Labels

APP (3) Ashin Revata (1) Auto World Journal (1) Blogger များ (10) Chan Myay Mying Sayadaw (2) DVD တရားခွေများ (5) Dhamma Talk (English) MP3 (1) Dr Ashin Dhammapiya (2) Dr. Mehm Tin Mon (8) Dr. Nandamalabhivamsa (3) Facebook ဆိုင်​ရာ (1) IT ebook (1) Inside jornel (1) Lလင်း (1) MP3 (10) Maha Thera Ledi Sayadaw (3) Mingun Sayadaw (10) Mogok SayaDaw U Wimala (7) NetGuide (6) Photos (1) SAR MAUNG TOH (1) U Pannya Vamsa (1) U San Lwin's Dhamma Talks (1) ViDeo dhanma (2) Videos (2) Website (1) Zar Ni (2) apk for Android Smart Phone (4) e-Book in English (42) ×××× (3) ကဗျာများ (5) ကာတွန်း (13) ကိုနေ (1) ကိုလေးမြတ် (1) ကို​ရွှေ​တောသား (1) ကလောင်စုံ (1) ကံချွန် (3) ကျမ်းမာသုခ ဂျာနယ် (1) ကျမ်းမာရေး (8) ကျွန်းရွာ​တောရဆရာ​တော်​ (1) ခင်ချိုထွန်းစာပေ (1) ခင်မျိုးချစ် (1) ခင်မောင်ညို (ဘောဂဗေဒ) (1) ခင်နှင်းယု (1) ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်း (1) ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်း (1) ချက်နည်းပြုတ်နည်း (1) ချစ်စံဝင်း (4) ချစ်မ (1) ချစ်ဦးညို (2) ချစ်နိုင်-စိတ်ပညာ (1) ချမ်းမြေ့ဆရာတော် (20) ဂါထာမန္တာန်ပေါင်ချုပ် (2) ဂီတတီးနည်း (1) ဂျာနယ်ကျော်မမလေး (1) ဂျာနယ်ကျော်မလေး (2) ဂျူး (4) ငယ်-လတ်-ကြီး-ဓမ္မစရိယ (1) စစ်​တုရင်​ ၉ အုပ်​ (1) စာအုပ်များ (10) စာအုပ်လမ်ညွှန် (1) စာ​ပေ ဇယား (1) စာ​ပေ​ဟော​ပြောပွဲ mp3 (1) စိမ့်(ပညာရေး) (2) စိုက်ပျိုးရေး (3) စိုးမြတ်သူဇာ (2) စံ-ဇာဏီဘို (3) စွမ်းထက်အောင် (1) စွယ်စုံကျမ်း ၁+၉ (2) ဆရာမင်းလူ (2) ဆရာဇော်ဂျီ (2) ဆရာတော်ဦးဇောတိက (1) ဆရာမောင်တိုး (1) ဆရာသောင်းလွင် (1) ဆရာကြီး ဦးဂိုရင်ဂါ (3) ဆရာကြီး ဦးဇေတဝန် (1) ဆားပုလင်းနှင်းမောင် (1) ဆုထူးပန်ဦးကျော် (1) ဆုမြတ်မွန်မွန် (1) ဆန္ဒအောင် (1) ဇင်သန့် (3) ဇင်ဝေသော် (1) ဇဝန (1) ဇာဂနာ (1) ဇ၀န (1) ညိုသောင်း (1) ညီသစ်​ (1) ညီမေတ္တာ (1) တက်တိုး (7) တက္ကသိုလ် စိန်တင် (1) တက္ကသိုလ် နေလင်းအောင် (4) တက္ကသိုလ်စိန်တင် (1) တက္ကသိုလ်နန္ဒမိတ် (1) တက္ကသိုလ်ဘုန်နိုင်၏စာအုပ်များ (10) တက္ကသိုလ်နေဝင်း (7) တင်မိုးလွင် (1) တင်ထွေး (2) တင်မောင်မြင့် (1) တင်​မိုး (1) တင်​​မော်​ (1) တတိုင်မွေး (1) တရားတော်များ (23) တာယာမင်းဝေ (4) တာတေ (1) တိပိဋကမြန်မာပြန် (3) တစ္ဆေ၀တ္ထု (2) ဒဂုန်ခင်ခင်လေး (1) ဒဂုန်ဦးစန်းငွေ (2) ဒဂုန်ရွှေမျှား (1) ဒဂုန်ရွှေမျှား (4) ဒီဃနိကာယ် ၃-ကျမ်း (1) ဒီလှိုင်းဂျာနယ် (2) ဒုတိယဗိုလ်မှူးကြီး သောင်းထိုက် (1) ဒဿန (1) ဓမ္မစရိယ ဦးအေးနိုင် (1) ဓမ္မစရိယ ဦး​ဋ္ဌေးလှိုင်​ (1) ဓမ္မာစရိယတန်းအတွက် (21) ဓမ္မာစရိယဦးအေးနိုင် (1) ဓမ္မာစရိယာဦးမောင်မောင်လေး (1) ဓမ္မကျောင်းတော် (1) ဓမ္မဘေရီ အရှင်ဝိရိယ (1) ဓာတ်ပုံပြုပြင်နည်းစာအုပ် (1) နည်းပညာဂျာနယ်များ (2) နည်းပညာစာအုပ်များ (40) နည်းပညာ (2) နန်းမာဆရာတော် အရှင်ဥာဏ (1) နိင်ငံရေးစာအုပ်များ (1) နီကိုရဲ (1) နန္ဒသိန်းဇံ (2) ပဌမသံဃယနာအ​မေးအ​ဖြေ (2) ပန်းငွေရုံဆရာတော် (1) ပန်းဝေဝေ (2) ပါရဂူ (10) ပါရဂူမင်းနန္ဒာ (1) ပိဋကတ်ကျမ်းစာ (1) ပီမိုးနင်း (3) ပုညခင် (2) ပုံပြင်စာအုပ် (1) ပျူး (3) ဖားအောက်တောရဆရာတော် (1) ဖိုးဇာ (1) ဖိုး​ကျော့ (1) ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်များ (4) ဗန်းမော်ဆရာတော် (1) ဗဟုသုတ (3) ဗဟုသုတဆောင်းပါး (3) ဗိုလ်ချုပ်အောင်ဆန်း (1) ဗိုလ်​မှူးဘရှင်​ (1) ဗုဒ္ဓစာပေ (1) ဗုဒ္ဓါဝင်​ ပန်း​ချီကားများ (1) ဗျူး (8) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ (11) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသMP3 (9) ဘာသာရေးဆောင်းပါး (23) ဘာသာပြန်​စာအုပ်​ (2) ဘာသာ​ရေး (4) ဘာသပြန် အင်္ဂလိပ် (1) မဂ္ဂဇင်း (5) မင်လူ ၏ စာအုပ်များ (1) မင်းခိုက်စိုးစံ (1) မင်းယုဝေ (3) မင်းသိင်္ခ (1) မင်းဇော် (1) မင်မြတ်သူရ (1) မင်းကိုနိုင်​ (1) မင်းလူ (1) မစန္ဒာ (1) မဇ္ဈိမနိကာယ် ၃-ကျမ်း (1) မမသဒ္ဒါမောင် (1) မသိ (1) မဟာဆွေ (1) မဟူရာ(လွိုင်ကော်) (1) မာဏဝ (1) မိတ်ဆက်လွှာ (1) မိန်းကလေး (3) မိုးကုတ်ဆရာတော်ဘုရားကြီး (5) မိုးတိမ်​ (1) မိုးမိုး (အင်းလျား) (3) မီကိုဇူးဇင် (3) မလေးငြိမ် (1) မျိုးမာန် (4) မျိုးသူရ (1) မှတ်​စု (1) မှုခင်း (4) ယဉ်ကျေးလိမ္မာ (53) ရန်ကုန်မျိုးသန့် (1) ရန်​​အောင်​ ​မောင်​​မောင်​ (1) ရာဇဂဏီ (1) ရဝေထွန်း (1) ရဝေနွယ် (အင်းမ) (2) ရဲညွန့် (1) ရှားပါးစာအုပ်များ (4) လကာင်္ရည်ကျော် (1) လင်းထွန်း (1) လင်းယုန်မောင်မောင် (6) လည်​တီဆရာ​တော်​ (3) လမင်းမို့မို့ (1) လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး M.A (2) လယ်တွင်းသားစောချစ် (15) လီနင် (1) လူထုစိန်ဝင်း (6) လူထုဦးလှ (3) လူပုဂ္ဂိုလ်များ (29) လူ​နေ (1) လရောင်ကျူးရင့် (2) ဝတ္တုရှည် (30) ဝိဇ္ဇာ (1) ဝိနယ ပိဋက မြန်မာပြန် (5) ကျမ်း (1) ဝိနိစ္ဆယ ကျမ်းစာအုပ်များ (1) ဝဏ္ဍသီရိ (1) သခင်ဘသောင်း (3) သခင်မြတ်ဆိုင် (1) သခင်​စိုး (1) သင်္ခါ (1) သင်းမြတ်နိုး (1) သစ်မွှေး (2) သည်ခေတ်နေ (1) သတိုးဝီရ (1) သတိုးတေဇ (3) သန်းထိုက်ရွှေရိပ် (2) သန်းသန်းတင့် (1) သန်းငြိမ်းအေး (1) သမိန်ပေါ့သွယ် (1) သမိုင်းစာအုပ်များ (1) သရ(ICT) (1) သာမဏေကျော် စာမေးပွဲ အတွက် (1) သိန်းဖေမြင့် (1) သိမ့်သိမ့်နွေး (1) သိုင်​ဝတ္ထုများ (1) သိုး​ဆောင်း (1) သီချင်းစာအုပ်​ (1) သီတဂူဆရာ​တော်​ mp3 တရား (2) သီရိသဒ္ဓမ္မာ လကာင်္ရ (1) သုခ (5) သုတ/ရသ (7) သုတ္တသင်္ဂဟ (1) သုသိဏ် (1) သူရထိုက် (1) သံယုတ္တနိကာယ် ၅-ကျမ်း (1) သျှင်မ (1) သျှင်ဥက္ကဌ (1) ဟာသ (2) အဂ္ဂဝိဇ္ဇာ (1) အင်္ဂလိပ်စကားပြော စာအုပ် (1) အင်္ဂလိပ်စာရေးရန် (1) အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း (1) အင်အားဂျာနယ် (3) အဘိဓမ္မာ ပိဋက မြန်မာပြန် (1) အရှင်ကုမာရ (3) အရှင်ဆန္ဒာဓိက (33) အရှင်ဇနကာဘိဝံသ (1) အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ (5) အရှင်အာစရာလင်္ကာရ (1) အရှင်ဥာဏ (1) အရှင်ဆေကိန္ဒ (26) အလှပုံများ (9) အားကစား ဂျာနယ်​ (3) အိမ်လွမ်းသူ (1) အတွေး (1) အကြည်တော် (8) အရှင်ကုဏ္ဍလာဘိဝံသ (1) အရှင်ဂုဏိန္ဒ (1) အရှင်ဇနကာဘိဝံသ (1) အရှင်ဇာနေယျ (1) အရှင်နန္ဒမာလာဘိဝံသ (1) အရှင်နန္ဒမာလာ (1) အရှင်​ဆန္ဒာဓိက (1) အ​မေးအ​ဖြေ (1) ဥပဒေ စာအုပ်များ (10) ဥပဒေစာအုပ်များ (14) ဥာဏ်ကြွယ် (1) ဦးခင်ညွန့် (1) ဦးချစ်မောင် (1) ဦးစိုးတင့် ( တောင်ကြီး ) (1) ဦးဆန်းလွင် (1) ဦးထွန်လှ (2) ဦးထွဋ္ဋ် (1) ဦးပညာစာမိ (1) ဦးပုကလေး (1) ဦးသက်စိန် -ဖြူး (1) ဦးသက္က (1) ဦးဟုတ်စိန် (1) ဦးဌေးလှိုင်( ဓမ္မာစရိယ ) (1) ဦးရွှေအောင် (2) ဦးသော်ဇင် (1) ဦးအောင်ခင် (1) ဦးအောင်ညွန့်ဝင်း (1) ဦးအောင်လင်း (1) ဦးအောင်ဟိန်းကျော် (1) ဦးအေးမောင် (4) ဦးနု (2) ဦးဂိုအင်​ကာ (1) ဦးထွန်း (1) ဦးပဏ္ဍိတ (1) ဦးဘသန်း (1) ဦးငြိမ်းမောင် (1) ဦး​ဌေးလှိုင်​ (1) ကောင်းထက် (1) ကျော်နန္ဒအောင် (1) ကျော်လှိုင် (1) ငွေဥဒေါင်း (6) ငွေကြည် (1) စောမုံညင်း (1) ဆောင်းပါး (6) ဆွေလှိုင်ဦး (1) ဆွေလှိုင်ဦး (1) ထောင်မှူးကြီး သိန်းဝင်း (1) ထောင်မှူးကြီးသိန်းဝင်း (2) ထောင်မှူးကြီးသိန်းဝင်းနှင့် သူရိန်ထွန်း (2) ဒေါက်တာ အရှင်ကောဝိဒ (1) ဒေါက်တာမင်းတင်မွန် (1) ဒေါက်တာလှဖေ (2) ဒေါက်တာသန်းထွန်း (4) ဒေါက်တာမောင်မောင်ညို (1) ဒေါ်အုန်းကြည်သား (1) နေစိုးထက် (1) နေဝင်း(လန်ဒန် (1) ဖေဖေကျော် (1) ဖေမြင့် (5) မေတ္တာရှင်ရွှေပြည်သာ (2) မောင်ကွန်ပျူတာ (1) မောင်ညိုမှိုင်း(သန်လျင်) (1) မောင်ထင် (1) မောင်ထွန်းသူ (2) မောင်ထွန်းမြိုင် (1) မောင်မိုးသူ (1) မောင်ဝံသ (1) မောင်သိန်းလွင် (2) မောင်ကောင်းထိုက် (1) မောင်မောင် (ရွှေကရ၀ိတ်) (1) မောင်မောင်မြင့်သိန်း(စက်မူတက္ကသိုလ်) (1) မောင်ရွှေခေတ် (2) မော်စီတုန်း (1) မှော်ပီဆရာသိန်းကြီး (1) ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဥပဒေများ (1) ရွှေဥဒေါင်း (3) သောင်းညွန့်သစ် (2) သောင်းဝေဦး (3) သော်တာဆွေ (2) အောင်သင်း (5) အောင်မြင်ရေးဆောင်းပါး (1) ကြေးမုံသတင်းစာ (24) ပြည်သူ့နီတိ (1) ပြည့်ပိုင်မှူး (1) ပြည့်ပိုင်မှူးအိမ် (1) ဖြူးဆရာ​တော် mp3 (1) ဖြူးးဆရာတော် (2) မြတ်ခိုင် (1) မြန်မာစွယ်စုံကျမ်း (1) မြန်မာ့အလင်းသတင်စာ (22) မြသန်းတင့် (20) မြကေတု (1) ၀ဏ္ဏသီရိ (1) ၀တ္ထုစာအုအ်များ (7) ကြည်​ဦး (1) ကြယ်စင်မှူးဝေ (1) တြိစက္က (2) နိုင်ငံရေး (1) နိုင်ငံရေး စာအုပ်စင် (2) နိုင်ငံရေးသမိုင်းစာအုပ်များ (1) နိုင်ပန်းလှ (1) နွယ်ဂျာသိုင်း (1) ​ဝင်း​မောင်​ထက်​ (1) ​ကျော်​မြသန်း (1) ​ဒေါက်တာနန္ဒမာလာဘိဝံသ (1) ​မောင်သာချို (1) ​မောင်​သိန်​​ဖေ (1) ​မောင်​နှင်​​ဆွေ (1) ​ရေနံ့သာဝင်း​မောင်​ (1) ​အောင်​​ကြောင်​ဖြာ (1) ​​ဒေါက်တာ​ မင်းတင်​မွန်​ (1) ​​ဒေါက်တာ​ ​အောင်​ခင်​ဆြင့်​ (1) ​​မောင်​ခိုင်​မာ (1)
လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။

Unordered List

Monday, September 7, 2015

ဘာသာရေးသည် ငြိမ်းချမ်းရေးအတွက် – သီတဂူဆရာတော်






မိမိတို့ ကိုးကွယ်ရာ ဘာသာတရား တစ်ခုခုဖြင့် အခြားလူတို့ ကိုးကွယ်ရာ ဘာသာတရားတစ်ခုကို ထိခိုက်ပုတ်ခတ် ရှုတ်ချခြင်းသည် မိမိကိုယ်တိုင် မိမိကိုးကွယ်ရာ ဘာသာတရားကို ပြန်လည်ပုတ်ခတ်ပြီး၊ ရှုတ်ချပြီးဖြစ်နေလိမ့်မယ် . . .

တရားချစ်ခင် သူတော်စင်အပေါင်းတို့-

ဤမျှကြီးကျယ်ခမ်းနားသော ဂုဏ်သရေရှိ လူကြီးမင်းများ၏အစည်းအဝေးကြီး မှာပါဝင်ခွင့်၊ စကားပြောခွင့်ရတဲ့ အတွက် အလွန်ဂုဏ်ယူ ၀မ်းမြောက်ပါတယ်။ အထူးအားဖြင့် သမိုင်းအမွေအနှစ်နှင့် ယဉ်ကျေး မှုအမွေအနှစ် တို့၏ စုဝေးရာ ရုရှားနိုင်ငံရဲ့ ရှေးဟောင်းမြို့တော် စိန့်ပီတာစဘတ်မြို့က သမ္မတ ဗောရစ်ယယ့်လ်ဆင် အထိမ်း အမှတ် စာကြည့်တိုက်ကြီးမှာ နိုင်ငံပေါင်း (၃၅)နိုင်ငံမှ ၀န်ကြီးများ၊ သံအမတ်ကြီးများ၊ ဘာသာရေး(၅)ခုမှ ဘာသာရေး ခေါင်းဆောင်များရဲ့ အစည်းအဝေးကြီးမှာ ဘာသာရေးနှင့် ယဉ်ကျေးမှု မတူကွဲပြားကြစေကာမူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအကြောင်း စကားပြောခွင့်ရ လို့ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော် ကြီးပေါင်း (၅)သိန်း ကျော်တို့ ကိုယ်စား အထူးပင်ဂုဏ်ယူ ၀မ်းမြောက်ရပါကြောင်းနှင့် ဤမျှကြီးကျယ်ခမ်းနားသော အစည်း အဝေးကြီးအတွက် စိတ်အားထက်သန်စွာ ဆောင်ရွက်ကြသော ရုရှားအစိုးရယဉ်ကျေးမှု ၀န်ကြီးဌာန၀န်ကြီးနှင့် ၀န်ထမ်းများ အားလုံးကို အထူးပင်ကျေးဇူးတင် ဂုဏ်ပြုချီးကျူး ရပါကြောင်း လှိုက်လှဲစွာပြောကြားပါရစေ။

ဒီကနေ့ ကျွန်ုပ်တို့တစ်တွေဟာ နိုင်ငံ ရေးစနစ်၊ စီးပွားရေးစနစ်နှင့် ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာစ သည်ဖြင့် မတူကွဲ ပြားခြားနားသော ကမ္ဘာကြီး မှာ နေထိုင် နေကြရ တာဖြစ်ပါတယ်။ ဒါ့ကြောင့် မတူ ညီနိုင်သော အချက်အလက်တွေကို ငြင်းခုံ၍ မနေကြဘဲ တူညီသောအချက် အပေါ်မှာ ငြိမ်းချမ်းစွာ လက်တွဲသွား ကြဖို့ဖြစ်ပါတယ်။ အာဖရိကသားတစ်ယောက်နှင့် တရုတ် ပြည်သူတစ်ယောက် ပေါင်းသင်းနေထိုင် ကြရာမှာ သူတို့နှစ် ယောက်အသား အရောင် ပေါ်မှာ ငြင်းခုံခြင်းမပြုကြလို့ ““ချစ်တာသာ ပဓာန”” စိတ်ထား နိုင်ကြလို့ Love ဆိုတဲ့ Common Platform ပေါ်မှာ လက်တွဲပြီး ဘ၀ခရီးလျှောက်နိုင်ကြ တာပေါ့။…

ဤယနေ့ ကမ္ဘာပေါ်က အမျိုးမျိုးကွဲ ပြားနေကြသော လူသားတွေမှာ အမျိုးမျိုး ကွဲပြားခြား နားသော ပြဿ နာများနှင့် အမျိုးမျိုး ကွဲပြားခြားနားသော သဘောထား၊ အတွေးအခေါ်၊ အယူအဆ၊ခံယူ ချက်တွေ ရှိနေ ကြမှာပေါ့။ ဒါပေမဲ့ “ပြဿနာတွေရှိတယ်”” ဆိုတဲ့နေရာမှာ အားလုံးတူ တယ်။ အဖြေရှာနေကြတယ်ဆိုတဲ့ အချက်မှာ လည်း အားလုံးတူတယ်။ဒါပေမဲ့ ဒီလူ့ဘ၀ ပြဿနာတွေရဲ့ အပြီးသတ်အဖြေ ဆိုတာ တကယ်ရှိ လိမ့်မယ် မဟုတ်ဘူး။ ဒါကြောင့် “ကွဲပြားခြင်းထဲမှာ ညီညွှတ်ခြင်း” ရှိတယ် (Unity in Diversity) ဆိုတဲ့ အချက်ကို ကျွန်ုပ်တို့ လက်ခံရလိမ့်မယ်။ ဥပမာကုန်း မြေပေါ်မှာ မြစ်တွေဟာအမည် အမျိုးမျိုး ကွဲနေပါတယ်။ သိမ်းမြစ်၊ ရိုင်းမြစ်၊ နိုင်းမြစ်၊ ဗော်လဂါမြစ်၊ ဂင်္ဂါမြစ်၊ ဧရာဝတီမြစ်စသည် ပေါ့။ အဲဒီလိုကွဲပြားနေတဲ့ အမည်တွေ ထဲမှာ ရေကိုမြင်အောင် ကြည့်လိုက်လျှင် ကွဲပြား ခြင်းထဲက တူညီခြင်းကိုရပါတယ်။ အဲဒီလို တူညီမှုတို့ကို စုစည်းနိုင်မှသာ အားလုံး လက်ခံနိုင်မယ့် လမ်းကြောင်းတစ်ခုကို တည်ဆောက် နိုင်မှာဖြစ်ပါတယ်။ Common Platform တည်ဆောက်နိုင်မှလည်း ပြဿနာအားလုံးကို ဖြေရှင်းနိုင်ပြီး ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးတို့ကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

ဤမျှလောက်များပြားသော ဘာသာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ လူမျိုးရေးတွေ ကွဲပြားနေကြစေကာမူ- အားလုံး သော ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးခေါင်း ဆောင်တွေဟာ ဘာသာရေးတစ်ခုနှင့် တစ်ခုအကြား၊ ယဉ်ကျေးမှု တစ်ခုနှင့်တစ်ခု အကြား ပေါင်းကူးတံတားများ တည်ဆောက်နိုင်ကြမည်ဆိုလျှင် ကျွန်ုပ်တို့ လူသား အချင်းချင်း ပို၍ကောင်းမွန်သော နားလည်မှု၊ ယုံကြည်စိတ်ချမှုတွေ ရရှိကြပါလိမ့်မယ်လို့ ကျွန်ုပ်ယုံကြည်ပါတယ်။ ထို့ပြင် ပဋိပက္ခတွေကို ရှောင်ရှားပြီး စိတ်ဓာတ်တင်းမာမှုတွေလည်း လျော့ပါးသွား လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ကျွန်ုပ်စွဲမြဲစွာ ယုံကြည်တယ်။ တံတား တစ်ခုဆောက်ထားလျှင် လမ်းကြောင်း နှစ်ဖက်ကလာသူတွေဟာ ဒီတံတားပေါ်မှာ ဖြတ်လျှောက်ကြရမှာဖြစ်လို့ တံတားပေါ်မှာ ဆုံတွေ့ကြမှာပါ။ ရှောင်လို့ မရတော့ပါဘူး။ အတူတကွ ဆုံတွေ့ကြရာမှာ အတူတကွ အလုပ်ဖြစ်သွားကြမှာပါ။ ရေစီးကြမ်းတဲ့ မြစ်ချောင်းကို ကျော်ဖြတ်ခြင်း ဆိုတဲ့ကိစ္စဟာ လမ်းကြောင်း တစ်ဖက်စီသို့ သွားကြ ကုန်သော လူသားတို့၏ ဘုံဆိုင်ပန်းတိုင် (Common Goal) ပါပဲ။ ကွဲပြားခြင်းကို ညှိနှိုင်း အဖြေရှာခြင်းဟာ ကျွန်ုပ်တို့အတွက် မင်္ဂလာတစ်ပါးလို့ ကျွန်ုပ် ယုံကြည်ပါတယ်။ (Common Bridge) ဘုံဆိုင် တံတားတစ်ခုတည်း ဆောက်ပေးနိုင်လျှင် ကွဲပြားသော အယူအဆကို တူညီ သော အယူအဆအဖြစ် လမ်းကြောင်း ပြောင်းပေးနိုင်ရုံမျှမက ငြိမ်းငြိမ်းချမ်းချမ်း လုံလုံခြုံခြုံ လက်တွဲနေထိုင်ရေး ကိုပါ တည်ဆောက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါတယ်။ ကိုယ့်လမ်းကိုယ်လျှောက် ရင်းမလွဲမသွေ ဆုံတွေ့ ရမည့် ဘုံဆိုင်တံတား (Common Bridge) တစ်ခုသာတည် ဆောက်နိုင်လျှင် စစ်နှင့် ပဋိပက္ခတွေကို ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးအသွင်ပြောင်း နိုင်လိမ့်မည်ဆိုတာ သာမန် အတွေးအမြင်ရှိ သူတို့ပင်လျှင် နားလည်နိုင် ပါတယ်။

နောက်တစ်ခု ပြောချင်တာက လူတစ်မျိုးက အခြားလူတစ်မျိုးကို အနိုင်တိုက်ခိုက် နေကြမည့်အစား မိမိတို့ ကိုယ်ကိုယ် မိမိတို့တိုက်ဖို့၊ အောင်မြင်ဖို့ ရှေးဦးစွာ အားထုတ်သင့်ပါတယ်။ စစ်ပွဲတစ်ရာမှာ လူပေါင်းတစ် ထောင်ကို အနိုင်ရခြင်းထက် မိမိကိုယ်ကိုယ် မိမိအနိုင်တိုက်ခြင်းက တကယ်တိုက် သူ၊ နိုင်သူ၊ အောင်မြင် သူဖြစ်ပါတယ်။ ကျွန်ုပ်တို့ကိုယ်ထဲမှာ ပြည့်နှက်နေတဲ့ မနာလိုခြင်း၊ ရန်လိုခြင်း၊ မုန်းတီးခြင်း၊ မိုက်မဲခြင်း၊ အလိုကြီးခြင်း၊ တစ်ယူသန်ခြင်း၊ တစ်ဖက်သတ်အနိုင်ကျင့်ခြင်း၊ သူတစ်ပါးကို အပုပ်ချခြင်း၊ အစွန်းရောက် ခြင်းတို့ရဲ့ နေရာတွေမှာ မေတ္တာ၊ ကရုဏာ၊ ခန်္တီ၊ ပညာ၊ သစ္စာ၊ မဇ္ဈိမ ပဋိပဒါတရား တွေနဲ့ အစားထိုးရမှာ ဖြစ်ပါတယ်။ သို့မှသာအောင် မြင်သူအစစ် တကယ်ဖြစ်မှာပါ။ ထိုမှတစ် ဆင့်တစ်ကမ္ဘာလုံးမှာ ပြန့်ပွားနေတဲ့ တစ် ဖက်သတ်၊ တစ်ယူသန်၊ အစွန်းရောက်ဝါဒတွေကို ချေမှုန်းနိုင်မှာ ဖြစ်ပါတယ်။

သို့သော် ကျွန်ုပ်တို့ တစ်တွေဟာ ကျွန်ုပ်တို့ရဲ့ ပါပကမ္မ၊ ပါပ၀ါစာ၊ ပါပသင်္ကပ္ပတွေကို မလျှော့နိုင်၊ မပယ်နိုင် သေးသမျှ ကာလပတ်လုံး ကျွန်ုပ်တို့ တစ်တွေဟာ အမှောင်ကျနေတဲ့ ကမ္ဘာကြီးထဲက မထွက် မြောက်နိုင် သေးဘူးဆိုတဲ့ အချက်ကို သတိရ၊ သတိပြုသင့်ပါတယ်။ ယနေ့ကျွန်ုပ်တို့ တစ်တွေဟာ ဒုစရိုက် အမှောင် ကျနေတဲ့ ကမ္ဘာကြီးထဲမှာ စမ်းတ၀ါးဝါး လမ်းသွားနေ ကြရသလိုပါပဲ။ သောကနှင့် ဒုက္ခပင်လယ်မှာ လက်ပစ် ကူးနေကြရသလိုပါပဲ။

တရားချင်ခင် သူတော်စင်အပေါင်းတို့-

အမှောင်ရှိလျှင် အလင်းဆိုတာ ရှိပါတယ်။ အမှောင်ထဲက လူတွေအတွက် အလင်းရောင်ဟာ တကယ်ပဲလို အပ်ပါတယ်။ အမှောင်နှင့် အလင်းဟာ ဆန့်ကျင်ဘက်ပါ။ အလင်းရောင်လာလျှင် အမှောင် က ပျောက်ကွယ် သွားတာပါပဲ။ အမှောင်နဲ့ အလင်းဟာ လက်တွဲမနေနိုင်ပါဘူး။ ဒါ ကြောင့် စိတ်ထားယုတ်မာခြင်းတည်းဟူ သော အမှောင်ထဲမှာကျနေတဲ့ ကမ္ဘာထဲသို့ သူတော်ကောင်း တရားအလင်းရောင်တွေ ကိုပို့လွှတ်လိုက်ကြ ပါစို့။ မီးလောင်လျှင် ရေဆိုတာတကယ်လိုအပ်တဲ့ အရာဝတ္ထုပါပဲ။ ကိလေသာ မီးလောင်နေတဲ့ ကမ္ဘာမှာ ဓမ္မ ရေစင် ရေအေး သွန်းလောင်းကြပါစို့။

တရားချင်ခင် သူတော်စင်အပေါင်းတို့-

ယနေ့ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာကြီးမှာ ဆူပူခြင်း၊ သောင်းကျန်းခြင်း၊ အကြမ်း ဖက်ခြင်း၊ အနိုင်ယူခြင်း၊ အစွဲ အလမ်းကြီးခြင်း၊ တစ်ယူသန်တစ်ဖက် သတ်ကျခြင်း၊ စိုးရိမ်ပူဆွေးခြင်း၊ လုံခြုံမှုမရှိခြင်းစတဲ့ အမှောင်ထုကြီး ကျရောက်နေပါတယ်။ ဒီအမှောင်ထုကြီးကို ဓမ္မအလင်းရောင်ဖြင့် အစားထိုးဖို့လိုပါတယ်။ မြတ်ဗုဒ္ဓ၏မိန့်ကြား ချက်များရှိပါတယ်။ “တစ်ကမ္ဘာလုံး ကန်းနေတယ်။ ဓမ္မမျက်လုံးပေးရမယ်။ တစ်ကမ္ဘာလုံး တုန်လှုပ်နေတယ်။ ဓမ္မနဲ့ ထိန်းရမယ်။ တစ်ကမ္ဘာလုံးအတွင်း အပြင်လောင်နေတယ် ဓမ္မနဲ့ ငြှိမ်းသတ်ရမယ်။ အာဏာမက် မောမှုနှင့် သစ္စာတရား မျက်နှာလွဲမှုတို့ကြောင့် ကမ္ဘာကြီးဟာ သွေးစက်တွေ စွန်းထင်းနပြီ။ အရိယသစ္စာသည် ဘာသာ တရားအားလုံး၏ အနှစ်သာရဖြစ်သည်။ အရိယသစ္စာသည် ကမ္ဘာ့လက်ဟောင်းတရား။ ကမ္ဘာကြီးကိုသင်ကြားဖို့ သစ္စာတရားမှ တစ်ပါးအခြားမရှိပြီ။ သစ္စာဟူသည် လူသားတိုင်း၏ ကိုယ်တွင်းမှာရှိသည်။ ကမ္ဘာကြီး၏ ငြိမ်းချမ်း ရေးသနိ္တကို သစ္စာနှင့် တည်ဆောက်ရမည်။ သစ္စာကို ဖုံးကွယ်ထားသမျှ ဘ၀ပြဿနာအားလုံး ပြေလည်မှုမရ နိုင်” စသည်ဖြင့် ဟောတော်မူထားပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးတို့ဟာ အရေးတကြီး လိုအပ်နေပါတယ်။ ဒီလိုအပ်ချက်သည် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးခေါင်းဆောင် အားလုံးကို အလွန်စိန် ခေါ်နေသော အချက်ဖြစ်ပါတယ်။ ခေါင်းဆောင်အားလုံး ဤစိန်ခေါ်ချက်ကို လက်ခံရင်ဆိုင် ဖြေရှင်းရန် တာဝန်ရှိ ပါတယ်။

တရားချင်ခင် သူတော်စင်အပေါင်းတို့-

လူတို့ ကိုးကွယ်ရာ ဘာသာတရားတိုင်းမှာ အပြင်အကာနှင့် အတွင်းအနှစ် သာရ ဟူ၍ နှစ်မျိုးရှိပါတယ်။ ယုံကြည်ခြင်း (ဉာဏ်ပညာ မပါဘဲ)၊ ကိုးကွယ်ခြင်း၊ ပူဇော်ပသခြင်း၊ ရွတ်ဖတ်ခြင်း၊ ဆုတောင်းခြင်း၊ အခမ်း အနားပွဲလမ်း ကျင်းပခြင်း စသည်တို့ဟာ ဘာသာတရားတိုင်းရဲ့ အပေါ်ကဖုံးနေတဲ့ အကာတွေ ဖြစ်ပါတယ်။ အဲဒီအကာ (Outer Shell of Religions) တွေဟာ ဘာသာတရားတစ်ခုနဲ့ တစ်ခုကို မတူကွဲပြား ခြားနား စေကြ ပါတယ်။ သို့သော် ဘာသာတရားအားလုံး တညီတညွှတ်တည်း လက်ခံနိုင်တဲ့ အနှစ်သာရရှိပါတယ်။ အဲဒီ Common Core ဆိုတာဟာ ဒါန၊ သီလ၊ သမာဓိ၊ ပညာ၊ ခန်္တီ၊ မေတ္တာ၊ ကရုဏာ၊ သန့်ရှင်းသော စိတ်ထားနှင့် သစ္စာတရားတို့ ဖြစ်ကြပါတယ်။ လူသားအများစုဟာ သူတို့ကိုးကွယ်နေတဲ့ ဘာသာတရားတွေရဲ့ အနှစ်သာရ ကို သူတို့ကိုယ်တိုင် ထိထိမိမိ မသိကြပါဘူး။ ဘာသာဝင် လူသားတွေဟာ ဘာသာတရားတိုင်း၏ အနှစ်သာ ရနှင့် တကယ်ဆိုလိုတဲ့ အနက်အဓိပ္ပာယ်ကို သိဖို့လိုပါတယ်။ ဘာသာရေး ပဋိပက္ခဖြစ်ခြင်းရဲ့ အကြောင်း ရင်းဟာ တစ်ဖက်သတ် တစ်ယူသန် အစွန်းရောက်ခြင်းအပြင် Religion ၏ အနှစ်သာရကို တကယ် မသိခြင်း သည် အဓိကကျသော အချက်တစ်ချက်ဖြစ်ပေသည်။

သို့ဖြစ်ပါသောကြောင့် ယနေ့ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ အားလုံး ဤအချက်ကို ကောင်းစွာ သတိပြု၍ မိမိတို့ ကိုးကွယ်ရာ ဘာသာတရား အသီးသီး၏ ဘာသာဝင်လူသားများကို Common Core of Religion ကို အလေးအနက်သင်ကြား ပို့ချပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ဘာသာရေး အနှစ်သာရကို အတွင်း ကျကျ မသင်နိုင်တောင်မှ အပေါ်ယံလောက် သင်ပေးနိုင်လျှင် ဘာသာရေးအနှစ်သာရ နားလည်သော လူသား တွေဟာ နေ့စဉ်ကြုံ တွေ့နေရတဲ့ ဘာသာရေးပဋိပက္ခနှင့် ဘာသာရေး အကြမ်းဖက်မှုတွေကို လျော့ ကျသွား အောင်၊ လျော့ပါးသွားအောင်၊ ကြီးသွားမည်ကို သေးငယ်သွားအောင် စွမ်းဆောင်နိုင်ကြလိမ့်မည်လို့ မျှော်လင့်ပါ တယ်။

ဘာသာတရားရှိတဲ့ လူသားတွေဟာ ဘာသာရေး၏ အနှစ်သာရရောက်အောင် မသင်ကြား မလေ့ကျင့်ဘဲ အပေါ်ယံ အကာမျှဖြင့် ရောင့်ရဲတင်းတိမ် မနေကြဖို့၊ ဘာသာရေး၏ အနှစ်သာရသည် လူသားတို့၏ နှလုံးစိတ် ၀မ်းငြိမ်းချမ်းရေးအတွက်၊ လူသားတို့၏ ကမ္ဘာကြီး တည်ငြိမ်ရေးအတွက် တကယ်ဖြစ်တယ်ဆိုတာကို သိအောင် သင်ဖို့နှင့် ကျင့်ဖို့ ဒီကနေ့ ဒီနေရာ ကတိုက်တွန်းပါတယ်။ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားဖြင့် အခြား ဘာသာ တရားကို တိုက်ခိုက်ခြင်း၊ ရှုတ်ချခြင်း မပြုသင့်ပါ။ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားတစ်ခု ခုဖြင့် အခြားလူတို့ ကိုးကွယ်ရာ ဘာသာတရားတစ်ခုကို ထိခိုက်ပုတ်ခတ် ရှုတ်ချ ခြင်းသည် မိမိကိုယ်တိုင်မိမိကိုးကွယ်ရာ ဘာသာ တရားကို ပြန်လည်ပုတ်ခတ်ပြီး၊ ရှုတ်ချပြီးဖြစ်နေလိမ့်မယ်။ မြတ်ဗုဒ္ဓ၏ လက်ထက်တော်ကာလက ကိုးကွယ်ရာ အမျိုး မျိုး ရှိကြသောလူတို့သည် ဗုဒ္ဓရှင်တော်ကို ချဉ်းကပ်လာသော အခါ “ဟေ့-မတူကွဲပြား တဲ့ အပေါ်မှာ မဆွေးနွေးကြစို့နဲ့၊ တူညီတဲ့ အပေါ်မှာဆွေးနွေးပါစို့။ တို့ သဘောတူတဲ့ အပေါ်မှာ ဆွေးနွေးပြီး အနှစ်သာရ ထုတ်ယူ ကြပါစို့” ဟူ၍ ဗုဒ္ဓရှင် တော်မိန့်ဖူးပါသည်။ ဒါ့ကြောင့် သဘောမတူနိုင်တဲ့ အချက်တွေ ကို ပြောဆိုနေ ကြပြီး ငြင်းခုံနေကြခြင်းဖြင့် ဘာအကျိုးရှိအံ့နည်း။

တရားချစ်ခင် သူတော်စင်အပေါင်းတို့-

ရန်ငြိုးဖွဲ့ခြင်းကို မေတ္တာဖြင့်ဖြေ ရှင်းရ၏။

အကြမ်းဖက်ခြင်းကို သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဖြင့် ဖြေရှင်းရာ၏။

ဒေါသကို ဒေါသနှင့်တုံ့ပြန်ခြင်း ဖြင့် မငြိမ်းချမ်းနိုင်။

အကြမ်းဖက်ခြင်းကို အကြမ်းမဖက် ခြင်းဖြင့်သာ ငြိမ်းစေနိုင်၏။

အကြမ်းဖက်ခြင်းကို အကြမ်း နည်းနှင့်ဖြေရှင်းခြင်းသည် ပို၍ကြမ်းတမ်း လာစေ၏။

မုန်းတီးခြင်းကိုမေတ်္တာဖြင့် ချုပ်ငြိမ်း စေရာ၏။

ဤသည်တို့ကား ဘာသာရေး မပေါ်မီကပင်ရှိခဲ့သော ကမ္ဘာဦးတရား၊ ဘာသာ တရားအားလုံးတို့၏ Common Core ဖြစ်သည်။

ဤသည်ကား ဓမ္မ…… ဓမ္မဟူသည် သစ္စာတရား။

ဗုဒ္ဓ၊ ဟိန္ဒူ၊ ဂျိန်း၊ ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဆစ် မည်သည့် ဘာသာမှာမဆို ဤသို့ မွန်မြတ်စွာသော သစ္စာတရား တို့ရှိပါသည်။

To understand the Truth is our common solution to our common problems.

သစ္စာတရားကို နားလည်ကျင့်သုံးခြင်းသည် ကျွန်ုပ်တို့ ဘ၀ပြဿနာအားလုံး၏ အဖြေဖြစ်ပါတယ်။

သစ္စာဟူသည် ကျွန်ုပ်တို့ကိုယ်မှာ ရှိပါသည်။ ထို့ကြောင့် သစ္စာကိုသိလျှင် သန်္တိဟူသော ငြိမ်းချမ်းရေးကိုလည်း ကိုယ်တွင်းမှာ တွေ့ရမည်။ ကိုယ်တွင်းမှာ တွေ့ရသော သစ္စာတရားနှင့် သနိ္တတရားတို့ကို အပြင်ကမ္ဘာသို့ ဖြန့်ချိ ကြပါစို့။ သစ္စာတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ။ ကျွန်ုပ်တို့ နေရာဤကမ္ဘာ ငြိမ်းချမ်း သာယာရှိကြပါစေ။

သီတဂူဆရာတော်

အဆင့်မြင့်ဘာသာရေးနှင့် ယဉ်ကျေးမှု အပြန်အလှန် ဆွေးနွေးပွဲ

ဗောရစ်ယယ့်လ်ဆင် ခန်းမဆောင်

စိန့်ပီတာစဘတ်မြို့၊ ရုရှားနိုင်ငံ။

၂၀၁၄၊ ဇူလိုင်လ၊ ၃ ရက်။

0 comments:

Post a Comment