Labels

APP (3) Ashin Revata (1) Auto World Journal (1) Blogger များ (10) Chan Myay Mying Sayadaw (2) DVD တရားခွေများ (5) Dhamma Talk (English) MP3 (1) Dr Ashin Dhammapiya (2) Dr. Mehm Tin Mon (8) Dr. Nandamalabhivamsa (3) Facebook ဆိုင်​ရာ (1) IT ebook (1) Inside jornel (1) Lလင်း (1) MP3 (10) Maha Thera Ledi Sayadaw (3) Mingun Sayadaw (10) Mogok SayaDaw U Wimala (7) NetGuide (6) Photos (1) SAR MAUNG TOH (1) U Pannya Vamsa (1) U San Lwin's Dhamma Talks (1) ViDeo dhanma (2) Videos (2) Website (1) Zar Ni (2) apk for Android Smart Phone (4) e-Book in English (42) ×××× (3) ကဗျာများ (5) ကာတွန်း (13) ကိုနေ (1) ကိုလေးမြတ် (1) ကို​ရွှေ​တောသား (1) ကလောင်စုံ (1) ကံချွန် (3) ကျမ်းမာသုခ ဂျာနယ် (1) ကျမ်းမာရေး (8) ကျွန်းရွာ​တောရဆရာ​တော်​ (1) ခင်ချိုထွန်းစာပေ (1) ခင်မျိုးချစ် (1) ခင်မောင်ညို (ဘောဂဗေဒ) (1) ခင်နှင်းယု (1) ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်း (1) ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်း (1) ချက်နည်းပြုတ်နည်း (1) ချစ်စံဝင်း (4) ချစ်မ (1) ချစ်ဦးညို (2) ချစ်နိုင်-စိတ်ပညာ (1) ချမ်းမြေ့ဆရာတော် (20) ဂါထာမန္တာန်ပေါင်ချုပ် (2) ဂီတတီးနည်း (1) ဂျာနယ်ကျော်မမလေး (1) ဂျာနယ်ကျော်မလေး (2) ဂျူး (4) ငယ်-လတ်-ကြီး-ဓမ္မစရိယ (1) စစ်​တုရင်​ ၉ အုပ်​ (1) စာအုပ်များ (10) စာအုပ်လမ်ညွှန် (1) စာ​ပေ ဇယား (1) စာ​ပေ​ဟော​ပြောပွဲ mp3 (1) စိမ့်(ပညာရေး) (2) စိုက်ပျိုးရေး (3) စိုးမြတ်သူဇာ (2) စံ-ဇာဏီဘို (3) စွမ်းထက်အောင် (1) စွယ်စုံကျမ်း ၁+၉ (2) ဆရာမင်းလူ (2) ဆရာဇော်ဂျီ (2) ဆရာတော်ဦးဇောတိက (1) ဆရာမောင်တိုး (1) ဆရာသောင်းလွင် (1) ဆရာကြီး ဦးဂိုရင်ဂါ (3) ဆရာကြီး ဦးဇေတဝန် (1) ဆားပုလင်းနှင်းမောင် (1) ဆုထူးပန်ဦးကျော် (1) ဆုမြတ်မွန်မွန် (1) ဆန္ဒအောင် (1) ဇင်သန့် (3) ဇင်ဝေသော် (1) ဇဝန (1) ဇာဂနာ (1) ဇ၀န (1) ညိုသောင်း (1) ညီသစ်​ (1) ညီမေတ္တာ (1) တက်တိုး (7) တက္ကသိုလ် စိန်တင် (1) တက္ကသိုလ် နေလင်းအောင် (4) တက္ကသိုလ်စိန်တင် (1) တက္ကသိုလ်နန္ဒမိတ် (1) တက္ကသိုလ်ဘုန်နိုင်၏စာအုပ်များ (10) တက္ကသိုလ်နေဝင်း (7) တင်မိုးလွင် (1) တင်ထွေး (2) တင်မောင်မြင့် (1) တင်​မိုး (1) တင်​​မော်​ (1) တတိုင်မွေး (1) တရားတော်များ (23) တာယာမင်းဝေ (4) တာတေ (1) တိပိဋကမြန်မာပြန် (3) တစ္ဆေ၀တ္ထု (2) ဒဂုန်ခင်ခင်လေး (1) ဒဂုန်ဦးစန်းငွေ (2) ဒဂုန်ရွှေမျှား (1) ဒဂုန်ရွှေမျှား (4) ဒီဃနိကာယ် ၃-ကျမ်း (1) ဒီလှိုင်းဂျာနယ် (2) ဒုတိယဗိုလ်မှူးကြီး သောင်းထိုက် (1) ဒဿန (1) ဓမ္မစရိယ ဦးအေးနိုင် (1) ဓမ္မစရိယ ဦး​ဋ္ဌေးလှိုင်​ (1) ဓမ္မာစရိယတန်းအတွက် (21) ဓမ္မာစရိယဦးအေးနိုင် (1) ဓမ္မာစရိယာဦးမောင်မောင်လေး (1) ဓမ္မကျောင်းတော် (1) ဓမ္မဘေရီ အရှင်ဝိရိယ (1) ဓာတ်ပုံပြုပြင်နည်းစာအုပ် (1) နည်းပညာဂျာနယ်များ (2) နည်းပညာစာအုပ်များ (40) နည်းပညာ (2) နန်းမာဆရာတော် အရှင်ဥာဏ (1) နိင်ငံရေးစာအုပ်များ (1) နီကိုရဲ (1) နန္ဒသိန်းဇံ (2) ပဌမသံဃယနာအ​မေးအ​ဖြေ (2) ပန်းငွေရုံဆရာတော် (1) ပန်းဝေဝေ (2) ပါရဂူ (10) ပါရဂူမင်းနန္ဒာ (1) ပိဋကတ်ကျမ်းစာ (1) ပီမိုးနင်း (3) ပုညခင် (2) ပုံပြင်စာအုပ် (1) ပျူး (3) ဖားအောက်တောရဆရာတော် (1) ဖိုးဇာ (1) ဖိုး​ကျော့ (1) ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်များ (4) ဗန်းမော်ဆရာတော် (1) ဗဟုသုတ (3) ဗဟုသုတဆောင်းပါး (3) ဗိုလ်ချုပ်အောင်ဆန်း (1) ဗိုလ်​မှူးဘရှင်​ (1) ဗုဒ္ဓစာပေ (1) ဗုဒ္ဓါဝင်​ ပန်း​ချီကားများ (1) ဗျူး (8) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ (11) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသMP3 (9) ဘာသာရေးဆောင်းပါး (23) ဘာသာပြန်​စာအုပ်​ (2) ဘာသာ​ရေး (4) ဘာသပြန် အင်္ဂလိပ် (1) မဂ္ဂဇင်း (5) မင်လူ ၏ စာအုပ်များ (1) မင်းခိုက်စိုးစံ (1) မင်းယုဝေ (3) မင်းသိင်္ခ (1) မင်းဇော် (1) မင်မြတ်သူရ (1) မင်းကိုနိုင်​ (1) မင်းလူ (1) မစန္ဒာ (1) မဇ္ဈိမနိကာယ် ၃-ကျမ်း (1) မမသဒ္ဒါမောင် (1) မသိ (1) မဟာဆွေ (1) မဟူရာ(လွိုင်ကော်) (1) မာဏဝ (1) မိတ်ဆက်လွှာ (1) မိန်းကလေး (3) မိုးကုတ်ဆရာတော်ဘုရားကြီး (5) မိုးတိမ်​ (1) မိုးမိုး (အင်းလျား) (3) မီကိုဇူးဇင် (3) မလေးငြိမ် (1) မျိုးမာန် (4) မျိုးသူရ (1) မှတ်​စု (1) မှုခင်း (4) ယဉ်ကျေးလိမ္မာ (53) ရန်ကုန်မျိုးသန့် (1) ရန်​​အောင်​ ​မောင်​​မောင်​ (1) ရာဇဂဏီ (1) ရဝေထွန်း (1) ရဝေနွယ် (အင်းမ) (2) ရဲညွန့် (1) ရှားပါးစာအုပ်များ (4) လကာင်္ရည်ကျော် (1) လင်းထွန်း (1) လင်းယုန်မောင်မောင် (6) လည်​တီဆရာ​တော်​ (3) လမင်းမို့မို့ (1) လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး M.A (2) လယ်တွင်းသားစောချစ် (15) လီနင် (1) လူထုစိန်ဝင်း (6) လူထုဦးလှ (3) လူပုဂ္ဂိုလ်များ (29) လူ​နေ (1) လရောင်ကျူးရင့် (2) ဝတ္တုရှည် (30) ဝိဇ္ဇာ (1) ဝိနယ ပိဋက မြန်မာပြန် (5) ကျမ်း (1) ဝိနိစ္ဆယ ကျမ်းစာအုပ်များ (1) ဝဏ္ဍသီရိ (1) သခင်ဘသောင်း (3) သခင်မြတ်ဆိုင် (1) သခင်​စိုး (1) သင်္ခါ (1) သင်းမြတ်နိုး (1) သစ်မွှေး (2) သည်ခေတ်နေ (1) သတိုးဝီရ (1) သတိုးတေဇ (3) သန်းထိုက်ရွှေရိပ် (2) သန်းသန်းတင့် (1) သန်းငြိမ်းအေး (1) သမိန်ပေါ့သွယ် (1) သမိုင်းစာအုပ်များ (1) သရ(ICT) (1) သာမဏေကျော် စာမေးပွဲ အတွက် (1) သိန်းဖေမြင့် (1) သိမ့်သိမ့်နွေး (1) သိုင်​ဝတ္ထုများ (1) သိုး​ဆောင်း (1) သီချင်းစာအုပ်​ (1) သီတဂူဆရာ​တော်​ mp3 တရား (2) သီရိသဒ္ဓမ္မာ လကာင်္ရ (1) သုခ (5) သုတ/ရသ (7) သုတ္တသင်္ဂဟ (1) သုသိဏ် (1) သူရထိုက် (1) သံယုတ္တနိကာယ် ၅-ကျမ်း (1) သျှင်မ (1) သျှင်ဥက္ကဌ (1) ဟာသ (2) အဂ္ဂဝိဇ္ဇာ (1) အင်္ဂလိပ်စကားပြော စာအုပ် (1) အင်္ဂလိပ်စာရေးရန် (1) အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း (1) အင်အားဂျာနယ် (3) အဘိဓမ္မာ ပိဋက မြန်မာပြန် (1) အရှင်ကုမာရ (3) အရှင်ဆန္ဒာဓိက (33) အရှင်ဇနကာဘိဝံသ (1) အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ (5) အရှင်အာစရာလင်္ကာရ (1) အရှင်ဥာဏ (1) အရှင်ဆေကိန္ဒ (26) အလှပုံများ (9) အားကစား ဂျာနယ်​ (3) အိမ်လွမ်းသူ (1) အတွေး (1) အကြည်တော် (8) အရှင်ကုဏ္ဍလာဘိဝံသ (1) အရှင်ဂုဏိန္ဒ (1) အရှင်ဇနကာဘိဝံသ (1) အရှင်ဇာနေယျ (1) အရှင်နန္ဒမာလာဘိဝံသ (1) အရှင်နန္ဒမာလာ (1) အရှင်​ဆန္ဒာဓိက (1) အ​မေးအ​ဖြေ (1) ဥပဒေ စာအုပ်များ (10) ဥပဒေစာအုပ်များ (14) ဥာဏ်ကြွယ် (1) ဦးခင်ညွန့် (1) ဦးချစ်မောင် (1) ဦးစိုးတင့် ( တောင်ကြီး ) (1) ဦးဆန်းလွင် (1) ဦးထွန်လှ (2) ဦးထွဋ္ဋ် (1) ဦးပညာစာမိ (1) ဦးပုကလေး (1) ဦးသက်စိန် -ဖြူး (1) ဦးသက္က (1) ဦးဟုတ်စိန် (1) ဦးဌေးလှိုင်( ဓမ္မာစရိယ ) (1) ဦးရွှေအောင် (2) ဦးသော်ဇင် (1) ဦးအောင်ခင် (1) ဦးအောင်ညွန့်ဝင်း (1) ဦးအောင်လင်း (1) ဦးအောင်ဟိန်းကျော် (1) ဦးအေးမောင် (4) ဦးနု (2) ဦးဂိုအင်​ကာ (1) ဦးထွန်း (1) ဦးပဏ္ဍိတ (1) ဦးဘသန်း (1) ဦးငြိမ်းမောင် (1) ဦး​ဌေးလှိုင်​ (1) ကောင်းထက် (1) ကျော်နန္ဒအောင် (1) ကျော်လှိုင် (1) ငွေဥဒေါင်း (6) ငွေကြည် (1) စောမုံညင်း (1) ဆောင်းပါး (6) ဆွေလှိုင်ဦး (1) ဆွေလှိုင်ဦး (1) ထောင်မှူးကြီး သိန်းဝင်း (1) ထောင်မှူးကြီးသိန်းဝင်း (2) ထောင်မှူးကြီးသိန်းဝင်းနှင့် သူရိန်ထွန်း (2) ဒေါက်တာ အရှင်ကောဝိဒ (1) ဒေါက်တာမင်းတင်မွန် (1) ဒေါက်တာလှဖေ (2) ဒေါက်တာသန်းထွန်း (4) ဒေါက်တာမောင်မောင်ညို (1) ဒေါ်အုန်းကြည်သား (1) နေစိုးထက် (1) နေဝင်း(လန်ဒန် (1) ဖေဖေကျော် (1) ဖေမြင့် (5) မေတ္တာရှင်ရွှေပြည်သာ (2) မောင်ကွန်ပျူတာ (1) မောင်ညိုမှိုင်း(သန်လျင်) (1) မောင်ထင် (1) မောင်ထွန်းသူ (2) မောင်ထွန်းမြိုင် (1) မောင်မိုးသူ (1) မောင်ဝံသ (1) မောင်သိန်းလွင် (2) မောင်ကောင်းထိုက် (1) မောင်မောင် (ရွှေကရ၀ိတ်) (1) မောင်မောင်မြင့်သိန်း(စက်မူတက္ကသိုလ်) (1) မောင်ရွှေခေတ် (2) မော်စီတုန်း (1) မှော်ပီဆရာသိန်းကြီး (1) ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဥပဒေများ (1) ရွှေဥဒေါင်း (3) သောင်းညွန့်သစ် (2) သောင်းဝေဦး (3) သော်တာဆွေ (2) အောင်သင်း (5) အောင်မြင်ရေးဆောင်းပါး (1) ကြေးမုံသတင်းစာ (24) ပြည်သူ့နီတိ (1) ပြည့်ပိုင်မှူး (1) ပြည့်ပိုင်မှူးအိမ် (1) ဖြူးဆရာ​တော် mp3 (1) ဖြူးးဆရာတော် (2) မြတ်ခိုင် (1) မြန်မာစွယ်စုံကျမ်း (1) မြန်မာ့အလင်းသတင်စာ (22) မြသန်းတင့် (20) မြကေတု (1) ၀ဏ္ဏသီရိ (1) ၀တ္ထုစာအုအ်များ (7) ကြည်​ဦး (1) ကြယ်စင်မှူးဝေ (1) တြိစက္က (2) နိုင်ငံရေး (1) နိုင်ငံရေး စာအုပ်စင် (2) နိုင်ငံရေးသမိုင်းစာအုပ်များ (1) နိုင်ပန်းလှ (1) နွယ်ဂျာသိုင်း (1) ​ဝင်း​မောင်​ထက်​ (1) ​ကျော်​မြသန်း (1) ​ဒေါက်တာနန္ဒမာလာဘိဝံသ (1) ​မောင်သာချို (1) ​မောင်​သိန်​​ဖေ (1) ​မောင်​နှင်​​ဆွေ (1) ​ရေနံ့သာဝင်း​မောင်​ (1) ​အောင်​​ကြောင်​ဖြာ (1) ​​ဒေါက်တာ​ မင်းတင်​မွန်​ (1) ​​ဒေါက်တာ​ ​အောင်​ခင်​ဆြင့်​ (1) ​​မောင်​ခိုင်​မာ (1)
လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။

Unordered List

Showing posts with label တစ္ဆေ၀တ္ထု. Show all posts
Showing posts with label တစ္ဆေ၀တ္ထု. Show all posts

Friday, July 15, 2016

ဝိဥာဉ် ကလဲ့စား-၁

   
ဝိဥာဉ် ကလဲ့စား-၁ 

✔စားရေးသူ-ထီးကလေး 🌂 `
================

ကယ်ကြပါဦး …လုပ်ကြပါဦး…ဆရာကြီးဘာဖြစ်တာလဲ မသိဘူး…လုပ်ကြပါဦး…´ အချိန်က ည၁၂ ခွဲနေခဲ့ပြီ။ရပ်ကွက်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သတ်လျက် စိတ်ငြိမ်ရပ်ကွက်ဖြစ်သောကြောင့် ညနက်နက်၏ အရသာမှာ ပေါ်လွင်နေခဲ့သည်။အငြိမ်းစား ပါမောက္ခကြီး ဦးလှမြင့်ကား ထိုရပ်ကွက်လေးရဲ့ အလှူတန်းရက်ရောသူ တစ်ယောက်ဖြစ်ပြီး စိတ်ရင်းစေတနာ အလွန်ကောင်းမွန်သူ တစ်ယောက်လည်းဖြစ်သည်။မိသားစုနှင့် ကွဲကွာနေပြီး ထိုခြံနှင့် အိမ်တွင်သာ တစ်ဦးတည်း အေးဆေးစွာနေလျက်  ကြီးသူကိုရိုသေ ငယ်သူကို လေးစားကာ တည်ငြိမ်ရင့်ကျက်သော ဦးပတိရုပ်အား ပိုင်ဆိုင်ထားသည်။ထိုညလေးတွင် ဦးလှမြင့်တစ်ယောက် ညနက်သည့်အထိ စာဖတ်ခန်းထဲတွင် တစ်ယောက်တည်း ရှိနေခဲ့ပြီး သူအား အိမ်အဖော်ကောင်မလေးမှ နွားနို့လာပို့ရာ မည်းနက်သော အရိပ်တစ်ခုမှ ကြီးဆိုးလျက် ဦးလှမြင့်အား သတ်နေလေသလား။ထိုမြင်ကွင်းကို မြင်လိုက်ရသည့် အိမ်အဖော်ကောင်မလေးမှာ အလန့်တကြား ဘေးပတ်ဝန်းကျင်သို့ အော်ခေါ်အကူညီတောင်းတော့သည်။ အိမ်ဖော်ကောင်မလေးရဲ့ အော်သံများကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများ ထိုခြံထဲသို့ နည်းလမ်းမျိုးစုံတို့ဖြင့် ဝင်ရောက်လာခါ ဦးလှမြင့်စာဖတ်ခန်းသို့ ရောက်ရှိလာခဲ့သည်။ မိန်းကလေးက သူမ၏ မျက်နှာအား လက်နှစ်ဖက်ဖြင့် ဖုံးကွယ်ထားလျက် အခန်းဝလေးတွင် တုန်ရီကြောက်လန့်နေသည်ကို တွေ့လိုက်ရသည်။ထိုအိမ်ထဲသို့ ဘေးပတ်ဝန်းကျင်ရှိ လူများရောက်လာလျက် ဦးလှမြင့် စာဖတ်ခန်းသို့ ကြည့်လိုက်လေရာ `ဟင်!…´ `ဟာ!…ဘယ်…ဘယ်လိုဖြစ်ရတာလဲ´ မျက်လုံးအားပြူးနေလျက် ကြမ်းပြင်ပေါ်လဲကျနေသည့် ဦးလှမြင့်အား တွေ့လိုက်ရသည် ။တစ်စုံတစ်ယောက်က သူ့အား ကြောက်မက်ဖွယ် ပုံစံတို့ဖြင့် ခြောက်လန့်သတ်ဖြတ်ခဲ့လေသလား လှုပ်နိုး၍မရ သေဆုံးနေတော့သည်။ `ဘယ်လိုဖြစ်ရတာလဲဗျာ…ဆရာကြီးကို ဘယ်သူသတ်သွားတာလဲ…´ စိတ်ထားအလွန်ပင်ကောင်းမွန်ပြီး လူတိုင်းကား ချစ်၊ ကြောက်၊ ရိုသေလျက်ရှိသော ဦးလှမြင့်အား မည်သူက ရက်စက်စွာ သတ်ဖြတ်ခဲ့သနည်းဟု စိတ်ဝင်တစားဖြစ်ကုန်တော့သည်။ မကြာမီအချိန်တွင်းမှာပဲ နယ်မြေပိုင် ရဲအရာရှိများ ရောက်လာကြပြီး ဦးလှမြင့်အလောင်းအား စစ်ဆေးလျက် အခင်းဖြစ်ပွားခဲ့သည့် မြင်ကွင်းတစ်ချို့အား တွေ့မြင်ခဲ့သော ဦးလှမြင့်၏ အိမ်ဖော်ကောင်မလေးကို စတင်မေးမြန်းတော့သည်။ `မိန်းကလေးက ဆရာကြီး အိမ်မှာ အလုပ်တာနော် ဟုတ်လား…ဘယ်လောက်ကြာပြီလဲ…´ မိနိးကလေးအား ရဲအရာရှိတစ်ဦးမှ မေးနေလျက် သူမမှာတော့ ကြောက်လန့်တုန်ရီနေသည်ကို တွေ့နေရသည်။သို့နှင့် ရဲအရာရှိ၏ အမေးကား တုန်ရီနေသော အသံတို့ဖြင့် `ဟုတ်…ဟုတ်ပါတယ်…ကျွန်…ကျွန်မ ဒီအိမ်ကြီးမှာ အလုပ်လုပ်နေခဲ့တာ ခြောက်…ခြောက်နှစ်ကျော်နေခဲ့ပါပြီ…´ `ဟုတ်ပြီ…အခင်းဖြစ်ပွားတဲ့ နေရာကို မိန်းကလေး ဘယ်အချိန်တည်းက စရောက်ခဲ့တာလဲ…´ `ဆရာကြီးက ညဘက်တွေဆို တစ်နာရီလောက်မှ အိပ်တတ်ပါတယ် ၁၂ ကျော်တာနဲ့ သူအတွက် ကျွန်မနွားနို့ သွားပို့ပေးရတယ် အခု ဆရာကြီးရှိနေတဲ့ စာဖတ်ခန်းထဲကို နွားနို့ပို့ပေးဖို့ အခန်းတံခါးဖွင့်လိုက်တာ မည်းမည်းအကောင်ကြီးတစ်ကောင်က ဆရာကြီးရင်အုံကို ကိုင်ပြီး ကြောက်စရာကောင်းတဲ့ ပုံစံနဲ့ သတ်နေတာလားမသိဘူး…ကျွန်မလည်း ကြောက်တာနဲ့ ပတ်ဝန်းကျင်ကို အကူညီအော်တောင်းခဲ့တာပါ…´ `ဘယ်လို…မည်းမည်းအကောင်းကြီး ဟုတ်လား…´ `ဟုတ်…ဟုတ်ပါတယ် ဆရာ…´ `အဲ့မည်းမည်းကောင်ကြီးကို မိန်းကလေး ဘယ်လိုထင်လဲ လူတစ်ယောက်ယောက်ဖြစ်နိုင်လား´ `ကျွန်မ မပြောတတ်ဘူး ဆရာ နောက်ကျောကိုပဲ မြင်လိုက်ရတာ ကျွန်မရောက်လာတော့ အခန်းပြတင်းပေါက်ကနေ အငွေ့တွေလိုလိုဖြစ်ပြီး ပျောက်သွားတယ်…´ မိန်းကလေးကား တုန်ရီနေလျက် အလွန်ပင်ကြောက်လန့်စရာကောင်းသော ပုံစံအား သူမတွေ့ရှိလိုက်ရပုံပေါ်သည်။မိန်းကလေး၏ ထွက်ဆိုချအရ ရဲအရာရှိမှာ အခန်းပတ်ဝန်းကျင်နှင့် ပြတင်းပေါက်တို့အား စစ်နေလျက်။ အိမ်ကား နှစ်ထပ်တိုက်ဖြစ်ပြီး အခန်းတစ်ခုလုံးမှာလဲ ပုံစံမပျက် ဦးလှမြင့်တစ်ယောက်တည်း နေခဲ့သလိုပင်။ ရှုံးရင်းဆန်ခတ် တိုက်ခိုက်မှု့များ ရှိမနေပဲ မည်သည့်ပစ္စည်းမှ ပုံစံမပျက်ရှိနေတော့သည်။ ဦးလှမြင့်၏ အလောင်းအား ဆေးစစ်ချက်တွင် ခန္ဓာကိုယ်ပေါ်တွင် သွေးထွက်ခြင်း ဒဏ်ရာတစ်ချို့ရှိမနေပဲ ရင်တွင်းကလိစာ နှလုံးမရှိတော့သည်ဟု အဖြေထွက်ခဲ့သည်။ တစ်ရပ်ကွက်လုံး၌ စေတနာကောင်းပြီး အလှူတန်းရက်ရောသော ပါမောက္ခ ဦးလှမြင့်အား ယူကြုံးမရ ဝမ်းနည်းပူဆွေးခါ လူသတ်တရားခံပေါ်ပေါက်ရေး အတွက် ဝိုင်းဝန်းကူညီလျက်ရှိသည်။သဲလွန်စပျောက်လျက် ရဲအရာများ စဉ်းစားမရသည်မှာ ဒဏ်ရာမရှိ ရင်တွင်း ကလိစာနှလုံးပျောက်ဆုံးသွားသည်ကိုပင်။တစ်ချို့အား မမြင်နိုင်သည့် မှော်အတတ် အောက်လမ်းတို့ဖြင့် ပြုစားသည်ဟုဆိုကာ တဘုတ်လေလွှင့် စကားများထွက်ပေါ်လာခဲ့တော့သည်။ တစ်ပတ်ခန့်ကြာသည့် အထိ မည်သည့် သဲလွန်စမှ ရှာမရပဲ ရဲအရာရှိများ ခြေခြင်းလိမ် အလုပ်ရှုတ်နေတော့သည်။ `ကျုပ်နဲ့ ပါမောက္ခဆရာလှမြင့်က လွန်ခဲ့တဲ့ ၅နှစ်လောက်တည်းက မိတ်ဆွေတွေ ဖြစ်ခဲ့တာ အဲ့ဒီအချိန်က ကျုပ် နယ်ထိန်းဘဝနဲ့ စတွေခဲ့တယ်ဆိုပါတော့လေ…ဆရာလှမြင့်က စိတ်ရင်းတော်တော်ကောင်းတဲ့ လူတစ်ယောက်ဗျ…ကျုပ်ကိုလည်း သူ့ညီရင်းတစ်ယောက်လို သိပ်ချစ်ရှာတာ သူ့မှာရန်ငြိုးရန်စဆိုတာလဲ ကျုပ်နဲ့ စသိတဲ့တည်းက ရှိတယ်လို့တစ်ခါမှ မကြားဖူးဘူး တက္ကသိုလ်မှာလဲ ဆရာလှမြင့်ကို ကျောင်းသူ ကျောင်းသားတိုင်းက ချစ်ကြတယ် ဘယ်လိုလူမျိုးက သူ့ကို ရက်ရက်စက်စက်သတ်ရတာလဲဗျာ…သူ့အတွက် ကျုပ်ဘာမှ မကာကွယ်ပေးလိုက်နိုင်ဘူး…´ `စိတ်မကောင်းမဖြစ်ပါနဲ့ ဆရာ ကျွန်တော်တို့ဒီအမှု့တရားခံကို အမြန်ဆုံး ဖော်ထုတ်နိုင်မှာပါ…ဒါနဲ့ ဆရာ ကျွန်တော်တစ်ခုစဉ်းစားမိတယ် အိမ်အဖော် ကောင်မလေးပြောပုံအရနဲ့ ဆေးစစ်ချက်အရဆို ပါမောက္ခကြီးကို လူအစစ်မှ သတ်တာဟုတ်ရဲ့လား…´ `ဟင်!…ဆရာဝင်းက ဘာကို ဆိုလိုတာလဲ…´ `ဒီလိုလေ…အိမ်ဖော်ကောင်မလေးပြောပုံအရ အရိပ်မည်းမည်းကြီးတစ်ခုက တစ်ခန်းလုံးကို အုပ်စိုးပြီး ပါမောက္ခကြီးရဲ့ ရင်အုံကို ကိုင်ထားသလိုတွေ့တယ် ပြီးတော့ ကျုပ်တို့ဆေးစစ်ချက်အရ ခန္ဓာကိုယ်ပေါ်မှာ ဘာဒဏ်ရာမှ မရှိပဲ နှလုံးတစ်ခုလုံး ပျောက်နေတယ် အဲ့ဒါတွေကို ဆက်စပ်ကြည့်လိုက်ရင် သရဲ တစ္ဆေ များဖြစ်နေမလားလို့…´ `ဟာဗျာ…သရဲ တစ္ဆေက လူတစ်ယောက်လုံးကို သတ်နိုင်တယ်လို့ ကျုပ်တစ်ခါမှ မကြားဖူးဘူး…ဟားဟား´ `ဆရာကလည်း မရယ်နဲ့ဗျ ကျုပ်က တောသား ကျုပ်တို့ရွာဘက်မှာဆို အောက်လမ်းပညာနဲ့ အဲ့လိုသတ်တာတွေ ခဏခဏကြားဘူးတယ်…´ `ဟားဟား…ဆရာဝင်းရယ် ခင်ဗျား ရဲမလုပ်စားပဲ ပယောဂါဆရာသာ လုပ်စားတော့ဟေ့…ကျုပ်ကိုတော့ ခွင့်ပြုဦး အိမ်က မိန်းမက ဒီညနေ တာဝန်ချိန်ပြီးတာနဲ့ ဗိုက်ထဲက ကလေးလေးအတွက် ဈေးဝယ်ထွက်ဖို့စောစောပြန်လာခိုင်းထားတယ် ကျုပ်ကို ခွင့်ပြုဦး…´ `ဟုတ်သားပဲ ဆရာကတော် ကိုယ်ဝန်ဘယ်နှလ ရှိပြီးလဲဗျ…´ `၅လ ရှိနေပြီ…ကျုပ်တော့ ကလေးချီရတော့မယ်လေ…´ တပည့်ဖြစ်သူ ဒုရဲအုပ်မောင်ဝင်းအား ရင်းရင်းနှီးနှီးပြောဆို နေသူက စခန်းမှူးထူးမောင်းပင်ဖြစ်သည်။ သူကား နယ်မြေပိုင် စခန်း၏ အကြီးဆုံးအရာရှိ စခန်းမှူးတစ်ယောက်ဖြစ်သောလည်း တပည့်လက်သားများအား သူငဟ်ချင်းတစ်ဖွယ် ပေါင်းသင်းဆက်ဆံသူတစ်ယောက် ဖြစ်ချေသည်။ သေဆုံးသူ ပါမောက္ခဦးလှမြင့် အမှု့အား ကွင်းဆက်ရှာရင်း တာဝန်ချိန်ပြီးသည်ကြောင့် ဒုရဲအုပ် မောင်ဝင်းအား နှုတ်ဆတ်လျက် မိမိနေအိမ်သို့ ပြန်သွားချေပြီ။ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှ မရှိ ရင်တွင်းကလိစာ ပျောက်ဆုံးပြီး ထူးဆန်းစွာ ပါမောက္ခကြီးသေဆုံးမှု့နှင့် ပတ်သတ်ပြီး သတင်းစာ ၊ဂျာနယ် တို့တွင် ခေါင်းစဉ်အမျိုးတပ်ခါ ရောင်းအား အကောင်းဆုံး သတင်းတစ်ခုဖြစ်ပြီး စိတ်ဝင်စားသူအမြောက်များကလည်း အမှု့မှန်ပေါ်ပေါက်ရေးအတွက် မျှော်လင့်နေခဲ့ကြသည်။ ညနေ ၅နာရီ ၄၅မိနစ်အချိန်၌ ဒုရဲအုပ် မောင်ဝင်း၏စားပွဲမှ တယ်လီဖုန်းသံ မြည်လာချေသည်။ `ဟယ်လို …အမိန့်ရှိပါခင်ဗျာ ဒုရဲအုပ် မောင်ဝင်းပြောနေပါတယ်…ဟယ်လို…ဟယ်လို…ဟယ်လို…´ မိမိစားပွဲပေါ်မှ တယ်လီဖုန်းအား ကိုင်လျက် အကြိမ်ကြိမ်ပြန်လည် ထူးနေသောလည်း တစ်ဖတ်မှ မည်သည့် စကားသံမှ ပြန်လည်ဖြေကြားခြင်းမရှိ။ထိုနောက် ဖုန်းအား ပြန်လည်ချထားလိုက်ပြီး ထိုင်ခုံမှ ထမည်အလုပ် စားပွဲအပေါ်မှ ဖုန်းပြန်လည် မြည်လာချေခဲ့သည်။ `ဟယ်လို ပြောပါခင်ဗျာ (………)စခန်းက ဒုရဲအုပ် မောင်ဝင်းပြောနေပါတယ် ဘာများကူညီပေးရပါမလဲ…ဟယ်လို…ဟယ်လို…ဟာ…တစ်ယောက်ယောက်နောက်နေတာလား…´ မိမိပြန်လည်ဖြေကြားနေသောလည်း တစ်ဖတ်ဖုန်းမှ မည်သည့်စကားသံမှ မကြားရပဲ ဖုန်းအားပြန်လည်ချသွားခဲ့သည်။စားပွဲတွင် ပြန်ထိုင်လျက် မောင်ဝင်းတစ်ယောက် မျက်မှောင်ကျုတ် ခေါင်းတစ်ဇတ်ဇတ်ဖြင့် ထိုအကြောင်းအား တွေးနေချိန်တွင် မိမိဘောင်းဘီ အိတ်ထဲတွင်ရှိနေသော ဟန်းဖုန်း အသံမြည်လာသည်ကြောင့် ထုတ်၍ ဖုန်းနံပါတ်အား ကြည့်လိုက်ပြီး `ဟုတ်ကဲ့ဆရာ …ဘာမေ့ကျန်ခဲ့လို့လဲ ကျွန်တော် စခန်းမှာပဲ ရှိနေသေးတယ် မပြန်ရသေးဘူး…´ နံပါတ်ကြည့်လိုက်ပြီး တာဝန်ချိန်ပြီးသည်နှင့် ပြန်သွားသော စခန်းမှူး ထူးမောင်၏ အဝင်ဖုန်းဆိုသည်ကို သိသောကြောင့် တစ်ဖတ်မှ စကားသံမလာခင် မောင်ဝင်းအား ဦးစွာ မေးမြန်းနေတော့သည်။သို့ပေမယ့် စခန်းမှူးထူးမောင်က တစ်ဖတ်မှ ပြန်လည်ဖြေကြားသော အသံကိုပင် မကြားရ တိတ်ဆိတ်ငြိမိသတ်နေတော့သည်။ `ဟယ်လို…ဆရာ…ဟယ်လို…´ အကြိမ်ကြိမ် ခေါ်နေသော်လည်း တစ်ဖတ်မှ ပြန်လည်ဖြေကြားခြင်းမရှိ ။ထိုအချိန်မှာပဲ ဒုရဲအုပ် မောင်ဝင်းရှိရာသို့ နယ်ထိန်းအရာရှိ ဝင်းနိုင် အပြေးဝင်ရောက်လာပြီး `ဆရာ…စခန်းမှူးကြီး ကျွန်တော့ဆီဖုန်းဆက်တာ နှစ်ခါရှိသွားပြီး ပြီးတော့ ဘာမှလည်းပြန်မပြောပဲ ဖုန်းချချသွားတယ် သူအန္တရယ်တစ်ခုခုများ ဖြစ်နေပြီလား မသိဘူး…´ `ဟေး…ငါဆီကိုလည်း အခုလေးတင် ဆက်တယ်…ဆက်ပြီးတော့ ဘာမှ ပြန်မပြောဘူး သေချာပြီး ဒါဆို စခန်းမှူးကြီး တစ်ခုခုဖြစ်နေတာပဲ ငါတို့အမြန်ဆုံး လိုက်သွားရအောင်´ တိုက်ဆိုင်စွာဖြင့် နှစ်ဦးစလုံးဆီသို့ အဝင်ဖုန်းလာလျက် တစ်ဖတ်မှမည်သည့်စကားမှ ပြန်လည်ဖြေကြားခြင်းမရှိသော စခန်းမှူးထူးမောင်နေအိမ်သို့ ဒုရဲအုပ် မောင်ဝင်းနှင့်အတူ နယ်ထိန်းဝင်းနိုင်တို့ လိုက်ပါသွားလေတော့သည်။ ပူပန်စွာ အပြေးမောင်းနှင်လာသည့် ဆိုင်ကယ်ကား စခန်းမှူးကြီး နေအိမ်အရှေ့သို့ရောက်သည့်နှင့် ထိုးရပ်လိုက်ပြီး ဘေးပတ်ဝန်းကျင်အခြေနေအား အကဲခတ်ပြီးနောက် ပွင့်လက်နေသော ခြံတံခါးမှတစ်ဆင့် အိမ်အပေါက်သို့ရောက်လာပြီး `ဆရာ…ဆရာ…´ ဖြေးညင်းသော ခြေလှမ်းတို့ဖြင့် အိမ်မကြီးထဲသို့ မဝင်ပဲ ပွင့်နေသော တံခါးအဝမှ မှောင်ရိပ်သန်းနေလျက်ရှိသော အိမ်ထဲသို့ အသံပေးအော်ခေါ်နေခဲ့သည်။ သို့ပေမယ့် တစ်အိမ်လုံးတိတ်ဆိတ်ငြိမ်သတ်နေလျက် ပြန်လည်ထူးသော အသံကိုပင် မကြားရချေ။ အသင့်ပါလာသည့် ဓာတ်မီးတို့ဖြင့် အိမ်မကြီးထဲအား ထိုးကြည့်လျက် အပေါက်ဝတွင် ရှိနေသော မီးခလုတ်အား ဖွင့်လိုက်လေရာ `အမလေး…ဟာ…´ ကြမ်းပြင်ပေါ်တွင် လဲကျသေဆုံးနေသော စခန်းမှူး ထူးမောင်အား တွေ့လိုက်ရတော့သည်။သက်ဆိုင်ရာ စခန်းအား အကြောင်းကြားလျက် သေဆုံးသူ စခန်းမှူးထူးမောင် အလောင်းအား စစ်ဆေးကြည့်လေရာ အငြိမ်းစားပါမောက္ခဦးလှမြင့် သေဆုံးပုံနှင့် တစ်ထပ်ဖြစ်နေကြောင်း သိလိုက်ရတော့သည်။မျက်လုံးကား ပြူးနေလျက် ကြမ်းပြင်ပေါ်လှဲကျနေသည့် ပုံစံတို့မှအစ ဦးလှမြင့် သေဆုံးသွားသည့် ပုံစံတို့ဖြင့် တစ်ထပ်တည်းပင်။ `သူမသေခင် အချိန်ပိုင်းလေးမှာ ငါတို့ဆီ ဖုန်းခေါ်သွားခဲ့တာပဲ…´ `ဟုတ်တယ်ဆရာ…နောက်ဆုံးခေါ်ခဲ့တဲ့ အချိန်နဲ့ အခုချိန်နဲ့ဆို သိပ်မကွာဘူး လောလောလက်လက် အသက်ခံလိုက်ရတာ…တောက်!…တော်တော်ရက်စက်တဲ့ လူသတ်သမားကွာ ဒီလောက် သဘောကောင်းတဲ့ ရဲအရာရှိကိုမှ သတ်ရတယ်လို့…´ `ဟင်!…ဒါနဲ့ စခန်းမှူးကတော်ရော သူဘယ်မှာလဲ ဘယ်ရောက်နေလဲ…´ ညီအစ်ကို အရင်းသဖွယ် နွေးထွေးစွာ ဆက်ဆံခဲ့သော ဆရာဖြစ်သူ ထူးမောင်အတွက် နှစ်ယောက်သား ရင်နှင့်အမျှ ခံပြင်း ဒေါသထွက်တော့သည်။ထိုအချိန် ကိုယ်ဝန်ရှိနေသော စခန်းမှူးကတော်အား သတိရသွားပြီး တစ်အိမ်လုံး ရှာဖွေကြရာ ရေချိုးခန်းရှေ့တွင် စခန်းမှူးထူးမောင် သေဆုံးသည့် ပုံစံအတိုင်းသေဆုံးနေသည်ကို တွေ့လိုက်ရတော့သည်။ပါမောက္ခဦးလှမြင့်နှင့် စခန်းမှူး ထူးမောင်တို့လင်မယားအား ရက်စက်စွာ သက်ဖြတ်ခဲ့သူမှာ တစ်ယောက်တည်းပင် ဖြစ်ချေသည်ဟု ရဲဌာနမှ ကောက်ချက်ချထားတော့သည်။ သေဆုံးသူ ထူးမောင်တို့ လင်မယားနှစ်ယောက်အား ဆေးစစ်ချက်အရ ပါမောက္ခဦးလှမြင့်ကဲ့သို့ပင် ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ဒဏ်ရာမှ မရှိ ရင်တွင်း ကလိစာ နှလုံးတို့ ပျောက်ကွယ်နေခဲ့တော့သည်။ ထိုအမှူအား သဲလွန်စပျောက်လျက် နယ်မြေပိုင်ရဲအရာရှိများက မမြင်နိုင်သည့် ပရလောကမှ တစ္ဆေတို့ပင် ထိုသူတို့အား သတ်ဖြတ်သည်ဟု ထင်ကြေးပေးနေခဲ့သည်။သို့ပေမယ့် တစ်မြို့လုံးရှိ လူအမြောက်များကား လက်ခံခြင်းမရှိပဲ လူသတ်တရားခံ အစစ်ကိုသာ ဖမ်းပြီး သေဒဏ်သာလျင် ပေးပါဟု တောင်းဆိုကုန်ကြသည်။ `သေဆုံးသူတွေရဲ့ သေဆုံးပုံကလည်း တစ်ပုံစံတည်း နောက် ဒဏ်ရာလဲမရှိပဲ အတွင်းကလိစာ နှလုံးအထုတ်ခံရတယ်ဆိုတော့ ဒါဟာ သာမာန်လုံးဝမဖြစ်နိုင်ဘူး…´ `ကျွန်တော် တစ်ခုတင်ပြပါရစေ ရဲမှူးကြီး…သေဆုံးသူ အငြိမ်းစားပါမောက္ခနဲ့ သေဆုံးသူ စခန်းမှူးထူးမောင်တို့က လွန်ခဲ့တဲ့၅နှစ်ကျော်ကတည်းက အသိမိတ်ဆွေတွေလို့ သိရပါတယ် ဒါကြောင့် တစ်ချိန်က သူတို့ရဲ့ရန်ငြိုး ရန်စကြောင့် အခု အသတ်ခံရတယ်လို့ ကျွန်တော် ယူဆမိပါတယ်…´ `သေဆုံးသူ စခန်းမှူး ထူးမောင်အကြောင်းကိုတော့ ကျုပ်ကောင်းကောင်းသိတယ် သူက လူအေး မဟုတ်မခံစိတ်ရှိတယ် သဘောကောင်းတယ် အရာရာကို နားလည်ပေးတတ်တယ်…သူ့အဖေနဲ့ ကျုပ်နဲ့ကလဲ ရင်းနှီးပြီးသား ငယ်ငယ်တည်းက တစ်ခါမှ ရန်တောင်ဖြစ်ဘူးတဲ့ လူတစ်ယောက်မဟုတ်ဘူးဆိုတော့…ရန်ငြိုး ရန်စဆိုတာတော့ ရှိလိမ့်မယ် မထင်ဘူး…´ ထူးမောင်၏အကြောင်းအား သိရှိသူ ရဲမှူးကြီးက အစည်းဝေးခန်းမ၌ တွေဝေညည်းထွားစွာ ပြောနေစဉ် ပြင်ပသို့ စေခိုင်းထားသည့် နယ်ထိန်းဝင်းနိုင် ဝင်ခွင့်တောင်းလျက် ဝင်ရောက်လာခါ `ဘာသတင်းထူးလဲ…´ `ဟုတ်ကဲ့ ရဲမှူးကြီး ဒီအမှု့နဲ့ပတ်သတ်ပြီးရင်ခွဲရုံ ဆရာဝန်ဆီက တစ်ခုသိခဲ့ရပါတယ် သေဆုံးသူတွေဟာ မှော်အတတ်ပညာမျိုးဖြစ်တဲ့ အောက်လမ်းပညာတို့နဲ့ အသတ်ခံခဲ့ရပါတယ်လို့ ပြောပါတယ်…´ နယ်ထိမ်း ဝင်းနိုင်၏ စကားအား ကြားလိုက်ရသော ရဲမှူးကြီးကား တွေဝေစဉ်းစားသွားလျက် မည်သည့်စကားမှ ပြန်မပြောပဲ ငြိမ်သတ်နေခဲ့သည်။ထိုနောက် `ကျုပ်လဲ အစတည်းက အဲ့လိုပဲ ကောက်ချချက်မိတယ် ဒါပေမယ့် လူတွေက ဘဟ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူး…ဒီတော့ နိုင်ငံတော်အသိမှတ်ပြု ပယောဂါဆရာကြီးနဲ့ ကျုပ်တိုင်ပင်ကြည့်မယ် ပြီးတာနဲ့ အားလုံးကို ကျုပ်တာဝန်ပေးမယ်…´ နိုင်ငံတော်မှ တရားဝင်အသိမှတ်ပြု နယ်လှည့် ပယောဂါဆရာကြီးဆီသို့ ရဲမှူးကြီး ဦးဆောင်သည့် အဖွဲ့ဟာ (နိုဝင်ဘာလ ၂ရက် ၂၀၁၀ ခုနှစ် ) မနက်လင်းသည်နှင့် သွားရောက်တွေ့ဆုံတော့သည်။ ပယောဂါဆရာကြီး၏ နေအိမ်အား ခန်းခန်းနားနားမဟုတ် သာမာန် ပျင်ထောင်အိမ်လေးသာ ဖြစ်ချေသည်။ ရဲအရာရှိများ သူ၏နေအိမ်သို့ရောက်လာသည်နှင့် တရားထိုင်နေသော ပယောဂါဆရာကြီး တရားပြုတ်သည့် အချိန်ထိစောင့်နေရသည်။ `ဘာကိစ္စရှိလို့လဲလို့ ကျုပ်မမေးတော့ပါဘူး…´ တရားထိုင်ပြီးသည်နှင့် တစ်ပြိုင်နက် ပယောဂါဆရာကြီးကား ရဲအရာရှိများကို ဦးစွာ စကားလှမ်းပြောလိုက်တော့သည်။ ထိုအခါ ပါမောက္ခကြီး ထူးဆန်းစွာ သေဆုံးပုံ နှင့် စခန်းမှူးထူးမောင်တို့ လင်မယားနှစ်ယောက် သေဆုံးပုံတို့အား ထိုဆရာကြီးကို အသေးစိပ်ပြောပြလိုက်သည်။ ထိုအခါ ဆရာကြီးက ခေါင်းလေး တစ်ချက်ငြိမ့်လျက် `အငြိုးတွေ အငြိုးတွေ…´ နှုတ်မှ ညည်းထွားပြောလိုက်တော့သည်။ထိုအခါ ငြိမ်သတ်နေသည့် ရဲအရာရှိများ သိချင်စိတ် ပြင်းပြသွားလျက် `ဆရာကြီး…ဒါသာမာန်လူသတ်မှု့ မဟုတ်ဘူးလား…ဆရာကြီး ဘယ်လိုမြင်လဲ…ဖြေပါဦး…´ `ဟုတ်တယ် ဒါဟာ အငြိုးအတေးကြီး တစ်ခုကြောင့် ဖြစ်ရတာပဲ အချိန်မရှိဘူး သူ့ကို အမြန်ဆုံး ဖမ်းချုပ်မှဖြစ်မယ် …´ `ဟင်!…ဒါဆို တစ္ဆေက သတ်တယ်လို့ပြောချင်တာလားဟင်´ `သိပ်သေချာတာပေါ့…ကဲ ငါတို့အမြန်ဆုံး သူရှိနေတဲ့ နေရာကို လိုက်သွားမှ ဖြစ်မယ် မဟုတ်ရင် နောက်လူတွေကိုလဲ သူထပ်သတ်နေဦးမှာပဲ…´ `သူ…သူက ဘယ်မှာ ရှိနေတာလဲ…´ `နောက်မှမေး အခု မင်းတို့မှာ ကားပါလာတယ် မဟုတ်လား…ငါလမ်းပြတဲ့ဆီကိုသာ အရင်မောင်းပေတော့´ ကားခေါင်းခန်း၌ ထိုပယောဂါဆရာကြီးကို ထားစေပြီး သူလမ်းညွှန်ရာဆီသို့ မောင်းနှင်လာကြတော့သည်။အတန်ကြာ မောင်းနှင်လာပြီးနောက် ရပ်ခိုင်းလိုက်သည့် နေရာကိုရောက်တော့ ပတ်ဝန်းကျင်အား အကဲခတ် ကြည့်လေရာ ကျောင်းပိတ်ရက် ကာလဖြစ်သော တက္ကသိုလ်ကျောင်းဝန်းကြီး တစ်ခုအတွင်းသာ ဖြစ်ချေသည်။ ပယောဂါဆရာကြီး ဦးဆောင်သည့် အနောက်သို့ ရဲအရာရှိများ လိုက်ပါလာလျက် စာသင်ဆောင် တစ်ခုအတွင်းသို့ ဝင်ရောက်လာခါ နှစ်များစွာ ပိတ်ထားခဲ့သည့် အခန်းတစ်ခုအတွင်းသို့ ရောက်ရှိလာတော့သည်။သံချေးများ တတ်နေသော သော့အား ရိုက်ဖွင့်လိုက်သည်နှင့် အခန်းအတွင်းမှ ဖုံအမှုန့်များနှင့်အတူ လင်းနို့များကလည်း အမြောက်အများ ပျံသန်းထွက်ပြေးကုန်တော့သည်။အခန်းအတွင်းသို့ ရောက်သည်နှင့် အားလုံး၏ ရင်ထဲ၌ လွမ်းဆွေသွားလေသလား ရင်ဘတ်တစ်ခုလုံး ဆို့နစ်နေသော ခံစားမှု့များအား ခံစားလိုက်ရတော့သည်။ သို့ပေမယ့် ဆရာကြီးဟာ တည်ငြိမ်သော စိတ်အား သွင်းထားလျက် ကျိုးပဲ့နေသော ထိုင်ခုံများကို သူ၏လက်ဖြင့် ကိုင်လိုက်ပြီး `အိုး!…အငြိုးတစ္ဆေ သင့်အား ကျွန်ုပ်တို့ ရန်ပြုခြင်း မရှိပဲ အငြိုးတစ်ကြီး ဘာ့အတွက်ကြောင့် ဒီလိုတွေ လုပ်ရပါသလဲ…´ နှုတ်မှရည်ရွတ်ပြောဆိုလျက် ထိုနောက် အခန်းတံခါးမကြီးအား ပိတ်စေလိုက်ပြီး ပါးကြားအပ်လျက်ရှိနေသော နံရံအား အသင့်ပါလာသော သူ၏တောင်မွှေးဖြင့် ပြင်းထန်စွာ ရိုက်လိုက်တော့သည်။ ထိုအချိန်၌ အလွန်ပင် နာကျင်လှသော အနက်ကြီးတစ်ခုက အခန်းတစ်ခုလုံး ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။ထိုအသံကို ကြားလိုက်ရသည့် ရဲအရာရှိများက အံ့သြတကြီးဖြစ်လျက် မိမိတို့၏ မျက်လုံးများအား အသံလာရာရှိသို့ လိုက်ကြည့်နေမိခဲ့တော့သည်။ သို့ပေမယ့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မမြင်တွေ့ရပဲ အသံကိုသာလျင် ကြားနေရတော့သည်။ `သင့်ကို ကျွုန်ပ်မေးနေတယ်လေ မဖြေရင် ထပ်ရိုက်မှာနော်…´ ဟုဆိုကာ နောက်တစ်ကြိမ် ထပ်မံရိုက်လိုက်လေရာ ဆိုးရွားသော ညည်းညူသံများ ထွက်ပေါ်လာခဲ့ပြန်ချေသည်။ထိုနောက် `ငါသတ်ဦးမှာ…ငါသတ်ဦးမှာ´ အကောင်အထည်ကိုပင် မတွေ့ရ စူးရှသော အသံတို့ဖြင့် ထွက်ပေါ်လာချေခဲ့သည်။ ဆရာကြီးက ထိုအသံပိုင်ရှင်အား မည်သည့်အတွက်ကြောင့် ထိုသို့ပြုလုပ်ရသနည်းဟု မေးလေးရာ ပါးကြားအပ်လျက်ရှိနေသော နံရံတစ်ခုမှ `ဟားဟားဟားဟား…လူယုတ်မာ နှစ်ကောင်က်ုတော့ ငါသတ်ပြီးပြီး…နောက်ထပ် သုံးကောင်ကို ငါသတ်ရဦးမယ်…´ အသံကား ပဲ့တင်ထပ်လျက်ရှိနေသော ယောကျားတစ်ယောက်၏ အသံနက်ကြီးပင်။ `မင်းကို အခု ငါဖမ်းချုပ်တော့မှာ မင်းလူတွေကို ဒုက္ခထပ်ပေးလို့မရတော့ဘူး မင်းငါ့ကို ကျော်နိုင်ရင်တော့ မင်းဆန္ဒပြည့်မှာပေါ့…´ မြူနှင်းများကဲ့သို့ အခိုးငွေ့များ ပေါ်ထွက်လာလျက် အခန်းတစ်ခုလုံး ထိုအငွေ့များဖြင့် ဖုံးလွမ်းသွားပြီးနောက် ထွက်ပေါ်လာသည့် အသံကား `ခင်ဗျားကို ကျုပ်မယဉ်နိုင်ပါဘူး ဒါပေမယ့် ကျုပ် နောက်ထပ် လူသုံးယောက်ကို သတ်ပြီးရင် ကျုပ်ကျေနပ်ပါပြီ´ `မင်းဒီလို လုပ်လို့ရမလား မင်းရက်ရက်စက်စက် သတ်ခဲ့သူထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်လဲ ပါတယ်…ပြီးတော့ သေဆုံးသွားတဲ့ ဒီကျောင်းက ပါမောက္ခ ဆရာဦးလှမြင့်နဲ့ စခန်းမှူး ထူးမောင်က လူကောင်းတွေချည်းပဲ …´ `တိတ်စမ်း!…ဘာလူကောင်းတွေလဲ လူယုတ်မာတွေ…ခင်ဗျားကို ကျုပ်ပြောပြမယ် လွန်ခဲ့တဲ့ ၂နှစ်ကျော်တုန်းက အချိန်ကို ခင်ဗျားနားထောင်…´ `ပြောစမ်းပါဦး ပြီးရင်တော့ မင်းကို နှစ်ခါပြန်သေခိုင်းမယ်…´ အကောင်ထည်မမြင်ရပဲ ပါးကြားအက်နေရာ နံရံမှသာ ဆိုးရွားလှသော အသံနက်ကြီးဖြင့် ပယောဂါဆရာကြီးအား ပြန်လည် တုန့်ပြန်ပြောဆိုနေလျက် လွန်ခဲ့သည့် ၂နှစ်ကျော် ကာလမှ ဖြစ်ရပ် တစ်ခုအား ပြောပြမည်ဟုဆိုခါ ပဲ့တင်ထပ်နေသည့် အသံတို့ဖြင့် ထွက်ပေါ်လာချေတော့သည်။ စာရေးသူ-ထီးကလေး။ ✏✏✏✏✏✏✏✏✏✏✏✏

Original from: http://hteekalayblog.blogspot.co.id/2016/04/blog-post_41.html?m=1
မူလစာရေးသူ -->>ထီးကလေး

တစ္ဆေပုံပြင်

(ဝိဥာဉ် ကလဲ့စား)အပိုင်း(၂) 

စားရေးသူ-ထီးကလေး 🌂
******************

 အကောင်ထည်မမြင်ရပဲ ပါးကြားအက်နေရာ နံရံမှသာ ဆိုးရွားလှသော အသံနက်ကြီးဖြင့် ပယောဂါဆရာကြီးအား ပြန်လည် တုန့်ပြန်ပြောဆိုနေလျက် လွန်ခဲ့သည့် ၂နှစ်ကျော် ကာလမှ ဖြစ်ရပ် တစ်ခုအား ပြောပြမည်ဟုဆိုခါ ပဲ့တင်ထပ်နေသည့် အသံတို့ဖြင့် ထွက်ပေါ်လာချေတော့သည်။ ဒီဇင်ဘာလရဲ့ အအေးဒဏ်က ဒီနှစ်ခါမှ ပို၍အေးနေလေသလား မြူခိုးများဆိုင်းလျက် နှင်းမြူများပြိုင်ဆိုင်စွာ ကျနေသည်က ဆောင်းရာသီရဲ့ အလှပကို ပို၍ပေါ်လွင်စေတယ်။ ဒီဇင်ဘာ ၁၂ရက်နေ့ ဒုတိယနှစ်ကျောင်းသားဘဝကို ကျွန်ုပ်ဖြတ်သန်းရချေဦးမည်။မေဂျာက အဏုဇီဝဗေဒ ကိုယ်လုပ်ချင်တာက ရှေ့နေ အမှတ်မမိခဲ့ဘူး။ ဒီတော့ဘာဖြစ်လည်း နာမည်ဆန်းတဲ့ အဏုဇီဝဗေဒဆိုတာကို ကျွုန်ပ်ဘာမှန်းမသိပဲ ရွေးချယ်စေခဲ့ပြီ။ မေဂျာအသစ်ဖြစ်တာကြောင့် ကျောင်းသားဦးရေ ၁၂၀ ခန့်မျှရှိသည့် ကျောင်းခန်း နှစ်ခန်းသာ ထိုမေဂျာကျောင်းသားများ ရှိသေးသည်။သင်ကြားရတဲ့ အဓိကအပိုင်းက မျက်စိဖြင့်မမြင်နိုင်တဲ့ ပိုးမွှားအသေးစားလေးတွေကို အဏုကြည့်မှန်ပြောင်းနဲ့ လေ့လာရတဲ့ အပိုင်းဖြစ်လျက် ကျွန်ုပ်တို့ကတော့ စာသင်ခန်းထဲမှာ တစ်ချိန်တစ်လေသာ ရှိနေတတ်ပြီး အမြဲတမ်းလိုလို အေးအေးဆေးဆေးဖြစ်တဲ့ နေဝန်းနီဆိုတဲ့ ကန်သင်းမှာအမြဲ ထိုင်လေ့ရှိသည်။ ထိုဆိုင်လေးက သာမာန်ဆိုင်တွေနဲ့ မတူ ဆိုင်ရှင် ဦးတွကြီးနဲ့ စာပွဲထိုး ပြည့်စုံဆိုတဲ့ လူနှစ်ယာက်တည်း ဖွင့်ထားသည့် ဆိုင်လေးဖြစ်သည်။ ပထမနှစ် ကျောင်းသားဘဝကို အပျော်တွေနဲ့ ဖြတ်သန်းခဲ့ရင်း အချိန်တွေကုန်ဆုံးစေခဲ့တယ်လေ။ယခု ဒုတိယနှစ်ကျောင်းသားဘဝ ဒီမနက်ခင်းမှာ ကျောင်းစဖွင့်ပြီ ကျွုန်ုပ်တစ်ယောက်တည်း ကားဂိတ်သို့ လမ်းလျောက်နေလျက် မနက်ပိုင်းဆိုတော့ အင်မတန်မှ လိုင်းကောင်းတိုးစီးရတဲ့ အဖြစ်က မလွယ်လှဘူး။ဒီတော့ ဘာဖြစ်လဲ ယောကျာ်းပဲ အထဲကိုတိုးဆီးမနေတော့ဘူး စပယ်ယာနည်းတူ ကိုယ်လည်းပဲ ကားတွယ်စီးလာချေပြီ။ဒုတိယနှစ်ဖြစ်လာသည့် ကျွန်ုပ်အတွေးက ပထမနှစ်ကျောင်းသား ဘဝနဲ့ မတူတော့ပဲ ခံစားမှု့တွေ ပိုရင့်ကျက်လာခဲ့သည်။ မိမိကျောင်းခန်းထဲသို့မသွားသေးပဲ ပထမနှစ်တစ်နှစ်လုံး အချိန်ကုန်စေခဲ့သည့် နေနီဝန်း ကန်သင်းလေးရှိရာကိုသာ ကျွုန်ပ်ခြေလှမ်းများ ဦးတည်နေတော့သည်။ ကန်တင်းအရှေ့သို့ရောက်သည့်နှင့် ကျွုန်ပ်မြင်တွေ့လိုက်ရသည့် မြင်ကွင်းက ထိုဆိုင်လေးထဲတွင် ကျောင်းသားအမြောက်အများ ရှုတ်ရှုတ်သည်းသည်းဖြစ်နေခဲ့သည့် မြင်ကွင်းပင်။ မျက်မှောင်ကျုတ်လိုက်သည်။ သိချင်စိတ်နဲ့ ထိုနေရာကို ဦးတည်းလျောက်သွားလျက် မြင်တွေ့လိုက်ရသည်က `လမ်းလေး…ဘာတွေ ဖြစ်နေတာတုန်း…´ `ဒီမှာလေကွ…သူတို့က သရဲမြင်ဘူးချင်တယ် ဆိုလို့ ငါပြနေတာ´ `ဟင်!…ပြစမ်းပါဦး…´ သူက လမ်းကလေး ကျွုန်ပ်နဲ့ ငယ်စဉ်ကတည်းက ညီအစ်ကိုအရင်းသဖွယ် ပေါင်းသင်းလာကြသည့် အိမ်နီးချင်း သူငယ်ချင်းတွေ ဖြစ်ပြီး သူက အစနှောက်သန်လျက် စိတ်ရင်းအလွန်ကောင်းသူ တစ်ယောက်ဖြစ်သည်။ယခုအခါ သူထိုင်နေသည့် စားပွဲဝိုင်း၌ ကျောင်းသားများ ဝိုင်းအုံနေသည်ကို တွေ့လိုက်သည်နှင့် သူအား ကျွုန်ပ်မေးလိုက်တော့ ကိုင်ထားတဲ့ သူလက်ထဲက ဟန်းဆက်လေး ကျွုန်ပ်ဆီ လှမ်းပေးလိုက်တယ် ။ `ဟာကွာ…ဒါ တကယ်ဟုတ်လို့လား…´ ကျွုန်ပ်အမေးကို သူပြန်မဖြေသေး။ မျက်စိတစ်ဖတ် မှိတ်ပြလိုက်တယ်။သေချာပြီ ဒါဆို လမ်းကလေးတစ်ယောက်ကတော့ မဟုတ်တာ တစ်ခုခုလုပ်နေပြီဆိုတာ။ခဏအကြာမှာပဲ စားသောက်ထားတဲ့ စာပွဲအပေါ်က မုန့်ဖိုးတွေကို သူမရှင်းပဲ ကျောင်းသားတစ်ချို့ရှင်းသွားသည်ကို မြင်တွေ့လိုက်ရသည်။ဝိုင်းအုံနေသည့် ကျောင်းသားများ ရှင်းသွားသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ် လမ်းကလေးအနားသို့ ကပ်ထိုင်လိုက်ပြီး `မင်းဘာတွေ လျောက်လုပ်နေတာတုန်း…´ `ငါဘာလုပ်လို့တုန်း…သရဲမမြင်ဘူးတဲ့ သူတွေကို သရဲပြနေတာလေ…´ `အဲ့ပုံကို ဘယ်ကနေရိုက်လာတာလဲ…တကယ့်သရဲတော့ မဖြစ်နိုင်ဘူး…´ `ဟားဟား…ငါလည်းမသိဘူးကွ ငါ့အသိတစ်ယောက်ဆီကနေ ကင်မရာကူးထားတာ အဲ့ဒီ ကင်မရာထဲမှာ သရဲပုံပေါ်အောင် ရိုက်လို့ရတယ်…အဲ့ဒါနဲ့ ငါလည်း မုန့်ဖိုးမရှင်းရရင် ပြီးရော ဆိုပြီး သရဲမြင်ဘူးချင်ရင် ပြမယ် မုန့်ဖိုးတော့ ရှင်းရမယ်ဆိုပြီ လိမ်တာပဲဟေ့…´ ထိုအချိန်က ဆက်သွဟ်ရေး တယ်လီဖုန်းများဟာ ရှားပါးသော အချိန်ကာလ ဖြစ်လျက် ပိုက်ဆံရှိ သူဌေးသားသမီးများသာ လက်ထဲ၌ ကိုင်ထားခွင့်ရသည်ကို မြင်တွေ့ရသည်။ကျွုန်ပ်တို့မှာမူ မှန်ပြင်ကျဉ်းသည့် ခလုတ်ဖုန်းလေးကိုတောင် ဖုန်းဘေမှန်အောင်မထည့်နိုင်သည့် ဘဝမျိုးဖြစ်လျက် ထူးဆန်းသည့် သရဲပုံပေါ်သော ကင်မရာ ဆော့ဝဲလ်လေးအား ကျွုန်ပ်စိတ်ဝင်တစ်စား ကြည့်နေမိသည်။ `ဟဲ့…နင်တို့ အတန်းမတတ်ဘူးလား…´ အနောက်မှ ရုတ်တရက် မေးလိုက်သော အကြောင့် ကျွုန်ပ်ကြည့်လိုက်မိရာ `ဟင်…မျှားလေး…နင်နောက်ကျနေပါလား…နင့်အိမ်ကို ငါဝင်ခေါ်သေးတယ် နင်သွားပြီးဆိုတာနဲ့ ငါလည်း တစ်ယာက်တည်း ထွက်လာတာ…´ `တော်ပါ အပိုတွေ လာပြောမနေနဲ့…နင်တို့နှစ်ကောင် အိမ်ကို ငါဝင်ခေါ်သေးတယ် မနက်လင်းတည်းက လွယ်အိတ်တစ်လုံးဆွဲပြီး ထွက်သွားပြီတဲ့…´ သူမက မျှားကလေး ကျွုန်ပ်နှင့် လမ်းကလေးတို့ရဲ့ ငယ်စဉ် ကလေးဘဝကတည်းမှ မောင်နှမအရင်းသဖွယ် သိပ်ချစ်ကြသည့် သူငယ်ချင်းတွေဖြစ်လျက် သူမက ပျက်သားသည် ရဲရင့်စွာ ဆုံးဖြတ်တတ်လျက် စိတ်ရင်းအလွန်ကောင်းမွန်သူ တစ်ယောက်လည်းဖြစ်ချေသည်။သုံးယောက်စလုံး၏ စာသင်ခန်းဟာ ကျောင်းအပ်ချိန်တူသည့်အတွက် တစ်မေဂျာတည်းဖြစ်သလို တစ်ခန်းတည်းလည်း ဖြစ်ချေသည်။ထိုနေ့စာသင်ခန်းထဲသို့ ကျွုန်ုပ်တို့ သုံးယောက်စလုံး မရောက်တော့ပဲ ထိုကန်တင်းလေးမှာသာ အချိန်ကုန်စေခဲ့သည်။ ညနေဆောင်းသည်နှင့် သုံးယောက်သား အိမ်အပြန်လမ်းအား ဦးတည်လျောက်လှမ်းနေလျက် ကားဝန်းအတွင်း၌ သပ်ရပ်သန့်ရှင်းလှသော ကားအဖြူလေးတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုကားက ပျက်နေဟန်တူသည်။ ကားပိုင်ရှင် ကျောင်းသားလေးမှာ ခေါင်းကုတ်ညင်းထွားနေလျက် ကားအတွင်းမှ ထိုင်နေသည့် မိန်းကလေးကား ငြိမ်သက်လှစွာပင်။ `ကြည့်ပါဦး ကားပျက်နေတာတောင် ကားပေါ်က မိန်းကလေးက အေးဆေးထိုင်နေတယ်…´ `အမယ် သူများတကာကို သွားဝေဖန်နေတယ် ကိုယ်ဟာကိုမနေနိုင်ဘူး…´ `မဟုတ်ပါဘူးဟ…ငါသာဆို နည်းနည်းပါပါး ဘာလုပ်ပေးရမလဲ ဘာလဲ မေးဦးမှာပေါ့ တော်တော်နေနိုင်တယ်.…´ `သူ့ချစ်သူကို ချစ်လို့ ကောင်လေးက ကားပေါ်က မဆင်းခိုင်းတာ နေမှာပေါ့ဟ´ ကိုယ့်အရာမပါသည့် သူများအား ဝေဖန်ထောက်ရှု့လျက် သုံးယောက်သား အပြန်လိုင်းကားပေါ်သို့ စတင်တတ် နေရာယူထိုင်လိုက်တော့သည်။ `ဟဲ့…ဘာကြည့်နေတာလဲ…ပေါက်စီကျန်သေးလားလို့…မေးနေတယ်လေ…´ ညနေဆောင်း ဆိုင်သိမ်းချိန်မှသာလျင် ပေါက်စီအမြဲဝယ်လေ့ရှိသော အဖွားအို၏ အမေးကား ပြန်မဖြေ အဖွားအို၏ ဘေးတွင်ရှိနေသော မျက်နှာဝိုင်းလေးဖြင့် ချစ်စရာ အလွန်ကောင်းသော မိန်းကလေး၏ မျက်နှာကိုပင် နေဝန်းနီ ကန်တင်းမှ စားပွဲထိုးလေး ပြည့်စုံတစ်ယောက် ပြုံးလျက်စိုက်ကြည့်နေခဲ့သည်။မိန်းကလေးမှာတော့ မည်သည့်အရာကိုမှ အာရုံမထား သူ့၏လက်ထဲ၌ရှိသော ဘောပင်လေးကိုသာ လက်ချောင်းလေးများဖြင့် ဆော့ကစား လှည့်နေလျက်ရှိသည်။ `ဟဲ့…နင့်ကို မေးနေတယ်လေ…ပေါက်စီကျန်သေးလားလို့…ဘာကြောင်ကြည့်နေတာလဲ သေချင်လို့လား…´ `ပေါက်စီမေးနေတယ်လေ ပြည့်စုံ ရောင်းလိုက်ဦး…´ ဆိုင်ရှင် ဦးတွကြီးထိုင်နေရာမှ လှမ်းအော်ပြောလိုက်မှသာလျင် အဖွားအိုမေးသော ပေါက်စီတို့ကို ရောင်းလိုက်ချေတော့သည်။ ပြည့်စုံကား အေးဆေးနေတတ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ စကားပြောဆိုလေ့မရှိ ရယ်မောခြင်းမရှိ စိတ်ဝေဒနာရှင်တစ်ယောက် အလားထင်မြင်နေရအောင် သူကားနေတတ်သည်။ သူကား ဆိုင်ပိုင်ရှင် ဦးတွကြီးမှ လွန်ခဲ့သည့် ၁၀နှစ်အတွင်း၌ မိမိဆိုင်ရှေ့ကျောင်းဝန်းအတွင်းတွင် ညဘက်များ လာရောက်အိပ်နေတတ်သည်ကို တွေ့သဖြင့် မည်သူ မည်ဝါမှန်း မသိသည့် သူအား မိမိဆိုင်၌ ခေါ်ယူမွေးစားထားပြီး ဆိုင်အလုပ်များ ခိုင်းစေထားခဲ့သည်။ သူ၏ မွေးရပ်ဇာတိကို မပြော အမည်နာမည်အားလည်းမပြော သို့နှင့် ဦးတွကြီးမှ သူ့အား ပြည့်စုံဟု ခေါ်တွင်စေခဲ့ပြီး သူ၏အကြောင်းအားလည်း ဦးတွကြီးပင် ယခုဆယ်နှစ်အချိန်ထိ မသိချေ။ သို့ပေမယ့် အေးဆေးနေတတ်သော ပြည့်စုံအား ဦးတွကြီးမှ သဘောကျလျက် ယခုချိန်ထိ ဆိုင်တွင် ထားစေခဲ့သည်။ မည်သည့်အခါမှ ပြုံးရယ်တတ်ခြင်းမရှိသည့် ပြည့်စုံကား အဖွားအို၏ ဘေးမှ မြေးဖြစ်သူ မိန်းကလေးအား စိုက်ကြည့်လျက် ပြုံးနေမိသည်ကို ဆိုင်ရှင် ဦးတွကြီး ရိပ်စားမိခဲ့ချေသည်။ထိုမိန်းကလေး၏ အမည်ကား ဝင့်ဝါဟု ခေါ်တွင်လျက် သူမ ပထနှစ်ကျောင်းသူဘဝတွင် မိဘနှစ်ပါး ကားမောက်သေဆုံးသွားသောကြာင့် အဖွားဖြစ်သူက စောင့်လျောက်ထားပြီး စိတ်ဝေဒနာခံစားနေရသည်။ကျောင်းဆင်းချိန်တိုင်း အဖွားဖြစ်သူမှ လာရောက်ကြိုနေလျက်ရှိသည်။ဆိုင်ရှင်ဦးတွကြီး ညဘက်တွင် မိမိနေအိမ်သို့ပြန်သွားလေ့ရှိပြီး အလုပ်သမားဖြစ်သူ ပြည့်စုံကိုတော့ မိမိဆိုင်လေးတွင် စိတ်ချစွာ ညအိပ်စေခဲ့သည်။ ထိုညမှာတော့ ပြည့်စုံတစ်ယောက် အိပ်မပျော်နိုင် အဖွားအိုဘေးမှ မိန်းကလေး၏ မျက်နှာကိုပင် ပြန်မြင်ယောင်နေမိတော့သည်။အိပ်မပျော်သည်ကြောင့် ပိတ်ထားသည့် ဆိုင်တံခါးလေးအား ဖွင့်လျက် မှောင်မည်းနေသည့် ကျောင်ဝန်းလမ်းတစ်လျောက် ဆိုင်ရှင်ဦးတွကြီး သူ့အား ပေးထားသော စက်ဘီအစုတ်လေးကို ထုတ်လျက် ခြေဦးတည့်ရာ စီးနင်းလာရင်း ကျောင်းအနောက် ကွင်းပြင်တောင်ကုန်းလေးတွင် ညနေက တွေ့လိုက်ရသည့် မိန်းကလေးကား မိမိလက်ထဲရှိ ဘောပင်လေးအား လှည့်လည် ကစားနေသည်ကို တွေ့လိုက်ရသည်။လူပျက်သည့် ထိုနေရာတွင် မိန်းကလေးတစ်ယေက်တည်း ထိုင်ငိုင်ဆော့ကစားနေသည်ကို အဝေးမှ ပြည့်စုံတစ်ယောက် ချောင်းကြည့်နေလျက် ပြုံးနေမိခဲ့သည်။ ထိုနေရာမှ မိန်းကလေး ထပြန်သွားသည့် အချိန်မှာသာ မျက်စိတစ်ဆုံးကြည့်လျက် ကျန်နေခဲ့တော့သည်။ ကျောင်းဖွင့်ရက် သုံးရက်မြောက်နေ့မှာ ကျွုန်ပ်ထီးကလေးနှင့်အတူ သူငယ်ချင်း မျှားကလေး လမ်းကလေး တို့ကျောင်းဝန်းအတွင်းသို့ အတူတူလျောက်လှမ်းလာခဲ့သည်။မေဂျာအဆောင်ရှေ့မရောက်ခင် လမ်းခုလပ် တစ်နေရာ၌ မနေ့ညနေမှ တွေ့လိုက်ရသည့် ကားပိုင်ရှင်နှင့်အတူ သူ၏ကားလေး ရပ်ထားသည်ကို တွေ့လိုက်ရသည်။ `ဒီနေ့ နည်းနည်း ချမ်းသလိုပဲနော်…´ `ဆောင်းတွင်းပါဆိုမှ ချမ်းမှာပေါ့…´ `ဒီနားလေးမှာ ငါတို့ ဓာတ်ပုံ တစ်ပုံလောက် အမှတ်တရ ရိုက်ရင် မကောင်းဘူးလား…´ `ကောင်းတယ်…ကောင်းတယ် လမ်းလေး မင်းဖုန်းပါတယ် မဟုတ်လား´ `ပါတယ်လေ ဟိုနေကလို သရဲပုံပေါ်တဲ့ ကင်မရာနဲ့ ရိုက်ပေးရမလား…´ `ကောင်းတာပေါ့ တစ္ဆေနဲ့ အမှတ်တရဆိုပြီး ပြောလို့ရတာပေါ့…ဟားဟား´ ကျွုန်ပ်တို့ ၃ဦးသား ပျော်ရွှင်ရယ်မောနေသည်ကို အနားရှိ ကားပိုင်ရှင်ကတော့ စ်တ်ညစ်နေပုံရသည်။ ပန်ခြံသဖွယ် ပြုလုပ်ထားသည့် ထိုနေရာလေးမှာ အသင့်ပါတဲ့ ကင်မရာကို သူငယ်ချင်းဖြစ်သူ လမ်းကလေး ထုတ်လျက် ကျွုန်ပ်နှင့် သူငယ်ချင်းမျှားကတော့ တစ်ယောက်ကို တစ်ယောက် စနောက်လျက် ဓာတ်ပုံရိုက်ခံရန် ဟန်ပြင်နေခဲ့သည်။ `ရိုက်ပြီးနော်…ဒီကိုကြည့်´ ညာသံပေးလျက် ကင်မရာဖြင့် ချိန်ဆထားသော သူငယ်ချင်း လမ်းကလေး မျက်မှောင်ကျုတ်လျက် မိမိကင်မရာအား စူးစိုက်စွာကြည့်နေခဲ့သည်။ဓာတ်ပုံမရိုက်သေးပဲ ကင်မရာအား စူးစိုက်စွာကြည့်နေသည့် သူ့အနားသို့ ကျွန်ုပ်သွားလိုက်ပြီး `ရိုက်တော့လေကွ…ဘာတွေ ကြောင်ကြည့်နေတာလဲ…´ `ဒီ…ဒီမှာ…´`ဘာတုန်းကွ…ပြစမ်း´ ပြောပြောဆိုဆိုဖြင့် သူကိုင်ထားသော ကင်မရာအား ကျွန်ုပ်လှမ်းယူလျက် ကြည့်လိုက်လေရာ `ဘာတုန်းကွ ဘယ်မှာလဲ…´ `ဟုတ်နေပြီ ထီးလေး…မင်းအနောက်မှာ ရှိနေတဲ့ ကားအဖြူနားမှာ မိန်းကလေးတစ်ယောက်ယောက်ကို ကင်မရာထဲကနေ ငါတွေ့လိုက်တယ်…´ `ဟား…ဟားဟား…ဟေ့ယောင်…ငလမ်း မင်းသူများကို သွားလိမ် ငါ့ကိုလာမလိမ်နဲ့…´ `ထီးလေး…ငါတကယ်ပြောနေတာ ဆံပင်ကျောအလယ်လောက်ရှိတယ် ယဉ်ဖုံးအကျီအဖြူရောင်လေးနဲ့ အဲ့ဒီကားနားမှာ ရပ်နေတယ် ကားပိုင်ရှင်ဘေးမှာကို ရပ်နေတာ…´ `မင်းတကယ်ပြောနေတာလား´ `တစ်ခြားသူတွေကို ငါနောက်ကောင်း နောက်လိမ့်မယ် မင်းတို့ကို ငါဘယ်တော့မှ မနောက်ဘူး…´ `ကောင်းပြီ ဒါဆို ငါတို့ပြန်ချိန်ကြည့်ရအောင်…´ သပ်ရပ်လှသည့် ကားအဖြူရောင်နံဘေးတွင် စိတ်ပျက်စွာ ထိုင်နေသော ကားပိုင်ရှင်မသိသာအောင် ၃ယောက်သား တိုင်ပင်လျက် ကင်မရာဖြင့် ချိန်လိုက်လေရာ `ဟိုက်!…´ ကားလမ်းဘေးတွင် စိတ်ပျက်စွာ ထချလျက်ရှိသော ကားပိုင်ရှင်ဘေးတွင် ဘေးတစောင်း မတ်တပ်ရပ်ကာ ရှိနေသူက သာမာန်မျက်စိဖြင့် မရနိုင်သည့် မိန်းကလေးတစ်ဦးပင်ဖြစ်ချေသည်။ ကင်မရာအား ဖယ်ကြည့်လိုက်လျင် ထိုမိန်းကလေးအား မမြင်ရတော့ပဲ ကင်မရာဖြင့် ချိန်းဆလိုက်သည်နှင့် ထိုမိန်းကလေးအား မြင်နိုင်နေသည်။ လက်သွက်စွာဖြင့် ထိုပုံအား ရိုက်ယူထားလိုက်ပြီး `ဟုတ်တယ် …ငါတို့ဘယ်လို လုပ်သင့်လဲ…´ `ဘယ်လို လုပ်ရမှာတုန်း ကြာရင် ကားပိုင်ရှင်ကို တစ်ခုခု အန္တရယ် ပေးနိုင်တယ် သူ့ကို အသိပေးလိုက်တာ ကောင်းမယ် ထင်တယ်…´ `အဲ့ဒါကောင်းတယ် ဒါပေမဟ့် သူလက်မခံရင်ရော…´ `အဲ့ဒါက သူ့အပိုင်း အသိပေးရမှာကငါတို့အပိုင်း´ သုံးယောက်သား တိုင်ပင်လျက် စိတ်ပျက်စွာ ထိုင်နေသည့် ကားပိုင်ရှင် အနားသို့ လျောက်သွားပြီး `သူငယ်ချင်း…တစ်ခုလောက် မေးလို့ရမလား…´ `တစ်ခြားမှာ သွားပေးလိုက်ပါလား တစ်မျိုးတော့ မထင်နဲ့ ငါ့ကားပျက်နေလို့ အာရုံနောက်နေတယ်…´ ကျွုန်ပ်တို့၏ အမေးစကားအား ဘူစပ်စပ်ဖြင့် သူကား ပြန်ဖြေလျက် ထိုင်နေရာမှ ထလိုက်ပြီး ကားသို့မှီထားလိုက်သည်။ `ဟုတ်တယ် သူငယ်ချင်း မင်းကို မေးမှာကလဲ အဲ့ကားနဲ့ ပတ်သတ်တယ်…´ `ဟာကွာ…ဘာမေးမှာလဲ မြန်မြန်မေး အာရုံနောက်ရတဲ့ ကြားထဲ…´ `ဒီကား ဝယ်ထားတာကြာပြီလား ဘယ်ကဝယ်ထားတာလဲ…´ `မင်းတို့ဝယ်မလို့လား ဝယ်မယ်ဆိုလဲ ငါပြန်ရောင်းပေးမယ် တစ်နေ့မှ တစ်ခါ မပျက်ရရင် ဒီကားက ဘီးမလည်ချင်ဘူး´ `မင်းကားမှာ ပရလောကရဲ့ အစွဲအလမ်းတွေများ ရှိနေလိမ့်မယ်လို့ ငါတို့ထင်တယ် …´ `ဟားဟားဟား…သူငယ်ချင်းမင်းတို့ ဒီစကားတွေ တစ်ခြားမှာ သွားပြောရင် ကောင်းလိမ့်မယ် ငါကတော့ အယုံကြည်လဲ မရှိဘူး လက်လဲ မခံဘူး ငါ့ကားက ဆီပိတ်လို့ဖြစ်တာ မင်တို့ပြောတာ မှားတယ်…´ `ဒါဆို သူငယ်ချင်းက ကျောင်းကို ချစ်သူနဲ့ လာတာလား…´ `မဟုတ်ဘူး တစ်ယောက်တည်းလာတာ…´ ကားပိုင်ရှင်၏ အဖြေကြောင့် သုံးယောက်သား မျက်လုံးချင်း ဆုံလျက် အံ့သြတသသ ဖြစ်သွားခဲ့သည်။ တစ်နေ့ညနေ့က ကားဝန်းဘေးတွင် ထိုသူနှင့် ကားပေါ်တွင် မိန့်မိန့်ထိုင်နေသော မိန်းကလေးတစ်အား တွေ့ခဲ့လျက် ထိုမိန်းကလေးကိုတောင် ဝေဖန်ခဲ့သေးသည့် ကျွုန်ပ်တို့ အားလုံး မည်သည့်စကားမှ ပြန်မပြောနိုင် ငြိမ်သတ်သွားခဲ့လေသည်။ `မင်းတကယ်ပြောနေတာလား…တစ်ခါမှ ကျောင်းကို မိန်းကလေးတစ်ယောက်ယောက် ခေါ်မလာဖူးဘူးလား…´ `မင်းတို့ကို လိမ်ပြီး ငါက ဘာလုပ်ရမှာလဲ ငါ့မှာသာ ချစ်သူရှိရင် ကြွားချင်လွန်းလို့ ခေါ်လာတာ ကြာပြီ…ဘယ်မိန်းကလေးမှ ငါ့ကားပေါ်မှာ မထိုင်ဘူးသေးဘူး…´ `ဒါဆို သေချာပြီ သူငယ်ချင်း မင်းကားမှာ အနောက်အယှက်တစ်ခုခုတော့ ရှိနေပြီ´ `တော်ပြီ တော်ပြီ မင်းတို့နဲ့ စကားမပြောချင်တော့ဘူး ငါ့ကို ခွင့်ပြုဦး´ ဟုဆိုလျက် ပျက်နေသည့် မိမိကားအတွင်းသို့ ဝင်သွားလျက် အပြင်မှ စကားသံများမကြားရအောင် မှန်အလုံတင်ထားလိုက်တော့သည်။ `ဟာ…ဒုက္ခပါပဲ ဒီလူတော့ တော်တော် ခေါင်းကြောမာတာပဲ …´ ထိုကားဘေးတွင်း ကျွန်ုပ်တို့မသွားသေး စိတ်ပူစွာ ကြည့်နေစဉ်မှာပဲ ပျက်နေသည့် ကားဟာ အရှိန်ပြင်းစွာဖြင့် မောင်းထွက်သွားတော့သည်။ `ဟာ…ပြန်ကောင်းသွားတာလား…´ အံ့သြစွာ ထိုကားမောင်းထွက်သည်ကို ကြည့်နေရင်း ပေနှစ်ဆယ်ကွာမျှခန့်တွင် ရုတ်တရက် ထိုးရပ်သွားတော့သည်။ ကားရပ်သွားသည်နှင့် ကားအတွင်းမှ ထိုသူထွက်လာပြီး တုန်ရီနေသော ဟန်တို့ဖြင့် ကျွန်ုပ်တို့ဆီ အပြေးလာနေခဲ့သည်။ `ဘာ…ဘာဖြစ်တာလဲ…´ `ကား…ကားက ငါလည်းမမောင်းပဲနဲ့ အလိုလိုနေရင်း သူဟာသူ မောင်းထွက်သွားတယ်…ဘရိတ်လဲ နင်းမရဘူး သူဟာသူ ထိုးရပ်သွားတယ် မင်းတို့ပြောတာ ဟုတ်နေပြီလား မသိဘူး…ငါဘာလုပ်ရမလဲ…´ `ငါတို့အစတည်းကပြောပါတယ် မင်းကမှ လက်မခံတာ ကြည့်ရတာ မင်းကိုတော့ သူအန္တရယ် ပေးချင်လို့မဟုတ်လောက်ဘူး ဒီတော့ ဆိုင်တစ်ဆိုင်မှာ အေးအေးဆေးဆေး စကားသွားပြောကြမယ်…´ သို့နှင့် ကျွုန်ပ်တို့ထိုင်နေကြ နေဝန်းနီ ကန်တင်းလေးရှိရာသို့ ဦးတည်လျောက်လှမ်း လာခဲ့သည်။ဆိုင်အတွင်းသို့ ဝင်လိုက်သည်နှင့် မည်သည့်အခါမှ ပြုံရွှင်နေသော မျက်နှာအား မမြင်ရသည့် အလုပ်သမား ပြည့်စုံတစ်ယောက် တစ်ခုခုအား တွေးတောစဉ်းစာလျက် ပြုံရွှင်နေသည်ကို တွေ့လိုက်ရသည်။ ကျွန်ုပ်တို့ဝင်လာသည်ကိုပင် သူမတွေ့နိုင် အတွေးများဖြင့် မျောလွှင့်နေခဲ့သည့်ပုံစံ။ ဆိုင်ရှင်ဦးတွကြီး အော်ဂေါက်လိုက်မှသာလျင် ကျွုန်ပ်တို့မှာထားသည့် အစားအသောက်များ လာရောက်ပို့ပေးချေသည်။ `ဒါနဲ့ သူငယ်ချင်းနာမည်က ဘဟ်လိုခေါ်လဲ…ဘယ်မေဂျာကလဲ…´ `ငါ့နာမည်က တန်ခိုးလို့ခေါ်တယ် ဓာတုဗေဒ ဒုတိယနှစ် တကယ်ဆို ဘွဲ့ရပြီးပြီး စာမေးပွဲတွေကျလို့ မင်းတို့ကရော…´ `ငါက ထီးကလေး…သူက မျှားကလေး ဒါက လမ်းကလေး…ငါတို့က ငယ်သူငယ်ချင်းတွေ ပြီးတော့ အဏုဇီဝဗေဒ ဒုတိယနှစ် မေဂျာအသစ် ကျောင်းသားတွေပဲ´ `မင်းတို့နဲ့ခင်ရတာ ငါသိပ်ဝမ်းသာမိတယ် မင်းတို့မှာ တစ်ဖတ်သားကို ကူညီချင်တဲ့စိတ် အပြည့်အဝရှိတယ် ငါလဲ အဲ့စိတ်မျိုးအပြည့်ရှိတယ် အခုကားက ငါ့အဖေ ပွဲရုံက တပည့်တစ်ယောက် ဈေးပေါပေါနဲ့ လာရောင်းသွားလို့ တန်လို့ငါ့ကို ဝယ်ပေးထားတာ…အဲ့ကားက တစ်နေ့ကို တစ်ခါပျက်တယ် ထူးဆန်းတာတစ်ခုက မနက်ကျရင်  ညကကားသိမ်းထားတဲ့ နေရာမှာ မဟုတ်ပဲ အရှေ့ ငါးပေလောက် ရွှေ့နေတယ် ဒါမှ မဟုတ်ရင် သော့ခတ်ထားတဲ့ ကားတံခါးကြီးက အလိုလိုပွင့်ပွင့်နေတယ် ငါလဲ ပေတေပြီး ဒီကားပဲစီးနေခဲ့တာ တစ်ခုခုကို သိထားတယ် ဒါပေမဟ့် ကားလေးကို အရမ်းကြိုက်လို့ ပစ်ရမှာ နှမျောတယ်လေ ဒါကြောင့် မင်းတို့ပြောတဲ့ စကားတွေကို ငါမကြားချင်တာပဲ…အခုတော့ သူက အစွမ်းတွေ ပြနေပြီ ငါဘာလုပ်သင့်လဲ…´ `မင်းလုပ်သင့်က မင်းအဖေနဲ့ ပြန်တိုင်ပင်ဦး ပြီးမှ တစ်ခုခုဆုံးဖြတ်…´ `ဒါပေမယ့် အခုကျောင်းပြန်ရင်တော့ ငါမစီးရဲတော့ဘူး…အဖေ့ကိုပဲ ကားလာယူခိုင်းလိုက်တော့မယ်…´ ထိုနေ့မှစ၍ တန်ခိုးဟု ခေါ်တွင်သော ကားပိုင်ရှင်နှင့် ကျွန်ုပ်တို့အားလုံး ခင်မင်သွားခဲ့တော့သည်။ ထိုကားက မိန်းကလေးတစ်ယောက်အား ရက်စက်စွာ ပထမကားပိုင်ရှင်မှ တိုက်မိခဲ့ပြီး အလောင်းအား အစဖျက်ထားခဲ့သည်။မိန်းကလေး၏ သွေးစွန်းထားသော ထိုကားတွင် အချိန်ပြည့် ကားပိုင်ရှင် တန်ခိုးအား အကူညီတောင်းနေခဲ့သည်ကို အယုံကြည်မရှိသည့် တန်ခိုးက သူမအား ဥပေက္ခာပြုထားခဲ့သည်။ ယခုအခါမှသာလျင် အဖြစ်မှန်အားလုံး မှန်ကန်စွာ ပေါ်ပေါက်လျက် အလောင်းဖျောက်ခဲ့သူ တရားခံအားလည်း ဖမ်းစီးရမိခဲ့ချေသည်။ သို့ပေမယ့် ထိုကားလေးကိုတော့ ပိုင်ရှင်ဖြစ်သူ တန်ခိုး စီးနှင်းမှု့မရှိတော့ပဲ သူငယ်ချင်းများဖြစ်သည့် ကျွန်ုပ်တို့နည်းတူ လိုင်းကားသာ တိုးစီးချေတော့သည်။ `မြေးလေးရေ မြေးလေး…ဒီကလေးမလေး ဘယ်လျောက်သွားနေပါလိမ့်…´ စိတ်ရောဂါရှင်မလေး ဝင့်ဝါအား ပျောက်ဆုံးနေလျက် အဖွားဖြစ်သူမှာတော့ မှောင်နေသည့် ညနေဆောင်းလေးတွင် ကျောင်းဝန်းတစ်လျောက် လိုက်လံရှာဖွေနေလျက်ရှိသည်။ နေနီဝန်းကန်တင်းအရှေ့ရောက်သည်နှင့် ဆိုင်သိမ်းဆည်းနေသူ အလုပ်သမားလေး ပြည့်စုံကား ထိုမြင်ကွင်းကို တွေ့ရှိလိုက်ရသည်။ တစ်ခုခုတွေးတောမိလျက် ဆိုင်ရှင် ဦးတွကြီးပေးထားသော စက်ဘီးအဆုတ်လေးအား ထုတ်လျက် သိမ်းလက်စ အလုပ်များအား ပစ်ထားခဲ့ပြီး ပျောက်ဆုံးနေသော ဝင့်ဝါအား သူမသွားတတ်သည့် နေရာလေးဆီသို့ ဦးတည်နှင်းသွားတော့သည်။ သူထင်သည့် အတိုင်းသာလျင် ကျောင်းဝန်းအနောက် ကွင်းပြင်တောင်ကုန်းလေး၌ ဘောပင်လေးအား လှည့်လျက် ထိုင်နေသည့် ဝင့်ဝါအား တွေ့လိုက်ရသည်။သို့နှင့် မိမိစက်ဘီးအား ပစ်ချလိုက်ပြီး ဝင့်ဝါရှိနေသည့် တောင်ကုန်းလေးဆီသို့ လျောက်လှမ်းသွားလိုက်သည်။ သူမအနားသို့ ရောက်လာသည့် ပြည့်စုံအား မော့ကြည့်လျက် မိမိအနားတွင် ထိုင်ရန် ဟန်ပြလိုက်သည်။ မည်သည့်စကားမှ မပြောသည့် ပြည့်စုံကား အဖွားဖြစ်သူ သူမအား လိုက်ရှာနေကြောင်း မပြောတော့ပဲ ဝင့်ဝါ၏ လက်အား ဆွဲလျက် အဖွားဖြစ်သူဆီသို့ လိုက်ပို့ပေးရန် ဆွဲခေါ်လိုက်တော့သည်။ထိုနောက် မိမိကိုယ်ပေါ်တွင် ရှိနေသော အနွေးထည်အစုတ်လေးအား ဝင့်ဝါကို ခြုံပေးထားလျက် စက်ဘီးလေးတွန်းကာ အဖွာဖြစ်သူဆီသို့ လျောက်လှမ်းလာနေခဲ့သည်။ ဝင့်ဝါကား မည်သည့်စကားမှ မပြော ပြည့်စုံ၏ လက်မောင်းကိုမှီလျက် လျောက်လှမ်းလာခဲ့သည်။ မြေးဖြစ်သူအား လိုက်ရှာနေရသည့် အဖွားအိုကား မောဟိုက်လျက် လမ်းနံဘေးတွင် ထိုင်နေသည်ကို တွေ့လိုက်ပြီး သူတို့နှစ်ဦးအား မြင်တွေ့လိုက်ရသည့်အဖွားအိုက `ဟဲ့ကောင် နင်ငါ့မြေးကို ဘယ်ခေါ်သွားတာလဲ နင့်ကိုရဲတိုင်မယ်´ ထိုသို့ပြောနေသည်ကို တုန့်လှုပ်မှု့မရှိ ဝင့်ဝါ၏ မျက်နှာလေးကိုသာကြည့်လျက် ပြည့်စုံကား ပြုံးနေခဲ့သည်။ ထိုနောက် အဖွားဖြစ်သူအား ပြည့်စုံခေါ်သွားခြင်း မဟုတ် သူမကိုယ်တိုင် အိမ်မှ ထွက်သွားကြောင်း ပြောခဲ့သည်။ဝင့်ဝါကိုယ်ပေါ်တွင်ရှိနေသော ပြည့်စုံ၏ အနွေးထည်လေးအား အဖွားအိုမှ ဖယ်လိုက်ပြီး `ရော့…နံစော်နေတာပဲ နောက်တစ်ခါ ငါ့မြေးကို ကြည့်ရဲကြည့်ကြည့် နင့်ကို သတ်ပစ်မယ်…´ ဟု ပြောလျက် ပြည့်စုံ၏ အနွေးထည်လေးအား မြေပြင်ပေါ်သို့ ပစ်ချပေးပြီး မြေးဖြစ်သူ ဝင့်ဝါအား လက်ဆွဲခေါ်သွားတော့သည်။ စာရေးသူ-ထီးကလေး။ ✏✏✏✏✏✏✏✏✏✏✏✏

Original from: http://hteekalayblog.blogspot.co.id/2016/04/blog-post_72.html?m=1
မူလစာရေးသူ -->>ထီးကလေး