Labels

APP (3) Ashin Revata (1) Auto World Journal (1) Blogger များ (10) Chan Myay Mying Sayadaw (2) DVD တရားခွေများ (5) Dhamma Talk (English) MP3 (1) Dr Ashin Dhammapiya (2) Dr. Mehm Tin Mon (8) Dr. Nandamalabhivamsa (3) Facebook ဆိုင်​ရာ (1) IT ebook (1) Inside jornel (1) Lလင်း (1) MP3 (10) Maha Thera Ledi Sayadaw (3) Mingun Sayadaw (10) Mogok SayaDaw U Wimala (7) NetGuide (6) Photos (1) SAR MAUNG TOH (1) U Pannya Vamsa (1) U San Lwin's Dhamma Talks (1) ViDeo dhanma (2) Videos (2) Website (1) Zar Ni (2) apk for Android Smart Phone (4) e-Book in English (42) ×××× (3) ကဗျာများ (5) ကာတွန်း (13) ကိုနေ (1) ကိုလေးမြတ် (1) ကို​ရွှေ​တောသား (1) ကလောင်စုံ (1) ကံချွန် (3) ကျမ်းမာသုခ ဂျာနယ် (1) ကျမ်းမာရေး (8) ကျွန်းရွာ​တောရဆရာ​တော်​ (1) ခင်ချိုထွန်းစာပေ (1) ခင်မျိုးချစ် (1) ခင်မောင်ညို (ဘောဂဗေဒ) (1) ခင်နှင်းယု (1) ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်း (1) ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်း (1) ချက်နည်းပြုတ်နည်း (1) ချစ်စံဝင်း (4) ချစ်မ (1) ချစ်ဦးညို (2) ချစ်နိုင်-စိတ်ပညာ (1) ချမ်းမြေ့ဆရာတော် (20) ဂါထာမန္တာန်ပေါင်ချုပ် (2) ဂီတတီးနည်း (1) ဂျာနယ်ကျော်မမလေး (1) ဂျာနယ်ကျော်မလေး (2) ဂျူး (4) ငယ်-လတ်-ကြီး-ဓမ္မစရိယ (1) စစ်​တုရင်​ ၉ အုပ်​ (1) စာအုပ်များ (10) စာအုပ်လမ်ညွှန် (1) စာ​ပေ ဇယား (1) စာ​ပေ​ဟော​ပြောပွဲ mp3 (1) စိမ့်(ပညာရေး) (2) စိုက်ပျိုးရေး (3) စိုးမြတ်သူဇာ (2) စံ-ဇာဏီဘို (3) စွမ်းထက်အောင် (1) စွယ်စုံကျမ်း ၁+၉ (2) ဆရာမင်းလူ (2) ဆရာဇော်ဂျီ (2) ဆရာတော်ဦးဇောတိက (1) ဆရာမောင်တိုး (1) ဆရာသောင်းလွင် (1) ဆရာကြီး ဦးဂိုရင်ဂါ (3) ဆရာကြီး ဦးဇေတဝန် (1) ဆားပုလင်းနှင်းမောင် (1) ဆုထူးပန်ဦးကျော် (1) ဆုမြတ်မွန်မွန် (1) ဆန္ဒအောင် (1) ဇင်သန့် (3) ဇင်ဝေသော် (1) ဇဝန (1) ဇာဂနာ (1) ဇ၀န (1) ညိုသောင်း (1) ညီသစ်​ (1) ညီမေတ္တာ (1) တက်တိုး (7) တက္ကသိုလ် စိန်တင် (1) တက္ကသိုလ် နေလင်းအောင် (4) တက္ကသိုလ်စိန်တင် (1) တက္ကသိုလ်နန္ဒမိတ် (1) တက္ကသိုလ်ဘုန်နိုင်၏စာအုပ်များ (10) တက္ကသိုလ်နေဝင်း (7) တင်မိုးလွင် (1) တင်ထွေး (2) တင်မောင်မြင့် (1) တင်​မိုး (1) တင်​​မော်​ (1) တတိုင်မွေး (1) တရားတော်များ (23) တာယာမင်းဝေ (4) တာတေ (1) တိပိဋကမြန်မာပြန် (3) တစ္ဆေ၀တ္ထု (2) ဒဂုန်ခင်ခင်လေး (1) ဒဂုန်ဦးစန်းငွေ (2) ဒဂုန်ရွှေမျှား (1) ဒဂုန်ရွှေမျှား (4) ဒီဃနိကာယ် ၃-ကျမ်း (1) ဒီလှိုင်းဂျာနယ် (2) ဒုတိယဗိုလ်မှူးကြီး သောင်းထိုက် (1) ဒဿန (1) ဓမ္မစရိယ ဦးအေးနိုင် (1) ဓမ္မစရိယ ဦး​ဋ္ဌေးလှိုင်​ (1) ဓမ္မာစရိယတန်းအတွက် (21) ဓမ္မာစရိယဦးအေးနိုင် (1) ဓမ္မာစရိယာဦးမောင်မောင်လေး (1) ဓမ္မကျောင်းတော် (1) ဓမ္မဘေရီ အရှင်ဝိရိယ (1) ဓာတ်ပုံပြုပြင်နည်းစာအုပ် (1) နည်းပညာဂျာနယ်များ (2) နည်းပညာစာအုပ်များ (40) နည်းပညာ (2) နန်းမာဆရာတော် အရှင်ဥာဏ (1) နိင်ငံရေးစာအုပ်များ (1) နီကိုရဲ (1) နန္ဒသိန်းဇံ (2) ပဌမသံဃယနာအ​မေးအ​ဖြေ (2) ပန်းငွေရုံဆရာတော် (1) ပန်းဝေဝေ (2) ပါရဂူ (10) ပါရဂူမင်းနန္ဒာ (1) ပိဋကတ်ကျမ်းစာ (1) ပီမိုးနင်း (3) ပုညခင် (2) ပုံပြင်စာအုပ် (1) ပျူး (3) ဖားအောက်တောရဆရာတော် (1) ဖိုးဇာ (1) ဖိုး​ကျော့ (1) ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်များ (4) ဗန်းမော်ဆရာတော် (1) ဗဟုသုတ (3) ဗဟုသုတဆောင်းပါး (3) ဗိုလ်ချုပ်အောင်ဆန်း (1) ဗိုလ်​မှူးဘရှင်​ (1) ဗုဒ္ဓစာပေ (1) ဗုဒ္ဓါဝင်​ ပန်း​ချီကားများ (1) ဗျူး (8) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ (11) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသMP3 (9) ဘာသာရေးဆောင်းပါး (23) ဘာသာပြန်​စာအုပ်​ (2) ဘာသာ​ရေး (4) ဘာသပြန် အင်္ဂလိပ် (1) မဂ္ဂဇင်း (5) မင်လူ ၏ စာအုပ်များ (1) မင်းခိုက်စိုးစံ (1) မင်းယုဝေ (3) မင်းသိင်္ခ (1) မင်းဇော် (1) မင်မြတ်သူရ (1) မင်းကိုနိုင်​ (1) မင်းလူ (1) မစန္ဒာ (1) မဇ္ဈိမနိကာယ် ၃-ကျမ်း (1) မမသဒ္ဒါမောင် (1) မသိ (1) မဟာဆွေ (1) မဟူရာ(လွိုင်ကော်) (1) မာဏဝ (1) မိတ်ဆက်လွှာ (1) မိန်းကလေး (3) မိုးကုတ်ဆရာတော်ဘုရားကြီး (5) မိုးတိမ်​ (1) မိုးမိုး (အင်းလျား) (3) မီကိုဇူးဇင် (3) မလေးငြိမ် (1) မျိုးမာန် (4) မျိုးသူရ (1) မှတ်​စု (1) မှုခင်း (4) ယဉ်ကျေးလိမ္မာ (53) ရန်ကုန်မျိုးသန့် (1) ရန်​​အောင်​ ​မောင်​​မောင်​ (1) ရာဇဂဏီ (1) ရဝေထွန်း (1) ရဝေနွယ် (အင်းမ) (2) ရဲညွန့် (1) ရှားပါးစာအုပ်များ (4) လကာင်္ရည်ကျော် (1) လင်းထွန်း (1) လင်းယုန်မောင်မောင် (6) လည်​တီဆရာ​တော်​ (3) လမင်းမို့မို့ (1) လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး M.A (2) လယ်တွင်းသားစောချစ် (15) လီနင် (1) လူထုစိန်ဝင်း (6) လူထုဦးလှ (3) လူပုဂ္ဂိုလ်များ (29) လူ​နေ (1) လရောင်ကျူးရင့် (2) ဝတ္တုရှည် (30) ဝိဇ္ဇာ (1) ဝိနယ ပိဋက မြန်မာပြန် (5) ကျမ်း (1) ဝိနိစ္ဆယ ကျမ်းစာအုပ်များ (1) ဝဏ္ဍသီရိ (1) သခင်ဘသောင်း (3) သခင်မြတ်ဆိုင် (1) သခင်​စိုး (1) သင်္ခါ (1) သင်းမြတ်နိုး (1) သစ်မွှေး (2) သည်ခေတ်နေ (1) သတိုးဝီရ (1) သတိုးတေဇ (3) သန်းထိုက်ရွှေရိပ် (2) သန်းသန်းတင့် (1) သန်းငြိမ်းအေး (1) သမိန်ပေါ့သွယ် (1) သမိုင်းစာအုပ်များ (1) သရ(ICT) (1) သာမဏေကျော် စာမေးပွဲ အတွက် (1) သိန်းဖေမြင့် (1) သိမ့်သိမ့်နွေး (1) သိုင်​ဝတ္ထုများ (1) သိုး​ဆောင်း (1) သီချင်းစာအုပ်​ (1) သီတဂူဆရာ​တော်​ mp3 တရား (2) သီရိသဒ္ဓမ္မာ လကာင်္ရ (1) သုခ (5) သုတ/ရသ (7) သုတ္တသင်္ဂဟ (1) သုသိဏ် (1) သူရထိုက် (1) သံယုတ္တနိကာယ် ၅-ကျမ်း (1) သျှင်မ (1) သျှင်ဥက္ကဌ (1) ဟာသ (2) အဂ္ဂဝိဇ္ဇာ (1) အင်္ဂလိပ်စကားပြော စာအုပ် (1) အင်္ဂလိပ်စာရေးရန် (1) အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း (1) အင်အားဂျာနယ် (3) အဘိဓမ္မာ ပိဋက မြန်မာပြန် (1) အရှင်ကုမာရ (3) အရှင်ဆန္ဒာဓိက (33) အရှင်ဇနကာဘိဝံသ (1) အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ (5) အရှင်အာစရာလင်္ကာရ (1) အရှင်ဥာဏ (1) အရှင်ဆေကိန္ဒ (26) အလှပုံများ (9) အားကစား ဂျာနယ်​ (3) အိမ်လွမ်းသူ (1) အတွေး (1) အကြည်တော် (8) အရှင်ကုဏ္ဍလာဘိဝံသ (1) အရှင်ဂုဏိန္ဒ (1) အရှင်ဇနကာဘိဝံသ (1) အရှင်ဇာနေယျ (1) အရှင်နန္ဒမာလာဘိဝံသ (1) အရှင်နန္ဒမာလာ (1) အရှင်​ဆန္ဒာဓိက (1) အ​မေးအ​ဖြေ (1) ဥပဒေ စာအုပ်များ (10) ဥပဒေစာအုပ်များ (14) ဥာဏ်ကြွယ် (1) ဦးခင်ညွန့် (1) ဦးချစ်မောင် (1) ဦးစိုးတင့် ( တောင်ကြီး ) (1) ဦးဆန်းလွင် (1) ဦးထွန်လှ (2) ဦးထွဋ္ဋ် (1) ဦးပညာစာမိ (1) ဦးပုကလေး (1) ဦးသက်စိန် -ဖြူး (1) ဦးသက္က (1) ဦးဟုတ်စိန် (1) ဦးဌေးလှိုင်( ဓမ္မာစရိယ ) (1) ဦးရွှေအောင် (2) ဦးသော်ဇင် (1) ဦးအောင်ခင် (1) ဦးအောင်ညွန့်ဝင်း (1) ဦးအောင်လင်း (1) ဦးအောင်ဟိန်းကျော် (1) ဦးအေးမောင် (4) ဦးနု (2) ဦးဂိုအင်​ကာ (1) ဦးထွန်း (1) ဦးပဏ္ဍိတ (1) ဦးဘသန်း (1) ဦးငြိမ်းမောင် (1) ဦး​ဌေးလှိုင်​ (1) ကောင်းထက် (1) ကျော်နန္ဒအောင် (1) ကျော်လှိုင် (1) ငွေဥဒေါင်း (6) ငွေကြည် (1) စောမုံညင်း (1) ဆောင်းပါး (6) ဆွေလှိုင်ဦး (1) ဆွေလှိုင်ဦး (1) ထောင်မှူးကြီး သိန်းဝင်း (1) ထောင်မှူးကြီးသိန်းဝင်း (2) ထောင်မှူးကြီးသိန်းဝင်းနှင့် သူရိန်ထွန်း (2) ဒေါက်တာ အရှင်ကောဝိဒ (1) ဒေါက်တာမင်းတင်မွန် (1) ဒေါက်တာလှဖေ (2) ဒေါက်တာသန်းထွန်း (4) ဒေါက်တာမောင်မောင်ညို (1) ဒေါ်အုန်းကြည်သား (1) နေစိုးထက် (1) နေဝင်း(လန်ဒန် (1) ဖေဖေကျော် (1) ဖေမြင့် (5) မေတ္တာရှင်ရွှေပြည်သာ (2) မောင်ကွန်ပျူတာ (1) မောင်ညိုမှိုင်း(သန်လျင်) (1) မောင်ထင် (1) မောင်ထွန်းသူ (2) မောင်ထွန်းမြိုင် (1) မောင်မိုးသူ (1) မောင်ဝံသ (1) မောင်သိန်းလွင် (2) မောင်ကောင်းထိုက် (1) မောင်မောင် (ရွှေကရ၀ိတ်) (1) မောင်မောင်မြင့်သိန်း(စက်မူတက္ကသိုလ်) (1) မောင်ရွှေခေတ် (2) မော်စီတုန်း (1) မှော်ပီဆရာသိန်းကြီး (1) ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဥပဒေများ (1) ရွှေဥဒေါင်း (3) သောင်းညွန့်သစ် (2) သောင်းဝေဦး (3) သော်တာဆွေ (2) အောင်သင်း (5) အောင်မြင်ရေးဆောင်းပါး (1) ကြေးမုံသတင်းစာ (24) ပြည်သူ့နီတိ (1) ပြည့်ပိုင်မှူး (1) ပြည့်ပိုင်မှူးအိမ် (1) ဖြူးဆရာ​တော် mp3 (1) ဖြူးးဆရာတော် (2) မြတ်ခိုင် (1) မြန်မာစွယ်စုံကျမ်း (1) မြန်မာ့အလင်းသတင်စာ (22) မြသန်းတင့် (20) မြကေတု (1) ၀ဏ္ဏသီရိ (1) ၀တ္ထုစာအုအ်များ (7) ကြည်​ဦး (1) ကြယ်စင်မှူးဝေ (1) တြိစက္က (2) နိုင်ငံရေး (1) နိုင်ငံရေး စာအုပ်စင် (2) နိုင်ငံရေးသမိုင်းစာအုပ်များ (1) နိုင်ပန်းလှ (1) နွယ်ဂျာသိုင်း (1) ​ဝင်း​မောင်​ထက်​ (1) ​ကျော်​မြသန်း (1) ​ဒေါက်တာနန္ဒမာလာဘိဝံသ (1) ​မောင်သာချို (1) ​မောင်​သိန်​​ဖေ (1) ​မောင်​နှင်​​ဆွေ (1) ​ရေနံ့သာဝင်း​မောင်​ (1) ​အောင်​​ကြောင်​ဖြာ (1) ​​ဒေါက်တာ​ မင်းတင်​မွန်​ (1) ​​ဒေါက်တာ​ ​အောင်​ခင်​ဆြင့်​ (1) ​​မောင်​ခိုင်​မာ (1)
လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။

Unordered List

Monday, September 7, 2015

ဗုဒ္ဓက ဘာလို့ ရှေးဘဝ နောက်ဘဝ ယုံခိုင်းသလဲ







စာရေးသူမှာ ဥရောပသား မိတ်ဆွေ ရှိပါတယ်။ သူတို့လည်း လူငယ်တွေ ဖြစ်ကြပြီး ဘာသာရေး အကြောင်း ပြောဖြစ်တဲ့ အခါ သူတို့ဟာ ဘယ်ဘာသာကိုမှ မကိုးကွယ်ကြောင်း သိရတော့ အင်မတန် အံ့သြ မိပါတယ်။ ဒါက သက်သက်ပါ။ ဗုဒ္ဓ ဘာသာနဲ့ ပက်သက်ပြီး ပြောဆိုမိတာ ကတော့ ရှေးဘဝ နောက်ဘဝ အကြောင်း ဖြစ်ပါတယ်။ သူ့ အနေနဲ့ ရှေး ဘဝ (Past Existence of life) နဲ့ နောင်လာမယ့် ဘဝ (Future Life) အပေါ်မှာ အယုံအကြည် မရှိပါဘူးတဲ့။ လက်ရှိ ဆင်းရဲနေသူတွေ အင်မတန် ဆင်းရဲပြီး ဒါဟာ ရှေးဘဝ အကုသိုလ်ကြောင့်၊ ချမ်းသာတဲ့ သူတွေ ကျပြန်တော့လဲ ဒါက ရှေးဘဝ ကုသိုလ် ကောင်းမှုကြောင့်လို့ ပြောနေကြတာ လုံးဝ မတရား ပါဘူးတဲ့။ သူဒါကို လုံးဝ လက်မခံ ပါဘူးတဲ့။ ဒါနဲ့ စာရေးသူလည်း တတ်နိုင်သလောက် ရှင်းပြ ပေးတော့ သူလည်း လက်ခံ သွား ပါတယ်။ စာဖတ်သူ တို့ကို ပြန်လည် မျှဝေ ပေးရမယ် ဆိုရင်တော့ …

ရှေးဘဝ ဘာကြောင့် ယုံသင့်သလဲ

ကျနော်တို့ မွေးဖွားလာတယ်။ ကြီးပြင်းလာတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အခါ ချမ်းသာတွေ၊ ကြွယ်ဝ သူတွေ လုပ်ငန်း ကိုင်ငန်း အဆင်ပြေသူတွေ များစွာ ရှိတာကို မြင်တွေ့ ရမှာပါ။ တစ်ဖက်မှာလည်း ဆင်းရဲ သူတွေ၊ အနာရောဂါ ထူပြားသူတွေ များစွာ ရှိပါတယ်။ ကိုယ်တိုင် ကို ပြန်ကြည့်ကျတော့လဲ အဖြေက တစ်မျိုးပေါ့။ ဒီတော့ ဆင်းရဲသူတွေက ချမ်းသာသူတွေကို ကြည့်ပြီးတော့ မုဒိတာ မပွားနိုင်ပဲ မနာလို အူတို ဖြစ်ရင်ဖြစ်မယ် မဖြစ်ရင် မဖြစ်ဘူး။ သို့ပေမယ့် ကြိမ်းသေ ဖြစ်မှာက မိမိကိုယ်ကို ပြန်လည် နှိပ်စက် ညဉ်းဆဲတဲ့ (Self Insulting) ကတော့ ကြိမ်းသေ ဖြစ်ပါတယ်။ သူဟာ ဒေါသ (Anger) စိတ်၊ အမုန်းစိတ် (Hatred) မွေးဖွား စေပြီး နောက်ဆက်တွဲ အနေနဲ့ ကိုယ်တိုင် ထိခိုက်တာတင် မကပဲတော့ ပတ်ဝန်းကျင်က အခြား သူတစ်ပါး တွေအပေါ် သက်ရောက် ပါတော့တယ်။ အလွယ် အားဖြင့် ကြည့်ရင် ခိုးမယ်။ သတ်မယ်။ လုယက်မယ်၊ နောက်ဆုံး ဖြစ်လာ မှာ ကတော့ ကမ္ဘာ ပျက်တဲ့ အချိန်ပါပဲ။

ဒီတော့ မြတ်စွာ ဘုရားက ဟောပါတယ်။ ဒါဟာ ရှေးဘဝ အကုသိုလ် ကံတွေ အကျိုးပေးနေခြင်း ကြောင့်ပါတဲ့။ ယင်း အကုသိုလ်က သံသရာ တစ်လျှောက် (Cycle of Rebirth) မှာ ကျင်လည် (repeat) ဖြစ်နေသေး သရွေ့ ကတော့ ခံနေရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ကောင်းမှုတွေနဲ့ ပြန် အစားထိုး ကြိုးစားရင်၊ တရား ဓမ္မ ကျင့်ကြံရင် လွတ်မြောက်မယ်လို့ ဆိုခဲ့ ပါတယ်။ ဒီတော့ ဘုရားဟော တရားကို လက်ခံပြီး ကျင့်ကြံ သူတို့ဟာ လက်ရှိမှာ ဘယ်လောက်ပဲ ဆင်းရဲ ဆင်းရဲ၊ ဒုက္ခ ဘယ်လောက်ပဲ ရောက်ရောက်၊ အဆိုးဆုံး အနေနဲ့ ပတ်ဝန်းကျင်က ဖယ်ခွာ ခံရရင်တောင် ဒါဟာ ငါပြုတဲ့ ရှေးဘဝ အကုသိုလ် ကံကြောင့် ပါလားလို့ သံဝေဂဥာဏ်ကို တည်စေ ပါတယ်။ တစ်နည်းအားဖြင့် ယောနိသော မနသိ ကာယ လို့ခေါ်တဲ့ Positive Point of View and Thinking ( အကောင်းဘက်မှ ရှုခြင်း၊ မြင်ခြင်း) ဆိုတဲ့ စိတ်ကို ပေါ်ပေါက် စေပါတယ်။ ဒီတော့ ဒေါသ ဖြစ်မယ့် အစား ဒေါသ ကို ဖြေမယ့် စိတ်တွေ ဖြစ်လာ တာကြောင့် ကောင်းမှု မပြု ရင်တောင် သေချာတာကတော့ သူ မကောင်းမှု မပြုတော့ဘူး။ ပြုရင်တောင်မှ သတိ လက်လွတ်မှပဲ ပြုလုပ်လိမ့်မယ်။ သတိ တစ်ခု ပြန်ယှဉ်တဲ့ အခါ သူ သတိထား သွားလိမ့်မယ်။ အားလုံးသာ ရှေးဘဝကို ယုံပြီး Positive Point of View and Thinking ကို အမြဲတော့ remind လုပ်နိုင်မယ် ဆိုရင် ကမ္ဘာက အမြဲအေးချမ်းမှာပါပဲ။ ဒီအချက်က ရှေးဘဝကို ယုံသင့်ကြောင်း ထဲမှာ အသေးစိတ် မျှသော တစ်ချက်သာ ဖြစ်ပါတယ်။ ဒီထက် နက်နဲတာ ကတော့ စာဖတ်သူတို့ ကိုယ်တိုင် နောက်မှ လေ့လာ နိုင်ပါတယ်။

နောင်ဘဝ ယုံသင့်ကြောင်း

လူသေလူဖြစ် ထက် လူသေ ဘာမှ မဖြစ် (End of life) ကို ယုံကြည်သူ များစွာ ရှိပါတယ်။ ယင်းသို့ ယုံကြည်သူ အများစုမှာ တွေ့ရှိရတဲ့ ပြသနာက Action and Reaction အပေါ် လက်ခံမှု နည်းပါး သွားခြင်း ဖြစ်ပါ တယ်။ ပြုလုပ် လိုက်တဲ့ ကောင်းတဲ့ အလုပ်၊ မကောင်းတဲ့ အလုပ် တိုင်းမှာ တူညီတဲ့ သက်ရောက်မှု ကို ပြန်လည် ခံစား (Suffer) ရမယ် လို့ မြတ်စွာ ဘုရားက ဟောကြားခဲ့ ပါတယ်။ ဒါကတော့ ငြင်းစရာ မလိုလောက်အောင် သွေးထွက် လောက်အောင် မှန်တာကို အများစု လက်ခံ ကြပါတယ်။ ကိုယ့်မျက်စိ ရှေ့မှာ ကောင်းမှု လုပ်သူတွေကို မြင်တွေ့ ရပြီး သူတို့လေးတွေ ဆက်ပြီးတော့ ကောင်းတဲ့ ကံတွေ၊ အခြေအနေတွေ ကြုံတွေ့ နေရတာကို အားလုံး မြင်ကြ မှာပါ။ ကိုယ်တိုင်လည်း ကြုံပါလိမ့်မယ်။ ဒါဆို မကောင်းတဲ့ အမှုကိစ္စ ဘက်ကို လှည့်ရအောင်။ ကိုယ်ကိုယ်တိုင် ကနေ စကြည့်မယ်။ မကောင်းမှု တစ်ခု ပြုလုပ်ခဲ့တယ် ဆိုပါစို့။ ပြုသူ ကျန်ုပ်တို့ရဲ့ စိတ်အသွင် သဏ္ဍာန် ထဲမှာ ကိန်းအောင်း နေတတ်ပြီး မရှုတတ်ရင် မသေမချင်း အချိန်အထိ စိတ်ကို နှိပ်စက် နေပါလိမ့်မယ်။ ဒါက အလွယ်ဆုံး ရှင်းပြ မူပါ။ မကောင်းမှုတွေ ကြီးကြီး မားမား လုပ်လို့ မကောင်းတဲ့ အပြစ်ကို ချက်ချင်း လက်ငင်း ပြန်ခံ ရတာတွေကလည်း သာဓကတွေ မနည်း ပါဘူး။

သို့ပေမယ့် အချို့ကျတော့လည်း အဆန်း။ အခု အပြစ်လုပ်တယ်။ စိတ်ကောင်း မထားဘူး။ မဟုတ်တာ လုပ်တယ်။ ပတ်ဝန်းကျင် နဲ့ သူတစ်ပါးကို နှိပ်စက် ညဉ်းဆဲတယ်။ ဘာမှ ဆိုးကျိုး မခံးစားရတဲ့ အပြင်၊ လက်ရှိမှာ ဆက်ပြီးတော့တောင် ကောင်းစား နေပါသေးတယ်။ အဲ့လို လူတွေလည်း အများကြီးပါ။ ဒါဟာ ရှေးဘဝ ကောင်းမှုတွေရဲ့ အကျိုးကို ခံစားဖို့ အခါ အခွင့် သင့်နေသေးလို့ ဖြစ်ပြီးအဲဒီ မကောင်းမှု ကံကို ကြုံဖို့ အခါအခွင့် မသင့် သေးလို့ ဖြစ်ကြောင်း မြတ်စွာ ဘုရားက အဘိဓမ္မာမှာ တိတိ ကျကျ ဟောကြားခဲ့ ပါတယ်။ ဒီတော့ ဒီတစ် ဘဝ မကြုံရင်နောင် နောင် ဘဝ သံသရာ အဆက်ဆက်မှာ ဒီအတွက် အကြွေး ဆပ်ရမယ်.။ ဝဋ်လည် ရမယ်လို့ ကြိမ်းသေ ဟောခဲ့ ပြန်ပါတယ်။ ဒါကို သိပြီး ဥာဏ်ဖြင့် ရှုမြင်တဲ့ သူတွေရဲ့ စိတ်သဏ္ဍာန် ထဲမှာ ယောနိသော မနသိကာရ လို့ခေါ်တဲ့ Positive thinking and viewing ကပဲ ပြန်လည် ကိန်းအောင်း အုံးမယ် ဆိုရင် ဒါဟာ အတော်လေး ကောင်းသွား ပြီ။ သူ မကောင်းတာတွေ လက်ရှိမှာ မလုပ်ရဲတော့ဘူး။ ဒါဟာ အနာဂတ်မှာ ကြိမ်းသေ ခံစားရမယ် အကြွေးဆပ်ရမယ် ဆိုတာကို သိသွားတယ်။ နောင်ဘဝမှာ ဆပ်ရမယ် ဆိုတာကို သိသွား တယ်။ အကယ်၍ ကောင်းတာတွေ လုပ်ရင်လည်း ဒီဘဝ မခံစား ရရင်တောင် နောင်ဘဝ ခံစားရမယ် ဆိုတာ ကိုလည်း သိသွားတယ်။ ဒီတော့ ကောင်းတာတွေပဲ ဆက်တိုက် လုပ်တော့မှာ ဖြစ်ပါတယ်။

အနှစ်ချုပ်

အနှစ်ချုပ် အားဖြင့် ဆိုရရင် ဒီဘဝ ကောင်းနေတာတွေ၊ ဆိုးနေတာတွေဟာ အကြောင်းမဲ့ မဟုတ်ပဲ ရှေးဘဝ အဆက်ဆက်က ကုသိုလ် အကုသိုလ် အမှု ကိစ္စ (Wholesome and Unwholesome deeds) ကြောင့် ဖြစ်ပြီး ခု ကောင်းတာတွေ လုပ်နေတာ၊ မကောင်းတာတွေ လုပ်နေရတာဟာ Cycle of Rebirth ဖြစ်နေတဲ့ ၃၁ ဘုံ (31 Planes of Existence) မှာ ပြန်လည် ဝဋ်ကြွေး ဆပ်ရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ မြတ်စွာဘုရားက ကြောက်ဖို့ အတွက် ခြောက်လန့်ခဲ့တာ မဟုတ် ပါဘူး။ ဥာဏ်နဲ့ သိပြီး သတိ (Mindful) အမြဲ ယှဉ်လို့ ကောင်းတာတွေသာ လုပ်ဆောင် သွားဖို့ ဖြစ်ပါတယ်။ ဒီလောက် ဆိုရင် မြတ်စွာ ဘုရားက ရှေးဘဝ၊ နောင်ဘဝ ကို ဘာကြောင့် ယုံခိုင်း သလဲ ဆိုတာ အကြမ်းအားဖြင့် သိရှိပြီလို့ မျော်လင့် ပါတယ်။

.

အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment