Labels

×××× (3) ၀ဏ္ဏသီရိ (1) ၀တ္ထုစာအုအ်များ (7) apk for Android Smart Phone (4) APP (3) Ashin Revata (1) Auto World Journal (1) Blogger များ (10) Chan Myay Mying Sayadaw (2) Dhamma Talk (English) MP3 (1) Dr Ashin Dhammapiya (2) Dr. Mehm Tin Mon (8) Dr. Nandamalabhivamsa (3) DVD တရားခွေများ (5) e-Book in English (42) Facebook ဆိုင်​ရာ (1) Inside jornel (1) IT ebook (1) Lလင်း (1) Maha Thera Ledi Sayadaw (3) Mingun Sayadaw (10) Mogok SayaDaw U Wimala (7) MP3 (10) NetGuide (6) Photos (1) SAR MAUNG TOH (1) U Pannya Vamsa (1) U San Lwin's Dhamma Talks (1) ViDeo dhanma (2) Videos (2) Website (1) Zar Ni (2) ကံချွန် (3) ကဗျာများ (5) ကျွန်းရွာ​တောရဆရာ​တော်​ (1) ကာတွန်း (13) ကိုနေ (1) ကို​ရွှေ​တောသား (1) ကိုလေးမြတ် (1) ကလောင်စုံ (1) ကျမ်းမာသုခ ဂျာနယ် (1) ကျမ်းမာရေး (8) ခင်ချိုထွန်းစာပေ (1) ခင်မျိုးချစ် (1) ခင်မောင်ညို (ဘောဂဗေဒ) (1) ခင်နှင်းယု (1) ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်း (1) ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်း (1) ချက်နည်းပြုတ်နည်း (1) ချစ်စံဝင်း (4) ချစ်မ (1) ချစ်ဦးညို (2) ချစ်နိုင်-စိတ်ပညာ (1) ချမ်းမြေ့ဆရာတော် (20) ဂါထာမန္တာန်ပေါင်ချုပ် (2) ဂီတတီးနည်း (1) ဂျာနယ်ကျော်မမလေး (1) ဂျာနယ်ကျော်မလေး (2) ဂျူး (4) ငယ်-လတ်-ကြီး-ဓမ္မစရိယ (1) စံ-ဇာဏီဘို (3) စစ်​တုရင်​ ၉ အုပ်​ (1) စွမ်းထက်အောင် (1) စွယ်စုံကျမ်း ၁+၉ (2) စာအုပ်များ (10) စာအုပ်လမ်ညွှန် (1) စာ​ပေ ဇယား (1) စာ​ပေ​ဟော​ပြောပွဲ mp3 (1) စိမ့်(ပညာရေး) (2) စိုက်ပျိုးရေး (3) စိုးမြတ်သူဇာ (2) ဆရာမင်းလူ (2) ဆရာကြီး ဦးဂိုရင်ဂါ (3) ဆရာကြီး ဦးဇေတဝန် (1) ဆရာဇော်ဂျီ (2) ဆရာတော်ဦးဇောတိက (1) ဆရာမောင်တိုး (1) ဆရာသောင်းလွင် (1) ဆားပုလင်းနှင်းမောင် (1) ဆုထူးပန်ဦးကျော် (1) ဆုမြတ်မွန်မွန် (1) ဆန္ဒအောင် (1) ဇ၀န (1) ဇင်သန့် (3) ဇင်ဝေသော် (1) ဇဝန (1) ဇာဂနာ (1) ညိုသောင်း (1) ညီသစ်​ (1) ညီမေတ္တာ (1) တက္ကသိုလ် စိန်တင် (1) တက္ကသိုလ် နေလင်းအောင် (4) တက္ကသိုလ်စိန်တင် (1) တက္ကသိုလ်နန္ဒမိတ် (1) တက္ကသိုလ်ဘုန်နိုင်၏စာအုပ်များ (10) တက္ကသိုလ်နေဝင်း (7) တက်တိုး (7) တင်​မိုး (1) တင်မိုးလွင် (1) တင်ထွေး (2) တင်မောင်မြင့် (1) တင်​​မော်​ (1) တတိုင်မွေး (1) တရားတော်များ (23) တာယာမင်းဝေ (4) တာတေ (1) တိပိဋကမြန်မာပြန် (3) တစ္ဆေ၀တ္ထု (2) ဒဂုန်ခင်ခင်လေး (1) ဒဂုန်ဦးစန်းငွေ (2) ဒဂုန်ရွှေမျှား (4) ဒဂုန်ရွှေမျှား (1) ဒီဃနိကာယ် ၃-ကျမ်း (1) ဒီလှိုင်းဂျာနယ် (2) ဒုတိယဗိုလ်မှူးကြီး သောင်းထိုက် (1) ဒဿန (1) ဓမ္မစရိယ ဦး​ဋ္ဌေးလှိုင်​ (1) ဓမ္မစရိယ ဦးအေးနိုင် (1) ဓမ္မာစရိယတန်းအတွက် (21) ဓမ္မာစရိယဦးအေးနိုင် (1) ဓမ္မာစရိယာဦးမောင်မောင်လေး (1) ဓမ္မကျောင်းတော် (1) ဓမ္မဘေရီ အရှင်ဝိရိယ (1) ဓာတ်ပုံပြုပြင်နည်းစာအုပ် (1) နည်းပညာ (2) နည်းပညာဂျာနယ်များ (2) နည်းပညာစာအုပ်များ (40) နန်းမာဆရာတော် အရှင်ဥာဏ (1) နိင်ငံရေးစာအုပ်များ (1) နီကိုရဲ (1) နန္ဒသိန်းဇံ (2) ပဌမသံဃယနာအ​မေးအ​ဖြေ (2) ပန်းငွေရုံဆရာတော် (1) ပန်းဝေဝေ (2) ပါရဂူ (10) ပါရဂူမင်းနန္ဒာ (1) ပိဋကတ်ကျမ်းစာ (1) ပီမိုးနင်း (3) ပုညခင် (2) ပုံပြင်စာအုပ် (1) ပျူး (3) ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်များ (4) ဖားအောက်တောရဆရာတော် (1) ဖိုးဇာ (1) ဖိုး​ကျော့ (1) ကြည်​ဦး (1) ကြယ်စင်မှူးဝေ (1) တြိစက္က (2) ဗန်းမော်ဆရာတော် (1) ဗဟုသုတ (3) ဗဟုသုတဆောင်းပါး (3) ဗိုလ်ချုပ်အောင်ဆန်း (1) ဗိုလ်​မှူးဘရှင်​ (1) ဗုဒ္ဓစာပေ (1) ဗုဒ္ဓါဝင်​ ပန်း​ချီကားများ (1) ဗျူး (8) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ (11) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသMP3 (9) ဘာသပြန် အင်္ဂလိပ် (1) ဘာသာပြန်​စာအုပ်​ (2) ဘာသာ​ရေး (4) ဘာသာရေးဆောင်းပါး (23) မဂ္ဂဇင်း (5) မင်းကိုနိုင်​ (1) မင်းခိုက်စိုးစံ (1) မင်းယုဝေ (3) မင်မြတ်သူရ (1) မင်းလူ (1) မင်လူ ၏ စာအုပ်များ (1) မင်းသိင်္ခ (1) မင်းဇော် (1) မစန္ဒာ (1) မဇ္ဈိမနိကာယ် ၃-ကျမ်း (1) မမသဒ္ဒါမောင် (1) မှတ်​စု (1) မသိ (1) မဟာဆွေ (1) မဟူရာ(လွိုင်ကော်) (1) မာဏဝ (1) မိတ်ဆက်လွှာ (1) မိန်းကလေး (3) မိုးကုတ်ဆရာတော်ဘုရားကြီး (5) မိုးတိမ်​ (1) မိုးမိုး (အင်းလျား) (3) မီကိုဇူးဇင် (3) မလေးငြိမ် (1) မျိုးမာန် (4) မျိုးသူရ (1) မှုခင်း (4) ယဉ်ကျေးလိမ္မာ (53) ပြည့်ပိုင်မှူး (1) ပြည့်ပိုင်မှူးအိမ် (1) ပြည်သူ့နီတိ (1) ဖြူးးဆရာတော် (2) ဖြူးဆရာ​တော် mp3 (1) မြတ်ခိုင် (1) မြန်မာစွယ်စုံကျမ်း (1) မြန်မာ့အလင်းသတင်စာ (22) မြသန်းတင့် (20) မြကေတု (1) ရန်ကုန်မျိုးသန့် (1) ရန်​​အောင်​ ​မောင်​​မောင်​ (1) ရှားပါးစာအုပ်များ (4) ရာဇဂဏီ (1) ရဝေထွန်း (1) ရဝေနွယ် (အင်းမ) (2) ရဲညွန့် (1) လကာင်္ရည်ကျော် (1) လင်းထွန်း (1) လင်းယုန်မောင်မောင် (6) လည်​တီဆရာ​တော်​ (3) လမင်းမို့မို့ (1) လယ်တွင်းသားစောချစ် (15) လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး M.A (2) လီနင် (1) လူထုစိန်ဝင်း (6) လူထုဦးလှ (3) လူပုဂ္ဂိုလ်များ (29) လူ​နေ (1) လရောင်ကျူးရင့် (2) ဝဏ္ဍသီရိ (1) ​ဝင်း​မောင်​ထက်​ (1) ဝတ္တုရှည် (30) ဝိဇ္ဇာ (1) ဝိနယ ပိဋက မြန်မာပြန် (5) ကျမ်း (1) ဝိနိစ္ဆယ ကျမ်းစာအုပ်များ (1) သခင်​စိုး (1) သခင်ဘသောင်း (3) သခင်မြတ်ဆိုင် (1) သင်္ခါ (1) သင်းမြတ်နိုး (1) သစ်မွှေး (2) သည်ခေတ်နေ (1) သတိုးဝီရ (1) သတိုးတေဇ (3) သန်းထိုက်ရွှေရိပ် (2) သန်းငြိမ်းအေး (1) သန်းသန်းတင့် (1) သမိန်ပေါ့သွယ် (1) သမိုင်းစာအုပ်များ (1) သံယုတ္တနိကာယ် ၅-ကျမ်း (1) သရ(ICT) (1) သျှင်ဥက္ကဌ (1) သာမဏေကျော် စာမေးပွဲ အတွက် (1) သိန်းဖေမြင့် (1) သိမ့်သိမ့်နွေး (1) သိုင်​ဝတ္ထုများ (1) သိုး​ဆောင်း (1) သီချင်းစာအုပ်​ (1) သီတဂူဆရာ​တော်​ mp3 တရား (2) သီရိသဒ္ဓမ္မာ လကာင်္ရ (1) သုခ (5) သုတ/ရသ (7) သုတ္တသင်္ဂဟ (1) သုသိဏ် (1) သူရထိုက် (1) သျှင်မ (1) ဟာသ (2) အရှင်ကုဏ္ဍလာဘိဝံသ (1) အရှင်ဂုဏိန္ဒ (1) အရှင်​ဆန္ဒာဓိက (1) အရှင်ဇနကာဘိဝံသ (1) အရှင်ဇာနေယျ (1) အရှင်နန္ဒမာလာဘိဝံသ (1) အရှင်နန္ဒမာလာ (1) အဂ္ဂဝိဇ္ဇာ (1) အင်္ဂလိပ်စကားပြော စာအုပ် (1) အင်္ဂလိပ်စာရေးရန် (1) အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း (1) အင်အားဂျာနယ် (3) အကြည်တော် (8) အဘိဓမ္မာ ပိဋက မြန်မာပြန် (1) အရှင်ကုမာရ (3) အရှင်ဆန္ဒာဓိက (33) အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ (5) အရှင်ဇနကာဘိဝံသ (1) အရှင်အာစရာလင်္ကာရ (1) အရှင်ဥာဏ (1) အရှင်ဆေကိန္ဒ (26) အလှပုံများ (9) အားကစား ဂျာနယ်​ (3) အိမ်လွမ်းသူ (1) အတွေး (1) အ​မေးအ​ဖြေ (1) ဥပဒေ စာအုပ်များ (10) ဥပဒေစာအုပ်များ (14) ဥာဏ်ကြွယ် (1) ဦးခင်ညွန့် (1) ဦးချစ်မောင် (1) ဦးဂိုအင်​ကာ (1) ဦးစိုးတင့် ( တောင်ကြီး ) (1) ဦးဆန်းလွင် (1) ဦးထွဋ္ဋ် (1) ဦးထွန်း (1) ဦးထွန်လှ (2) ဦးပဏ္ဍိတ (1) ဦးပညာစာမိ (1) ဦးပုကလေး (1) ဦးငြိမ်းမောင် (1) ဦးဘသန်း (1) ဦးသက္က (1) ဦးသက်စိန် -ဖြူး (1) ဦးဟုတ်စိန် (1) ဦး​ဌေးလှိုင်​ (1) ဦးဌေးလှိုင်( ဓမ္မာစရိယ ) (1) ဦးရွှေအောင် (2) ဦးသော်ဇင် (1) ဦးအောင်ခင် (1) ဦးအောင်ညွန့်ဝင်း (1) ဦးအောင်လင်း (1) ဦးအောင်ဟိန်းကျော် (1) ဦးအေးမောင် (4) ဦးနု (2) ကောင်းထက် (1) ကျော်နန္ဒအောင် (1) ​ကျော်​မြသန်း (1) ကျော်လှိုင် (1) ငွေကြည် (1) ငွေဥဒေါင်း (6) စောမုံညင်း (1) ဆွေလှိုင်ဦး (1) ဆွေလှိုင်ဦး (1) ဆောင်းပါး (6) ထောင်မှူးကြီး သိန်းဝင်း (1) ထောင်မှူးကြီးသိန်းဝင်း (2) ထောင်မှူးကြီးသိန်းဝင်းနှင့် သူရိန်ထွန်း (2) ဒေါ်အုန်းကြည်သား (1) ​​ဒေါက်တာ​ မင်းတင်​မွန်​ (1) ဒေါက်တာ အရှင်ကောဝိဒ (1) ​​ဒေါက်တာ​ ​အောင်​ခင်​ဆြင့်​ (1) ​ဒေါက်တာနန္ဒမာလာဘိဝံသ (1) ဒေါက်တာမင်းတင်မွန် (1) ဒေါက်တာလှဖေ (2) ဒေါက်တာသန်းထွန်း (4) ဒေါက်တာမောင်မောင်ညို (1) နေစိုးထက် (1) နေဝင်း(လန်ဒန် (1) ဖေမြင့် (5) ဖေဖေကျော် (1) ကြေးမုံသတင်းစာ (24) မေတ္တာရှင်ရွှေပြည်သာ (2) မှော်ပီဆရာသိန်းကြီး (1) မောင်ကွန်ပျူတာ (1) ​​မောင်​ခိုင်​မာ (1) မောင်ညိုမှိုင်း(သန်လျင်) (1) မောင်ထင် (1) မောင်ထွန်းမြိုင် (1) မောင်ထွန်းသူ (2) မောင်မိုးသူ (1) မောင်ဝံသ (1) ​မောင်သာချို (1) မောင်သိန်းလွင် (2) ​မောင်​သိန်​​ဖေ (1) မောင်ကောင်းထိုက် (1) မောင်မောင် (ရွှေကရ၀ိတ်) (1) မောင်မောင်မြင့်သိန်း(စက်မူတက္ကသိုလ်) (1) မောင်ရွှေခေတ် (2) ​မောင်​နှင်​​ဆွေ (1) မော်စီတုန်း (1) ​ရေနံ့သာဝင်း​မောင်​ (1) ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဥပဒေများ (1) ရွှေဥဒေါင်း (3) သောင်းညွန့်သစ် (2) သောင်းဝေဦး (3) သော်တာဆွေ (2) အောင်မြင်ရေးဆောင်းပါး (1) အောင်သင်း (5) ​အောင်​​ကြောင်​ဖြာ (1) နွယ်ဂျာသိုင်း (1) နိုင်ငံရေး (1) နိုင်ငံရေး စာအုပ်စင် (2) နိုင်ငံရေးသမိုင်းစာအုပ်များ (1) နိုင်ပန်းလှ (1)
လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။

Unordered List

Tuesday, September 27, 2016

" ဗုဒ္ဓ၏ အံ့သြဖွယ် မိန့်ခွန်းတော် "




" ဗုဒ္ဓ၏ အံ့သြဖွယ် မိန့်ခွန်းတော် "
***************************

“ဗုဒ္ဓ”သည် ကမ္ဘာပေါ်ရှိ မည်သည့် ဘာသာ အယူဝါဒ ထူထောင် ဖွဲ့စည်းသူမျှ မပြုလုပ်ဝံ့၊ မပြုလုပ်နိုင်သော “ထူးခြားအံ့ဖွယ် ကမ္ဘာကျော်မိန့်ခွန်းတစ်ရပ်” ကို ရဲဝံ့ပြတ်သားစွာ ဟောကြား ခဲ့ပါသည်။

အိန္ဒိယနိုင်ငံ၊ ကောသလတိုင်း၊ ကေသမုတ္တိရွာသား၊ ကာလာမလူမျိုးတို့ကို ဟောကြား သော “ကာလာမသုတ္တန်” သည် “အမှန်တရားကို ရှာဖွေသူတစ်ဦးထံသို့ ဗုဒ္ဓ၏ လက်ဆောင်လမ်း ညွှန်ချက် ” တရားတို့ပင် ဖြစ်သည်။

ဤ သုတ္တန်တရားတော် မှ ဗုဒ္ဓ၏မိန့်ခွန်းသံသည် အတွေးအမြင် မှုန်ဝါးနေသူကို အလင်းရောင်ခြည် ရစေသော “မီးရှုးတန်ဆောင်ပမာ " ဖြစ်ပါသည်။ ဘာသာရေး ထုံးတမ်းစဉ်လာကြားတွင် တွေဝေ ငေးမောနေသူများကို သစ္စာတရား လမ်းမှန်ဆီသို့ တက်တက်ကြွကြွ လျှောက်လှမ်းနိုင် အောင် လမ်းဖွင့်ပေး လိုက်သော ကြည်လင်ချိုမြသည့် “ဓမ္မခေါင်းလောင်းသံ” လည်းဖြစ်ပေသည်။

°°°

ဗုဒ္ဓ၏ ထို မိန့်ဆိုချက်မှာ...

“ အို… ကာလာမလူမျိုး အမျိုးကောင်းသားတို့… သင်တို့သည် လက်ခံကျင့်သုံးအပ်သော အမှန်တရားဓမ္မတို့ကို ဤ အချက်(၁၀)ချက်ဖြင့် ဆင်ခြင်စိစစ်၍ ဆုံးဖြတ်အားထုတ်ကြကုန်လော့…။

( ၁ ) ဤတရားတော်သည် မိရိုးဖလာ ရှေးအစဉ်အဆက်က ပြောကြား သိမှတ်လာခဲ့တာပဲ
လို့ "ရှေးစကား” ဖြစ်ရုံနဲ့လည်း အယူဝါဒတစ်ခုကို လက်မခံလိုက်ပါနဲ့ဦး။

( ၂ ) ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလာခဲ့တဲ့ “ဓလေ့ထုံးစံ" ဖြစ်ရုံနဲ့ပဲ အားလုံးကို အမှန်ဖြစ်တယ် လို့ ယူဆပြီး လက်မခံလိုက်ပါနဲ့ဦး။

( ၃ ) လူအများက ပြောနေကြတာပဲ ဆိုပြီးတော့ လူသိထင်ရှား “နာမည်ကျော်ကြားရုံ” နဲ့
မစုံစမ်း မဆင်ခြင်ဘဲ အဲဒီ အယူဝါဒကို လက်မခံလိုက်ပါနဲ့ဦး။

( ၄ ) “ ရှေးဟောင်းစာပေကျမ်းဂန်” တွေထဲမှာ ရေးထားတာပဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံလိုက်ပါနဲ့ဦး။

( ၅ ) မိမိဉာဏ်ရှိသမျှ တွေးခေါ်ကြံဆထားတဲ့ “အယူအဆ” ကိုလည်းပဲ မှန်လှပြီ လို့ မသတ်မှတ် လိုက်ပါနဲ့ဦး။

( ၆ ) အဲဒီတရား အယူအဆဟာဖြင့် ထောက်ပံ့အမှီပြုအပ်တဲ့ “နည်းနာနိဿယ” တွေ၊
အကြောင်းပြချက်တွေရှိနေတာဘဲ ဆိုပြီးတော့လည်း အလွယ်တကူ လက်မခံလိုက်
ပါနဲ့ဦး။

( ၇ ) မိမိဘာသာ“ တွေးခေါ်ကြံစည်ဆင်ခြင်ပြီး ” ဟုတ်လှပြီ လို့ သဘောကျနှစ်ခြိုက်ရုံနဲ့လဲ
မှန်လှပြီ လို့ မယူဆလိုက်ပါနဲ့ဦး။

( ၈ ) ဒီတရားအယူအဆတွေဟာဖြင့် မိမိစဉ်းစား တွေးတောထားတာတွေနဲ့ “တူညီတာပဲ” ဟု ဆိုရုံမျှနဲ့ လည်း အမှန်တွေဘဲ လို့ လက်မခံလိုက်ပါနဲ့ဦး။

( ၉ ) အများက“လေးစားရိုသေအပ်တဲ့ ပုဂ္ဂိုလ်ကြီး” ရဲ့ ပြောတဲ့စကားပဲ ဆိုပြီးတော့လည်း မဆင်မခြင် ပဲ မယုံကြည်လိုက်ပါနဲ့ဦး။

( ၁၀ ) ငါတို့ ရင်းနှီးကျွမ်းဝင်ချစ်ခင်တဲ့ "ငါတို့ဆရာသမား” ပြောကြားတဲ့ စကားပဲ ဆိုပြီတော့
လည်း အပြီးသတ် လက်ခံ ယုံကြည်မှုကို မပြုလိုက်ပါနဲ့ဦး။

“ ကာလာမ လူမျိုးတို့...
သင်၏ကိုယ်ပိုင်ဥာဏ်ဖြင့် ဦးစွာဆင်ခြင်သုံးသပ်ကာ…
ဤတရားတို့ကား..မကောင်းမှု တရားတို့ပေတည်း။
ဤတရားတို့ကား...အကျိုးမဲ့အပြစ်ကိုသာ ဖြစ်စေသောတရားတို့တည်း။
ဤတရားတို့ကား..ပညာရှိတို့ကဲ့ရဲ့အပ်သော တရားတို့တည်း။
ဤတရားတို့ကား..ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ကြောင်း
မဟုတ်သောတရားတို့ပေတည်း... ဟု
ရှောင်ရှားပယ်စွန့်သင့်သည်တို့ကို စွန့်ပစ်ကာ လက်ငင်းအကျိုးကျေးဇူးအမှန်တကယ်
ပြုနိုင်သော တရားတို့ကိုသာ လက်တွေ့ကျင့်သုံးပြီးမှ ယုံကြည်လက်ခံကြပါ...
ဟု ပွင့်လင်းစွာ မိန့်ကြားခဲ့ပါသည်။

“ ဘာသာအယူဝါဒဂိုဏ်းဂဏ ထူထောင်သူတို့သည်...
ငါ့ကိုသာယုံကြည်ကိုးကွယ်ကြရမည်။
ငါပြောသည့်အတိုင်းသာပြုလုပ်ကြရမည်။
ငါ့ကိုမယုံကြည်လျှင် အပြစ်ရှိသည်။ ငရဲ သို့ ကျရောက်စေရမည် " 

ဟု ခြိမ်းခြောက်ဟောပြော၍
လူစုနေချိန်တွင်…

“ဗုဒ္ဓ” က…
“ငါပြောတာကိုလည်းရမ်းပြီးမယုံလိုက်ပါနဲ့ဦး။
ဆင်းရဲဒုက္ခငြိမ်းအေးပြီး ချမ်းသာသုခကိုဖြစ်စေတဲ့ …

သစ္စာ(၄)ပါး၊ မဂ္ဂင်(၈)ပါး တရားဓမ္မကို ဦးစွာကျင့်သုံးပြီး ကိုယ်တိုင် ပစ္စုပ္ပန်မှာ လက်တွေ့
သဘာဝကျကျ အကျိုးခံစားရမှ ယုံယုံကြည်ကြည်နဲ့လက်ခံကြပါ " ဟု
ဟောကြားရဲခြင်းသည်။

ဓမ္မ၏မြင့်မြတ်မှန်ကန်သော ဂုဏ်တော်တစ်ရပ်ပင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ ဘာသာအယူဝါဒမျိုးစုံတို့
အတွက် “ အံ့သြတုန်လှုပ်ဖွယ် မိန့်ခွန်းတော်တစ်ရပ် ” ပင်ဖြစ်ပေတော့သည်။

°°°

ကျမ်းကိုး- I.D.F မှထုတ်ဝေသည့်
“ဓမ္မရသ စာစုများ” အမှတ်( ၂ )၊( စာ-၁၄ ) '

0 comments:

Post a Comment