်လောက် ရှိလဲဆိုတာက အဓိက မကျပါဘူး၊ အရေးကြီးတာက ဒီခွက်ကို ဘယ်လောက် ကြာကြာကိုင်ထားမလဲ ဆိုတာပါပဲ … ဒီရေခွက်ကို တစ်မိနစ်လောက်ပဲ ကိုင်ထားမယ်ဆိုရင် ဘာမှ ပြဿနာ မရှိပါဘူး၊ တကယ်လို့ တစ်နာရီလောက်သာ ကိုင်ထားမယ်ဆိုရင် လက်မောင်းတွေ ညောင်းကိုက်လာမယ်၊ ဒီထက်ပိုပြီး တစ်နေ့လုံးသာ ကိုင်ထားမယ်ဆိုရင် လက်က ထုံကျင်ပြီးတော့ လှုပ်တောင် လှုပ်လို့ရမှာ မဟုတ်တော့ဘူး။
အခုဏပြောခဲ့တဲ့ ကိစ္စတစ်ခုတိုင်းမှာ ရေခွက်ရဲ့အလေးချိန်က ပြောင်းမသွားပါဘူး၊ ဒါပေမယ့် ဘယ်လောက်ကြာကြာ ကိုင်ထားတာလဲ ဆိုတာက အဖြေပါ … ကြာကြာကိုင်ထားတာနဲ့ အမျှမျှ ပိုပိုပြီး လေးလာတယ်လို့ ခံစားလာရပါလိမ့်မယ်။
ဘဝမှာ တွေ့ကြုံရတဲ့ ပူပန်သောက စိုးရိမ်မှု၊ စိတ်ဖိစီးမှု တွေဟာ လည်း ခုဏက ကိုင်ထားတဲ့ ရေခွက် တစ်ခွက်လိုပါပဲ၊ ခဏလေးပါ ဘာမှ မဖြစ်ပါဘူးလို့ တွေးရင်လည်း ဘာမှမဖြစ်ပါဘူး၊ ဒါပေမယ့် အဲဒီ ပူပန်သောက စိုးရိမ်ကြောင့်ကြမှုတွေကို အကြာကြီး ရှိနေမယ်ဆိုရင်တော့ တဖြည်းဖြည်း အချိန်ကြာလာတာ နဲ့ အမျှ ပိုပိုပြီးတော့ ပင်ပန်းဆင်းရဲလာပါလိမ့်မယ် … စိတ်တွေပင်ပန်းဆင်းရဲလာတာနဲ့အမျှ ဘာမှလည်း သေသေချာချာ လုပ်နိုင်ကိုင်နိုင်တော့မှာ မဟုတ်ပါဘူး ...
ဒါကြောင့် စိုးရိမ်ပူပန်ကြောင့်ကြမှုတွေ … သောကတွေ … စိတ်ဖိစီးမှုတွေကို မြန်မြန်ဆန်ဆန် လွတ်ချ လိုက်ပါ။ အိပ်ရာဝင်ချိန်အထိ အဲဒီ စိုးရိမ် ပူပန်မှုတွေ …. သောကဖိစီးမှုတွေကို ယူမလာပါနဲ့ …
ဖန်ခွက်ကို အောက်ချထားဖို့ လုံးဝ မမေ့ပါနဲ့
စာစုလေးက တိုပေမယ့် ကျွန်တော်တို့ နေ့သစ်တိုင်းမှာ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ စိတ်ဖိစီးမှု ကင်းကင်းနဲ့ စတင်နိုင်ဖို့အတွက် တကယ်ကို အတွေးတစ်ခု ရစေပါတယ် ….
စာဖတ်သူ မိတ်ဆွေများလည်း စိတ်သောက ဖန်ခွက်လေးကို ကြာကြာမကိုင်ထားဘဲ လုပ်စရာရှိတာတွေ လုပ်နိုင်ကြပါစေ ….
မေတ္တာဖြင့်
အောင်ကိုဦး (UMK)
Be the Best !
> Let go of your Stresses!< ဆီလျော်အောင် ပြန်လည် ရေးသားပါတယ်

မျာက် ၅ ကောင်ပုံပြင်



တစ်ခါက…သိပ္ပံပညာရှင်တစ်စုဟာ မျောက် ၅ကောင်ကို လှောင်အိမ်ထဲထည့်ပြီး စမ်းသပ်မှုတစ်ခုကိုပြုလုပ်ကြပါတယ်။
လှောင်အိမ်ရဲ့  အလယ်မှာတော့ လှေခါးတစ်ခုကိုထောင်ထားပြီး လှေခါးထိပ်မှာ ငှက်ပျောသီးတစ်ဖီးကိုတင်ထားပါတယ်။ မျောက်တစ်ကောင်ကောင်ဟာ လှေခါးထိပ်ကငှက်ပျောသီးကို တက်ယူတဲ့အခါတိုင်း မျောက်လှောင်အိမ်ကို အပေါ်ကနေ ရေခဲရေနဲ့လောင်းချပါတယ်..။

မျောက်တစ်ကောင်ကောင်က ငှက်ပျောသီးယူဖို့ကြိုးစားတိုင်း မျောက်အားလုံးရေခဲရေအလောင်းခံရတာပေါ့။ ခဏကြာမှာတော့ မျောက်တွေဟာ ငှက်ပျောသီးတက်ယူရင် ရေခဲရေလောင်းချခံရတာကို သတိထားမိလာကြပါတယ်။ ငှက်ပျောသီးကိုယူဖို့လည်း လက်လျော့
လိုက်ကြတယ်..။သူတို့ထဲက တစ်ကောင်ကောင်က လှေခါးပေါ်တက်တိုင်း ကျန်မျောက်တွေက ဆွဲချ..ထုကြထောင်းကြသတဲ့။

သိပ္ပံပညာရှင်တွေဟာ လှောင်အိမ်ထဲက မျောက်တစ်ကောင်ကို
ထုတ်ပြီး မျောက်အသစ်တစ်ကောင်ကို အစားထိုးထည့်လိုက်ပါတယ်..။ မျောက်အသစ်က ရေခဲရေအကြောင်းကိုမသိတော့ ငှက်ပျောသီး
မြင်တာနဲ့ တက်ယူဖို့ကြိုးစားတာပေါ့။

သူလှေခါးပေါ်တက်တိုင်း ကျန်တဲ့မျောက်တွေက ဆွဲချရိုက်နှက်
ကြပါတော့တယ်..။ ဒီတော့ နောက်ရောက်လာတဲ့မျောက်ကလည်း ငှက်ပျောသီးယူရင် အထောင်းခံရတယ်ဆိုတာသိပြီး လက်လျော့
လိုက်တယ်။

နောက်တစ်ခါ မျောက်အဟောင်းထဲကတစ်ကောင်ကို အခြားမျောက်သစ်
တစ်ကောင်နဲ့ လဲလိုက်ပြန်တယ်..။ အလားတူပဲ ဒီမျောက်သစ်လည်း ငှက်ပျေားသီးတက်ယူတာနဲ့ အထောင်းခံရတာပါ။

စိတ်ဝင်စားစရာကောင်းတာက ပထမဆုံးအလဲခံရတဲ့ မျောက်ကလည်း ဒုတိယမျောက်သစ်ကို ဝင်ဆော်ပါသတဲ့..။ဘာလို့လည်းဆိုတော့ သူ့တုန်းကလည်းဒီလိုပဲ အထောင်းခံရလို့ သူကလည်းပြန်ထောင်းတာပါ။

ဒီလိုနဲ့မျောက်တွေကို တစ်ကောင်ချင်း အစားထိုးလိုက်တာ..နောက်ဆုံးမှာ မျောက်အသစ်တွေချည်းပဲကျန်ပါတော့တယ်။သူတို့ဟာ ရေခဲရေ
အကြောင်းကို မသိပါဘူး။

ဒါပေမယ့်"ငှက်ပျောသီးကိုမယူရ၊ ယူတဲ့မျောက်ကို ထုထောင်းရမယ်"
ဆိုတဲ့အယူကိုတော့ ဆက်လက်ကျင့်သုံးနေမြဲပါပဲတဲ့။ ကျနော်တို့ဟာ နေ့စဉ်နေ့တိုင်းဆုံးဖြတ်ချက်တွေချနေကြရပါတယ်။

နေ့စဉ်ဘဝမှာ ဆုံးဖြတ်ချက်တွေချတဲ့အခါ ကိုယ့်အတွေ့အကြုံတွေ သူတစ်ပါးအတွေ့အကြုံတွေ ဓလေ့ထုံးတမ်းလုပ်ရိုးလုပ်စဉ်တွေရဲ့  လောင်းရိပ်မိနေတတ်ကြပါတယ်။ ဒါကြောင့် ကျနော်တို့ ကိုယ့်ကိုယ်ကို မေးခွန်းလေးနှစ်ခုလောက်မေးကြည့်ဖို့လိုပါလိမ့်မယ်။

၁။ သင်ခံယူထားတဲ့ အတွေးအခေါ်အယူအဆတွေဟာ ကိုယ်တိုင်စိစစ်ပြီးအမှန်တရားကိုမြင်လို့ ကျင့်သုံးနေတာလား

၂။ သင်လုပ်ဆောင်နေတဲ့ အပြုမူတွေဟာလည်း လုပ်ရိုးလုပ်စဉ်မို့၊ သူများလုပ်တာတွေ့လို့ လိုက်လုပ်နေတာလား ၊ ကိုယ်တိုင်စီစစ်ပြီး လုပ်သင့်လို့ လုပ်နေတာလား ဆိုတာကိုယ့်ကိုယ်ကို မေးကြည့်ပါ။

ဒီမေးခွန်းတွေအတွက် အဖြေမရှိရင်တော့.. ကျုပ်တို့ဟာ ပုံပြင်ထဲကမျောက်တွေလိုပါပဲ။ အထူးအဖြင့် ကျနော်တို့ နိုင်ငံက
လူငယ်တွေရဲ့ စိတ်ဓာတ်တွေကို ပုံသွင်းခံ၊ မှိုင်းတိုက်ခံထားရပါတယ်။

ပုံပြင်ထဲက မျောက်တွေကို လုပ်ထားသလိုမျိုးပါပဲ…။ ဘာလို့လဲဆိုတော့ “ တို့လူလေးများ ဆိုသလေး….” လို့ဆိုလိုက်ရင် “ ဝေ.. လေ…လေး…” ဆိုတာတွေများပါတယ်။ ဝေလေလေတွေများတယ်။ ကိုယ်ပိုင်အတွေးအခေါ်မရှိဘူး။

ဘယ်သူမှရှေ့ မထွက်ချင်ဘူး။ မထွက်ရဲဘူး။ သူများထွက်ရင်လည်း နောက်ကနေဆဲတယ်..။ ခုခေတ်က အင်တာနက်ခေတ်ဆိုတော့ online ပေါ်ကနေ လက်သီးလက်မောင်းတွေတမ်းကြ၊ပစ်ပစ်နှစ်နှစ်တွေဆဲလိုက်ကြ။

ဒါတွေအသာထားလို့ ကျနော့သယ်ရင်းတွေအနေနဲ့တော့ ပတ်ဝန်းကျင်ရဲ့  မှိုင်းတိုက်မခံရအောင် ပုံသွင်းမခံရအောင်.. ကိုယ့်ရဲ့  အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို စိစစ်ကြဖို့ အမှန်တရားကိုရှာဖွေကြဖို့ စေတနာစကားပါးလိုက်ရပါတယ်နော်။

credit to ဦးသုည

သူငယ်ချင်းတို့အချိန်လေးနည်းနည်းပေးပြီးဖတ်ကြည့်စေချင်ပါတယ်။အရမ်းကောင်းတဲ့ပုံပြင်လေးပါ။


တစ်ခါက ထင်းခုတ်သမား လူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီ
ထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်း
ညနေစောင်းချိန်တွင် အဘိုးအို ခုတ်ပြီးသောထင်းအရေအတွက်မှာ လူငယ်ထက်
ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက်
ထင်းပိုများနေသည်ကို သတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီး
ထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။

နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက် စောပြီး ထင်းခုတ်ရန် ထွက်ခဲ့သည်။
စိတ်ထဲတွင် အဘိုးအိုထက် ထင်းပိုရမည်ဟုလည်း တွေးနေမိသည်။ သို့သော်
အလုပ်သိမ်းချိန်တွင် အဘိုးအို၏ ထင်းမှာ သူ့ထက် ပိုများနေသည်ကို
တွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ စောစီးစွာ
ရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာ
အဘိုးအိုထက် အမြဲတမ်းလိုလိုပင် နည်းနေခဲ့သည်။
ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်တော့သည့်အဆုံး အဘိုးအိုအား
မေးမြန်းခဲ့သည်။
“ အဘိုး…. ကျွန်တော်က အဘိုးထက် အားသန်တယ်… အဘိုးထက် စောပြီး
တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့်
ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက် နည်းနေခဲ့တယ်… ဘာကြောင့်လဲ”
“ဒီိလို လူလေးရဲ့… အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့
ပုဆိန်ကို အမြဲသွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ ထင်းခုတ်ပြီး ဒီအတိုင်း
ပစ်ထားခဲ့တယ်။ အဘိုးက အသက်ကြီးပြီ။ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက်
စောပြီး အလုပ်သိမ်း ခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက်
ထက်မြက်နေတဲ့အတွက် အဘိုး လေး ငါးချက်ခုတ်လို့ ပြတ်တဲ့ သစ်ပင်ကို လူလေးက
ဆယ်ချက်လောက် ခုတ်ယူရတယ်… ဒါကြောင့် လူလေးရဲ့ ထင်းတွေ နည်းနေတာပါ”
ပုံပြင်လေးကတော့ ဒါပါပဲ။
အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တွေကို ဟောပြောပွဲတွေ သွားနားထောင်ဖို့၊အချိန်ပိုရင် ကိုယ့်ဝါသနာပါရာ၊ လေ့လာနေတဲ့ ပညာရပ်ဆိုင်ရာ သင်တန်းတွေ
တက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်ပါတယ်။ အများစုက “အလုပ်ပင်ပန်းရတဲ့
ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့ အချိန်မရှိဘူး” လို့
ညည်းပြကြပါတယ်။
“ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့ မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး
ရလဒ်တစ်ဝက်ပဲ ခံစားရမယ် ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”
လူ့ဘ၀လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်း
ကိုယ့်ပညာ ဗဟုသုတတွေကို မြှင့်တင်ယူရမှာ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းကတော့
ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ ဒီခေတ်မှာ
ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ
ပုဆိန်ကို သွေးနေသင့်ပါတယ်။ နို့မဟုတ်ရင် ခေတ်နောက် မလိုက်နိုင်တဲ့
ကိုယ့်ကို အဲဒီခေတ်ကပဲ ပယ်ထုတ်ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။
တတ်သလောက် အင်္ဂလိပ်စာလေးနဲ့ ဘာသာပြန်လုပ်စားနေတဲ့ ကျွန်တော့်အတွက်
ဒီပုံပြင်လေးက အိပ်ရာက လန့်နှိုးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။
ဘော်ဒါရောင်းရင်းများ၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအတွက်လည်း
ဒီပုံပြင်လေးက တစ်ခုခု ပေးသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်ကတော့ အင်္ဂလိပ်စာကို ဒီထက်ပို လေ့လာနိုင်မယ့်၊ သင်ပေးနိုင်မယ့်
သင်တန်းများ ထပ်တက်ပြီး သွေးသစ်လောင်းဖို့ ပြင်နေပါပြီ။
ဒီက မိတ်ဆွေများရော.. ဘယ်လို စီစဉ်ထားပါသလဲ၊ ကိုယ့်ကိုကိုယ် တတ်လှပြီ
ထင်ရင်တော့ သူများက တစ်ချက်တည်းနဲ့ ခုတ်လို့ ပြီးသွားတဲ့ သစ်ပင်ကို
ကိုယ့်ကျမှ နဖူးကချွေးခြေမ ကျအောင် အချက်ပေါင်း လေးငါးဆယ်မက ခုတ်မှ
ရမယ်ဆိုရင်တော့ ထူးအိမ်သင်သီချင်းထဲကလို နည်းနည်းလေးတော့ လွဲနေပြီ
ပေါ့ဗျာ။
ဒီတော့ သင်တန်းချည်းတက်ပြီး တက်သမျှ မလေ့ကျင့်ဘဲ၊ ပြန်မေ့နေရင်ရော
..ဆိုရင်တော့ အဲဒါ ကိုယ့်သမိုင်း ဖြစ်သွားပြီလို့ပဲ ဆိုပါရစေ။ ဒီနေရာမှာ
တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်စ်ရဲ့ စကားတစ်ခွန်း လက်ဆောင်ပါးချင်ပါတယ်။
“လက်တွေ့မပါတဲ့ ပညာဟာ အသုံးမ၀င်သလို၊ ပညာမပါတဲ့ လက်တွေ့ဟာလဲ အန္တရာယ်များတယ်”
အဲဒီလိုပဲ။ ကျွန်တော်တို့ဟာ ကိုယ်သိသလောက်၊ အတွေ့အကြုံလေးနဲ့ပဲ
ပြဿနာတိုင်းကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ လိုအပ်ရင် သင်တန်းတွေတက်
ပညာယူ လေ့လာရတော့မှာ ဖြစ်ပါတယ်။ ဒီတော့ နေ့တိုင်းနေ့တိုင်း ဒီအလုပ်တွေ
ကုန်းရုန်းလုပ်ရင်း ဒီနေရာမှာပဲ ရပ်တန့်နေတော့မှာလား၊ ကိုယ့်ဘ၀ကို
ဒီထက်မြင့်မြင့် ပျံသန်းနိုင်ဖို့ အချိန်လေး အခွင့်အရေးလေး
မပေးနိုင်ဘူးလား..။ တစ်ချက်တည်း ခုတ်လို့ ပြတ်မယ့် နေရာမှာ
အချက်ပေါင်းများစွာ ခုတ်ရင်း အချိန်ကုန်၊ လူပန်းနဲ့ ဘ၀ကို အောက်ကျ၊
နောက်ကျ ဖြတ်သန်းသွားမလား။ ကျွန်တော်တို့ ပုဆိန်တွေ သွေးကြပါစို့ဗျာ။
(BankOfKnowledge)

Monday, September 7, 2015

ဘရုစကီပြောတဲ့ မှတ်သားဖွယ်ရာ စကားများ





(၁) အသိအပညာ ဗဟုသုတဆိုတာ သင့်ဘဝအတွက် အကောင်းဆုံး လက်နက်တွေပါပဲ။ အဲဒီဗဟုသုတတွေကို လေးစားလိုက်နာဖို့တော့ လိုတယ်။

(၂) သင့်ဘဝကို ချစ်တယ်ဆိုရင် အချိန်တွေကို မဖြုန်းမိပါစေနဲ့။ ဘာလို့ဆိုတော့ အချိန်နဲ့ ဘဝဆိုတာ လေးကို တည်ဆောက်ထားလို့ပါ။

(၃) အခွင့်အရေးရပြီ ဆိုတာနဲ့ အသုံးချတတ်အောင် ကြိုးစားပါ။ ဘာလို့ဆိုတော့ အခွင့်အရေးဆိုတာ ခဏခဏမရလို့ပါ။

(၄) ခက်ထန်မာကြောနေတဲ့ မာန်မာနတွေကို လျော့ချလိုက်ပါ။ ဥပမာ - ဝါးပင်တွေ အရမ်း အပင်မြင့်သောလည်း လေယူရာကို တိမ်းပြီး ယိမ်းနွဲ့လိုက်ပါ တတ်ကြပါတယ်။ လေကြောင့် ကျိုးကြသွားတယ်ဆိုတာ မရှိပါဘူး။

(၅) အနာဂတ်မှ ဘာလုပ်ရမလဲဆိုတာ အမြဲတွေးထားပါ။