Labels

APP (3) Ashin Revata (1) Auto World Journal (1) Blogger များ (10) Chan Myay Mying Sayadaw (2) DVD တရားခွေများ (5) Dhamma Talk (English) MP3 (1) Dr Ashin Dhammapiya (2) Dr. Mehm Tin Mon (8) Dr. Nandamalabhivamsa (3) Facebook ဆိုင်​ရာ (1) IT ebook (1) Inside jornel (1) Lလင်း (1) MP3 (10) Maha Thera Ledi Sayadaw (3) Mingun Sayadaw (10) Mogok SayaDaw U Wimala (7) NetGuide (6) Photos (1) SAR MAUNG TOH (1) U Pannya Vamsa (1) U San Lwin's Dhamma Talks (1) ViDeo dhanma (2) Videos (2) Website (1) Zar Ni (2) apk for Android Smart Phone (4) e-Book in English (42) ×××× (3) ကဗျာများ (5) ကာတွန်း (13) ကိုနေ (1) ကိုလေးမြတ် (1) ကို​ရွှေ​တောသား (1) ကလောင်စုံ (1) ကံချွန် (3) ကျမ်းမာသုခ ဂျာနယ် (1) ကျမ်းမာရေး (8) ကျွန်းရွာ​တောရဆရာ​တော်​ (1) ခင်ချိုထွန်းစာပေ (1) ခင်မျိုးချစ် (1) ခင်မောင်ညို (ဘောဂဗေဒ) (1) ခင်နှင်းယု (1) ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်း (1) ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်း (1) ချက်နည်းပြုတ်နည်း (1) ချစ်စံဝင်း (4) ချစ်မ (1) ချစ်ဦးညို (2) ချစ်နိုင်-စိတ်ပညာ (1) ချမ်းမြေ့ဆရာတော် (20) ဂါထာမန္တာန်ပေါင်ချုပ် (2) ဂီတတီးနည်း (1) ဂျာနယ်ကျော်မမလေး (1) ဂျာနယ်ကျော်မလေး (2) ဂျူး (4) ငယ်-လတ်-ကြီး-ဓမ္မစရိယ (1) စစ်​တုရင်​ ၉ အုပ်​ (1) စာအုပ်များ (10) စာအုပ်လမ်ညွှန် (1) စာ​ပေ ဇယား (1) စာ​ပေ​ဟော​ပြောပွဲ mp3 (1) စိမ့်(ပညာရေး) (2) စိုက်ပျိုးရေး (3) စိုးမြတ်သူဇာ (2) စံ-ဇာဏီဘို (3) စွမ်းထက်အောင် (1) စွယ်စုံကျမ်း ၁+၉ (2) ဆရာမင်းလူ (2) ဆရာဇော်ဂျီ (2) ဆရာတော်ဦးဇောတိက (1) ဆရာမောင်တိုး (1) ဆရာသောင်းလွင် (1) ဆရာကြီး ဦးဂိုရင်ဂါ (3) ဆရာကြီး ဦးဇေတဝန် (1) ဆားပုလင်းနှင်းမောင် (1) ဆုထူးပန်ဦးကျော် (1) ဆုမြတ်မွန်မွန် (1) ဆန္ဒအောင် (1) ဇင်သန့် (3) ဇင်ဝေသော် (1) ဇဝန (1) ဇာဂနာ (1) ဇ၀န (1) ညိုသောင်း (1) ညီသစ်​ (1) ညီမေတ္တာ (1) တက်တိုး (7) တက္ကသိုလ် စိန်တင် (1) တက္ကသိုလ် နေလင်းအောင် (4) တက္ကသိုလ်စိန်တင် (1) တက္ကသိုလ်နန္ဒမိတ် (1) တက္ကသိုလ်ဘုန်နိုင်၏စာအုပ်များ (10) တက္ကသိုလ်နေဝင်း (7) တင်မိုးလွင် (1) တင်ထွေး (2) တင်မောင်မြင့် (1) တင်​မိုး (1) တင်​​မော်​ (1) တတိုင်မွေး (1) တရားတော်များ (23) တာယာမင်းဝေ (4) တာတေ (1) တိပိဋကမြန်မာပြန် (3) တစ္ဆေ၀တ္ထု (2) ဒဂုန်ခင်ခင်လေး (1) ဒဂုန်ဦးစန်းငွေ (2) ဒဂုန်ရွှေမျှား (1) ဒဂုန်ရွှေမျှား (4) ဒီဃနိကာယ် ၃-ကျမ်း (1) ဒီလှိုင်းဂျာနယ် (2) ဒုတိယဗိုလ်မှူးကြီး သောင်းထိုက် (1) ဒဿန (1) ဓမ္မစရိယ ဦးအေးနိုင် (1) ဓမ္မစရိယ ဦး​ဋ္ဌေးလှိုင်​ (1) ဓမ္မာစရိယတန်းအတွက် (21) ဓမ္မာစရိယဦးအေးနိုင် (1) ဓမ္မာစရိယာဦးမောင်မောင်လေး (1) ဓမ္မကျောင်းတော် (1) ဓမ္မဘေရီ အရှင်ဝိရိယ (1) ဓာတ်ပုံပြုပြင်နည်းစာအုပ် (1) နည်းပညာဂျာနယ်များ (2) နည်းပညာစာအုပ်များ (40) နည်းပညာ (2) နန်းမာဆရာတော် အရှင်ဥာဏ (1) နိင်ငံရေးစာအုပ်များ (1) နီကိုရဲ (1) နန္ဒသိန်းဇံ (2) ပဌမသံဃယနာအ​မေးအ​ဖြေ (2) ပန်းငွေရုံဆရာတော် (1) ပန်းဝေဝေ (2) ပါရဂူ (10) ပါရဂူမင်းနန္ဒာ (1) ပိဋကတ်ကျမ်းစာ (1) ပီမိုးနင်း (3) ပုညခင် (2) ပုံပြင်စာအုပ် (1) ပျူး (3) ဖားအောက်တောရဆရာတော် (1) ဖိုးဇာ (1) ဖိုး​ကျော့ (1) ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်များ (4) ဗန်းမော်ဆရာတော် (1) ဗဟုသုတ (3) ဗဟုသုတဆောင်းပါး (3) ဗိုလ်ချုပ်အောင်ဆန်း (1) ဗိုလ်​မှူးဘရှင်​ (1) ဗုဒ္ဓစာပေ (1) ဗုဒ္ဓါဝင်​ ပန်း​ချီကားများ (1) ဗျူး (8) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ (11) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသMP3 (9) ဘာသာရေးဆောင်းပါး (23) ဘာသာပြန်​စာအုပ်​ (2) ဘာသာ​ရေး (4) ဘာသပြန် အင်္ဂလိပ် (1) မဂ္ဂဇင်း (5) မင်လူ ၏ စာအုပ်များ (1) မင်းခိုက်စိုးစံ (1) မင်းယုဝေ (3) မင်းသိင်္ခ (1) မင်းဇော် (1) မင်မြတ်သူရ (1) မင်းကိုနိုင်​ (1) မင်းလူ (1) မစန္ဒာ (1) မဇ္ဈိမနိကာယ် ၃-ကျမ်း (1) မမသဒ္ဒါမောင် (1) မသိ (1) မဟာဆွေ (1) မဟူရာ(လွိုင်ကော်) (1) မာဏဝ (1) မိတ်ဆက်လွှာ (1) မိန်းကလေး (3) မိုးကုတ်ဆရာတော်ဘုရားကြီး (5) မိုးတိမ်​ (1) မိုးမိုး (အင်းလျား) (3) မီကိုဇူးဇင် (3) မလေးငြိမ် (1) မျိုးမာန် (4) မျိုးသူရ (1) မှတ်​စု (1) မှုခင်း (4) ယဉ်ကျေးလိမ္မာ (53) ရန်ကုန်မျိုးသန့် (1) ရန်​​အောင်​ ​မောင်​​မောင်​ (1) ရာဇဂဏီ (1) ရဝေထွန်း (1) ရဝေနွယ် (အင်းမ) (2) ရဲညွန့် (1) ရှားပါးစာအုပ်များ (4) လကာင်္ရည်ကျော် (1) လင်းထွန်း (1) လင်းယုန်မောင်မောင် (6) လည်​တီဆရာ​တော်​ (3) လမင်းမို့မို့ (1) လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး M.A (2) လယ်တွင်းသားစောချစ် (15) လီနင် (1) လူထုစိန်ဝင်း (6) လူထုဦးလှ (3) လူပုဂ္ဂိုလ်များ (29) လူ​နေ (1) လရောင်ကျူးရင့် (2) ဝတ္တုရှည် (30) ဝိဇ္ဇာ (1) ဝိနယ ပိဋက မြန်မာပြန် (5) ကျမ်း (1) ဝိနိစ္ဆယ ကျမ်းစာအုပ်များ (1) ဝဏ္ဍသီရိ (1) သခင်ဘသောင်း (3) သခင်မြတ်ဆိုင် (1) သခင်​စိုး (1) သင်္ခါ (1) သင်းမြတ်နိုး (1) သစ်မွှေး (2) သည်ခေတ်နေ (1) သတိုးဝီရ (1) သတိုးတေဇ (3) သန်းထိုက်ရွှေရိပ် (2) သန်းသန်းတင့် (1) သန်းငြိမ်းအေး (1) သမိန်ပေါ့သွယ် (1) သမိုင်းစာအုပ်များ (1) သရ(ICT) (1) သာမဏေကျော် စာမေးပွဲ အတွက် (1) သိန်းဖေမြင့် (1) သိမ့်သိမ့်နွေး (1) သိုင်​ဝတ္ထုများ (1) သိုး​ဆောင်း (1) သီချင်းစာအုပ်​ (1) သီတဂူဆရာ​တော်​ mp3 တရား (2) သီရိသဒ္ဓမ္မာ လကာင်္ရ (1) သုခ (5) သုတ/ရသ (7) သုတ္တသင်္ဂဟ (1) သုသိဏ် (1) သူရထိုက် (1) သံယုတ္တနိကာယ် ၅-ကျမ်း (1) သျှင်မ (1) သျှင်ဥက္ကဌ (1) ဟာသ (2) အဂ္ဂဝိဇ္ဇာ (1) အင်္ဂလိပ်စကားပြော စာအုပ် (1) အင်္ဂလိပ်စာရေးရန် (1) အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း (1) အင်အားဂျာနယ် (3) အဘိဓမ္မာ ပိဋက မြန်မာပြန် (1) အရှင်ကုမာရ (3) အရှင်ဆန္ဒာဓိက (33) အရှင်ဇနကာဘိဝံသ (1) အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ (5) အရှင်အာစရာလင်္ကာရ (1) အရှင်ဥာဏ (1) အရှင်ဆေကိန္ဒ (26) အလှပုံများ (9) အားကစား ဂျာနယ်​ (3) အိမ်လွမ်းသူ (1) အတွေး (1) အကြည်တော် (8) အရှင်ကုဏ္ဍလာဘိဝံသ (1) အရှင်ဂုဏိန္ဒ (1) အရှင်ဇနကာဘိဝံသ (1) အရှင်ဇာနေယျ (1) အရှင်နန္ဒမာလာဘိဝံသ (1) အရှင်နန္ဒမာလာ (1) အရှင်​ဆန္ဒာဓိက (1) အ​မေးအ​ဖြေ (1) ဥပဒေ စာအုပ်များ (10) ဥပဒေစာအုပ်များ (14) ဥာဏ်ကြွယ် (1) ဦးခင်ညွန့် (1) ဦးချစ်မောင် (1) ဦးစိုးတင့် ( တောင်ကြီး ) (1) ဦးဆန်းလွင် (1) ဦးထွန်လှ (2) ဦးထွဋ္ဋ် (1) ဦးပညာစာမိ (1) ဦးပုကလေး (1) ဦးသက်စိန် -ဖြူး (1) ဦးသက္က (1) ဦးဟုတ်စိန် (1) ဦးဌေးလှိုင်( ဓမ္မာစရိယ ) (1) ဦးရွှေအောင် (2) ဦးသော်ဇင် (1) ဦးအောင်ခင် (1) ဦးအောင်ညွန့်ဝင်း (1) ဦးအောင်လင်း (1) ဦးအောင်ဟိန်းကျော် (1) ဦးအေးမောင် (4) ဦးနု (2) ဦးဂိုအင်​ကာ (1) ဦးထွန်း (1) ဦးပဏ္ဍိတ (1) ဦးဘသန်း (1) ဦးငြိမ်းမောင် (1) ဦး​ဌေးလှိုင်​ (1) ကောင်းထက် (1) ကျော်နန္ဒအောင် (1) ကျော်လှိုင် (1) ငွေဥဒေါင်း (6) ငွေကြည် (1) စောမုံညင်း (1) ဆောင်းပါး (6) ဆွေလှိုင်ဦး (1) ဆွေလှိုင်ဦး (1) ထောင်မှူးကြီး သိန်းဝင်း (1) ထောင်မှူးကြီးသိန်းဝင်း (2) ထောင်မှူးကြီးသိန်းဝင်းနှင့် သူရိန်ထွန်း (2) ဒေါက်တာ အရှင်ကောဝိဒ (1) ဒေါက်တာမင်းတင်မွန် (1) ဒေါက်တာလှဖေ (2) ဒေါက်တာသန်းထွန်း (4) ဒေါက်တာမောင်မောင်ညို (1) ဒေါ်အုန်းကြည်သား (1) နေစိုးထက် (1) နေဝင်း(လန်ဒန် (1) ဖေဖေကျော် (1) ဖေမြင့် (5) မေတ္တာရှင်ရွှေပြည်သာ (2) မောင်ကွန်ပျူတာ (1) မောင်ညိုမှိုင်း(သန်လျင်) (1) မောင်ထင် (1) မောင်ထွန်းသူ (2) မောင်ထွန်းမြိုင် (1) မောင်မိုးသူ (1) မောင်ဝံသ (1) မောင်သိန်းလွင် (2) မောင်ကောင်းထိုက် (1) မောင်မောင် (ရွှေကရ၀ိတ်) (1) မောင်မောင်မြင့်သိန်း(စက်မူတက္ကသိုလ်) (1) မောင်ရွှေခေတ် (2) မော်စီတုန်း (1) မှော်ပီဆရာသိန်းကြီး (1) ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဥပဒေများ (1) ရွှေဥဒေါင်း (3) သောင်းညွန့်သစ် (2) သောင်းဝေဦး (3) သော်တာဆွေ (2) အောင်သင်း (5) အောင်မြင်ရေးဆောင်းပါး (1) ကြေးမုံသတင်းစာ (24) ပြည်သူ့နီတိ (1) ပြည့်ပိုင်မှူး (1) ပြည့်ပိုင်မှူးအိမ် (1) ဖြူးဆရာ​တော် mp3 (1) ဖြူးးဆရာတော် (2) မြတ်ခိုင် (1) မြန်မာစွယ်စုံကျမ်း (1) မြန်မာ့အလင်းသတင်စာ (22) မြသန်းတင့် (20) မြကေတု (1) ၀ဏ္ဏသီရိ (1) ၀တ္ထုစာအုအ်များ (7) ကြည်​ဦး (1) ကြယ်စင်မှူးဝေ (1) တြိစက္က (2) နိုင်ငံရေး (1) နိုင်ငံရေး စာအုပ်စင် (2) နိုင်ငံရေးသမိုင်းစာအုပ်များ (1) နိုင်ပန်းလှ (1) နွယ်ဂျာသိုင်း (1) ​ဝင်း​မောင်​ထက်​ (1) ​ကျော်​မြသန်း (1) ​ဒေါက်တာနန္ဒမာလာဘိဝံသ (1) ​မောင်သာချို (1) ​မောင်​သိန်​​ဖေ (1) ​မောင်​နှင်​​ဆွေ (1) ​ရေနံ့သာဝင်း​မောင်​ (1) ​အောင်​​ကြောင်​ဖြာ (1) ​​ဒေါက်တာ​ မင်းတင်​မွန်​ (1) ​​ဒေါက်တာ​ ​အောင်​ခင်​ဆြင့်​ (1) ​​မောင်​ခိုင်​မာ (1)
လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။

Unordered List

Monday, September 7, 2015

သာသနာအတွက် တုနှိုင်းမဲ့သည့် ဝိသာခါ





သူသူထက်လွင်

ဗမာတိုင်းရင်းသားများတွင် ရိုးရာဓလေ့ပုံပြင်များ အပြင် ကိုးကွယ်မှုဆိုင်ရာ စိတ်ဝင်စားဖွယ်ကောင်း သော ဗုဒ္ဓဝင်ပုံပြင်များ၊ ဓမ္မပဒပုံပြင်များလည်းရှိသည်။ အဆိုပါ ဗုဒ္ဓဝင်ပုံပြင်များစွာအနက် အမျိုး ဘာသာ သာ သနာတော်ကို စံတင်ထိုက်အောင် ထိန်းသိမ်းခဲ့ပြီး သာ သနာတော် ပြန့်ပွားထွန်းကား အောင်ဆောင်ရွက်နိုင်သည့် သောတာပန် အရိယာဗမာအမျိုးသမီး၊ ကျောင်းအမကြီး ဝိသာခါ၏ 'သာသနာအတွက် တုနှိုင်းမဲ့သည့် ဝိသာခါ'ဆိုသည့် ဓမ္မပဒပုံပြင်လေးကို ဖော်ပြပေးမည်ဖြစ်ပါသည်။

ရှေးဘဒ္ဒကမ္ဘာ ဂေါတမမြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်အချိန်က သူဌေးကြီးဓနဉ္စယနှင့် သုမနဒေဝီ တို့သည် သူဌေးသမီးလေးဝိသာခါကို မွေးဖွားခဲ့သည်။ ဝိသာခါ၏အဘိုးဖြစ်သူသည် ဘုရင်အသိအမှတ်ပြု သူဌေး ဘွဲ့ခံ မေဏ္ဍကသူဌေးကြီးဖြစ်ပြီး အဘိုးဖြစ်သူ၏ကျေးဇူး ကြောင့် ဝိသာခါနှင့် သူငယ်ချင်းအပေါင်းအဖော်ငါးရာမှာ မြတ်စွာဘုရားထံ တရားဒေ သနာတော် နာကြားခဲ့ရသည်။ ရှေးဘဝပါရမီ ဆုတောင်း ကြောင့် အသက်ခုနစ်နှစ်အ ရွယ်တွင်ပင် သောတာပန်အရိ ယာ သူတော်စင်တစ်ဦးဖြစ်လာ သူလေးဖြစ်သည်။

သာဝတ္ထိပြည်၌နေထိုင်သည့် မိဂါရသူဌေးကြီးတွင် ပုဏဝဃနသူဌေးသားတစ်ဦးရှိပြီး အိမ်ထောင်ရက်သား ချပေးရန် သင့်လျော်သော သတို့သမီးအလိုရှိခဲ့ကြသည်။သူဌေးသားမှာ အိမ်ထောင်မပြုလိုသဖြင့် ကောင်းခြင်းငါးပါး နှင့်ပြည့်စုံသော သတို့သမီးကို ရှာဖွေပေးရန်ခိုင်းလိုက်သည်။

ကောင်းခြင်းငါးပါးမှာ ဆံပင်၏ကောင်းခြင်း၊ အသား အရေ၏ကောင်းခြင်း၊ အသံ၏ကောင်းခြင်း၊ အရိုးကောင်း ခြင်း၊ အရွယ်၏ကောင်းခြင်းတို့ဖြစ်ပြီး ကောင်းခြင်းငါးပါး စလုံးနှင့် ပြည့်စုံသူမှာ ရှားပါးသည်။

ယင်းကဲ့သို့ရှားပါးသော်လည်း သူဌေးကြီးလင်မယား မှာ သတို့သမီးရှာဖွေမှုကျွမ်းကျင်သော လက္ခဏာဗေဒင် တတ်ကျွမ်းသော ဗြဟ္မဏ(ပုဏ္ဏား)ရှစ်ယောက်ကိုပင့်ဖိတ် ကာ လာဘ်လာဘများစွာပေးပြီး အနယ်နယ်အရပ်ရပ်သို့ ရှာဖွေစေသည်။ ထိုကာလတွင် ဝိသာခါ သတို့သမီးမှာ အသက် ၁၆နှစ်အရွယ်ရောက်ရှိလာပြီး ဝိဝဋနက္ခတ်ပွဲ သဘင်ကို ဆင်နွှဲရန် အြေ>ွခအရံငါးရာနှင့် ထွက်လာသည်။ အခြံအရံတစ်စုနှင့်သွားလာနေသော ဝိသာခါအလှမှာ အခြားသူများနှင့်မတူဘဲ ထင်းခနဲပေါ်လွင်နေသည်ကို ဗြဟ္မဏတို့ တွေ့မြင်သွားသည်။

ဝိသာခါတို့ပျိုမေတစ်စု တည်းခိုဇရပ်အနီးကိုရောက် သည့်အချိန်တွင် မိုးလေများရွာချလေရာ အားလုံး အပြေး အလွှား မိုးလွတ်ရာကိုပြေးကြသော်လည်း သောတာပန် ဣနြေ္ဒရှင်ဖြစ်သည့် ဝိသာခါသည် မိုးရေထဲတွင် ပြေးမသွား ဘဲ ပုံမှန်အတိုင်း ဣနြေ္ဒရရသွားလာသည်ကို သတို့သမီး ရွေးချယ်မည့် ဗြဟ္မဏတို့တွေ့သွားသည်။ အဲဒီမှာ ဝိသာခါ ၏ ဆံပင်၊ အသားအရေ၊ အရွယ်၏ကောင်းခြင်းများကို တွေ့မြင်ရပြီး အရိုး၏ကောင်းခြင်းကို သိမြင်နိုင်ဖို့ ဝိသာခါ ၏ သွားများကိုမြင်နိုင်ရန် စကားစပြောလေသည်။
ဝိသာခါကိုစမ်းသပ်သည့်သဘောဖြင့် ''ဤသမီးငယ် သည် ထိုင်းမှိုင်း၏။ လေးလံ၏။ လျင်မြန်မှုမရှိ။ ဖျတ်လတ် မှုမရှိ။ အကယ်­­၍ အိမ်ထောင်ကျပါက သူမ၏ခင်ပွန်းမှာ အချိန်မီ ထမင်းစားဖို့မလွယ်''ဟု အချင်းချင်းပြောလေဟန် ဖြင့်ဝေဖန်ကြသည်။

ဝိသာခါအမျိုးသမီးလေးကလည်း ''လောကမှာ လျင် မြန်စွာသွားသင့်သူ လေးဦးရှိပါတယ်။ သူတို့မှာ (၁) မင်း မြောက်တန်ဆာငါးပါးကို ဆင်ယင်ထားသောမင်း၊ (၂)ကကြိုးဆင်ယင်ထားသောမင်္ဂလာဆင်တော်၊ (၃) ရဟန်း သံဃာနှင့် (၄) အမျိုးသမီးတွေဖြစ်ပါတယ်''လို့ ပြန်ပြော လိုက်တဲ့အတွက် ဝိသာခါရဲ့သွားများကို မြင်တွေ့ခွင့်ရပြီး အရိုး၏ကောင်းခြင်းနှင့် ပြည့်စုံသောကြောင့် သူဌေးသား၏ ဇနီးလောင်းအဖြစ် ကမ်းလှမ်းခဲ့ပါသည်။ ဝိသာခါကလည်း မျိုးရိုးအဆင့်အတန်းကို ပြန်လည်မေးမြန်းပြီးမှ မိမိတို့နှင့် သူဌေးမျိုးရိုးချင်းတူညီမှုရှိသောကြောင့် ကမ်းလှမ်းမှုကို လက်ခံလိုက်သည်။

အဲဒီနောက် ရာဇဂြိုဟ်ပြည့်ရှင်ဗိမ္ဗိသာရမင်း၏ သူဌေး ဘွဲ့ရ မေဏ္ဍကသူဌေးကြီး၏မြေးဖြစ်သူ ဝိသာခါနှင့် သာ ဝတိ­္ထပြည်သူဌေးဘွဲ့ရ မိဂါရသူဌေးကြီး၏သား ပုဏဝဃန တို့ ဖူးစာဆုံဖြစ်ခဲ့ကြသည်။
နှစ်ပြည်ထောင်သူဌေးကြီးများ၏ မိတ်ဆွေများ၊ ဓန အင်အားများနှင့် မင်္ဂလာပွဲကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲဖြစ်ခဲ့ပြီး ကောသလမင်းကြီးကိုယ်တိုင် တက်ရောက်ချိးမြှင့်ခဲ့သည်။

ဓနဉ္စယသူဌေးကြီးဟာ ယောက္ခမအိမ်လိုက်သွားရ မည့် သမီးဖြစ်သူကို အိမ်ထောင်ရှင်များလိုက်နာရမည့် အချက်(၁ဝ)ချက်ကို သေချာလေ့ကျင့်သင်ကြားပေးကာ ဘာသာအယူဝါဒမတူသော ယောက္ခမအိမ်ကို လိုက်နေ ရမည့် သမီးဖြစ်သူအား စိတ်မချသဖြင့် သူဌေးကြီးရှစ်ဦး အား သမီးကို ကြည့်ရှုစောင့်ရှောက်ရန် အပ်နှံခဲ့သည်။
မိဂါရသူဌေးအိမ်သို့ရောက်သွားသည့် ချွေးမဝိသာခါ သည် ရောက်သည့်နေ့မှစပြီး ချွေးမဝတ္တရားကို ကျေပွန် အောင် ဆောင်ရွက်ခဲ့သည်။ ဘယ်လိုပင် တာဝန်ကျေအောင် ဆောင်ရွက်သော်လည်း ဘာသာတရားနှင့်ပတ်သက်လာ သည့်အခါ ခုနစ်နှစ်သမီးအရွယ်ကတည်းက သောတာပန် ဖြစ်ခဲ့သည့် ဝိသာခါသည် ယောက္ခမများ၏ တိတ္ထိကိုးကွယ် မှုအပေါ်မှာတော့ ဟန်ဆောင်ကာ တာဝန်မကျေခဲ့ပေ။ ဝိသာခါ၏ယောက္ခမများသည် ဘာသာခြားများဖြစ်ပြီး အိမ် သို့ ရဟန္တာမျာြး<ွကလာမည်ဟုဆိုကာ ဝိသာခါကိုထွက်ပြီး ဖူးမြော်ခိုင်းရာ ရဟန္တာဟုဆိုသည့် တိတ္ထိငါးရာစလုံးမှာ အဝတ်အစားမပါ ကိုယ်လုံးတီးများဖြစ်နေသောကြောင့် ဝိသာခါက ရှက်ပြီး အိမ်ထဲလှည့်ဝင်သွားသည်ကို တိတ္ထိ များရော၊ ယောက္ခမကြီးပါမြင်သွားသဖြင့် ဒေါသထွက် ကြသည်။ ထိုသို့ ဒေါသဖြစ်သော်လည်း သမီးယောက္ခမ ဖြစ်တာ မကြာသေးသဖြင့် ယောက္ခမကြီးက သူတို့အမျက် ဒေါသကို ချုပ်ထိန်းနိုင်ခဲ့သည်။

ဝိသာခါတို့အိမ်ရှေ့တွင် ဝိသာခါကိုးကွယ်သည့် ဗုဒ္ဓ ဘာသာဝင် ရဟန်းတော်တစ်ပါး ဆွမ်းခြံ<ွကလာသည်ကို ဝိသာခါ၏ယောက္ခမကြီးက ထမင်းစားရင်း လှမ်းမြင်သော် လည်း မမြင်ယောင်ဆောင်ပြီး ဆွမ်းမလှူခဲ့ပါ။ ထိုအခါ ဝိသာခါသည် လက်အုပ်ချီပြီး ''ခွင့်လွှတ်ပါဘုရား။ တပည့် တော်ဖခင်က အဟောင်းကိုစားသုံးသူတစ်ယောက်မို့ ကန် တော့ဆွမ်းပါဘုရား''လို စိတ်မကောင်းစွာ လျှောက်တင် လိုက်ရာ ယောက္ခမလုပ်သူက ''ဟယ် ယုတ်မာလိုက်တဲ့ ချွေးမ၊ မင့်အသက်အရွယ်လေးနဲ့ ငါ့ကို အဟောင်းစား (မစင်)စားသူလို့ပြောတာ အစွမ်းကုန်စော်ကားလိုက်တာ ပဲ။ နင် ခုချက်ချင်း အိမ်ပေါ်ကဆင်းသွားစမ်း''လို့ နှင်ချ ခံရပါသည်။ ဝိသာခါကလည်း ''ကျွန်မမှာအပြစ်မရှိပါ။ အဖေတို့မကျေနပ်ရင် ကျွန်မဖခင်အပ်လိုက်တဲ့ သူဌေးကြီး ရှစ်ဦးရှေ့မှာ စစ်ဆေးနိုင်ပါတယ်''ဟု ဆိုသည်။

ချွေးမနှင့်ယောက္ခမကြား အချေအတင်ဖြစ်ပြီး သူြ<ွကယ်ရှစ်ဦးက ဝိသာခါကို အကျိုးအကြောင်းမေးမြန်းဖြေ ရှင်းပေးသည်။
''ဦးကြီးတို့ အဟောင်းစားသူဆိုတဲ့အဓိပ္ပာယ်က မိုက် ရိုင်းတဲ့သဘောနဲ့ ပြောတာမဟုတ်ပါဘူး။ ကျွန်မယောက္ခမ က ဒီဘဝမှာ သြူ<ွကယ်တစ်ဦးဖြစ်ပြီး ဘုရား၊ ရဟန်းတို့ကို ဆွမ်းတစ်လုပ်တောင် မကြည်ဖြူနိုင်ပါဘူး။ သူဟာ ဘဝ ဟောင်းကကောင်းမှုကိုပဲ ခံစားပြီး ခုဘဝမှာ ဘာကောင်း ကျိုးမှမလုပ်သူမို့ အဟောင်းစားသူလို့ တင်စားပြောဆိုခြင်း ဖြစ်ပါတယ်''လို့ ဖြေရှင်းချက်ပေးသည်။

ဝိသာခါ၏ဖြေရှင်းချက်သည် ရဲရင့်မှန်ကန်သည့်အ တွက် သြူ<ွကယ်ရှစ်ယောက်က ယောက္ခမသူဌေးကို နားချ ကြသည်။ ထိုအခါမှ ဝိသာခါလည်း ဒီအိမ်မှာ ဆက်နေရ မည်ဆိုလျှင် ဗုဒ္ဓရှင်တော်မြတ်ဘုရားနှင့် ဗုဒ္ဓဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရမှနေမည်ဟု ရဲဝံ့စွာတောင်းဆို ခဲ့သည်။ ယင်းပြဿနာများဖြစ်ပြီးနောက်ပိုင်းတွင် ဝိသာခါ သည် မြတ်စွာဘုရားနှင့် သံဃာတော်များကို ဆွမ်းကပ်ခွင့် ရခဲ့သည်။

မြတ်စွာဘုရားနှင့်သံဃာတော်များြ<ွကလာသည့် အခါ ဝိသာခါသည် ယောက္ခမ သူဌေးကြီးကို တရားထွက်နာ ဖို့ လူကြားထဲတွင် ခေါ်သည့် အတွက် ငြင်းရခက်ပြီး ကန့် လန့်ကာနောက်ကွယ်မှနေ၍ ဘုရားကိုမကြည့်ဘဲ တရားနာ ခဲ့သည်။ ကန့်လန့်ကာနောက် ကွယ်က တရားနာသော်လည်း မိဂါရသူဌေးကြီးမှာ ပါရမီ ရှိသောကြောင့် သစ္စာလေးပါးကို ထိုးထွင်းမြင်သွားပြီး သောတာပန်တည်သွားကာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာ သည်။

ဝိသာခါသူတော်ကောင်းမလေး၏ သတ္တိရှိရှိကိုယ့် ဘာသာတရားဘက်ကရပ်တည်ပြီး ဘာသာမတူသူများ အား စိတ်စေတနာဖြင့်ဖိတ်ခေါ်နိုင်ခဲ့သည့်အတွက် ဘာသာ မတူသောယောက္ခမနှင့် ခင်ပွန်းဖြစ်သူမှာ ဗုဒ္ဓဘာသာဝင် သူတော်စင်များဖြစ်လာကြသည်။
ကျောင်းအမကြီးဝိသာခါလို့ အမည်တွင်စေမည့် ပုဗ္ဗာ ရုံကျောင်းတိုက်ကြီးကို ကျောင်းမြေအတွက် ကိုးကုဋေ၊ ကျောင်းဆောက်လုပ်ရန်အတွက် ကိုးကုဋေ၊ ကျောင်းလှူ ပူဇော်ပွဲအတွက် အလှူငွေကိုးကုဋေ စုစုပေါင်း ၂၇ကုဋေ ကုန်ကျခံပြီး သမိုင်းဝင်ကျောင်းအလှူတော်ကြီးကို တည် ဆောက်လှူဒါန်းခဲ့ပါသည်။

ဝိသာခါကျောင်းအမကြီး၏ မိမိကိုးကွယ်သော ဘာ သာတရားကို မည်သည့်အကြောင်းနှင့်မျှ စွန့်ပယ်မသွား တတ်သော ခိုင်မာသည့်စိတ်ဓာတ်များကို အတုယူနိုင်ရန် ဆန္ဒပြု ရေးသားဖော်ပြလိုက်ခြင်းပင်ဖြစ်ပါသည်။

ကျမ်းကိုး- ဦးရွှေအောင်၊ ဓမ္မပဒ၊ ပုပ­္ဗဝဂ်၊ ဝိသာခါ။

0 comments:

Post a Comment