Labels
APP (3) Ashin Revata (1) Auto World Journal (1) Blogger များ (10) Chan Myay Mying Sayadaw (2) DVD တရားခွေများ (5) Dhamma Talk (English) MP3 (1) Dr Ashin Dhammapiya (2) Dr. Mehm Tin Mon (8) Dr. Nandamalabhivamsa (3) Facebook ဆိုင်​ရာ (1) IT ebook (1) Inside jornel (1) Lလင်း (1) MP3 (10) Maha Thera Ledi Sayadaw (3) Mingun Sayadaw (10) Mogok SayaDaw U Wimala (7) NetGuide (6) Photos (1) SAR MAUNG TOH (1) U Pannya Vamsa (1) U San Lwin's Dhamma Talks (1) ViDeo dhanma (2) Videos (2) Website (1) Zar Ni (2) apk for Android Smart Phone (4) e-Book in English (42) ×××× (3) ကဗျာများ (5) ကာတွန်း (13) ကိုနေ (1) ကိုလေးမြတ် (1) ကို​ရွှေ​တောသား (1) ကလောင်စုံ (1) ကံချွန် (3) ကျမ်းမာသုခ ဂျာနယ် (1) ကျမ်းမာရေး (8) ကျွန်းရွာ​တောရဆရာ​တော်​ (1) ခင်ချိုထွန်းစာပေ (1) ခင်မျိုးချစ် (1) ခင်မောင်ညို (ဘောဂဗေဒ) (1) ခင်နှင်းယု (1) ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်း (1) ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်း (1) ချက်နည်းပြုတ်နည်း (1) ချစ်စံဝင်း (4) ချစ်မ (1) ချစ်ဦးညို (2) ချစ်နိုင်-စိတ်ပညာ (1) ချမ်းမြေ့ဆရာတော် (20) ဂါထာမန္တာန်ပေါင်ချုပ် (2) ဂီတတီးနည်း (1) ဂျာနယ်ကျော်မမလေး (1) ဂျာနယ်ကျော်မလေး (2) ဂျူး (4) ငယ်-လတ်-ကြီး-ဓမ္မစရိယ (1) စစ်​တုရင်​ ၉ အုပ်​ (1) စာအုပ်များ (10) စာအုပ်လမ်ညွှန် (1) စာ​ပေ ဇယား (1) စာ​ပေ​ဟော​ပြောပွဲ mp3 (1) စိမ့်(ပညာရေး) (2) စိုက်ပျိုးရေး (3) စိုးမြတ်သူဇာ (2) စံ-ဇာဏီဘို (3) စွမ်းထက်အောင် (1) စွယ်စုံကျမ်း ၁+၉ (2) ဆရာမင်းလူ (2) ဆရာဇော်ဂျီ (2) ဆရာတော်ဦးဇောတိက (1) ဆရာမောင်တိုး (1) ဆရာသောင်းလွင် (1) ဆရာကြီး ဦးဂိုရင်ဂါ (3) ဆရာကြီး ဦးဇေတဝန် (1) ဆားပုလင်းနှင်းမောင် (1) ဆုထူးပန်ဦးကျော် (1) ဆုမြတ်မွန်မွန် (1) ဆန္ဒအောင် (1) ဇင်သန့် (3) ဇင်ဝေသော် (1) ဇဝန (1) ဇာဂနာ (1) ဇ၀န (1) ညိုသောင်း (1) ညီသစ်​ (1) ညီမေတ္တာ (1) တက်တိုး (7) တက္ကသိုလ် စိန်တင် (1) တက္ကသိုလ် နေလင်းအောင် (4) တက္ကသိုလ်စိန်တင် (1) တက္ကသိုလ်နန္ဒမိတ် (1) တက္ကသိုလ်ဘုန်နိုင်၏စာအုပ်များ (10) တက္ကသိုလ်နေဝင်း (7) တင်မိုးလွင် (1) တင်ထွေး (2) တင်မောင်မြင့် (1) တင်​မိုး (1) တင်​​မော်​ (1) တတိုင်မွေး (1) တရားတော်များ (23) တာယာမင်းဝေ (4) တာတေ (1) တိပိဋကမြန်မာပြန် (3) တစ္ဆေ၀တ္ထု (2) ဒဂုန်ခင်ခင်လေး (1) ဒဂုန်ဦးစန်းငွေ (2) ဒဂုန်ရွှေမျှား (1) ဒဂုန်ရွှေမျှား (4) ဒီဃနိကာယ် ၃-ကျမ်း (1) ဒီလှိုင်းဂျာနယ် (2) ဒုတိယဗိုလ်မှူးကြီး သောင်းထိုက် (1) ဒဿန (1) ဓမ္မစရိယ ဦးအေးနိုင် (1) ဓမ္မစရိယ ဦး​ဋ္ဌေးလှိုင်​ (1) ဓမ္မာစရိယတန်းအတွက် (21) ဓမ္မာစရိယဦးအေးနိုင် (1) ဓမ္မာစရိယာဦးမောင်မောင်လေး (1) ဓမ္မကျောင်းတော် (1) ဓမ္မဘေရီ အရှင်ဝိရိယ (1) ဓာတ်ပုံပြုပြင်နည်းစာအုပ် (1) နည်းပညာဂျာနယ်များ (2) နည်းပညာစာအုပ်များ (40) နည်းပညာ (2) နန်းမာဆရာတော် အရှင်ဥာဏ (1) နိင်ငံရေးစာအုပ်များ (1) နီကိုရဲ (1) နန္ဒသိန်းဇံ (2) ပဌမသံဃယနာအ​မေးအ​ဖြေ (2) ပန်းငွေရုံဆရာတော် (1) ပန်းဝေဝေ (2) ပါရဂူ (10) ပါရဂူမင်းနန္ဒာ (1) ပိဋကတ်ကျမ်းစာ (1) ပီမိုးနင်း (3) ပုညခင် (2) ပုံပြင်စာအုပ် (1) ပျူး (3) ဖားအောက်တောရဆရာတော် (1) ဖိုးဇာ (1) ဖိုး​ကျော့ (1) ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်များ (4) ဗန်းမော်ဆရာတော် (1) ဗဟုသုတ (3) ဗဟုသုတဆောင်းပါး (3) ဗိုလ်ချုပ်အောင်ဆန်း (1) ဗိုလ်​မှူးဘရှင်​ (1) ဗုဒ္ဓစာပေ (1) ဗုဒ္ဓါဝင်​ ပန်း​ချီကားများ (1) ဗျူး (8) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ (11) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသMP3 (9) ဘာသာရေးဆောင်းပါး (23) ဘာသာပြန်​စာအုပ်​ (2) ဘာသာ​ရေး (4) ဘာသပြန် အင်္ဂလိပ် (1) မဂ္ဂဇင်း (5) မင်လူ ၏ စာအုပ်များ (1) မင်းခိုက်စိုးစံ (1) မင်းယုဝေ (3) မင်းသိင်္ခ (1) မင်းဇော် (1) မင်မြတ်သူရ (1) မင်းကိုနိုင်​ (1) မင်းလူ (1) မစန္ဒာ (1) မဇ္ဈိမနိကာယ် ၃-ကျမ်း (1) မမသဒ္ဒါမောင် (1) မသိ (1) မဟာဆွေ (1) မဟူရာ(လွိုင်ကော်) (1) မာဏဝ (1) မိတ်ဆက်လွှာ (1) မိန်းကလေး (3) မိုးကုတ်ဆရာတော်ဘုရားကြီး (5) မိုးတိမ်​ (1) မိုးမိုး (အင်းလျား) (3) မီကိုဇူးဇင် (3) မလေးငြိမ် (1) မျိုးမာန် (4) မျိုးသူရ (1) မှတ်​စု (1) မှုခင်း (4) ယဉ်ကျေးလိမ္မာ (53) ရန်ကုန်မျိုးသန့် (1) ရန်​​အောင်​ ​မောင်​​မောင်​ (1) ရာဇဂဏီ (1) ရဝေထွန်း (1) ရဝေနွယ် (အင်းမ) (2) ရဲညွန့် (1) ရှားပါးစာအုပ်များ (4) လကာင်္ရည်ကျော် (1) လင်းထွန်း (1) လင်းယုန်မောင်မောင် (6) လည်​တီဆရာ​တော်​ (3) လမင်းမို့မို့ (1) လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး M.A (2) လယ်တွင်းသားစောချစ် (15) လီနင် (1) လူထုစိန်ဝင်း (6) လူထုဦးလှ (3) လူပုဂ္ဂိုလ်များ (29) လူ​နေ (1) လရောင်ကျူးရင့် (2) ဝတ္တုရှည် (30) ဝိဇ္ဇာ (1) ဝိနယ ပိဋက မြန်မာပြန် (5) ကျမ်း (1) ဝိနိစ္ဆယ ကျမ်းစာအုပ်များ (1) ဝဏ္ဍသီရိ (1) သခင်ဘသောင်း (3) သခင်မြတ်ဆိုင် (1) သခင်​စိုး (1) သင်္ခါ (1) သင်းမြတ်နိုး (1) သစ်မွှေး (2) သည်ခေတ်နေ (1) သတိုးဝီရ (1) သတိုးတေဇ (3) သန်းထိုက်ရွှေရိပ် (2) သန်းသန်းတင့် (1) သန်းငြိမ်းအေး (1) သမိန်ပေါ့သွယ် (1) သမိုင်းစာအုပ်များ (1) သရ(ICT) (1) သာမဏေကျော် စာမေးပွဲ အတွက် (1) သိန်းဖေမြင့် (1) သိမ့်သိမ့်နွေး (1) သိုင်​ဝတ္ထုများ (1) သိုး​ဆောင်း (1) သီချင်းစာအုပ်​ (1) သီတဂူဆရာ​တော်​ mp3 တရား (2) သီရိသဒ္ဓမ္မာ လကာင်္ရ (1) သုခ (5) သုတ/ရသ (7) သုတ္တသင်္ဂဟ (1) သုသိဏ် (1) သူရထိုက် (1) သံယုတ္တနိကာယ် ၅-ကျမ်း (1) သျှင်မ (1) သျှင်ဥက္ကဌ (1) ဟာသ (2) အဂ္ဂဝိဇ္ဇာ (1) အင်္ဂလိပ်စကားပြော စာအုပ် (1) အင်္ဂလိပ်စာရေးရန် (1) အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း (1) အင်အားဂျာနယ် (3) အဘိဓမ္မာ ပိဋက မြန်မာပြန် (1) အရှင်ကုမာရ (3) အရှင်ဆန္ဒာဓိက (33) အရှင်ဇနကာဘိဝံသ (1) အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ (5) အရှင်အာစရာလင်္ကာရ (1) အရှင်ဥာဏ (1) အရှင်ဆေကိန္ဒ (26) အလှပုံများ (9) အားကစား ဂျာနယ်​ (3) အိမ်လွမ်းသူ (1) အတွေး (1) အကြည်တော် (8) အရှင်ကုဏ္ဍလာဘိဝံသ (1) အရှင်ဂုဏိန္ဒ (1) အရှင်ဇနကာဘိဝံသ (1) အရှင်ဇာနေယျ (1) အရှင်နန္ဒမာလာဘိဝံသ (1) အရှင်နန္ဒမာလာ (1) အရှင်​ဆန္ဒာဓိက (1) အ​မေးအ​ဖြေ (1) ဥပဒေ စာအုပ်များ (10) ဥပဒေစာအုပ်များ (14) ဥာဏ်ကြွယ် (1) ဦးခင်ညွန့် (1) ဦးချစ်မောင် (1) ဦးစိုးတင့် ( တောင်ကြီး ) (1) ဦးဆန်းလွင် (1) ဦးထွန်လှ (2) ဦးထွဋ္ဋ် (1) ဦးပညာစာမိ (1) ဦးပုကလေး (1) ဦးသက်စိန် -ဖြူး (1) ဦးသက္က (1) ဦးဟုတ်စိန် (1) ဦးဌေးလှိုင်( ဓမ္မာစရိယ ) (1) ဦးရွှေအောင် (2) ဦးသော်ဇင် (1) ဦးအောင်ခင် (1) ဦးအောင်ညွန့်ဝင်း (1) ဦးအောင်လင်း (1) ဦးအောင်ဟိန်းကျော် (1) ဦးအေးမောင် (4) ဦးနု (2) ဦးဂိုအင်​ကာ (1) ဦးထွန်း (1) ဦးပဏ္ဍိတ (1) ဦးဘသန်း (1) ဦးငြိမ်းမောင် (1) ဦး​ဌေးလှိုင်​ (1) ကောင်းထက် (1) ကျော်နန္ဒအောင် (1) ကျော်လှိုင် (1) ငွေဥဒေါင်း (6) ငွေကြည် (1) စောမုံညင်း (1) ဆောင်းပါး (6) ဆွေလှိုင်ဦး (1) ဆွေလှိုင်ဦး (1) ထောင်မှူးကြီး သိန်းဝင်း (1) ထောင်မှူးကြီးသိန်းဝင်း (2) ထောင်မှူးကြီးသိန်းဝင်းနှင့် သူရိန်ထွန်း (2) ဒေါက်တာ အရှင်ကောဝိဒ (1) ဒေါက်တာမင်းတင်မွန် (1) ဒေါက်တာလှဖေ (2) ဒေါက်တာသန်းထွန်း (4) ဒေါက်တာမောင်မောင်ညို (1) ဒေါ်အုန်းကြည်သား (1) နေစိုးထက် (1) နေဝင်း(လန်ဒန် (1) ဖေဖေကျော် (1) ဖေမြင့် (5) မေတ္တာရှင်ရွှေပြည်သာ (2) မောင်ကွန်ပျူတာ (1) မောင်ညိုမှိုင်း(သန်လျင်) (1) မောင်ထင် (1) မောင်ထွန်းသူ (2) မောင်ထွန်းမြိုင် (1) မောင်မိုးသူ (1) မောင်ဝံသ (1) မောင်သိန်းလွင် (2) မောင်ကောင်းထိုက် (1) မောင်မောင် (ရွှေကရ၀ိတ်) (1) မောင်မောင်မြင့်သိန်း(စက်မူတက္ကသိုလ်) (1) မောင်ရွှေခေတ် (2) မော်စီတုန်း (1) မှော်ပီဆရာသိန်းကြီး (1) ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဥပဒေများ (1) ရွှေဥဒေါင်း (3) သောင်းညွန့်သစ် (2) သောင်းဝေဦး (3) သော်တာဆွေ (2) အောင်သင်း (5) အောင်မြင်ရေးဆောင်းပါး (1) ကြေးမုံသတင်းစာ (24) ပြည်သူ့နီတိ (1) ပြည့်ပိုင်မှူး (1) ပြည့်ပိုင်မှူးအိမ် (1) ဖြူးဆရာ​တော် mp3 (1) ဖြူးးဆရာတော် (2) မြတ်ခိုင် (1) မြန်မာစွယ်စုံကျမ်း (1) မြန်မာ့အလင်းသတင်စာ (22) မြသန်းတင့် (20) မြကေတု (1) ၀ဏ္ဏသီရိ (1) ၀တ္ထုစာအုအ်များ (7) ကြည်​ဦး (1) ကြယ်စင်မှူးဝေ (1) တြိစက္က (2) နိုင်ငံရေး (1) နိုင်ငံရေး စာအုပ်စင် (2) နိုင်ငံရေးသမိုင်းစာအုပ်များ (1) နိုင်ပန်းလှ (1) နွယ်ဂျာသိုင်း (1) ​ဝင်း​မောင်​ထက်​ (1) ​ကျော်​မြသန်း (1) ​ဒေါက်တာနန္ဒမာလာဘိဝံသ (1) ​မောင်သာချို (1) ​မောင်​သိန်​​ဖေ (1) ​မောင်​နှင်​​ဆွေ (1) ​ရေနံ့သာဝင်း​မောင်​ (1) ​အောင်​​ကြောင်​ဖြာ (1) ​​ဒေါက်တာ​ မင်းတင်​မွန်​ (1) ​​ဒေါက်တာ​ ​အောင်​ခင်​ဆြင့်​ (1) ​​မောင်​ခိုင်​မာ (1)
လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။
Unordered List
Showing posts with label တရားတော်. Show all posts
Showing posts with label တရားတော်. Show all posts
Thursday, September 29, 2016
တရားကို စမ်းပြီး ထိုင်ဘူးကြည့်ချင်သူများအတွက် တရားရှုမှတ်နည်း
•••••••••••••••••••••••••••••••••
                 အဲဒီလို ပုဂ္ဂိုလ်တွေဟာ တရားဘယ်လို အားထုတ်ရတယ် ဆိုတာ တစ်ခြားသူကို မေးမြန်ဖို့ အကြောင်းတစ်စုံတစ်ခုကြောင့် မေးဖို့ အခက်ခဲရှိတဲ့ ပုဂ္ဂိုလ်တွေ လည်း ရှိကောင်းရှိနိုင်ပါတယ်။
                ဘယ်လိုလဲ ဖြစ်စေ၊ဖြစ်စေ..ခဏ ဘဲ တရားထိုင်ထိုင်၊ စမ်းသပ်ကြည့်ယုံလောက် သဘောနဲ့ ဘဲ ထိုင်ထိုင်၊ တရားအားထုတ်တဲ့ ပုဂ္ဂိုလ်က တော့ ဖြင့် တရားအားမထုတ်တဲ့ သူ ထက်သာတဲ့အတွက် ဝမ်းမြောက်စရာပေါ့နော် ။
                အဲဒီလို စမ်းပြီး တရားထိုင်ချင်သူ ဓမ္မမိတ်ဆွေတို့ အတွက် မိမိတို့ အားထုတ်မှု အချိန်ကို မလစ်ဟင်းစေဖို့ အတွက် ဘယ်လို ရှုမှတ်ရင်း အကောင်းဆုံး အသင့်တော်ဆုံး ဆိုတာ ကို ရေးသားပြီး ဓမ္မဒါနပြုလိုက်ပါတယ်။
            ◆ တရားထိုင်တယ် ဆိုတာဟာ အလွယ်ဆုံး ပြောရရင် စိတ်ကို တည်ငြိမ်စေအောင် လုပ်တာပါ.. လို့ ဘဲ လောလောဆယ်မှတ်ထားလိုက်ပါ။
             အခုမျက်မှောက်ခေတ်ကာလ အနေ နဲ့ ကတော့ တရားထိုင်တော့မယ်ဆိုရင် နေရာလေးဟာ သေးသေးလေးပဲ ဖြစ်ပါစေ၊  စိတ်အားတက်ကြွစေပြီး တန်ဖိုးထားစရာ နေရာလေးလို ဖြစ်ရင်ဘဲ ရပါပြီ။ အသံဆူဆူညံညံ မရှိဘူး၊ နှောင့်ယှက်သူ မရှိတဲ့နေရာလေးဆိုရင်တော့ ပိုကောင်းတာပေါ့နော်။
           ဒီတော့
           ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ "့ငါ ( ၁၅ ) မိနစ် စထိုင်မယ်"ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါ။
           ထိုင်လိုက်ပြီ ဆိုတာနဲ့...
"ငါ ဒီနေရာကို တရားထိုင်ဖို့ ရောက်နေတယ်"..
          ဆိုပြီး သတိကပ်ထားပါ။ တခြားအာရုံတွေ ဝင်မလာပါစေနဲ့။ တရား မထိုင်ခင်မှာ အဲဒီလို စိတ်ထားမျိုးနဲ့ စိတ်ကို အာဟာရ အားဖြည့်ပေးထားရပါမယ်။
              ထိုင်တဲ့ ပုံစံ အနေနဲ့ ..
            ဓမ္မမိတ်ဆွေဟာ တရားကို စမ်းပြီးထိုင်ကြည့်မှာဆိုတော့ ကိုယ်နဲ့ သင့်တော်သလို သက်တောင့် သက်သာဖြစ်ရင်ဘဲ ရပါပြီ။
              ဒါပေမဲ့ ကိုယ်က တရားထိုင်ဖို့  ဆုံးဖြတ်ထားတဲ့ အလျောက်..
             တရားအလုပ် လုပ်တာကို တရားတဲ့ နည်းနဲ့ သွားတာ သင့်တော်တယ်လို့ တော့ အကြံပြုပါရစေ။
          တရားမှာလည်း သူ့ အိနြေ္ဒ နဲ့ သူ ရှိပါတယ်။တကယ်တန်း ကျင့်ကြံအားထုတ်လာကြတဲ့ ပုဂ္ဂိုလ်ဆိုယင် နားလည်ပါလိမ့်မယ်။ဒါကြောင့်မို့  လုံချည်ဝတ်ပြီး နဲ့ တရားအားထုတ်ဖို့ တော့ တိုက်တွန်းပါတယ်။
              ◆ ဦးစွာ တင်ပလ္လင်ခွေ ထိုင်ပြီး ခါးကို ၉၀ ဒီကရီ မတ်မတ်ထားပါ၊ ခါးကို မတ်မတ်ထားခြင်းက တရားအားထုတ်ခါစ ပုဂ္ဂိုလ်ဟာ အလေ့အကျင့်မရှိတော့ မကြာခင် သူများတွေထက်စောပြီး နာကျင်တဲ့ဝေဒနာကို အရင်ဆုံးခံစားရမှာပါ။ အဲဒီလို ခါးကို မတ်မတ်ထားခြင်းဟာ   ဝေဒနာပေါ်လာမှုကို နှောက်နှေးစေပါတယ်။ ဝေဒနာ မရှိသေးတဲ့အချိန် မှတ်ရှုရတဲ့အခါ မှ သမာဓိ အားကောင်းပြီး စိတ်တည်ငြိမ်မှု ကို အချိန်ကြာမြင့်စွာရစေပါတယ်။ ဒါ့ကြောင့် ခါးကို မတ်နေအောင် ထားပါလို့ အကြံပြုတာပါ။  
                လက်ဝါး နှစ်ဖက်ကို ပေါင်ပေါ်မှာ ဘယ်လက်ဝါး ပေါ်၊ ညာလက်ဝါး က ယှက်တင်ထားပြီး လက်မထိပ်ခြင်းကို ထိထားပါ။ ဘာကြောင့်လက်မထိပ်နှစ်ခု ထိ ခိုင်းထားရသလဲ ဆိုရင် ဓမ္မမိတ်ဆွေဟာ ဆက်လက်အားထုတ်လာချင်စိတ်ဖြစ်လာရင် နောက်ပိုင်း အားထုတ်တဲ့ အခါမှာ လက်မခြင်း ထိနေတဲ့ နေရာကို ရှုမှတ်ရတဲ့ ကမ္မဌာန်းတွေနဲ့ ကြုံလာတဲ့အခါ အဆင်သင့်ဖြစ်နေအောင်လို့ ပါဘဲ။ 
ထိုင်တာအဆင်သင့် ဖြစ်ပြီဆိုရင်...
                ပြီးရင် ဘာလုပ်ရမလဲဆိုတော့..နှာခါင်းထိပ်ဝ ကို စိတ်ကို ညွှတ်လိုက်ပါ။ ပြီးယက်...
               ဖြည်းဖြည်းခြင်း လေရှုသွင်းလိုက်ပါ။ အဲဒီ လေ ရှု သွင်းလိုက်တဲ့ "လေ"အတန်းလိုက် လေးက မိမိရဲ့ နှာခေါင်းကနေပြီး " ဝင်သွားတာကို တောက်ရှောက် သတိထားမိမယ် ထင်ပါတယ်။ နောက်ပြီး ခုန ဝင်သွား တဲ့ လေလေးကို ဖြည်းဖြည်းခြင်း ပြန်ရှုထုတ်ပါ၊အဲဒီမှာလဲ ခုန ဝင်သွားတဲ့ လေ လေး ပြန်ထွက်လာပါလား  ဆိုတာကို ပြန်သိနေလိုက်ပါ။"
               အဲဒီလို သိတဲ့ စိတ်ကလေး ဘယ်မှ မပြေးအောင် အချိန်ကျတော့...
           "ထွက်တိုင်းသိ ဝင်တိုင်းသိ "
             ဒီသိတဲ့ စိတ်ကလေး ဘယ်မှ မပြေးအောင် ဓမ္မမိတ်ဆွေ ထိန်းထားပေးပါ။
             ဝိပဿနာအစ...
 "ခန္ဓာကိုယ်ဝင်၊ထွက်သိတာက"
           လို့ မှတ်လိုက်ပါ။ 
        "ဝိပဿနာအစ ခန္ဓာကိုယ် ဝင်တဲ့ လေလေး၊ ထွက်တဲ့လေလေး သိတာက စတာပါ " ဘဲ..။
             ◆ ကောင်းပါပြီ။ အဲဒီလို သိနေပြီးလို့ ၅မိနစ်၊ ၁၀မိနစ်တိုင်တိုင် မိမိစိတ်ကလေးဟာ ဘယ်မှမပြေးတော့ဘူးလို့.....
          ဒီလို "ကိုယ့်ဟာကိုယ် စိတ်ကလေးဟာ ထိန်းလို့ဖြင့်ရပြီဟ"လို့ ဆိုရင်တော့..
          အဲဒီလို စိတ်ကို ထိန်းနေရင်း နဲ့ ခန္ဓာကိုယ်ထဲကနေပြီး ဟိုကအောင့်သလိုလို၊ ဒီက နာသလိုလို ပေါ်လာပါလိမ့်မယ်။
         ဟိုနေရာက ယားသလိုလို၊ ဒီနေရာမှာ ပိုးကောင်လေး သွားနေသလိုလို ပေါ်လာပါလိမ့်မယ်။
            ပြီးတော့..
         ဟိုနေရာကလည်း စိတ် ကလေးတစ်မျိုး သော်လည်းကောင်း၊ ကြားတဲ့ စိတ်ကလေးလို လည်း ပေါ်လာလိမ့်မယ်။
           အဲဒီလိုပေါ်လာတဲ့အခါ...
          " ထွက်သိ၊ ဝင်သိ မှတ်နေတဲ့ စိတ်ကလေးကို ဖြုတ်ပစ်လိုက်ပါ။ခုန.. အောင့်နေတဲ့နေရာ၊ ယားတဲ့ နေရာကို စိတ်ကို ပို့ လိုက် ပါ "...။
              အဲဒီ အောင့်တဲ့ ယားတဲ့ နေရာကို ဓမ္မမိတ်ဆွေ တို့ တွေ့ လိုက်တော့..
            ဒီအောင့် တာလေးကလည်း နဂိုကအောင့်တာ မဟုတ်ပါဘူး။ အခုမှ ဖောက်ပြန် ပျက်စီးပြီး ပေါ်လာတာဖြစ်ပါတယ်...နဂိုတုန်းကမရှိဘူး..အခုမှဖြစ်လာတာပါ။ အခုမှ ဖောက်ပြန်လာတာပါ။ အဲဒီလို ဖောက်ပြန်တာကို သေသေခြာခြာ ဥာဏ်နဲ့ ကြည့်လိုက်ပါ။ အဲဒီဖေါက်ပြန်တာကြီးကလည်း ကြာကြာမမြဲဘူး ပြန်ပြီးပျက်စီးသွားတာ တွေ့ ရလိမ့်မယ်။
ဉာဏ်မပါဘဲ နဲ့ ရိုးရိုးပြောမယ် ဆိုရင်.. " ခုန နာနေတာက သက်သာပြီး ပျောက်သွားတယ်" ပေါ့။
             အဲဒီလို တွေ့ လိုက်တဲ့အခါကျတော့....
ပါဋ္ဌိလို သုံးနှုံးရရင်-
          ဖောက်ပြန် ပျက်စီးတာက ဒုက္ခသစ္စာ
          ဖောက်ပြန် ပျက်စီးမှုကို သိတာလေးက လောကီ မဂ္ဂသစ္စာ..တဲ့။
            ◆  အဲဒီလို ဖောက်ပြန် ပျက်စီးတဲ့ စိတ်ကလေးကို ဟိုနေရာပေါ်ရင်  ဟိုနေရာလိုက်။ လက်မောင်းပေါ် လက်မောင်း၊ စိတ်ပေါ် စိတ်၊ ကိုယ်ပေါ် ကိုယ်လိုက်။ ဟဒယ ဝတ္ထုပေါ် ဟဒယ ဝတ္ထုလိုက်။ နားထဲပေါ် နားထဲလိုက်။ မျက်လုံးထဲက မြင်စိတ်ကလေးပေါ်လည်း မြင်စိတ်ကလေးက ခုမှ ပေါ်လာတာ၊ ဖြစ်ပြီး ပျက်တာပဲ။
    " ဖောက်ပြန် ပျက်စီးတဲ့ ဓမ္မလေး ပဲလို့ ဆိုပြီး အသိ လိုက်နေပါ"
             ◆ အဲဒီလို လိုက်မှတ်နေလို့ လိုက်မှတ် စရာ မရှိတော့ ၊ ဘယ်နေရာမှ မပေါ်လာဘူးလို့ ဆိုလို့ ရှိရင်တော့ ခုနတုန်းက စိတ်ကလေးကို ထွက်တဲ့ဝင်တဲ့ စိတ်နဲ့တွဲနေတဲ့ ဥာဏ်ကလေးကို ဟဒယဝတ္ထုဆိုတဲ့ ဝမ်းထဲ လှည့်လိုက်ပါ။ ဝမ်းထဲ လှည့်လိုက်တဲ့ အခါကျတော့ ဝမ်းထဲမှာရှိတဲ့...
              "လေကို ထွက်အောင် အားထုတ်တဲ့ စိတ်၊ လေကို အတွင်းပြန်ကို ပြန်ဆွဲယူတဲ့ စိတ်ကလေး နှစ်ခု လှည့်ရှုနေပါ။
         ဒါလေးတွေလည်း ဖောက်ပြန် ပျက်စီးတာပဲ၊ ဖောက်ပြန် ပျက်စီးတာပဲလို့ ဓမ္မမိတ်ဆွေဟာ ဥာဏ်နဲ့ လိုက်ပြီးသိနေပေးပါ"
                ◆ လိုက်မှတ်နေရင်း နဲ့ ဟိုနေရာက ယားတယ်၊ ဒီနေရာက အောင့်တယ်၊ ဒီနေရာက ကျင်တယ်လို့ ပေါ်လာပြန်လို့ ရှိရင်လည်း အဲဒီနေရာတွေကို လှည့်လိုက်။ ဝမ်းထဲက ရှုနေတာလေးဟာ မရှိလည်း..
            မရှိတဲ့ အတွက်ကြောင့် ရှုမနေဘဲနဲ့ ပေါ်ရာပြန်လိုက်ပါ။
             အဲဒီလို ပေါ်ရာ လိုက်နိုင်ပြီ ဆိုရင်တော့ ဓမ္မမိတ်ဆွေတို့ ဟာ "ဖြစ် ပျက်" နဲ့ "ရှုတဲ့ မဂ်" ဟာ တစ်သားတည်း ဖြစ်နေပါပြီ။ ခွဲလို့ မရတော့ပါဘူး။ဝိပဿနာ ဉာဏ်တွေ ဖြစ်နေပါပြီ။
             ဒီလိုဆိုရင် ဓမ္မမိတ်ဆွေရဲ့- စိတ်ဟာ....
          " ဖြစ် - ပျက် နောက်က မဂ် အစဉ်လိုက်နေပြီ" ဆိုပြီး ဝမ်းသာလိုက်ပါတော့...လို့ ရေးသားယင်း ကျင့်ကြံအားထုတ်နိုင်သော ပုဂ္ဂိုလ်ထူး၊ပုဂ္ဂိုလ်မြတ်တွေ ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
( ခန္ဓာ-၅ပါးတစ်ဦး )
••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား-မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားသော ဝိပဿနာတရားအားထုတ်ပုံ တရားတော်ထဲမှ ကောက်နှုတ်၍ ရေးသားဖေါ်ပြပါသည်။
Tuesday, September 27, 2016
ဓမ္မာနုပဿနာ
"ဓမ္မာနုပဿနာ"
•••••••••••••
               ဝိပဿနာ ရှု့မှတ်တဲ့နေရာ မှာ သတိပဋ္ဌာန်လေးပါး ရှိတဲ့အနက် အဲဒီလေးပါးထဲကကမ္မဌာန်း တစ်ခုခု နဲ့ ပွားများအားထုတ်ကြရတယ် ဆိုတာ ဓမ္မမိတ်ဆွေတို့ လည်း လေ့လာဘူး၊ ဖတ်ရှုဘူး ကြမှာပါ။အားထုတ်နေကြတဲ့ ဓမ္မမိတ်ဆွေများဟာလည်း အဲဒီထဲက တနည်းနည်း နဲ့ ကျင့်ကြံအားထုတ်နေကြမှာဘဲ ဆိုတာ သံသယ ဖြစ်ဖွယ်မရှိပါဘူး။
(၁) ကာယာနုပဿနာ (ရုပ်ကို ရှု့ခြင်း)
(၂) ဝေဒနာနုပဿနာ (ဝေဒနာကို ရှု့ခြင်း)
(၃) စိတ္တာနုပဿနာ (စိတ်ကို ရှု့ခြင်း)
(၄) ဓမ္မာနုပဿနာ (သညာ၊သင်္ခါရ)ကို ရှု့ခြင်း)ဆိုပြီး မြတ်စွာဘုရားဟောကြားခဲ့ပါတယ်။
           အများအားဖြင့် တရားစခန်းလိုလိုမှာတော့ ကာယာနုပဿနာ ဖြစ်တဲ့ အာနာပါနကမ္မဌာန်း( ဝင်လေ၊ထွက်လေ ) သာ ရှုမှတ်ကျလေ့ရှိတာများတဲ့အတွက် မိတ်ဆွေတို့ အနေနဲ့ လည်း စိမ်းမယ်မထင်ပါဘူး။
         ဓမ္မဒါနအဖြစ် ဝိပဿနာ နှင့် ပတ်သက်တဲ့ အကြောင်းရာများကို ဖတ်ရှုပြီး ဖြန့်ဝေ ဒါနပြုရာမှာ သတိပဌာန်လေးပါးဖြစ်တဲ့ ကာယ၊စိတ္တ၊ဝေဒနာ စတဲ့ ကမ္မဌာန်းလောက်သာ ရေးသားလေ့ရှိကြတယ်။ ဖတ်ရှုရမှာလည်း ဒီကမ္မဌာန်း သုံးခုဟာ အင်တာနက်ဝက်ဆိုဒ်တွေမှာလည်း လွယ်ကူစွာတွေရှိမှာပါ။
ဒီခန္ဓာ-၅ပါးတစ်ဦး စာမျက်နှာမှာလည်း ဓမ္မာနုပဿနာ သတိပဌာန် အကြောင်း ဖေါ်ပြခဲ့ခြင်းမရှိခဲ့ပါဘူး။
           ဓမ္မမိတ်ဆွေ တော်တော်များများက ဓမ္မနုပဿနာ နဲ့ ပတ်သက်၍ တင်ပြပေးရန်အကြိမ်ကြိမ်တောင်းဆိုပါတယ်။ မိမိအနေနဲ့ လည်း လေ့လာဖတ်ရှုမိသလောက်တင်ပြရရင် ဓမ္မာနုပဿနာ နဲ့ ပတ်သက်ပြီး ဖတ်ရှုရတဲ့အထဲမှာ ပါဋ္ဌိ တော်တော်များများ သုံးနှုံးထားတာကိုတွေ့ ရပါတယ်။ ပါဋ္ဌိမကျွမ်းကျင်သူ၊ ခုမှ ဗုဒ္ဓစာပေများကို လေ့လာဆဲဖြစ်တဲ့အတွက်ကြောင့် အခက်အခဲဖြစ်စေပါတယ်။ ဓမ္မမိတ်ဆွေများအတွက် ဓမ္မဒါန အဖြစ် ဖြန့်ဝေရာမှာ မိမိကဲ့သို့ အခက်ခဲဖြစ်မှာစိုး သည်ကတစ်ကြောင်း၊ မိမိအနေနဲ့ လည်း ဖတ်ရှုပြီး ကိုယ်ကိုယ်တိုင် နားမလည်ရင်ဖြင့် ပြန်လည်ရေးသားဖေါ်ပြရာမှာ ပိုမိုပြီး အကြပ်တည်း ဖြစ်ရစေပါတယ်။ ဒါ့ကြောင့် ဓမ္မာနုပဿနာသတိပဌာန် နဲ့ ပတ်သက်ပြီး တင်ပြမှုမရှိဘဲ ချန်လှပ်ထားခဲ့ရခြင်းဖြစ်ပါတယ်။
           သို့ သော် လေ့လာရှာဖွေပြီး ဖတ်ရှုခဲ့ရတဲ့ "ဓမ္မနုပဿနာသတိဌာန်" အားထုတ်နည်း တစ်ခုကိုတော့ ဓမ္မမိတ်ဆွေ တို့ အတွက် ကြိုးစားပြီး ဓမ္မဒါနပြုလိုက်ပါရစေ။
              "ဓမ္မ" ဆိုတာ အတိအကျအဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် အဓိပ္ပါယ်ဖွင့်ဖို့ မပြည့်စုံပါဘူး။
           ဓမ္မမိတ်ဆွေတို့ အနေနဲ့ ပင်ကိုယ်သဘာဝ လို့ သာ အလွယ်တကူမှတ်သားလိုက်ပါ။
                "အနုပဿနာ “ဆိုတာက အဲဒီ "သဘာဝဓမ္မ" ကို သဘာဝအတိုင်းရှု့နေ၊သိနေရသောအလုပ်ဖြစ်ရာ ၊ ပင်ကိုယ်သဘာဝအရှိအတိုင်းကိုအရှိအတိုင်းသိမြင်အောင်ရှုကြည့်အားထုတ်မှု့ကို "ဓမ္မာနုပဿနာ”ရှု့ပွါးတာလို့ခေါ်ပါတယ်။
            ရှုကြည့်တယ် ဆိုရာမှာ မျက်စိ နဲ့ ကြည့်တာမဟုတ်ပါဘူး၊မျက်စိဖြင့်မမြင်နိုင်တဲ့ ရုပ်နာမ် သဘာဝတရားတရားတွေ တို့ကိုသိဖို့ ၊သဘာဝကိုသိတတ်တဲ့ ဥာဏ် နဲ့ သာသိနိုင်သည့်အတွက်ကြောင့် အရှုခံဖြစ်တဲ့ "ခန္ဓာ"ကို သမ္မာဒိဋ္ဌိဦးဆောင်တဲ့ မဂ်ဥာဏ် တွေ နဲ့ သိအောင်ကြည့်တာ“ဓမ္မာနုပဿနာ”ဖြစ်ပါတယ်လို့ ဦးစွာ ပြောပါရစေ။
              မြတ်စွာဘုရားက ရှင်ရာဟုလာကို ကိုယ်တော်တိုင်ဟောကြားတော်မူတာကို ပြောပြပါအုံးမယ်။
             ချစ်သား ရာဟုလာ- 
              ပူမှု၊ အေးမှုဆိုတဲ့ "တေဇောဓာတ်" တစ်လုံးကို ခန္ဓာမှာ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိမြင်ရင်လည်း "နိဗ္ဗာန်"ကို ရောက်နိုင်ပါတယ်။
             ချစ်သား ရာဟုလာ-
              လှုပ်ရှားမှုဆိုတဲ့ "ဝါယောဓာတ်"တစ်လုံးကို ခန္ဓာမှာ သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိမြင်ရင်လည်း "နိဗ္ဗာန်"ကို ရောက်နိုင်ပါတယ်။
                စသည်ဖြင့် ဒီလို မြတ်စွာဘုရားက ဟောထားတဲ့ ဒေသနာတော်ရှိပါတယ်။
               ဒါကြောင့်  ဧကော ဓမ္မော-
              တရားတစ်ခုခုကိုသာ ခန္ဓာမှာ သေသေချာချာ ပိုင်ပိုင်နိုင်နိုင်သိအောင် အားထုတ်ကြပါ။ နိဗ္ဗာန် ကို ဧကန်ရနိုင်ပါတယ်။ ကျန်တရားတွေ အတွင်းဝင်ပြီးသား၊ အားထုတ်ပြီးသားဆိုရင် အသိတစ်လုံးကြောင့်ပင် နိဗ္ဗာန် ကို ဧကန်ရောက်နိုင်ပါတယ်။
               ခန္ဓာမှာ ဉာဏ်အမြင်နဲ့ ကိုက်ပြီး "ပညတ်၊ ပရမတ်"ကို အရင်ဆုံးခွဲသိဖို့ လိုပါတယ်။
                 ပဋ္ဌမ စာလို ပညတ်၊ ပရမတ် ခွဲပြရရင်-
                  ပညတ်သည် စာလိုတော့ ဝိဇ္ဇမာနပညတ်၊ အဝိဇ္ဇမာနပညတ်-စသည်ဖြင့် (၆)မျိုး၊ တစ်နည်းအားဖြင့်
ဃနပညတ် သဏ္ဍာနပညတ်၊
နာမပညတ်စသည်ဖြင့် များစွာရှိကြ၏။
အဲဒီမှာ လိုရင်းအတိုချုပ်ပြောရမယ်ဆိုရင် အစိုင်အခဲဖြစ်ပေါ်လာတာက "ဃနပညတ်"လို့ခေါ်ပါတယ်။
ပုံသဏ္ဍာန်တွေ ပေါ်လာတာက "သဏ္ဍာနပညတ်"လို့ခေါ်ပါတယ်။
အမည်အမျိုးမျိုးတွေက "နာမပညတ်"လို့ခေါ်ပါတယ်။
              "ပရမတ်"ဆိုရင်လဲ အကျဉ်းအားဖြင့်
           "စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်"ဆိုတဲ့  ပရမတ်တရား လေးပါးရှိပါတယ်။
စိတ်မှာလဲအကျယ်အားဖြင့် (၁၂၁)ပါး ရှိပြန်သည်၊ စေတသိက်မှာ (၅၂)ပါး၊ ရုပ် (၂၈)ပါး၊ နိဗ္ဗာန်တွင် သဥပါဒိသေသနိဗ္ဗာန်၊ အနုပါဒိသေသ နိဗ္ဗာန်ဟူ၍ (၂)ပါး စသည်ဖြင့် ခွဲမယ်ဆိုရင် ပရမတ်တရားသည် စာလိုတော့ လွန်စွာ ကျယ်ဝန်းလှပေ၏၊ ဒါတွေကို အကုန်သိမှ ပရမတ်တရားကို သိတယ်ခေါ်သလား၊ ဒီပရမတ်တွေကိုသိမှ နိဗ္ဗာန်ကို ရမှာ လားဆိုရင်မဟုတ်ပါဘူး၊ စောစောက ပြောပြခဲ့သည့်အတိုင်း ဒေသနာနည်းအားဖြင့် ပညတ်၊ ပရမတ်သည် ကျယ်ဝန်းနေတာပါ၊ ဓမ္မမိတ်ဆွေတို့ အတွက် အသေအခြာရှင်းပြရင် အဘိဓမ္မာကျမ်းကို ဖွင့် ပြီးရှင်းပြရမှာဖြစ်ပါတယ်။ ရှင်းပြရအောင်လည်း မကျွမ်းကျင်တဲ့အတွက်ကြောင့် အသေအခြာ နားလည်သဘောပေါက်ချင်ရင်တော့ အဘိဓမ္မာသင်တန်းတွေရှိပါတယ်။ဤသင်တန်းတွေတက်ရောက်ပြီး လေ့လာကြပါလို့ အကြံပြုပါတယ်။ 
ရှေ့ဆက်ရရင်တော့  ဒီပညတ်၊ ပရမတ်တွေ ဟာ မိမိရဲ့ ခန္ဓာမှာ ဉာဏ်အမြင် နဲ့ ရှင်းရင်တော့ လွယ်လွယ်နဲ့ ကျဉ်းကျဉ်းလေးပါလို့ ဆိုပါရစေ။
                 "ပညတ်နှင့် ပရမတ်"ကို ခန္ဓာမှာ ဉာဏ်မြင်နဲ့ ဘယ်လိုရှင်းမလဲဆိုရင်...
                ဓမ္မမိတ်ဆွေတို့ ဟာ ခန္ဓာထဲမှာ ဉာဏ်နဲ့ စိုက်ပြီး ပေါ်တာကိုသာ မှတ်နေပါ၊ ကိုယ်မှာ တွေ့တိုင်း တွေ့တိုင်း ဉာဏ်နဲ့မြင်တာတွေ ဟာ "ပရမတ်" တွေချည်းပါဘဲ။
                ကိုယ်မှာ လာတာမတွေ့လို့ ဉာဏ်နဲ့မမြင်ရတာ "ပညတ်"တရားချည်းသာမှတ်ပါ။
             ပညတ်တရားဟာ တကယ်တန်း ဉာဏ်နဲ့ရှာရင် မရှိတဲ့တရား မရှိလို့ မတွေ့ရတဲ့တရားတဲ့၊ ပရမတ်တရားက တကယ်တန်း ဉာဏ်နဲ့ရှာရင် အဟုတ်ရှိတဲ့တရား အဟုတ်ရှိလို့ ကိုယ်နဲ့ အဟုတ်တွေ့ရတဲ့တရားအစစ်ပါ.. ဘဲ။
              ခန္ဓာမှာ ဉာဏ်စိုက်ပြီး မှတ်လိုက်တော့ ပူ တာတွေကို တွေ့ရပါလိမ့်မယ်။ အေး တာတွလည်း တွေ့ရပါလိမ့်မယ်။ လှုပ် ထာတွေလည်း တွေ့ရလိမ့်မယ်။ ရှိန်ရှိန် ရှိန်ရှိန်နဲ့လည်း တွေ့ရလာပါလိမ့်မယ်။ ကိုယ်မှာ တွေ့တဲ့တရားတွေဟာ သန္ဒိဋ္ဌိက ဂုဏ်တော်အတိုင်း ကိုယ်တိုင်သိအပ်တဲ့ ပရမတ်တရားအစစ်တွေ ပါဘဲ။
               တကယ်တန်း ကိုယ်မှာ တွေ့တဲ့ အပူဓာတ်ထဲမှာ အစိုင်အခဲတွေလည်း မပါတော့ပါဘူး၊ တွေ့လည်းမတွေ့ရ တော့ပါဘူး။ မြင်လည်းမမြင်ရတော့ဘူး။
              အစိုင်အခဲဖြစ်နေတာတွေက "ဃနပညတ်"လို့ခေါ်ပါတယ်။
              မိမိရဲ့ ခန္ဓာမှာ ဉာဏ်နဲ့တွေ့ရတဲ့ အပူဓာတ်ထဲမှာ အစိုင်အခဲဆိုတာလည်း မရှိတော့ပါဘူး။   အဲဒီလို ပါလည်းမပါတော့တဲ့ အတွက်ကြောင့် အစိုင်အခဲကို မတွေ့မမြင်ရတာသည် ပရမတ်အစစ်ကိုမြင်လို့ "ဃနပညတ်"စင်သွားပုံ၊ ခန္ဓာကိုယ်မှာ ဉာဏ်နဲ့ရှာလို့တွေ့ရတာက ပရမတ်၊ မရှိဒါက ပညတ်ပါ..ဘဲရယ်လို့ သာ မှတ်ယူထားစေချင်ပါတယ်။
             ဗုဒ္ဓသာသနာတော်၏အနှစ်သာရ အဓိကမှာမိမိရရှိနေတဲ့ ဒီခန္ဓာကိုယ်ကို သတ္တဝါအမှတ်နဲ့ အာရုံငါးပါး နဲ့ စပ်ပြီးတော့..
"ချမ်းသာ”ဟုထင်မြင်မှတ်မှားနေတဲ့"ကာမ”အစွန်းတစ်ခု၊
ခန္ဓာ ရဲ့ သဘာဝပင်ကိုယ်အရှိကို အရှိသဘာဝအတိုင်း၊အမှန်ကိုအမှန်အတိုင်းမသိမမြင်နိုင်တဲ့ အတွက်ကြောင့် လုပ်ကြံ ဖန်တီး ညှင်းဆဲခြင်းစသည်ဖြင့် ရှာဖွေထင်မြင်မှတ်မှားသော“အတ္တ”အစွန်းတစ်ခု၊
ဒီ အစွန်းနှစ်ပါးလွတ်ရာ အကျင့်ဆိုတာမြတ်ဗုဒ္ဓရဲ့သာသနာမှာပဲရှိတာပါ၊
ဗုဒ္ဓသာသနာရဲ့အနှစ်ဟာမဂ်ဆိုတဲ့ ဥာဏ်ပါပဲ။
           ဒီခန္ဓာဖြစ်အောင်တည်ဆောက်ထားတဲ့ အရင်းခံတရားကိုသိရန်
(၁)ပထဝီ-ခက်မာမှု့၊နူးညံ့မှု့သဘာဝတရား၊
(၂)တေဇော-ပူ အေး နွေးရှိန် သဘာဝတရား၊
(၃)အာပေါ-ယိုစီး ဖွဲ့စည်းမှု့သဘာဝတရား၊
(၄)ဝါယော-လှုပ်ရှားမှု့ ထောက်ကန်မှု့သဘာဝတရား၊တို့ဖြစ်ကြပါတယ်။
              အဲဒီလို ဓာတ်ကြီးလေးပါးအရင်းခံသဘာဝတရားတို့ဟာ တစ်ခုနှင့်တစ်ခုအမြဲမပြတ် ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ အတွက်ကြောင့် မိမိခန္ဓာကိုယ်မှာ "ထုံ ကျင် ကိုက် ညောင်း ပူ အေး လှုပ် ငြိမ်" ရှိနေကြရသည်။ လုံးဝတည်ငြိမ် ခိုင်မာမှု့မရှိပဲ၊မငြိမ်မသက်ဖေါက်ပြန်နေတဲ့သဘောတွေပဲရှိနေကြပါတယ်၊အမှန်အတိုင်းဖေါက်ပြန်နေသည်ကိုဖေါက်ပြန်နေတယ်လို့ ဆက်ခါဆက်ခါသိနေသောဥာဏ်ဟာ “သမ္မာဒိဋ္ဌိဥာဏ်”အမှန်သိ အမှန်မြင်သောဥာဏ်ဖြစ်ပါတယ်။
             အဲဒီ"သမ္မာဒိဋ္ဌိဥာဏ်" နဲ့ ကြိမ်ဖန်
             ခန္ဓာတစ်ကိုယ်လုံးကို သတိပြဋ္ဌာန်းပြီးကြည့်ရှု့နေသောဥာဏ်၌ ဖေါက်ပြန်မှု့မှန်သမျှဟာ..
မခိုင်မမြဲသောအပျက်စု-အနိစ္စ၊
အဆက်မပြတ်ရစရာမရှိအောင်ပျက်စီးနေသောဆင်းရဲမှု့-ဒုက္ခ၊
ပျက်နေသမျှ၊ဆင်းရဲနေသမျှအစိုးမရ မိမိအလိုကျပြုပြင်ဖန်တီး၍မရသည့်- အနတ္တ၊
ဟူသောသဘာဝတရားတို့အပေါ်လက္ခဏာ(၃)ချက်နှင့်သိမြင်လာမှာ ဖြစ်ပါတယ်။
          ဒီရုပ် ဆိုတဲ့ သဘော၊နာမ် ဆိုတဲ့ သဘောတို့ဟာ ဒီလက္ခဏာတွေချည်းသာဖြစ်တဲ့ အတွက်ကြောင့် "ကာမ၊ ရူပ ၊အရူပ" လို့ ခေါ်တဲ့ ဘုံသုံးပါး၌ဖြစ်တဲ့ ရုပ်နာမ်အားလုံးဟာ စက်ဆုပ်ဖွယ်ရာ အားထားရာမရှိ၊အားကိုးစရာမရှိ၊ပုန်းအောင်းစရာမရှိ ၊သက်သာရာရှာမရတဲ့ "ဒုက္ခသစ္စာ”ဆင်းရဲအမှန်တရားတို့သာဖြစ်ပါတယ်။ မည်သို့မျှချမ်းသာဖြစ်အောင်ပြုပြင်လုပ်ဆောင်၍မရသောတရားတို့ပါတကားဟု ခန္ဓာ၏အမှန်ဆုံးသစ္စာကိုသိသောဥာဏ်သာလျှင် ဖြစ်ပါတယ်။
            ရုပ်နာမ်ပရမတ်ခန္ဓာ ဆိုတဲ့ သဘောတရားတို့ဟာ သင်္ခါရ လို့ ခေါ်တဲ့ ပြုပြင်စီမံမှု့ ရှိပါမှဖြစ်ပေါ်ခွင့်ရကြတဲ့ အာဂန္တုက၊တဒင်္ဂ၊တစ်ခဏတရား တို့သာဖြစ်ကြတယ်ဆိုတာ သိဖို့ လိုပါတယ် ၊ရုပ်ဆိုတဲ့ ဖေါက်ပြန်မှု့ကလည်းသူ့ကိစ္စ နဲ့ သူ၊ ပျက်နေသည်
နာမ်ဟူသောသိမှု့ကလည်းသူ့ကိစ္စ နဲ့ သူပျက်နေကြပါတယ်။
              "ကံ၊စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့အထောက်အပံ့နဲ့ အနိစ္စတရားတို့ကြောင့်သာဖြစ်ပေါ်လာရသော ဤရုပ်နာမ်နှစ်ပါး ဟာ ဘယ်မှာ တည်တံ့ခိုင်မြဲသောသဘောရှိပါ့မလဲ ဆိုတာ သိရပါမယ်။
          သတိ ပညာ ရင့်ကျက်စွာ နဲ့ ခန္ဓာအရှိဥာဏ်ဖြင့်သိတဲ့ ပုဂ္ဂိုလ်ကတော့ မိမိရရှိနေတဲ့ခန္ဓာဟာ ဖေါက်ပြန်တဲ့သဘော၊သိတဲ့သဘော၊ဤတရားနှစ်ပါးသာဆိုတာ သိမြင်နေပြီးသားပါ။
              စောင့်ကြည့်တဲ့အခါမှာ ပျက်ခြင်းအဆုံးသာရှိနေပါလား ဆိုတာ အထင်အရှား မြင်လာပါလိမ့်မယ်။
               ဖြစ်လေသမျှပျက်နေကြတာပါလား၊အမြဲမရှိတာကအနိစ္စ၊ပျက်ပြတာက လက္ခဏ၊ သိနေတာကဥာဏ်။တဖြည်းဖြည်း သိလာယင်း အနိစ္စလက္ခဏဥာဏ်ရင့်သန်စွာဖြစ်နေပါလိမ့်မယ်။
                မြတ်စွာဘုရားရှင်က
         စာပဓာနအင်္ဂါ ၅-ပါးနှင့်ပြည့်စုံစွာ နဲ့ အဆုံးအမညွှန်ကြားမှု့ကိုလည်းလိုက်နာပြီး အားထုတ်သူမှန်ရင် 
ညနေအားထုတ်ပါက နံနက်မိုးသောက်ရင် တရားရမည်၊
 နံနက်အားထုတ်ပါက ညနေချမ်းတွင် တရားရမည်ဟုဟောထားတာရှိပါတယ်။(အကာလိက)ကာလမခြား အကျိုးပေးတတ်သော ဂုဏ်တော်မြောက်ကြောင်း ယုံကြည်အပ်ပေသည်။
ပဓာနအင်္ဂါ၅-ပါးဆိုတာက-
၁။"သဒ္ဒါဟောတိ”-မြတ်စွာဘုရား၏ အရဟံအစဘဂဝါအဆုံး ရှိသောဂုဏ်တော်တို့နှင့်တစ်ကွ သဗ္ဗညုတဥာဏ်တော် ကိုယုံကြည်ခြင်း။
၂။"အပ္ပါဗာဓောဟောတိ”-တရားအားထုတ်မည့်သူသည် သင့်တင့်သော ကျမ်းမာမှု့ရှိရန်လိုသည်။အချမ်း အပူစသော ဥတုနှင့်ညီမျှခြင်း ခံနိုင်ရည်ရှိခြင်းဖြစ်သည်။
၃။"အသဌော ဟောတိ”- မစဉ်းလဲ မကောက်ကျစ်ခြင်း၊ အပြစ်ရှိလျှင် ရှိသည့်အတိုင်း မဖုံးကွယ်ပဲတတ်သိနားလည်သော ဆရာသမားများထံတွင် ဝန်ခံကုစားခြင်း။
၎။"အာရဒ္ဓ ဝီရိယော ဟောတိ”-မိမိအားထုတ်မည့် တရား၌ မရမနေ မြဲမြံခိုင်ခန့်သောလုံ့လအားနှင့်တကွ စိတ်ဓာတ်အကျမခံပဲ အားထုတ်မှု့ရှိခြင်း။
၅။“ပညာဝါ ဟောတိ”- ပရမတ် ရုပ်နာမ်တို့၏ ဖြစ်တတ် ပျက်တတ်သော မူလသဘာဝကို သိနိုင် မြင်နိုင်စွမ်းသော ဥာဏ်ပညာနှင့်ပြည့်စုံခြင်း...တို့ဖြစ်ပါတယ်။
             ဝိပဿနာရှု့ရာမှာ အခြေတည်သော "ကာယ-ဝေဒနာ-စိတ္တ"စတဲ့ဘယ် အပိုင်းကို အခြေခံပြီးရှု့ရှု့ဓမ္မတို့၏သဘောတရား"ပရမတ်" ကို မရောက်လျှင်၊မသိလျှင်၊မရှု့လျှင်၊ မည်သူမျှ လောကုတ္တရာမဂ်
သို့မရောက်နိုင်ပါဘူး။
              သတိပဋ္ဌာန်အလုပ်အားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ "ပရမတ္တဓမ္မ" ကို သိနိုင်မြင်နိုင်အောင်ကြိုးစားရမှာ ဖြစ်ပါတယ်။သတိပဋ္ဌာန်ဟူသည်ခန္ဓာငါးပါးကိုပင်ဆိုပါသည်။
              ဓမ္မာနုပဿနာ မှာ -
              ဓမ္မဆိုတာ "ရုပ်ဓမ္မ နာမ်ဓမ္မ" အားလုံးနှင့်သက်ဆိုင်ပါတယ်။
အနုပဿနာဆိုသည်ကား ရှု့တတ် သိတတ်သော သတိပညာကိုဆိုသည်။
ဓမ္မနုပဿနာ-ဆိုသည်ကား ပရမတ် ဖြစ်သော ရုပ်ဓမ္မ နာမ်ဓမ္မ သဘာဝတရားတို့ကို
၎င်းတို့၏သဘာဝတရားအတိုင်း သတိ၊ပညာဖြင့်သိမြင်ခြင်းဖြစ်ပါတယ်။
             အနတ္တဖြစ်သော အလုံးစုံသောသဘောတရားသည် ခန္ဓာငါးပါးသာလျှင်ဖြစ်၍
အနတ္တအနေနှင့် ရှု့ရမဲ့ ပရမတ်ဟာ ရုပ် နာမ်နှစ်ပါးဖြစ်လို့ ဓမ္မနုပဿနာဖြစ်အောင်
ရှု့ရသည်ချည်းဖြစ်ပါတယ်။ဒုက္ခသစ္စာသိဖို့ဓမ္မာနုပဿနာရှုရတာဖြစ်ပါတယ်။
             စင်စစ် ပရမတ္တဓမ္မမှာ-
           ခန္ဓာငါးပါး ရုပ် နာမ် နှစ်ပါးစလုံးအကျုံးဝင်သောတရားဖြစ်လို့  မြတ်စွာဘုရားက ဓမ္မာနုပဿနာကို သရုပ်ခွဲပြီး "နီဝရဏ၊ခန္ဓ၊အာယတန၊ဗောဇ္ဈင်္ဂ၊သစ္စာ” ငါးပိုင်းဟောရာမှာ ရုပ်နာမ်နှစ်ပါးစလုံးပါနေသောကြောင့်ဖြစ်၏။
၁။နီဝရဏပဗ္ဗ-
စေတသိတ်နာမ်တို့ကိုရှု့ပုံတွေ့ရမယ်။
၂။ခန္ဓာပဗ္ဗ-
ရုပ်နာမ်နှစ်ပါးစလုံးကိုရှု့ပုံတွေ့ရမယ်။
၃။အာယတနပဗ္ဗ-
ရုပ်ရှု့ပုံကိုတွေ့ရမယ်။
၎။ဗောဇ္ဈင်္ဂပဗ္ဗ-
နာမ်ရှု့ရပုံကိုတွေ့ရမည်။
၅။သစ္စပဗ္ဗ-ရုပ်နာမ်အားလုံးရှု ရပုံကိုတွေ့ရမယ်။
         အဓိကဖြစ်တဲ့ ပရမတ်ရုပ်နာမ်ကို- ပညတ်အာရုံမပါပဲ တဲ့ တိုက်ရိုက်ရှု့ရတာ ဖြစ်တဲ့ အတွက်ကြောင့်၊ အနတ္တဖြစ်သောအလုံးစုံသောသဘာဝတရားဟာ -ခန္ဓာငါးပါးသာလျှင်ဖြစ်ပြီး ၊ရှု့ရမည့်ပရမတ်ဟာ လည်း -ရုပ်နာမ်နှစ်ပါးပဲဖြစ်ပါတယ်၊ဓမ္မာနုပဿနာဖြစ်အောင် ရှု့ရသည်ချည်းဖြစ်ပါတယ်။
အရှိပရမတ် ခန္ဓာသည်ကားရုပ်နာမ်နှစ်ပါး။သဘာဝတရား ရုပ်ဓမ္မ နာမ်ဓမ္မခန္ဓာများသာဖြစ်ပါတယ်။
            ဓမ္မခန္ဓာကိုရှု့ကြည့်တာ...
           "ဓမ္မနုပဿနာ" ပေါ့။
  ဘယ်သတိပဋ္ဌာန်ကနေကြည့်ကြည့်၊ မိမိ တို့ ရရှိထားတဲ့ခန္ဓာကို "ဒုက္ခသစ္စာ"လို့သိဖို့သာအဓိကပါ လို့ တင်ပြရင်း ဓမ္မဒါနပြုလိုက်ပါသည်။
( ခန္ဓာ-၅ပါးတစ်ဦး )
•••••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား-ကမ္မဋ္ဌာနာစရိယ အရှင်တေဇောသာရ( နည်းပြ ဝိပဿနာ သင်ခဏ်းစာ ) နှင့် ဦးကြည်စိုး ၏ ဖေ့စဘုတ် စာမျက်နှာမှ ကောက်နှုတ်ရေးသား ကာ ဖြန့် ဝေပါသည်။