Labels

×××× (3) ၀ဏ္ဏသီရိ (1) ၀တ္ထုစာအုအ်များ (7) apk for Android Smart Phone (4) APP (3) Ashin Revata (1) Auto World Journal (1) Blogger များ (10) Chan Myay Mying Sayadaw (2) Dhamma Talk (English) MP3 (1) Dr Ashin Dhammapiya (2) Dr. Mehm Tin Mon (8) Dr. Nandamalabhivamsa (3) DVD တရားခွေများ (5) e-Book in English (42) Facebook ဆိုင်​ရာ (1) Inside jornel (1) IT ebook (1) Lလင်း (1) Maha Thera Ledi Sayadaw (3) Mingun Sayadaw (10) Mogok SayaDaw U Wimala (7) MP3 (10) NetGuide (6) Photos (1) SAR MAUNG TOH (1) U Pannya Vamsa (1) U San Lwin's Dhamma Talks (1) ViDeo dhanma (2) Videos (2) Website (1) Zar Ni (2) ကံချွန် (3) ကဗျာများ (5) ကျွန်းရွာ​တောရဆရာ​တော်​ (1) ကာတွန်း (13) ကိုနေ (1) ကို​ရွှေ​တောသား (1) ကိုလေးမြတ် (1) ကလောင်စုံ (1) ကျမ်းမာသုခ ဂျာနယ် (1) ကျမ်းမာရေး (8) ခင်ချိုထွန်းစာပေ (1) ခင်မျိုးချစ် (1) ခင်မောင်ညို (ဘောဂဗေဒ) (1) ခင်နှင်းယု (1) ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်း (1) ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်း (1) ချက်နည်းပြုတ်နည်း (1) ချစ်စံဝင်း (4) ချစ်မ (1) ချစ်ဦးညို (2) ချစ်နိုင်-စိတ်ပညာ (1) ချမ်းမြေ့ဆရာတော် (20) ဂါထာမန္တာန်ပေါင်ချုပ် (2) ဂီတတီးနည်း (1) ဂျာနယ်ကျော်မမလေး (1) ဂျာနယ်ကျော်မလေး (2) ဂျူး (4) ငယ်-လတ်-ကြီး-ဓမ္မစရိယ (1) စံ-ဇာဏီဘို (3) စစ်​တုရင်​ ၉ အုပ်​ (1) စွမ်းထက်အောင် (1) စွယ်စုံကျမ်း ၁+၉ (2) စာအုပ်များ (10) စာအုပ်လမ်ညွှန် (1) စာ​ပေ ဇယား (1) စာ​ပေ​ဟော​ပြောပွဲ mp3 (1) စိမ့်(ပညာရေး) (2) စိုက်ပျိုးရေး (3) စိုးမြတ်သူဇာ (2) ဆရာမင်းလူ (2) ဆရာကြီး ဦးဂိုရင်ဂါ (3) ဆရာကြီး ဦးဇေတဝန် (1) ဆရာဇော်ဂျီ (2) ဆရာတော်ဦးဇောတိက (1) ဆရာမောင်တိုး (1) ဆရာသောင်းလွင် (1) ဆားပုလင်းနှင်းမောင် (1) ဆုထူးပန်ဦးကျော် (1) ဆုမြတ်မွန်မွန် (1) ဆန္ဒအောင် (1) ဇ၀န (1) ဇင်သန့် (3) ဇင်ဝေသော် (1) ဇဝန (1) ဇာဂနာ (1) ညိုသောင်း (1) ညီသစ်​ (1) ညီမေတ္တာ (1) တက္ကသိုလ် စိန်တင် (1) တက္ကသိုလ် နေလင်းအောင် (4) တက္ကသိုလ်စိန်တင် (1) တက္ကသိုလ်နန္ဒမိတ် (1) တက္ကသိုလ်ဘုန်နိုင်၏စာအုပ်များ (10) တက္ကသိုလ်နေဝင်း (7) တက်တိုး (7) တင်​မိုး (1) တင်မိုးလွင် (1) တင်ထွေး (2) တင်မောင်မြင့် (1) တင်​​မော်​ (1) တတိုင်မွေး (1) တရားတော်များ (23) တာယာမင်းဝေ (4) တာတေ (1) တိပိဋကမြန်မာပြန် (3) တစ္ဆေ၀တ္ထု (2) ဒဂုန်ခင်ခင်လေး (1) ဒဂုန်ဦးစန်းငွေ (2) ဒဂုန်ရွှေမျှား (4) ဒဂုန်ရွှေမျှား (1) ဒီဃနိကာယ် ၃-ကျမ်း (1) ဒီလှိုင်းဂျာနယ် (2) ဒုတိယဗိုလ်မှူးကြီး သောင်းထိုက် (1) ဒဿန (1) ဓမ္မစရိယ ဦး​ဋ္ဌေးလှိုင်​ (1) ဓမ္မစရိယ ဦးအေးနိုင် (1) ဓမ္မာစရိယတန်းအတွက် (21) ဓမ္မာစရိယဦးအေးနိုင် (1) ဓမ္မာစရိယာဦးမောင်မောင်လေး (1) ဓမ္မကျောင်းတော် (1) ဓမ္မဘေရီ အရှင်ဝိရိယ (1) ဓာတ်ပုံပြုပြင်နည်းစာအုပ် (1) နည်းပညာ (2) နည်းပညာဂျာနယ်များ (2) နည်းပညာစာအုပ်များ (40) နန်းမာဆရာတော် အရှင်ဥာဏ (1) နိင်ငံရေးစာအုပ်များ (1) နီကိုရဲ (1) နန္ဒသိန်းဇံ (2) ပဌမသံဃယနာအ​မေးအ​ဖြေ (2) ပန်းငွေရုံဆရာတော် (1) ပန်းဝေဝေ (2) ပါရဂူ (10) ပါရဂူမင်းနန္ဒာ (1) ပိဋကတ်ကျမ်းစာ (1) ပီမိုးနင်း (3) ပုညခင် (2) ပုံပြင်စာအုပ် (1) ပျူး (3) ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်များ (4) ဖားအောက်တောရဆရာတော် (1) ဖိုးဇာ (1) ဖိုး​ကျော့ (1) ကြည်​ဦး (1) ကြယ်စင်မှူးဝေ (1) တြိစက္က (2) ဗန်းမော်ဆရာတော် (1) ဗဟုသုတ (3) ဗဟုသုတဆောင်းပါး (3) ဗိုလ်ချုပ်အောင်ဆန်း (1) ဗိုလ်​မှူးဘရှင်​ (1) ဗုဒ္ဓစာပေ (1) ဗုဒ္ဓါဝင်​ ပန်း​ချီကားများ (1) ဗျူး (8) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ (11) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသMP3 (9) ဘာသပြန် အင်္ဂလိပ် (1) ဘာသာပြန်​စာအုပ်​ (2) ဘာသာ​ရေး (4) ဘာသာရေးဆောင်းပါး (23) မဂ္ဂဇင်း (5) မင်းကိုနိုင်​ (1) မင်းခိုက်စိုးစံ (1) မင်းယုဝေ (3) မင်မြတ်သူရ (1) မင်းလူ (1) မင်လူ ၏ စာအုပ်များ (1) မင်းသိင်္ခ (1) မင်းဇော် (1) မစန္ဒာ (1) မဇ္ဈိမနိကာယ် ၃-ကျမ်း (1) မမသဒ္ဒါမောင် (1) မှတ်​စု (1) မသိ (1) မဟာဆွေ (1) မဟူရာ(လွိုင်ကော်) (1) မာဏဝ (1) မိတ်ဆက်လွှာ (1) မိန်းကလေး (3) မိုးကုတ်ဆရာတော်ဘုရားကြီး (5) မိုးတိမ်​ (1) မိုးမိုး (အင်းလျား) (3) မီကိုဇူးဇင် (3) မလေးငြိမ် (1) မျိုးမာန် (4) မျိုးသူရ (1) မှုခင်း (4) ယဉ်ကျေးလိမ္မာ (53) ပြည့်ပိုင်မှူး (1) ပြည့်ပိုင်မှူးအိမ် (1) ပြည်သူ့နီတိ (1) ဖြူးးဆရာတော် (2) ဖြူးဆရာ​တော် mp3 (1) မြတ်ခိုင် (1) မြန်မာစွယ်စုံကျမ်း (1) မြန်မာ့အလင်းသတင်စာ (22) မြသန်းတင့် (20) မြကေတု (1) ရန်ကုန်မျိုးသန့် (1) ရန်​​အောင်​ ​မောင်​​မောင်​ (1) ရှားပါးစာအုပ်များ (4) ရာဇဂဏီ (1) ရဝေထွန်း (1) ရဝေနွယ် (အင်းမ) (2) ရဲညွန့် (1) လကာင်္ရည်ကျော် (1) လင်းထွန်း (1) လင်းယုန်မောင်မောင် (6) လည်​တီဆရာ​တော်​ (3) လမင်းမို့မို့ (1) လယ်တွင်းသားစောချစ် (15) လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး M.A (2) လီနင် (1) လူထုစိန်ဝင်း (6) လူထုဦးလှ (3) လူပုဂ္ဂိုလ်များ (29) လူ​နေ (1) လရောင်ကျူးရင့် (2) ဝဏ္ဍသီရိ (1) ​ဝင်း​မောင်​ထက်​ (1) ဝတ္တုရှည် (30) ဝိဇ္ဇာ (1) ဝိနယ ပိဋက မြန်မာပြန် (5) ကျမ်း (1) ဝိနိစ္ဆယ ကျမ်းစာအုပ်များ (1) သခင်​စိုး (1) သခင်ဘသောင်း (3) သခင်မြတ်ဆိုင် (1) သင်္ခါ (1) သင်းမြတ်နိုး (1) သစ်မွှေး (2) သည်ခေတ်နေ (1) သတိုးဝီရ (1) သတိုးတေဇ (3) သန်းထိုက်ရွှေရိပ် (2) သန်းငြိမ်းအေး (1) သန်းသန်းတင့် (1) သမိန်ပေါ့သွယ် (1) သမိုင်းစာအုပ်များ (1) သံယုတ္တနိကာယ် ၅-ကျမ်း (1) သရ(ICT) (1) သျှင်ဥက္ကဌ (1) သာမဏေကျော် စာမေးပွဲ အတွက် (1) သိန်းဖေမြင့် (1) သိမ့်သိမ့်နွေး (1) သိုင်​ဝတ္ထုများ (1) သိုး​ဆောင်း (1) သီချင်းစာအုပ်​ (1) သီတဂူဆရာ​တော်​ mp3 တရား (2) သီရိသဒ္ဓမ္မာ လကာင်္ရ (1) သုခ (5) သုတ/ရသ (7) သုတ္တသင်္ဂဟ (1) သုသိဏ် (1) သူရထိုက် (1) သျှင်မ (1) ဟာသ (2) အရှင်ကုဏ္ဍလာဘိဝံသ (1) အရှင်ဂုဏိန္ဒ (1) အရှင်​ဆန္ဒာဓိက (1) အရှင်ဇနကာဘိဝံသ (1) အရှင်ဇာနေယျ (1) အရှင်နန္ဒမာလာဘိဝံသ (1) အရှင်နန္ဒမာလာ (1) အဂ္ဂဝိဇ္ဇာ (1) အင်္ဂလိပ်စကားပြော စာအုပ် (1) အင်္ဂလိပ်စာရေးရန် (1) အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း (1) အင်အားဂျာနယ် (3) အကြည်တော် (8) အဘိဓမ္မာ ပိဋက မြန်မာပြန် (1) အရှင်ကုမာရ (3) အရှင်ဆန္ဒာဓိက (33) အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ (5) အရှင်ဇနကာဘိဝံသ (1) အရှင်အာစရာလင်္ကာရ (1) အရှင်ဥာဏ (1) အရှင်ဆေကိန္ဒ (26) အလှပုံများ (9) အားကစား ဂျာနယ်​ (3) အိမ်လွမ်းသူ (1) အတွေး (1) အ​မေးအ​ဖြေ (1) ဥပဒေ စာအုပ်များ (10) ဥပဒေစာအုပ်များ (14) ဥာဏ်ကြွယ် (1) ဦးခင်ညွန့် (1) ဦးချစ်မောင် (1) ဦးဂိုအင်​ကာ (1) ဦးစိုးတင့် ( တောင်ကြီး ) (1) ဦးဆန်းလွင် (1) ဦးထွဋ္ဋ် (1) ဦးထွန်း (1) ဦးထွန်လှ (2) ဦးပဏ္ဍိတ (1) ဦးပညာစာမိ (1) ဦးပုကလေး (1) ဦးငြိမ်းမောင် (1) ဦးဘသန်း (1) ဦးသက္က (1) ဦးသက်စိန် -ဖြူး (1) ဦးဟုတ်စိန် (1) ဦး​ဌေးလှိုင်​ (1) ဦးဌေးလှိုင်( ဓမ္မာစရိယ ) (1) ဦးရွှေအောင် (2) ဦးသော်ဇင် (1) ဦးအောင်ခင် (1) ဦးအောင်ညွန့်ဝင်း (1) ဦးအောင်လင်း (1) ဦးအောင်ဟိန်းကျော် (1) ဦးအေးမောင် (4) ဦးနု (2) ကောင်းထက် (1) ကျော်နန္ဒအောင် (1) ​ကျော်​မြသန်း (1) ကျော်လှိုင် (1) ငွေကြည် (1) ငွေဥဒေါင်း (6) စောမုံညင်း (1) ဆွေလှိုင်ဦး (1) ဆွေလှိုင်ဦး (1) ဆောင်းပါး (6) ထောင်မှူးကြီး သိန်းဝင်း (1) ထောင်မှူးကြီးသိန်းဝင်း (2) ထောင်မှူးကြီးသိန်းဝင်းနှင့် သူရိန်ထွန်း (2) ဒေါ်အုန်းကြည်သား (1) ​​ဒေါက်တာ​ မင်းတင်​မွန်​ (1) ဒေါက်တာ အရှင်ကောဝိဒ (1) ​​ဒေါက်တာ​ ​အောင်​ခင်​ဆြင့်​ (1) ​ဒေါက်တာနန္ဒမာလာဘိဝံသ (1) ဒေါက်တာမင်းတင်မွန် (1) ဒေါက်တာလှဖေ (2) ဒေါက်တာသန်းထွန်း (4) ဒေါက်တာမောင်မောင်ညို (1) နေစိုးထက် (1) နေဝင်း(လန်ဒန် (1) ဖေမြင့် (5) ဖေဖေကျော် (1) ကြေးမုံသတင်းစာ (24) မေတ္တာရှင်ရွှေပြည်သာ (2) မှော်ပီဆရာသိန်းကြီး (1) မောင်ကွန်ပျူတာ (1) ​​မောင်​ခိုင်​မာ (1) မောင်ညိုမှိုင်း(သန်လျင်) (1) မောင်ထင် (1) မောင်ထွန်းမြိုင် (1) မောင်ထွန်းသူ (2) မောင်မိုးသူ (1) မောင်ဝံသ (1) ​မောင်သာချို (1) မောင်သိန်းလွင် (2) ​မောင်​သိန်​​ဖေ (1) မောင်ကောင်းထိုက် (1) မောင်မောင် (ရွှေကရ၀ိတ်) (1) မောင်မောင်မြင့်သိန်း(စက်မူတက္ကသိုလ်) (1) မောင်ရွှေခေတ် (2) ​မောင်​နှင်​​ဆွေ (1) မော်စီတုန်း (1) ​ရေနံ့သာဝင်း​မောင်​ (1) ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဥပဒေများ (1) ရွှေဥဒေါင်း (3) သောင်းညွန့်သစ် (2) သောင်းဝေဦး (3) သော်တာဆွေ (2) အောင်မြင်ရေးဆောင်းပါး (1) အောင်သင်း (5) ​အောင်​​ကြောင်​ဖြာ (1) နွယ်ဂျာသိုင်း (1) နိုင်ငံရေး (1) နိုင်ငံရေး စာအုပ်စင် (2) နိုင်ငံရေးသမိုင်းစာအုပ်များ (1) နိုင်ပန်းလှ (1)
လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။

Unordered List

Tuesday, July 19, 2016

ဖတ်ရန် စာအုပ်ကောင်းများ


ဘာသာရေးသုတအတွက် အသိဥာဏ်တိုးပွားစေရန်ဖတ်ရန် သင့်တော်သောစာအုပ်များကို ရွေးချယ်တင်ဆက်ထားပါသည်။ အောက်ပါစာအုပ်များကိုပါ အဆင်သင့်ဝယ်ယူနိုင်ရန် Parami Books Limited မှ ဦးစီးဆောင်ရွက် ရောင်းချသော Myanmarbookshop.com နှင့် Dhammaransi.net တို့ ပူးပေါင်းကာ စီစဉ်တင်ဆက်ထားပါသည်။

ဘာသာရေးသုတဆိုင်ရာ စာအုပ်များမှာ ဈေးချိုချိုဖြင့် ရောင်းချကာ US(၁၂)ဒေါ်လာ အထက်ဝယ်ယူပါကMyanmarbookshop.com မှ နိုင်ငံတကာသို့ အခမဲ့ပို့ဆောင် ပေးပါ သည်။ Credit Card, Paypal စနစ်တို့နှင့် ငွေပေးချေနိုင်ပါ၍ စိတ်ချစွာ ၀ယ်ယူနိုင်ပါသည်။ စာအုပ်ချစ်ခင်သော ပြည်ပရောက် ဓမ္မမိတ်ဆွေတို့အတွက် အထူးသင့်တော်ပါသည်။

ဝိပဿနာဥာဏ်များဖြစ်လာ သိကောင်းစရာ-သဒ္ဓမ္မရံသီဆရာတော်
ဝိပဿနာတရားအားထုတ်ရာတွင် မိမိတို့ရောက်ရှိနေကြသော ဥာဏ်စဉ်အဆင့်အမှန်ကိုသိထားခြင်းဖြင့် လည်းကောင်း၊ ဥာဏ်စဉ်များ၏ သဘောကို သိထားခြင်းအားဖြင့် လည်းကောင်း၊ ၀ိပဿနာ တရားအား ထုတ်ချင်စိတ်များ ထက်သန်ကာ ကြိုးစားအားထုတ်နိုင်စေရန် ဆရာတော်က ဤကျမ်းကို ရေးသားထားသည်။

ကမ္ဘာ့အလင်း သာသနာ့အလင်းဆိုတာ-ရွှေတောင်ကုန်းဆရာတော်

မဟာစည်ဆရာတော်၏ တပည့်ရင်းဖြစ်သော ဆရာတော်က ဤစာအုပ်တွင် ဒါန၊ သီလ၊ ဘာဝနာကံ၏ ကောင်းကျိုးများ၊ ရုပ်နာမ် သံသရာ လည်ပတ်ရန်အတွက် အခြေခံအကျ ဆုံးဖြစ်သည့် ကမ္ဘာ့အလင်းဓာတ်ကြီး(ခ) သံသရာ့အလင်းဓာတ်ကြီးဟု ခေါ်ရမည့် ကံ ကံ၏အကျိုးကို ယုံကြည်မှုကိုလက်ခံနိုင်ဖို့ အရေးကြီးပုံ၊ ထိုအလင်းဓာတ်တွင် ကံ လမ်း၊ ဈာန်လမ်း၊ ဉာဏ်လမ်း(၃)ခုပါဝင်ပုံ၊ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ဒါနမှု သီလမှုတွေလောက်နဲ့ပြီးနေကြပြီး ဉာဏ်လမ်းဟုခေါ်သော ၀ိပဿနာလမ်းတွင် လေ့လာလိုက်စားရန် အားနည်း နေကြပုံ၊ သာသနာ့အလင်းဟုခေါ်သည့် မမြဲဆင်းရဲသည့် သဘောကို ဆင်ခြင်သုံးသပ်နိုင်သည့် ၀ိပဿနာဉာဏ်ကို မျက်မှောက်ပြုနိုင်ရန် အတွက် အရေးကြီးပုံများကို အကျယ် တ၀င့် ရှင်းလင်းဟောကြားထားသည်။
သံင်္ဂါယနာသုံးတန်-၀ဏ္ဏသီရိ
ထေရ၀ါဒ သာသနာတော်ကြီးတစ်ရပ်လုံးကို ရွှေရောင်တ၀င်းဝင်းနှင့် ဗိမာန်တော်ကြီးတစ်ခု အနေဖြင့် တင်စား ကြည့်မည်ဆိုလျှင် သင်္ဂါယနာသုံးတန်သည် ထိုဗိမာန်ကြီး၏ အုတ်မြစ်ပင်ဖြစ်သည်။ ထေရ၀ါဒသာသနာတော်ကြီး ပေါ်ထွန်းလာရန်အတွက် သာသနာစောင့် မထေရ်ကြီးများ ခေတ်အဆက်ဆက် ကြိုးစားအားထုတ်ခဲ့ရပုံ၊ အန္တရာယ်အသွယ်သွယ်တို့မှ ကာကွယ်စောင့်ရှောက်ခဲ့ရပုံနှင့် ထိုမထေရ် မြတ်တို့၏ ဂုဏ်ကျေးဇူး အစုံအလင်တို့ကို ဤစာအုပ်တွင် ဖတ်ရှုကြည်ညိုကြရမည်ဖြစ်သည်။

ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်ခန်းစာ-သာသနာရေးဝန်ကြီးဋ္ဌာန
ဗုဒ္ဓ၀င်အကျဉ်း၊ သြကာသ ကန်တော့ချိုးနှင့် သီလဆောက်တည်ပုံ၊ ဂုဏ်တော်ပါဠိနှင့် အနက်များ၊ ဆွမ်း ပန်း ရေချမ်း ဆီမီးကပ် မေတ္တာပို့ အမျှဝေ၊ မင်္ဂလသုတ်ပါဠိ အဓိပ္ပာယ် ကဗျာ၊ သုစိပုဘာ ဆုံးမစာလင်္ကာ၊ လောကသာရပျို့၊ သိင်္ဂါလောဝါဒ ဆုံးမစာ၊ ဂိဟိဝိနယဆုံးမစာ၊ လောကနီတိပါဠိနှင့် မြန်မာပြန်၊ မဟောသဓာ တရားစီရင်ခန်းများ၊ အဘိဓမ္မာနှင့် ပတ်သက်၍ စိတ်အမျိုးအစား၊ စေတသိက်များအကြောင်း၊ ရုပ် ၂၈ ပါး၊ ကံ၏ စီမံခန့်ခွဲမှုများအကြောင်းကို ဗုဒ္ဓဘာသာဝင်များ အထူးသဖြင့် လူငယ်များသိရှိနားလည်အောင် တာဝန်ယူ ရှင်းလင်း ပေးမည်ဖြစ်သည်။ အဝေးရောက် မြန်မာရင်သွေးငယ်များ ဘာသာသွေး မဝေးရလေအောင် ဖတ်ရှုသင့်သော စာအုပ်ကောင်း တစ်အုပ် ဖြစ်သည်။
စူဠသောတာပန်ဥာဏ်နှင့် မြတ်ဗုဒ္ဓ၏အလုပ်ပေးတရားတော်-ဇေယျာမင်း (ကေတု)
ဗုဒ္ဓအမြင်နှင့် သိပ္ပံအမြင်ကို ရှင်းလင်းပြသကာ ပုထုဇဉ်တို့၏ အပါယ်ကျရေးသည် နီးစပ်သောအကြောင်းဖြစ်နေသဖြင့် လူ့သက်တမ်းတစ်လျှောက် အမိုက်ခံအချိန်ဖြုန်းနေမည့်အစား အပါယ်ကင်းလွတ်ရေးကျင့်စဉ်များကို ယုံယုံကြည်ကြည် လက်တွေ့ ကျင့်ကြံအားထုတ်မိစေဖို့ အထူးတိုက်တွန်းထားသော စာအုပ်ဖြစ်သည်။ ဗုဒ္ဓဟောကြားခဲ့သော စကြ၀ဠာ အကြောင်း၊ အပါယ်လေးဘုံအကြောင်းနှင့် ကျရောက်ပုံ၊ ကပ်ကြီး ၄ ကပ်၊ ငါးပါးသီလအကြောင်း၊ ဗုဒ္ဓ၀ါဒအပေါ် နိုင်ငံခြား သိပ္ပံပါရဂူများ၏ အမြင်၊ ရုပ်နှင့် နာမ်ကို ဖြစ်စေသော အကြောင်းတရားများ၊ ပညတ်၅မျိုး၊ ပဋိစ္စ သမုပ္ပါဒ်လည်ပုံ၊ တရားထိုင်ရာတွင် သိသင့်သော အချက်များ၊ သတိပဋ္ဌာန်အားထုတ်နည်း၊ သက္ကာယဒိဋ္ဌိနှင့် သတ္တ၀ါတို့ ဖြစ်စဉ်အပါအ၀င် ဗုဒ္ဓ၀ါဒ အခြေခံသဘောတရားများနှင့် တရားရှုမှတ်နည်း အခြေခံများကို အသေးစိတ်ရှင်းလင်းထားသည်။
ဝိပဿနာဆိုင်ရာ ဓမ္မစာစုနှင့် ဆောင်းပါးများ-ဦးအေးကြည် (စာတိုက်)
ဝိပဿနာယောဂီများအတွက် သိရှိမှတ်သားသင့်သော ဓမ္မဆောင်းပါးများကို စုစည်းထားခြင်းဖြစ်သည်။ သံဝေဂဟူသည်၊ သံသရာသုံးကြောင်းသုံးသွယ်နှင့် ၀ဋ်ဆိုးကြီးများ၊ စာပေကျမ်းဂန်တတ်သူတို့အား သတိပေးချက်၊ အတိတ်နိမိတ်ကို စူးစမ်းခြင်း၊ ဗောဇ္ဈင်သုတ်သည် ပွားများအားထုတ်ရန်သာ၊ တိုင်းကျော်ကမ္ဘာကျော် ရဟန္တာကြီး အငေါက်ခံရခြင်း၊ သထုံမြို့ မူလမင်းကွန်း ဇေတ၀န်ဆရာတော်ဘုရားကြီး၊ အငြိမ်းဓာတ်နိဗ္ဗာန်၊ တွေးလျှင်မြင်မည်၊ ၀ါဆိုလပြည့်နေ့နှင့် ၃၇မင်း ကိုးကွယ်မှု၊ နိရောဓသမာပတ်၊ ဖလသမာပတ်နှင့် စပ်သဖြင့် အပါအ၀င် စာဖတ်သူတို့၏ ၀ိပဿနာဥာဏ်ကို ကြည်လင် အမြင်ရှင်းစေမည့် တရားဆောင်းပါး ၃၀ ပုဒ်ပါရှိသည်။
သဲအင်း ဓမ္မသာကစ္ဆာ-ထလွန်မင်းလှငွေ
အမြဲလင်း၊ ဇွဲတင်း၊ သဲအင်းဟု နာမည်ကြီးသော သဲအင်းဂူဝိပဿနာရှုနည်းအကျယ်ကို အမေးအဖြေပုံစံဖြင့် ဖတ်ရှုရမည့် စာအုပ်ဖြစ်သည်။ ကာယနုပဿနာ သတိပဋ္ဌာန်အကြောင်း၊ ကမ္မဌာနစရိယ တရားပြဆရာများအကြောင်း၊ လောကုတ္တရာ ဘုံအကြောင်း၊ သဘာဝလက္ခဏာနှင့် သာမညလက္ခဏာအကြောင်း၊ နိဗ္ဗာန်အကြောင်း၊ ဒိဋ္ဌိအကြောင်း၊ စတုတ္ထဈာန် အကြောင်းနှင့် ပြင်ပဉာဏ်စဉ် များအကြောင်းကို အပြန်အလှန်ဆွေးနွေးခန်းပုံစံဖြင့် ရှင်းလင်းထားပြီး လူအများ နားလည်လွယ်သည့် စကားလုံး အသုံးအစွဲများ၊ ပေါ်လွင်သည့် ဥပမာများဖြင့် အသေးစိတ် ရှင်းလင်းဖော်ပြထားသည်ကို တွေ့ရသည်။
မဂ်ဖိုလ်ရမည့် သမာဓိအဆင့်ဆင့်-မေတ္တာရှင် (ရွှေပြည်သာ)
ဝိပဿနာတရားဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းဖော်ပြထားသော စာအုပ်ဖြစ်သည်။ မဂ်ဖိုလ်ရမည့် သမာဓိအဆင့်ဆင့် အကြောင်း၊ အယူမှားကို ဖြစ်စေသော သမာဓိ၊ တရားနာရင်း သောတာပန်ဖြစ်သူများအကြောင်း၊ အတ္တခြောက်မျိုး၊ ပထ၀ီဓာတ်ဖောက်ပြန်ပုံ၊ ပညတ်ခန္ဓာနှင့် ပရမတ်ခန္ဓာ၊ သေခါနီးမှာ ကျတတ်သော မျက်ရည်နှစ်မျိုး၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်အရကောက်၊ ခန္ဓာဥာဏ်ရောက် တရားနာနည်းအပါအ၀င် တရားရှုမှတ်နည်းဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဖတ်ရှုရမည်ဖြစ်သည်။

တရားအနှစ်သာရများ-ဝေဘူဆရာတော်
ရဟန္တာကျော်ကြားသော ဝေဘူဆရာတော်ဘုရားကြီးသည် မြန်မာပြည်တလွှားသို့ ကြွရောက်တရားဟောကြား ပြသတော် မူခဲ့ရာ ဆရာတော်၏ တရားများတွင် သတိပြုစရာတစ်ခုမှာ သီလပေးပြီးသည်နှင့် ဆက်၍ဟောသည့် တရားဦးအဖွင့် စကားများသည် တစ်ပွဲနှင့် တစ်ပွဲ အတိုအရှည်ကွာခြားသော်လည်း ရည်ရွယ်ချက်မှာ အမြဲတမ်းတစ်မျိုး တစ်စားတည်း ဖြစ်နေခြင်းဖြစ်သည်။ ထိုကိန်းသေပင်တိုင် တရားစကားဦးများကို စုစည်း၍ ယခုစာအုပ်အဖြစ် ထုတ်ဝေခြင်း ဖြစ်သည်။

စွယ်စုံဝိပဿနာ-ဘဒ္ဒန္တဘဒ္ဒိယ (အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ)
ဝိပဿနာ ကမ္မဋ္ဌာန်းနှင့် ပက်သက်သည့် ဥပမာများ၊ ဥပမေယျများ၊ ပုံတိုပတ်စများ၊ စကားပုံများ၊ အဆုံးအမများ၊ သြ၀ါဒများကို စုစည်းထုတ်ဝေခြင်းဖြစ်သည်။ ၀ိပဿနာ တရားရှုရာတွင် သိထားရမည့် ဆောင်ရန်ရှောင်ရန်များကို တိုတိုနှင့် လိုရင်းအနှစ်ချုပ် ပေးထား ခြင်းဖြစ်သဖြင့် ယောဂီတို့ အချိန်ကုန် လူပန်းသက်သာစေမည့် စာအုပ်ဖြစ်သည်။
ထေရ၀ါဒ ရှုထောင့်-မင်းနန် (မော်ကျွန်း)
ထေရ၀ါဒသာသနာ သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် သိထားသင့်သော ဘာသာရေးဗဟုသုတများအကြောင်း ရေးသားထားသော ဆောင်းပါးများကို စုစည်းထားခြင်းဖြစ်သည်။ စိပ်ပုတီးနှင့် ဗုဒ္ဓဘာသာ၊ ကန်တော့ပွဲ၊ ဆုတောင်းသောအလေ့၊ တန္တရ မန္တရ ဂမ္ဘီရ တွေအတွက် မဟုတ်ပါ၊ ယတြာမလိုပါ၊ သီလပျက်သော နတ်ပွဲများ၊ အများသာ အယူအစွဲ၊ လမ်းချော်သွားသော ယောဂီများ၊ ၁၁ မီးနှင့် ငွေအလှူ၊ ဘိုးတော်၏ မက်လုံး၊ ကံကြီးများကို ကင်းလွတ်ခွင့်ပြုသော ဂိုဏ်း၊ ဂိုဏ်းဆရာများ၏ ပုံတော်များ၊ ဘိုးဘိုးအောင်နှင့် ရတနာ ဒီပံ၊ မဟာယာန ပူးဝင်မှု၊ ရွတ်ဖတ်နေရုံမျှဖြင့်၊ စုန်းကဝေအယူအစွဲအပါအ၀င် ဘာသာရေးဆောင်းပါး ၆၇ ပုဒ်ပါဝင်သည်။
ပဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်နှင့် အမေးအဖြေ-ခင်ချိုထွန်း စာတည်းအဖွဲ့
အဘိဓမ္မာ ၇ ကျမ်းရှိသည့်အနက် နောက်ဆုံးဖြစ်သည့် ပဋ္ဌာန်းကျမ်းတော်ကြီးသည် သာသနာကွယ်ချိန်၌ ပထမဆုံး ကွယ်ပျောက်လိမ့်မည်ဟု ဆိုသည်။ မြတ်စွာဘုရား၏ တရားတော်များအနက် ဤပဋ္ဌာန်းဒေသနာတော်ကြီးသည် သိပ္ပံနည်းအကျဆုံး တရားတော်ဟု ပြောလျှင် ရသည်။ ပဋ္ဌာန်းဆိုသည်မှာ ရုပ်တရား နာမ်တရားတို့ ဖြစ်ပေါ်လာပုံကို အကြောင်းနှင့် အကျိုးဖြင့် အသေးစိတ်ဟောတော်မူထားသည့် တရားဖြစ်သည်။

ငွေနဲ့ပေါက်လို့ ဘာသာမပျောက်စေနဲ့-အရှင်ပညောဘာသ
အမျိုး ဘာသာ သာသနာ တည်တံ့ခိုင်မြဲရေးအတွက် သတိပေးထားသော စာရေးသူ၏ ဆောင်းပါး ၁၅ ပုဒ်ကို စုစည်းထားသော စာအုပ် ဖြစ်သည်။ ငွေနဲ့ပေါက်လို့ ဘာသာမပျောက်စေနဲ့၊ ဒို့အမျိုး ဒို့ဘာသာအတွက်မို့ ရတက်ပွေလီ၊ မြန်မာအချင်းချင်း သွေးမကင်းလို့ ပြောပါ ရစေ၊ မြန်မာတို့သွေး မျိုးချစ်ရေး၊ လက်သံပြောင်တဲ့ မန္တလေးက ဆရာတော်၊ အပေးအကမ်း ပက်စက်တဲ့ မြန်မာတွေ၊ မျိုးချစ်ဇာနည်၊ အမျိုးစောင့်စေခြင်းသည်၊ အမျိုးသားရေးအတွက် စကားလက်ဆောင်အပါအ၀င် လူမျိုး ဘာသာ သာသနာ မပျောက်ကွယ်စေရေးအတွက် သတိပေးထားသည့် ဆောင်းပါးများ ပါဝင်သည်။ ဘာသာခြားများ၏ နည်းမျိုးစုံ စည်းရုံးသိမ်းသွင်းမှုကြောင့် ဗုဒ္ဓဘာသာကို စွန့်လွှတ်ခဲ့ ကြသူများအကြောင်းကို သတိပြုဆင်ခြင်ဖွယ် ဖော်ထုတ်ရေးသားထားသော ဆောင်းပါးများဖြစ်ကြသည်။

အာနာပါနဒီပနီ-လယ်တီဆရာတော်
အာနာပါနကမ္မဋ္ဌာန်း လုပ်ငန်းခွင်ကို ပြည့်စုံတိကျစွာ ဖော်ပြထားသဖြင့် လူရှင်ရဟန်း ယောဂီတိုင်း လက်စွဲပြုသင့်သော စာအုပ်ဖြစ်သည်။

မြေဇင်းတောရဆရာတော်ဘုရားကြီး၏ သြ၀ါဒကထာများ-အရှင်သောပါက
ပျံလွန်တော်မူပြီးဖြစ်သည့် မြေဇင်းဆရာတော်၏ တစ်မျက်နှာ သြ၀ါဒတိုများကို စုစည်းဖော်ပြထားခြင်းဖြစ်သည်။ ဆရာတော်သည် ကန္နီ၊ အင်ချောင်၊ ဝေဘူ၊ မန်လည်ဆရာတော်တို့ထံတွင် နှစ်ပေါင်းများစွာ တရားကျင့်ကြံခဲ့ပြီး ကိုယ်တိုင်လည်း တရားစခန်းရိပ်သာများဖွင့်လှစ် ၍ တရားပြသခဲ့ရာ လူအများ၏ ကြည်ညိုလေးစားမှုကို ခံခဲ့ရသည်။ ဆရာတော်၏နည်းသည် ၀ိပဿနာတရားကို သမထမှ စ၍ အခြေခိုင် အောင်လုပ်ကာ ၀ိပဿနာသို့ ကူးပြောင်းခြင်းဖြစ်သည်။ ဤစာအုပ်တွင် ဆရာတော်၏ သြ၀ါဒ(၁၁၀)ကျော်ကို တစ်စု တစ်စည်းတည်း နာကြားကြရမည်ဖြစ်သည်။ သည်းခံအားထုတ် ယောဂီအလုပ်၊ နိမိတ်ဆိုတာ ဘာလဲ၊ အသက်မရှုသူများ၊ သတိမြဲရာ ပထမ၊ နိမိတ် ၃ မျိုး၊ ငါမပိုင် ငါ့ခန္ဓာ၊ မိမိရ ကိုးကွယ်ကြ၊ နတ်တွေ ကြည့်နေတယ်၊ ပြူရမည့် ပရိကံ၊  တိုရင်းလိုရှင်း ၀ိပဿနာသြ၀ါဒများ ပါဝင်သည်။

ကန္နီနည်း သမထ-၀ိပဿနာကျင့်စဉ်ကျမ်း-အရှင်ကေလာသ
မြေဇင်းဆရာတော်နှင့် ဓမ္မာစရိယဦးဌေးလှိုင်တို့၏ ဖော်ထုတ်မှုကြောင့် လူသိများလာသော ကန္ဒီဆရာတော်၏ ၀ိပဿနာရှုနည်းကျမ်း ဖြစ်သည်။ သမထနှင့် ၀ိပဿနာဟူ၍ (၂)ခန်းခွဲထားသည်။ အခြေခံပိုင်းမှစ၍ရှင်းထားသောကြောင့် စတင်ရှုမှတ်မည့်သူများ အတွက် အထူးသင့်လျော်သည်။

ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ-သီတဂူဆရာတော် ဦးဥာဏိဿရ
ဗုဒ္ဓဘာသာဝင်တိုင်း သိရှိထားသင့်သော ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒအကြောင်းကို သီတဂူဆရာတော်က ရှင်းလင်းစွာ ဟောကြားထားသော တရား ဖြစ်သည်။ ဗုဒ္ဓ၀င်နှင့်တကွ ဗုဒ္ဓတရားများတွင် အနှစ်ချုပ် သိထားသင့်သော တရားစုများကို ပူးတွဲနာကြားရမည်ဖြစ်သည်။ သဒ္ဓါ၏ အဆင့်သုံးဆင့်၊ လာလှည့် ကြည့်လှည့်၊ ဒီမိုကရေစီနည်းကျသော ၀ါဒ၊ အကျိုးမရှိက မဟော၊ ဗုဒ္ဓ၀ါဒသည် ဘာကိုအခြေခံသလဲ၊ ဗုဒ္ဓ၏ စကားကြီး ၁၀ ခွန်း၊ ဆုတောင်းတယ်ဆိုတာ၊ ဗုဒ္ဓသည် ဖန်ဆင်းရှင်မဟုတ်၊ ဗုဒ္ဓပုံတော် ဆင်းတုတော် ဘာကြောင့်ကိုးကွယ်နေသလဲ အပါ အ၀င် အယူအဆပိုင်းရေးရာများကို ရှင်းလင်းထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်တို့ သိဖို့လိုသည်-သာမဏေကျော်
လူငယ်များသာမက လူလတ် လူကြီး ဗုဒ္ဓသာသနာဝင်တို့ပါ သိထားသင့် သိထားထိုက်သော ဗုဒ္ဓယဉ်ကျေးမှု အခြေခံတို့ကို ရေးသားထားသော စာအုပ်ဖြစ်သည်။ သြကာသ အကျယ်ရှင်းတမ်း၊ ဘုရား တရား သံဃာနှင့် သရဏဂုံအကြောင်း၊ သရဏဂုံ ဆောက်တည်ပုံနှင့် သီလဆောက်တည်ပုံ၊ ဂုဏ်တော်ဘုရားရှိခိုး၊ ကံ၊ ဒုစရိုက်၊ ဆွမ်းလှူအကျိုး၊ မေတ္တာပွားပုံ၊ သတိပဋ္ဌာန် ၀ိပဿနာ ရှုနည်းအပါအ၀င် အခြေခံ ဗုဒ္ဓတရားအဆီအနှစ်များကို တစ်စုတစ်စည်းတည်း ဖတ်ရှုရမည်ဖြစ်သည်။

လှူဖွယ်အမျိုးမျိုး အကျိုးအနန္တ-တက္ကသိုလ်သျှင်သီရိ
လူဖွယ်ပစ္စည်းကိုလိုက်၍ ရရှိနိုင်သည့် အကျိုးတရားများကို လိုရင်းတိုရှင်း ဖော်ပြ ထားသော စာအုပ်ဖြစ်သည်။ အလှူနှင့် စွန့်ကြဲမှု၊ သုတ္တန် ၀ိနည်း အဘိဓမ္မာလာ အလှူအမျိုးအစားများ၊ အလှူယုတ် ၅ မျိုး၊ သံဃိက အလှူ ၇ မျိုး၊ အလှူဖြစ်ကြောင်း ၃ ပါး၊ အလှူအင်္ဂါ ၆ ပါး၊ အပါအ၀င် အလှူအကျိုးအကြောင်းများ၊ ထို့နောက် ပံ့သကူသင်္ကန်း၊ ၀ိသာခါကျောင်းအမ၏ သင်္ကန်းအလှူ၊ ကျောင်းအလှူ၊ ဆေးအလှူ၊ ဖိနပ်အလှူအပါအ၀င် ပစ္စည်းအမျိုးမျိုး၏ ကွဲပြားသည့် အကျိုးအထွေ ထွေ၊ စေတီပြုပြင်သည့် အကျိုး၊ ရေလှူအကျိုး၊ ကျောင်းလှူအကျိုး၊ ဆွမ်းတင်အကျိုး၊ သီလဆောက်တည်အကျိုးအပါအ၀င် အခြားသိထားသင့်သည့် အကျိုးကျေးဇူးများကို တစ်အုပ် တည်းတွင် စုံစုံလင်လင် ဖတ်ရှုရမည်ဖြစ်သည်။

0 comments:

Post a Comment