Labels

APP (3) Ashin Revata (1) Auto World Journal (1) Blogger များ (10) Chan Myay Mying Sayadaw (2) DVD တရားခွေများ (5) Dhamma Talk (English) MP3 (1) Dr Ashin Dhammapiya (2) Dr. Mehm Tin Mon (8) Dr. Nandamalabhivamsa (3) Facebook ဆိုင်​ရာ (1) IT ebook (1) Inside jornel (1) Lလင်း (1) MP3 (10) Maha Thera Ledi Sayadaw (3) Mingun Sayadaw (10) Mogok SayaDaw U Wimala (7) NetGuide (6) Photos (1) SAR MAUNG TOH (1) U Pannya Vamsa (1) U San Lwin's Dhamma Talks (1) ViDeo dhanma (2) Videos (2) Website (1) Zar Ni (2) apk for Android Smart Phone (4) e-Book in English (42) ×××× (3) ကဗျာများ (5) ကာတွန်း (13) ကိုနေ (1) ကိုလေးမြတ် (1) ကို​ရွှေ​တောသား (1) ကလောင်စုံ (1) ကံချွန် (3) ကျမ်းမာသုခ ဂျာနယ် (1) ကျမ်းမာရေး (8) ကျွန်းရွာ​တောရဆရာ​တော်​ (1) ခင်ချိုထွန်းစာပေ (1) ခင်မျိုးချစ် (1) ခင်မောင်ညို (ဘောဂဗေဒ) (1) ခင်နှင်းယု (1) ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်း (1) ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်း (1) ချက်နည်းပြုတ်နည်း (1) ချစ်စံဝင်း (4) ချစ်မ (1) ချစ်ဦးညို (2) ချစ်နိုင်-စိတ်ပညာ (1) ချမ်းမြေ့ဆရာတော် (20) ဂါထာမန္တာန်ပေါင်ချုပ် (2) ဂီတတီးနည်း (1) ဂျာနယ်ကျော်မမလေး (1) ဂျာနယ်ကျော်မလေး (2) ဂျူး (4) ငယ်-လတ်-ကြီး-ဓမ္မစရိယ (1) စစ်​တုရင်​ ၉ အုပ်​ (1) စာအုပ်များ (10) စာအုပ်လမ်ညွှန် (1) စာ​ပေ ဇယား (1) စာ​ပေ​ဟော​ပြောပွဲ mp3 (1) စိမ့်(ပညာရေး) (2) စိုက်ပျိုးရေး (3) စိုးမြတ်သူဇာ (2) စံ-ဇာဏီဘို (3) စွမ်းထက်အောင် (1) စွယ်စုံကျမ်း ၁+၉ (2) ဆရာမင်းလူ (2) ဆရာဇော်ဂျီ (2) ဆရာတော်ဦးဇောတိက (1) ဆရာမောင်တိုး (1) ဆရာသောင်းလွင် (1) ဆရာကြီး ဦးဂိုရင်ဂါ (3) ဆရာကြီး ဦးဇေတဝန် (1) ဆားပုလင်းနှင်းမောင် (1) ဆုထူးပန်ဦးကျော် (1) ဆုမြတ်မွန်မွန် (1) ဆန္ဒအောင် (1) ဇင်သန့် (3) ဇင်ဝေသော် (1) ဇဝန (1) ဇာဂနာ (1) ဇ၀န (1) ညိုသောင်း (1) ညီသစ်​ (1) ညီမေတ္တာ (1) တက်တိုး (7) တက္ကသိုလ် စိန်တင် (1) တက္ကသိုလ် နေလင်းအောင် (4) တက္ကသိုလ်စိန်တင် (1) တက္ကသိုလ်နန္ဒမိတ် (1) တက္ကသိုလ်ဘုန်နိုင်၏စာအုပ်များ (10) တက္ကသိုလ်နေဝင်း (7) တင်မိုးလွင် (1) တင်ထွေး (2) တင်မောင်မြင့် (1) တင်​မိုး (1) တင်​​မော်​ (1) တတိုင်မွေး (1) တရားတော်များ (23) တာယာမင်းဝေ (4) တာတေ (1) တိပိဋကမြန်မာပြန် (3) တစ္ဆေ၀တ္ထု (2) ဒဂုန်ခင်ခင်လေး (1) ဒဂုန်ဦးစန်းငွေ (2) ဒဂုန်ရွှေမျှား (1) ဒဂုန်ရွှေမျှား (4) ဒီဃနိကာယ် ၃-ကျမ်း (1) ဒီလှိုင်းဂျာနယ် (2) ဒုတိယဗိုလ်မှူးကြီး သောင်းထိုက် (1) ဒဿန (1) ဓမ္မစရိယ ဦးအေးနိုင် (1) ဓမ္မစရိယ ဦး​ဋ္ဌေးလှိုင်​ (1) ဓမ္မာစရိယတန်းအတွက် (21) ဓမ္မာစရိယဦးအေးနိုင် (1) ဓမ္မာစရိယာဦးမောင်မောင်လေး (1) ဓမ္မကျောင်းတော် (1) ဓမ္မဘေရီ အရှင်ဝိရိယ (1) ဓာတ်ပုံပြုပြင်နည်းစာအုပ် (1) နည်းပညာဂျာနယ်များ (2) နည်းပညာစာအုပ်များ (40) နည်းပညာ (2) နန်းမာဆရာတော် အရှင်ဥာဏ (1) နိင်ငံရေးစာအုပ်များ (1) နီကိုရဲ (1) နန္ဒသိန်းဇံ (2) ပဌမသံဃယနာအ​မေးအ​ဖြေ (2) ပန်းငွေရုံဆရာတော် (1) ပန်းဝေဝေ (2) ပါရဂူ (10) ပါရဂူမင်းနန္ဒာ (1) ပိဋကတ်ကျမ်းစာ (1) ပီမိုးနင်း (3) ပုညခင် (2) ပုံပြင်စာအုပ် (1) ပျူး (3) ဖားအောက်တောရဆရာတော် (1) ဖိုးဇာ (1) ဖိုး​ကျော့ (1) ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်များ (4) ဗန်းမော်ဆရာတော် (1) ဗဟုသုတ (3) ဗဟုသုတဆောင်းပါး (3) ဗိုလ်ချုပ်အောင်ဆန်း (1) ဗိုလ်​မှူးဘရှင်​ (1) ဗုဒ္ဓစာပေ (1) ဗုဒ္ဓါဝင်​ ပန်း​ချီကားများ (1) ဗျူး (8) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ (11) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသMP3 (9) ဘာသာရေးဆောင်းပါး (23) ဘာသာပြန်​စာအုပ်​ (2) ဘာသာ​ရေး (4) ဘာသပြန် အင်္ဂလိပ် (1) မဂ္ဂဇင်း (5) မင်လူ ၏ စာအုပ်များ (1) မင်းခိုက်စိုးစံ (1) မင်းယုဝေ (3) မင်းသိင်္ခ (1) မင်းဇော် (1) မင်မြတ်သူရ (1) မင်းကိုနိုင်​ (1) မင်းလူ (1) မစန္ဒာ (1) မဇ္ဈိမနိကာယ် ၃-ကျမ်း (1) မမသဒ္ဒါမောင် (1) မသိ (1) မဟာဆွေ (1) မဟူရာ(လွိုင်ကော်) (1) မာဏဝ (1) မိတ်ဆက်လွှာ (1) မိန်းကလေး (3) မိုးကုတ်ဆရာတော်ဘုရားကြီး (5) မိုးတိမ်​ (1) မိုးမိုး (အင်းလျား) (3) မီကိုဇူးဇင် (3) မလေးငြိမ် (1) မျိုးမာန် (4) မျိုးသူရ (1) မှတ်​စု (1) မှုခင်း (4) ယဉ်ကျေးလိမ္မာ (53) ရန်ကုန်မျိုးသန့် (1) ရန်​​အောင်​ ​မောင်​​မောင်​ (1) ရာဇဂဏီ (1) ရဝေထွန်း (1) ရဝေနွယ် (အင်းမ) (2) ရဲညွန့် (1) ရှားပါးစာအုပ်များ (4) လကာင်္ရည်ကျော် (1) လင်းထွန်း (1) လင်းယုန်မောင်မောင် (6) လည်​တီဆရာ​တော်​ (3) လမင်းမို့မို့ (1) လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး M.A (2) လယ်တွင်းသားစောချစ် (15) လီနင် (1) လူထုစိန်ဝင်း (6) လူထုဦးလှ (3) လူပုဂ္ဂိုလ်များ (29) လူ​နေ (1) လရောင်ကျူးရင့် (2) ဝတ္တုရှည် (30) ဝိဇ္ဇာ (1) ဝိနယ ပိဋက မြန်မာပြန် (5) ကျမ်း (1) ဝိနိစ္ဆယ ကျမ်းစာအုပ်များ (1) ဝဏ္ဍသီရိ (1) သခင်ဘသောင်း (3) သခင်မြတ်ဆိုင် (1) သခင်​စိုး (1) သင်္ခါ (1) သင်းမြတ်နိုး (1) သစ်မွှေး (2) သည်ခေတ်နေ (1) သတိုးဝီရ (1) သတိုးတေဇ (3) သန်းထိုက်ရွှေရိပ် (2) သန်းသန်းတင့် (1) သန်းငြိမ်းအေး (1) သမိန်ပေါ့သွယ် (1) သမိုင်းစာအုပ်များ (1) သရ(ICT) (1) သာမဏေကျော် စာမေးပွဲ အတွက် (1) သိန်းဖေမြင့် (1) သိမ့်သိမ့်နွေး (1) သိုင်​ဝတ္ထုများ (1) သိုး​ဆောင်း (1) သီချင်းစာအုပ်​ (1) သီတဂူဆရာ​တော်​ mp3 တရား (2) သီရိသဒ္ဓမ္မာ လကာင်္ရ (1) သုခ (5) သုတ/ရသ (7) သုတ္တသင်္ဂဟ (1) သုသိဏ် (1) သူရထိုက် (1) သံယုတ္တနိကာယ် ၅-ကျမ်း (1) သျှင်မ (1) သျှင်ဥက္ကဌ (1) ဟာသ (2) အဂ္ဂဝိဇ္ဇာ (1) အင်္ဂလိပ်စကားပြော စာအုပ် (1) အင်္ဂလိပ်စာရေးရန် (1) အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း (1) အင်အားဂျာနယ် (3) အဘိဓမ္မာ ပိဋက မြန်မာပြန် (1) အရှင်ကုမာရ (3) အရှင်ဆန္ဒာဓိက (33) အရှင်ဇနကာဘိဝံသ (1) အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ (5) အရှင်အာစရာလင်္ကာရ (1) အရှင်ဥာဏ (1) အရှင်ဆေကိန္ဒ (26) အလှပုံများ (9) အားကစား ဂျာနယ်​ (3) အိမ်လွမ်းသူ (1) အတွေး (1) အကြည်တော် (8) အရှင်ကုဏ္ဍလာဘိဝံသ (1) အရှင်ဂုဏိန္ဒ (1) အရှင်ဇနကာဘိဝံသ (1) အရှင်ဇာနေယျ (1) အရှင်နန္ဒမာလာဘိဝံသ (1) အရှင်နန္ဒမာလာ (1) အရှင်​ဆန္ဒာဓိက (1) အ​မေးအ​ဖြေ (1) ဥပဒေ စာအုပ်များ (10) ဥပဒေစာအုပ်များ (14) ဥာဏ်ကြွယ် (1) ဦးခင်ညွန့် (1) ဦးချစ်မောင် (1) ဦးစိုးတင့် ( တောင်ကြီး ) (1) ဦးဆန်းလွင် (1) ဦးထွန်လှ (2) ဦးထွဋ္ဋ် (1) ဦးပညာစာမိ (1) ဦးပုကလေး (1) ဦးသက်စိန် -ဖြူး (1) ဦးသက္က (1) ဦးဟုတ်စိန် (1) ဦးဌေးလှိုင်( ဓမ္မာစရိယ ) (1) ဦးရွှေအောင် (2) ဦးသော်ဇင် (1) ဦးအောင်ခင် (1) ဦးအောင်ညွန့်ဝင်း (1) ဦးအောင်လင်း (1) ဦးအောင်ဟိန်းကျော် (1) ဦးအေးမောင် (4) ဦးနု (2) ဦးဂိုအင်​ကာ (1) ဦးထွန်း (1) ဦးပဏ္ဍိတ (1) ဦးဘသန်း (1) ဦးငြိမ်းမောင် (1) ဦး​ဌေးလှိုင်​ (1) ကောင်းထက် (1) ကျော်နန္ဒအောင် (1) ကျော်လှိုင် (1) ငွေဥဒေါင်း (6) ငွေကြည် (1) စောမုံညင်း (1) ဆောင်းပါး (6) ဆွေလှိုင်ဦး (1) ဆွေလှိုင်ဦး (1) ထောင်မှူးကြီး သိန်းဝင်း (1) ထောင်မှူးကြီးသိန်းဝင်း (2) ထောင်မှူးကြီးသိန်းဝင်းနှင့် သူရိန်ထွန်း (2) ဒေါက်တာ အရှင်ကောဝိဒ (1) ဒေါက်တာမင်းတင်မွန် (1) ဒေါက်တာလှဖေ (2) ဒေါက်တာသန်းထွန်း (4) ဒေါက်တာမောင်မောင်ညို (1) ဒေါ်အုန်းကြည်သား (1) နေစိုးထက် (1) နေဝင်း(လန်ဒန် (1) ဖေဖေကျော် (1) ဖေမြင့် (5) မေတ္တာရှင်ရွှေပြည်သာ (2) မောင်ကွန်ပျူတာ (1) မောင်ညိုမှိုင်း(သန်လျင်) (1) မောင်ထင် (1) မောင်ထွန်းသူ (2) မောင်ထွန်းမြိုင် (1) မောင်မိုးသူ (1) မောင်ဝံသ (1) မောင်သိန်းလွင် (2) မောင်ကောင်းထိုက် (1) မောင်မောင် (ရွှေကရ၀ိတ်) (1) မောင်မောင်မြင့်သိန်း(စက်မူတက္ကသိုလ်) (1) မောင်ရွှေခေတ် (2) မော်စီတုန်း (1) မှော်ပီဆရာသိန်းကြီး (1) ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဥပဒေများ (1) ရွှေဥဒေါင်း (3) သောင်းညွန့်သစ် (2) သောင်းဝေဦး (3) သော်တာဆွေ (2) အောင်သင်း (5) အောင်မြင်ရေးဆောင်းပါး (1) ကြေးမုံသတင်းစာ (24) ပြည်သူ့နီတိ (1) ပြည့်ပိုင်မှူး (1) ပြည့်ပိုင်မှူးအိမ် (1) ဖြူးဆရာ​တော် mp3 (1) ဖြူးးဆရာတော် (2) မြတ်ခိုင် (1) မြန်မာစွယ်စုံကျမ်း (1) မြန်မာ့အလင်းသတင်စာ (22) မြသန်းတင့် (20) မြကေတု (1) ၀ဏ္ဏသီရိ (1) ၀တ္ထုစာအုအ်များ (7) ကြည်​ဦး (1) ကြယ်စင်မှူးဝေ (1) တြိစက္က (2) နိုင်ငံရေး (1) နိုင်ငံရေး စာအုပ်စင် (2) နိုင်ငံရေးသမိုင်းစာအုပ်များ (1) နိုင်ပန်းလှ (1) နွယ်ဂျာသိုင်း (1) ​ဝင်း​မောင်​ထက်​ (1) ​ကျော်​မြသန်း (1) ​ဒေါက်တာနန္ဒမာလာဘိဝံသ (1) ​မောင်သာချို (1) ​မောင်​သိန်​​ဖေ (1) ​မောင်​နှင်​​ဆွေ (1) ​ရေနံ့သာဝင်း​မောင်​ (1) ​အောင်​​ကြောင်​ဖြာ (1) ​​ဒေါက်တာ​ မင်းတင်​မွန်​ (1) ​​ဒေါက်တာ​ ​အောင်​ခင်​ဆြင့်​ (1) ​​မောင်​ခိုင်​မာ (1)
လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။

Unordered List

Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Sunday, October 2, 2016

မင်း လုပ်နိုင်ရဲ့လား




••••••••••••••••••
၁။မွေ့ယာပေါ်မှာ စောင်အထပ်ထပ်နဲ့
ဇိမ်ကျနေချိန်မှာ အသဲခိုက်အောင်ချမ်းတဲ့
နှင်းစက်တွေကြားမှာ ထီးမပါ ဖိနပ်မစီးပဲ
ဘုံဆွမ်းလောင်း မင်းကြွနိုင်ရဲ့လား...

၂။ အကောင်းဆုံး breakfast စားနေချိန်မှာ သပိတ်ငယ်ထဲမှာ ဝတ်ဆံမပြောက်သေးတဲ့
ဆွမ်းနဲ့ လက်မပြားလောက်ထူတဲ့ မနူးသေးတဲ့ ဘူးသီးပြုတ်ရေကို မင်းသောက်နိုင်ရဲ့လား...

၃။ KTV Massage Nightclub တွေမှာ အော်ဟစ် သောက်စား မူးရစ်ပျော်ပါးနေတဲ့အချိန်မှာ
ဂုဏ်တော်တွေကိုပွားများ ဗုဒ္ဓဘုရားရှင်ကို
ဝတ်ပြုနိုင်ရဲ့လား...

၎။ ပျော်စရာတွေ လွတ်လပ်မှုတွေ ပြည့်စုံတဲ့ လူငယ်ဘဝကို မင်းခုံမင်နေတဲ့အချိန်အစား
မိသားစုကိုခွဲခွာပြီး သာသနာ့အတွက်
မင်းဘဝကို ပေးဆပ်နိုင်ရဲ့လား...

၅။ ညနေခင်းနေဝင်ချိန်မှာ ဝက်နံကင်တွေ ရုံးပတေသီးကင်တွေနင့် အသားကင်တွေကိုင်စားရင် ဘီယာလေးမောလိုက် ဝီစကီလေးမော့လိုက်လုပ်နေချိန်မှာ ဗိုက်ဆာလွန်းလို့ ကျောသားနင့်
ဝမ်းဗိုက်သားတစ်ထပ်တည်းကျနေရတဲ့ဘဝမင်း တစ်ရက်လောက်
ခံစားကြည့်ပေးပါလား။

အေး မင်းမလုပ်နိုင်ရင်တော့
စာသင်နေတဲ့ သံဃာငယ်တွေကို
မကဲ့ရဲ့မိပါစေနဲ့.....

 #စာသင်သားလေးများ၏ ဘဝပုံရိပ်

Sunday, October 4, 2015

အောင်မြင်ဖို့ ကမ္ဘာကျော် ၁၂ ဦး၏ ခံယူချက်


အောင်မြင်မှုတစ်ခုဆိုတာ လူသားတိုင်း ရယူပိုင်ဆိုင်ချင်တဲ့ အရာတစ်ခုဆို မှားမယ် မထင်ပါဘူး။ တစ်ဦးချင်းဆီရဲ့ အောင်မြင်မှုကို သတ်မှတ်တဲ့ သတ်မှတ်ချက်တွေက ကွဲလွဲနိုင်ပေမယ့် အားလုံးဟာ မိမိတို့ဘ၀ သာယာစိုပြေဖို့အတွက် အောင်မြင်မှုကို ရှာဖွေနေကြပါတယ်။ အောင်မြင်မှုတစ်ခုဆိုတာ ရယူပိုင်ဆိုင်နိုင်ပေမယ့် လွယ်ကူတဲ့အရာတစ်ခုတော့ မဟုတ်ဘူးဆိုတာ အားလုံးလက်ခံမယ်ထင်ပါတယ်။ အားလုံးဘ၀တွေကို အကောင်းဆုံးနည်းလမ်းတွေနဲ့ အောင်မြင်မှုကို ရယူပိုင်ဆိုင်နိုင်ဖို့အတွက် ကမ္ဘာကျော် ၁၂ဦးရဲ့ ခံယူချက် ၁၂ချက်ကို ပြန်လည် မျှဝေလိုက်ပါတယ်။



Michelangelo Buonarroti
၁။ ရည်မှန်းချက်ကြီးပါစေ
“ကျနော်တို့တွေဟာ ရည်မှန်းချက်ထားတဲ့အခါ ဖြစ်တတ်တဲ့ ပြဿနာက ထားလိုက်တဲ့ရည်မှန်းချက်က သေးနေတတ်ပြီး ရယူဖို့လွယ်တတ်တယ်။ အမှန်တော့ ဖြစ်သင့်တာက ရည်မှန်းချက်ကို ကြီးကြီးထားပြီးတော့ ရယူဖို့ လိုအပ်နေသေးတာမျိုး ဖြစ်ရမယ်။”မိုက်ကယ်အိမ်ဂျယ်လို (Michelangelo Buonarroti)
Oprah Winfrey
 
၂။ မိမိချစ်မြတ်နိုးရာကိုသာ လုပ်ပါ
“အောင်မြင်ဖို့အတွက်သွားမယ့် လမ်းကြောင်းမှာ ငွေရလို့လုပ်ရတာထက် ကိုယ်တိုင်အမှန်တကယ် ချစ်မြတ်နိုးတဲ့အရာကိုသာ တွေ့အောင်ရှာဖွေပြီး လုပ်ပါ။”
အိုပရာ ၀င်းဖရေ (Oprah Winfrey)
Phil Knight

၃။ မျှတစွာ ကိုင်တွယ်တတ်ပါစေ
“မိမိရဲ့ ကိုယ်ပိုင်ဘ၀နဲ့ အလုပ်ဘ၀ကြားမှာ ရှောင်လွှဲလို့မရမယ့် ပြဿနာလေးတွေ ကြုံတွေ့ရမှာပါ။ ဘယ်သူကမှ တစ်ဖက်ထဲကို အာရုံပြုပြီး ရေရှည်မှာ ရပ်တည်လို့မရဘူး။ အရေးကြီးတာက ဒီနှစ်ခုကို မျှတစွာ ဘယ်လိုကိုင်တွယ်ပြီး အောင်မြင်အောင် လုပ်ဆောင်မလဲ ဆိုတာပါပဲ။”
ဖေးလ်နိုက်ခ် (Phil Knight) CEO of Nike Inc

Henry Ford
၎။ ကျရှုံးရမှာ မကြောက်ပါနဲ့
“ကျရှုံးခြင်းတစ်ခုဆိုတာ တကယ်တော့ အသစ်ပြန်စတင်ဖို့အတွက် အခွင့်အရေးတစ်ခုပဲ။ ပြန်စတဲ့အခါ အရင်က ကျရှုံးခဲ့တဲ့ သင်ခန်းစာကို အခြေခံပြီး ပိုကောင်းအောင် လုပ်ဆောင်နိုင်တာပေါ့။”ဟင်နရီဖို့ (Henry Ford) Founder of Ford Motors

Leonardo da Vinci
၅။ အလုပ်နှင့်သက်သေပြပါ
“အောင်မြင်မှုကို ဖန်တီးနိုင်တဲ့လူတွေဟာ ဘယ်တော့မှ ထိုင်ပြီး အရာရာဟာ ဖြစ်လာတာကို မစောင့်နေဘူး။ သူတို့တွေဟာ ကိုယ်တိုင် မဖြစ်ဖြစ်အောင် နည်းလမ်းတွေရှာဖွေပြီး အောင်မြင်မှုကို ဖန်တီးကြတယ်။”လီရိုနာဒို ဒါ ဗင်ချီ (Leonardo da Vinci) Renaissance Genius

Theodore Roosevelt
6။ ပြဿနာကို ရှောင်ရှားပါ
“အောင်မြင်ဖို့အတွက် အဓိက အကျဆုံးအရာက လူတိုင်းနဲ့ အဆင်ပြေအောင် ဘယ်လို ဆက်ဆံရမလဲဆိုတာပဲ။”
သီရိုဒိုး လို့စဘက်ပ် (Theodore Roosevelt)USA ၏ ၂၆ဦးမြောက် သမ္မတ

Mark Twain
၇။ အတွေးအခေါ်အသစ်တွေကို ကြိုဆိုပါ
“အတွေးအခေါ်အသစ်ရှိတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ အတွေးအခေါ်သစ် မအောင်မြင်ခင်အထိ ငတုံးတစ်ယောက်ပဲ။”
မက်ခ်တ၀န်င် (Mark Twain) ကမ္ဘာကျော်စာရေးဆရာ


Walter Disney
၈။ အောင်မြင်မယ်ဆိုတာ ယုံကြည်ပါ
“သင်အရာတစ်ခုကို စိတ်ကူးနဲ့ အိမ်မက်မက်နိုင်တယ်ဆိုရင် အဲ့ဒါကို သင်အကောင်အထည်ဖော်နိုင်တယ်။”
ဝေါတာ ဒစ်စနီ (Walter Disney) Walt Disney Founder

Thomas Jefferson
၉။ အကောင်းမြင်တတ်ပါစေ
“ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်ဖို့ ယုံကြည်မှုအပြည့်နဲ့ အကောင်းမြင်ပြီး လျှောက်လှမ်းနေတဲ့ လူတစ်ယောက်ကို ဘယ်အရာကမှ သူအောင်မြင်အောင် ရပ်တည့်လို့ရမှာ မဟုတ်သလို ယုံကြည်မှုမရှိပဲ အဆိုးမြင်ပြီး ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်အတွက်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။”
သောမက်စ် ဂျက်ဖာဆန် (Thomas Jefferson)USA ၏ တတိယမြောက် သမ္မတ

Abraham Lincoln
၁၀။ စိတ်ဓာတ်မကျပါနဲ့
“အဆုံးမှာတော့ အောင်မြင်ရမယ်လို့ ခံယူချက်အပြည့်ထားပါ။ ဘယ်တော့မှ စိတ်ဓာတ်ကျပြီး လောကကြီးကို ဒူးထောက်အရှုံးမပေးပါနဲ့။”
အေဘရေဟမ် လင်ကွန်း (Abraham Lincoln)USA ၏ ၁၆ဦးမြောက် သမ္မတ

၁၁။ အလုပ်ကြိုးစားပါ
“သာမာန်လူတစ်ယောက်ရဲ့ ကြိုးစားနိုင်စွမ်းတစ်ခုကို ကျော်လွန်ပြီး မကြိုးစားနိုင်ပဲနဲ့တော့ ဘယ်တော့မှ ထိပ်ဆုံးနေရာကို ရောက်လာဖို့ ဖြစ်လာမှာ မဟုတ်ဘူး။”
ဂျေစီပန်နီ (JC Penny) JC Penney Inc’s Founder

Steve Jobs
၁၂။ မိမိယုံကြည်ချက်အတွက် ရပ်တည်ပါ
“မိမိယုံကြည်ရာတစ်ခုအတွက် ရပ်တည်ဖို့ အမြဲတမ်း သတ္တိရှိပါစေ။ ဒီယုံကြည်ချက်က မိမိဖြစ်လာချင်တဲ့ အရာတစ်ခုကို သိရှိနားလည်ထားတာဖြစ်တယ်။”
စတိဂျော့ (Steve Jobs) Apple Inc’s Co-founder
အားလုံးပဲ အောင်မြင်တဲ့ဘ၀တွေကို ဖန်တီးတည်ဆောက်နိုင်ကြပါစေ။


မြန်မာအွန်လိုင်းစာအုပ်စင် မှ ပြန်လည်ကိုးကားတင်ဆက်ပါသည်။

Sunday, September 27, 2015

အာဇာနည်နေ့



၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ဟု သက်မှတ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား ယနေ့ထက်တိုင် အောက်မေ့ သတိရလျက်ရှိကြပါသည်။
ပစ်ခတ် လုပ်ကြံ ခဲ့သူများ
1. ရန်ကြီးအောင် (ရဲဘော် ကိုထွေးအား ကိုယ်တိုင်ကိုယ်ကျ ပစ်ခတ်သတ်ဖြတ်ခဲ့ သလိုအစည်းအဝေး ခန်းမအတွင်း ပစ်ခတ်မှုတွင် ပါဝင်သူ)
2. သက်နှင်း (ဦးဆောင် ပစ်ခတ်သူ)၊
3. မောင်စိုး (ဦးဆောင် ပစ်ခတ်သူ)၊
4. စိန်ကြီး (ပစ်ခတ်မှုတွင် ပါဝင်သူ)၊
5. သုခ (ကားမောင်းသူ)။
သေဒဏ် အပြစ်ပေးခံရသူများ
(အင်းစိန်ထောင် ကြိုးတိုက်တွင်)
1. ဂဠုန်ဦးစော
2. မောင်စိုး
3. သက်နှင်း
4. မှုံကြီး ခေါ် မောင်မှုန် (လုပ်ကြံမှု အစီအစဉ် တွင် ပါဝင်ပြီး ဂဠုန်ဦးစော နေအိမ် အ၀ိုင်းခံရမှု တွင် လက်နက် ကိုင် ဆောင်၍ ပြန်လည် ပစ်ခတ်သူ၊ ယခင် ရန်ကုန်ထောင် ကြိုးတိုက် တွင် - ယနေ့ ခေတ် သူနာပြုတတ္ကသိုလ် )
5. စိန်ကြီး ခေါ် မောင်စိန် ခေါ် လှအောင်
6. ရန်ကြီးအောင် ခေါ် လှထွန်း
သေဒဏ် မှ ထောင်ဒဏ် တစ်သက် တစ်ကျွန်းသို့ ပြောင်းရွေ့ ကျခံရသူများ
1. သုခ
2. ခင်မောင်ရင်
3. မောင်နီ ခေါ် ဘိုနီ ခေါ် ဂနီ
ဇူလိုင် ၁၉ ရက်နေ့ အဖြစ်အပျက်
(ဒဂုန်တာရာရေး “ဦးအောင်ဆန်း၏ နောက်ဆုံးနေ့” မှကောက်နုတ်ချက်)
မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်းညိုမှိုင်းလျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမျှ ကြည်လင်စွာ မမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီးလို ဝိုးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲ နေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်။ နောက် စွေ၍နေလေသည်။
ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ နံနက် (၁ဝ)နာရီခွဲ။
ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြု လွှတ်တော်အထူးအရာရှိ ဦးသိန်းဟန် (ဇော်ဂျီ)က စနေနေ့ နေ့လယ်တွင် ဆောင်းပါးလာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ် အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်း ဆောင်းပါးကို လမ်းကြုံလျှင် ယူသွားပါဟု မှာထားချက်ရှိသည်။ သို့ဖြစ်၍ ဗိုလ်ထွန်းလှထံ ဆောင်းပါးဝင်ယူရင်း ခဏတဖြုတ် စကားစမြည် ပြောပြီးနောက် ဇော်ဂျီထံသို့ သွားမည်ဟု စိတ်ကူးထားသည်။
၁ဝ နာရီလောက်ကတည်းက အဝတ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကား မစဲနိုင်။ သို့နှင့် စားပွဲတွင်ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတဗုဒ်ကို စပ်ရင်း ၁၁ နာရီ ထိုးသွားလေပြီ။ မိုးကား မတိတ်သေးပေ။
နောက်ဆုံးတွင် မိုးစဲလိမ့်မည် မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီထပ်ဝတ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။ အဆင်သင့်တွေ့သော ဒေါင်းတံဆိပ် တာမွေ ဘတ်စ်ကားကို တက်စီးသည်။ ကားထဲတွင် ကြည့်မြင်တိုင်မှ လိုက်ပါလာသည် ထင်ရသော တောသား သုံးယောက်နှင့် တရုတ်မနှစ်ယောက်ကို တွေ့ရသည်။ ကားပြတင်းတံခါးများမှာ ပိတ်ထားသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။ အပြင်ဘက်တွင်ကား မိုးသည် ရွာလျက်ပင်။ ရွှံဗွက်ချိုင့်ဝှမ်းတို့ဖြင့် ပြွမ်းသော ရန်ကုန်လမ်းကား စိုစွတ်လှသည်။
ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်းအတက် သိပ်မရှိလှ။ သို့နှင့် စပတ် (ဗိုလ်အောင်ကျော်)လမ်း ရောက်လျှင် ကျွန်ုပ်သည် ဆင်းလိုက်သည်။ ကျွန်ုပ်သည် ဒါလဟိုဇီ (မဟာဗန္ဓုလ)လမ်းဘက်မှ စပတ် (ဗိုလ်အောင်ကျော်) လမ်းကို ဖြတ်ကူးလိုက်သည်။
လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစု၊ ဒီတစု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။ မိုးကာဝတ်လျက် လူများသည် သွားကြ လာကြနှင့် ရှုပ်ယှက်ခတ်နေသည်။ သူရိယတိုက်ရှေ့ အဝင်တံခါးမပေါက်ကြီးတွင်ကား လူများသည် ရပ်ကာ အတွင်းသို့ မျှော်ကြည့်လိုက်၊ စကားပြောလိုက်နှင့် နေကြသည်ကို တွေ့မြင်ရသည်။ ကျွန်တော်ကား ရုံးဆင်းချိန်မို့ လူတွေ ရှုပ်နေတာ ထင်ပါရဲ့ဟုသာ သာမန် အောက်မေ့မိသည်။
ကျွန်တော်သည် အင်မတန် အရိပ်အခြေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သိုပင် ရဲရဲတင်းတင်း တံခါးပေါက်မှ အတွင်းသို့ ဝင်သွားသည်။ လမ်းကူးတွင်ကား လက်နက်ကိုင် စစ်သားများ စောင့်ကြပ်လျက် ရှိသည်ကို တွေ့ရသည်။ ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ ကျွန်တော်သည် အတွင်းဝန်ရုံးသို့ သွားခဲလှပေသည်။
ညှိုးလျော့သော မျက်နှာနှင့် လုံချည်အပြာ ဝတ်ထားသော စာရေးမနှစ်ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ်ဆင်ဝင်အောက် ကားဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ၊ ချာပရာစီများ ရပ်ပြုနေသည်ကို အလျဉ်းမတွေ့ရ။ တိတ်ဆိတ် ငြိမ်သက်၍ နေသည်။
ဗိုလ်ထွန်းလှအခန်းသို့ တက်ရန်လှေကား တထစ် နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည်ကို စိတ်ထင့်သွား၍ ဗိုလ်ထွန်းလှ ခေတ္တရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟု တွေးကာ မတက်တော့ဘဲ ဆင်ဝင်အောက်ကို ဖြတ်သန်းကာ တဖက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံမှ အပြန်မှပဲ ဝင်တော့မည်လေ။
လွတ်တော်ရုံး ဝင်ဝင်ချင်း သခင်နု၏ ရုံးခန်းတံခါးဝမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလတ် ခန်းဆီး အစိမ်းပုတ်ကြီးမှာလည်း ဆွဲပိတ်၍ ထားသည်။ သခင်နုရုံးခန်းကို ကျော်၍ ဇော်ဂျီ၏ အခန်းသို့ ရောက်လေပြီ။ သူ့အခန်းမှာလည်း တံခါးပိတ်ထားပြီး ခန်းဆီး အစိမ်းပုတ်ကြီးသည် ဆွဲ၍ စေ့ထားသည် ရုံးစေသုံးယောက်မှာ နံရံကို မှီကာ ရပ်နေကြသည်။ ခါတိုင်းလို စကားပြော မနေကြ။ သူတို့သည် ငေးမှိုင်တွေဝေ၍ တမျိုးကြီး ဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။
ကျွန်တော်က ငိုင်တိုင်တိုင်နေသော ရုံးစေတစ်ဦးအား ‘ဦးသိန်းဟန် ရှိသလား’ ဟု မေးသည်။
‘ရှိပါတယ် ခင်ဗျ’ ဟု ခပ်တိုးတိုးသာ ခပ်အေးအေး ဖြေသည်။ သည်တော့မှ မျက်နှာပျက်နေကြောင်း အသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။
တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက် မဝင်ဝံ့သေးဘဲ ရပ်ကာ ရုံးစေဘက်သို့ တဖန်လှည်၍ ‘အထဲမှာ အစည်းအဝေး လုပ်နေသလား’ ဟု မေးရသည်။
ရုံးစေသည် ဘာမျှ မပြောဘဲ အသာအယာ စေ့ထားသော တံခါးကို ဖွင့်ပေးသည်။ လှမ်းကြည့်လိုက်ရာ သူ၏ စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီး အတွင်းသို့ ဝင်လိုက်သည်။
ရုံးခန်းကား တိတ်ဆိတ် ငြိမ်သက်လျက် ရှိသည်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်း မှန်ရောင်သည် ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းပြာပြာဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီးတွင်ကား တိုင်းပြုပြည်ပြုလွှတ်တော် အကြံပေးအရာရှိ ဝတ်လုံ ဦးချစ်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်နေလျက် ရှိသည်။
ဇော်ဂျီသည် ကျွန်တော် ဝင်လာသည်ကို မြင်သောအခါ ဆိတ်ဆိတ်ပင်။ စကားမျှမမြွက်ဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက်ဖြင့် ညွှန်ပြသည်။ သူသည် ငေးငိုင်၍ နေသည်။ အတန်ကြာ တိတ်ဆိတ်လျက် ရှိသည်။ ကျွန်တော်ကား ခါတိုင်း လှုပ်ရှားဆူညံ၍ နေတတ်သော အတွင်းဝန်များ ရုံးသည် ဘာကြောင့် ယခုလို အုံ့မှိုင်းရီဝေ၍ နေသည်။ ဆိတ်ငြိမ်၍ နေသည်ကို အံ့သြလျက် ရှိသည်။ အတန်ကြာ ဆိတ်နေရာမှ ‘အားလုံးတော့ ဒုက္ခဖြစ်ကုန်ပြီ’ ဟု ဇော်ဂျီက တိုးတိုးညည်းလေသည်။ ကျွန်တော်ကား ဘာမှန်းမသိသေးသဖြင့် ကြောင်နေရာ သူက အကဲခတ်မိ၍ နေရာမှထကာ လက်ပြ၍ အပြင်သို့ ခေါ်ခဲ့သည်။ ကျွန်တော်သည် ထိတ်ခနဲ ဖြစ်သွားသည်။
‘လက်ဖက်ရည်ဆိုင် သွားရအောင်’
မိုးတဖွဲဖွဲတွင် ရုံးခန်းအပြင်ဘက် မြေနီလမ်းဘေးပေါ်ရောက်မှ ကျွန်တော် မနေနိုင်၍ ‘ဘာဖြစ်လို့လဲ ဆရာ’ ဟု မေးမိသည်။
‘မင်း မကြားသေးဘူးလား’ ဟု ဇော်ဂျီက အံ့သြနေသည်။
‘ဟင့်အင်း၊ ကျွန်တော် အခုပဲ ဘတ်စ်ကားပေးက ဆင်းပြီး ရုံးကို တန်းလာတာ’
ဒီတော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။ ခြင်္သေ့တပ် စစ်ယူနီဖောင်းကို ဝတ်ဆင်ထားသော လက်နက်ကိုင် လူလေးယောက်သည် ကျွန်တော် ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်း၏ ရုံးခန်းတွင်းသို့ အတွင်းတွန်းဝင်၍ အစည်းအဝေး ပြုလုပ်လျက်ရှိသော အမှုဆောင်ဝန်ကြီးများအား စတင်းဂန်းဖြင့် ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်း မခံရဘဲ ဂျစ်ကားဖြင့် ထွက်ပြေး လွတ်မြောက်သွားသည်။ ကျွန်တော မရောက်မီ တစ်နာရီကျော်ကျော်တွင်ခန့်က ဖြစ်သည်။
ကျွန်တော်သည် သည်သတင်းကို ကြားသောအခါ ထိတ်လန့်တုန်လှုပ်၍ သွားသည်။ အသားများ တဆတ်ဆတ် တုန်၍ လာသည်။
အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်ထဲတွင်ကား စာရေးစာချီ စသော ရုံးသားတို့သည် ညှိုးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာ စားသောက်၍ နေကြသည်ကို တွေ့မြင်ရသည်။ တစားပွဲခြားရှိ နိုင်ငံရေးရာ အတွင်းဝန် ကိုကျော်မြင့်ကလေးက လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး၊ ခပ်ထွေထွေပင် လက်ဖက်ရည်ကို သောက်နေသည်။
‘အင်မတန် နှမြောဖို့ ကောင်းတယ်ဗျာ’
‘သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံရေး လုပ်ကြံမှုပဲ’ စသည်ဖြင့် လူအချို့သည် ညည်းထွားလျက် ရှိကြသည်။ ဇော်ဂျီက ‘အမျိုးသား ပျက်စီးခြင်း တစ်ရပ်ပဲ’ဟု တသသပြောသည်။
‘ကျွန်တော် ရုံးဝင်းထဲ ဝင်လာတော့ လက်နက်ကိုင် ပုလိပ်တွေကို တွေ့တယ်။ ဒါပေမယ့် ကျွန်တော်ဝင်လာတာ မတားကြပါဘူး။ ဆင်ဝင်အောက် အဝင်မှာတောင် အသိစာရေးတယောက်နဲ့ တွေ့သားပဲ၊ သူကလည်း ဘာမှ မပြောဘူး’
‘လူတွေဟာ မပြောရက်ကြဘူး’ ဟု ဇော်ဂျီက ဆိုလေသည်။
လက်ဖက်ရည်သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံမှ ပြန်လာသော ရုံးသားတဦး အပါးကပ်လာ၍ ‘ဘယ့်နဲ့လဲ’ ဟု ကျွန်တော်တို့က ဝိုင်း၍ မေးမြန်းသည်။ သူက မိုင်းပွန်စော်ဘွားကြီးမှတပါး အားလုံး ဆုံးရှာပြီဟု ပြောသည်။ သူသည် အသံတုန်နေ၍ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
‘ဗိုလ်ချုပ်ကော’ ဟု တယောက်က တိုးတိုးမေးသည်။
‘မျက်နှာကို အဝတ်နဲ့ ဖုံးထားတယ်’
ကျွန်တော်လည်း ကြာကြာမနေနိုင်ဘဲ ဂျူဒါအီစကယ် (သိမ်ဖြူ) လမ်း တံခါးပေါက်မှ ကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့် ရွာလျက်ပင်ရှိသည်။ လူတအုပ်သည် မိုးရွာထဲတွင် ထီးဆောင်း၍၊ တချို့က ထီးမပါဘဲ၊ တချို့က ပလက်ဖောင်းပေါ်တွင်ရပ်ကာ အတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ လူတယောက်က ကျွန်တော့် လက်မောင်းကို ဆွဲကိုင်၍ ‘ဒီမယ် ခုနက ဝန်ကြီးတွေ သေနတ်ပစ်ခံရတယ် ကြားတယ်၊ ဟုတ်သလား ခင်ဗျာ’ဟု မေးသည်။ သူကား အကြောင်းမျိုးစုံကို သိချင်နေပေလိမ့်မည်။
‘ဟုတ်ကဲ့’ ဟူ၍သာ ဖြေကြားပြီး တဖက်သို့ ဖြတ်ကူး၍ အသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီးလိုက်သည်။ ကားသည် လမ်းမတော်သို့ ပြေးလျက်ရှိသည်။
ကားထဲတွင် လူမနည်းလှပေ။ ခရီးသည်အားလုံး မျက်စိမျက်နှာ မကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက ‘ဖြစ်မှ ဖြစ်ရလေနော်၊ ဖြစ်မှ ဖြစ်ရလေနော်’ ဟု မြည်တမ်းလျက်ရှိသည်။
ဈေးသည်ဟု ထင်ရသော ခပ်အိုအို မိန်းမကြီးနှစ်ယောက်ကား ‘ဗိုလ်ချုပ် အသက်ရှင်ပါစေတော်၊ ဗိုလ်ချုပ် အသက်ရှင်ပါစေတော်’ ဆုတောင်း၍ နေကြသည်။
ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို ‘မပြောကြနဲ့၊ မပြောကြနဲ့’ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်သည်။ သူတို့သည် မပြောရက်ကြ။
သန့်ပြန့်စွာ ဝတ်စားထားသော တရုတ်တဦးက ‘အားကီး ရက်စက်တာပဲ’ဟု ကျွန်တော့်ဘက်သို့ လှည်၍ ရေရွတ်လျက် ရှိသည်။ မျက်နှာထား တင်းတင်းနှင့် ဒရိုင်ဘာသည် တောက်ခေါက်လိုက်သည်။
သိမ်ကြီးဈေးသို့ ရောက်လာသောအခါ လူသွားလူလာ ကင်းရှင်းနေပြီး ဈေးဆိုင်များမှာ ပိတ်ထားလေပြီ။ သတင်းသည် တမုဟုတ်ချင်း ပျံ့နှံ့၍သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန် သွားလာကြသည်။
ကားပေါ်မှ ဆင်း၍ လမ်းထဲသို့ ဝင်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့် ရပ်ကာ ကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုးသည် မစဲဘဲ ရွာလျက်ပင်။
လူတို့သည် ‘ဖြစ်မှ ဖြစ်ရလေ၊ ဖြစ်မှ ဖြစ်ရလေ’ ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေစောင်းလာတော့သည်။ ဗိုလ်ချုပ် ဆုံးကြောင်းကား ညနေသတင်းစာများမှ ကြားရလေပြီ။ မည်သူ့မျက်နှာ ကြည့်ကြည့်၊ မျက်နှာ ညှိုးငယ်နွမ်းလျစွာနှင့်။ လမ်းပေါ်မှ စက်ပြင်ဆရာတဦး၏ မိန်းမ ပါးစပ်မှ ‘ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်း မရှိတော့ပါဘူးရှင်’ ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။
နေဝင်မီးငြိမ်းအမိန့် ထုတ်ထားသဖြင့် ညဥ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများ ဆုံတိုင်း ညနေခင်းက အကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညဉ်းညူသံ၊ တသသံ။
တိတ်ဆိတ်မှောင်မည်းသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ကြပါစေတော့ဟု မိန်းမများ ဆုတောင်းကြသည်။ ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍နေသည်။ ရှဲခနဲ မီးခြစ်၍ နောက်ဖေး ထကြပြန်သည်။ တရေးနိုးဆုံလျှင် ‘ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်’ ဟု အိပ်ချင်သံနှင့် ဆိုကြသည်။ တစ်ရေးနိုးတိုင်း သတိရလျက် ရှိသည်။ မကြာခဏ အိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့ တသသနှင့် ထိုညကို လွန်မြောက်ရလေသည်။
ရည်ညွှန်းကိုးကား
1. ဒေါက်တာ မောင်မောင် ၏ နိုင်ငံတော် လုပ်ကြံ မှု
2. ဝမ်းနည်း ကြေကွဲဖွယ်ရာ မြန်မာနိုင်ငံရဲ့ ကံဆိုးမိုးမှောင် ကျတဲ့နေ့တနေ့ကို မှတ်တမ်း တင်ထားတဲ့ ဆရာကြီး ဒဂုန်တာရာရဲ့ “ဦးအောင်ဆန်း၏ နောက်ဆုံးနေ့” ကို “ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာ ကားချပ်များ
မူရင်း - http://wikimyanmar.co.cc/wiki မှ ကူးယူဖော်ပြပါသည်။

Credit >>> ယုန်ကလေး၏ ဒိုင်ယာရီ

<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
http://www.zarni.info/ မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>

Monday, September 21, 2015

ရာဇသတ်ကြီးကို ပြင်ဆင်လိုလျှင်


  
 
ဦးကျော်အေး
အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)
 
ဒီဆောင်းပါးကတော့ ၂၀-၂၆၊ ၇၊ ၂၀၁၂ နေ့မှာ ထုတ်ဝေခဲ့တဲ့ မြန်မာတိုင်း(မ်)ပါ 'ရာဇသတ်ကြီးဥပဒေဆိုတာ ဥပဒေ ဟုတ်ရဲ့လား' ဆိုတဲ့ ဆောင်းပါးရဲ့ အဆက်လို့ ဆိုနိုင်ပါတယ်။ ယခင်ဆောင်းပါးရဲ့ ဆိုလိုရင်းအချက်က "ရာဇသတ်ကြီးဆိုတာဥပဒေမဟုတ်ဘူး၊ ဥပဒေပြုအဖွဲ့က ပြဋ္ဌာန်းခဲ့တဲ့ The Penal Code သည်သာ ဥပဒေဖြစ်တယ်။ ဥပဒေတွေကို အခြားဘာသာစကားနှင့် ဘာသာပြန်ဆို ဖော်ပြတာတွေက သက်ဆိုင်ရာ စာဖတ်ပရိသတ်ကို သတင်းပေး တဲ့သဘောသာ ဖြစ်တယ်။ ဥပဒေ မဟုတ်ဘူး။
ဒါကြောင့် The Penal Code ကို မြန်မာဘာသာပြန်ဆိုထားတဲ့ ရာဇသတ်ကြီးဆိုတာ ဥပဒေမဟုတ်တဲ့အတွက် ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်မယ် ဆိုလျှင် The Penal Code ကိုသာ မူရင်း ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင်ရမှာ ဖြစ်တယ်" လို့ ဖြစ်ပါတယ်။ ဒီနေရာမှာ တည်ဆဲဥပဒေတစ်ရပ်ကို ပြင်ဆင်ရေးနှင့်ပတ်သက်လို့ ယခင်က အစဉ်အလာတွေကိုလည်း လေ့လာဖို့လိုမှာ ဖြစ်ပါတယ်။
ဥပဒေလောကမှာ 'အစဉ်အလာ' ဆိုတာ သိပ်အရေးကြီးတယ်။ ဥပဒေတွေပြဋ္ဌာန်းပြီး ခဏခဏ ပြန်ဖျက်၊ ပြန်ပြင်နေရတယ်ဆိုရင် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ နိုင်ငံ တစ်နိုင်ငံရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ စီးပွားရေး တည်ငြိမ်မှုမရှိဘူးဆိုတဲ့ အချက်ကို ပြနေတာ ဖြစ်တယ်။
နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွား ရေးတည်ငြိမ်မှုမရှိဘူးဆိုရင် ဒီနိုင်ငံဟာ တိုးတက်မှု မရှိတဲ့နိုင်ငံဖြစ်တယ်လို့ အသေအချာ ပြောနိုင်တယ်။ ဒါပေမယ့် တစ်ဖက်ကကြည့်ရင်လည်း ဥပဒေတွေကို ဖြစ်ပေါ်တိုးတက်နေတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ကိစ္စတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင်ပြင်ပေးဖို့ လိုအပ်တယ် ဆိုတာကိုလည်း လက်ခံရမှာဖြစ်ပါတယ်။
ဥပဒေတစ်ရပ်ကို ခေတ်အလိုက် လိုအပ်ချက်နဲ့အညီ ပြင်ဆင်အသုံးပြု သွားနိုင်တယ်ဆိုရင် ဒီဥပဒေဟာ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေး မှုထဲကို စိမ့်ဝင်သွားပြီဖြစ်လို့ အလွန်ခိုင်မာသွားပြီ။ ဒီတော့ ဥပဒေပြင်ဆင်ပြဋ္ဌာန်းရေးကိစ္စတွေမှာ အဲဒီ 'အစွန်း'တစ်ဖက်ဖက်ကို မရောက်စေဖို့တော့ သတိပြုကြရမှာပေါ့။
ဥပဒေလောကမှာဆိုရင် အမြင့်ဆုံး တရားရုံးရဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့ 'စီရင် ထုံး'တွေကို အကြောင်းခြင်းရာချင်းတူတဲ့ အမှုတွေမှာ လမ်းညွှန်အဖြစ် လက် အောက်ခံတရားရုံးတွေက ခေတ် အဆက်ဆက် လိုက်နာကျင့်သုံးကြရတယ်။ အဲဒီလိုမဟုတ်ရင် 'တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း' ဆိုသလိုဖြစ်ပြီး ပြည်သူတွေရဲ့လူမှုဘ၀ တွေမှာ တည်ငြိမ်မှုမရှိ၊ ပရမ်းပတာတွေ ဖြစ်ကုန်မှာပေါ့။
ဒီတော့ ဥပဒေပြင်ဆင် တဲ့ အစဉ်အလာတွေကို ကြည့်ကြရ အောင်။ အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်ကတော့ အင်္ဂလိပ်ဘာသာဟာ ရုံးသုံး ဘာသာဖြစ် တဲ့အတွက် ဥပဒေတွေကို အင်္ဂလိပ်လိုပဲ ပြဋ္ဌာန်းပြီး ပြင်ဆင်တယ်ဆိုရင်လည်း အင်္ဂလိပ်ဘာသာနဲ့ပဲ ပြင်ဆင်ခဲ့ကြတာဟာ သဘာဝကျပါတယ်။
လွတ်လပ်ရေး ရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာတော့ ဥပဒေများကိုပြင်ဆင်ရာမှာ မူလက အင်္ဂလိပ်ဘာသာဖြင့်ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေ ဆိုရင် အင်္ဂလိပ်ဘာသာနဲ့ပဲ အစအဆုံး ပြင်ဆင်ပြီး၊ မူလက မြန်မာဘာသာနဲ့ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဆိုရင်လည်း မြန်မာ ဘာသာနဲ့ပဲ ပြင်ဆင်ခဲ့ပါတယ်။ ဒီအစဉ် အလာကို ၁၉၇၄ ခုနှစ်မှာ 'ဆိုရှယ်လစ်' ဖွဲ့စည်းပုံအခြေခံဥပဒေမပေါ်မီ တော် လှန်ရေးကောင်စီခေတ် ကုန်ဆုံးချိန် အထိ ကျင့်သုံးခဲ့ပါတယ်။
ဒါပေမယ့် တစ်ခုခြားနားတာကတော့ ပြင်ဆင်ချက် ဥပဒေခေါင်းစီးဖြစ်ပါတယ်။ ပါလီမန် ဒီမိုကရေစီခေတ်မှာ ဥပမာအားဖြင့်
The Penal Code (Amendment ) Act
လို့ ခေါင်းစီး(အမည်) တပ်သော်လည်း တော်လှန်ရေးကောင်စီခေတ်မှာတော့ ဥပမာအားဖြင့်
The Criminal Law Amending Law, 1963; The Rangoon Police Act Amending Law
စသည်ဖြင့် အမည် တပ်တာကို တွေ့ရပါတယ်။
၁၉၇၄ ခုနှစ်ကစပြီး ယခုခေတ်အထိ မှာတော့ မူလဥပဒေရဲ့ ခေါင်းစီး (အမည်) ဟာ အင်္ဂလိပ်ဘာသာနဲ့ရှိပေမယ့် မြန်မာဘာသာ ပြန်ဆို သုံးစွဲခဲ့ပါတယ်။ ဥပမာ ၁၉၇၇ ခုနှစ်မှာ ပြည်သူ့လွှတ်တော် က ပြဋ္ဌာန်းခဲ့တဲ့ 'ကာလ စည်းကမ်းသတ် အက်ဥပဒေကို ပြင်ဆင် သည့် ဥပဒေ' ( မူရင်းဥပဒေက The Limitation Act )၊ ၁၉၈၉ ခုနှစ်မှာ န-၀-တ က ပြဋ္ဌာန်းခဲ့တဲ့ 'အစုစပ်လုပ်ငန်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ' ( မူရင်းဥပဒေက The Partnership Act )၊ ၂၀၀၈ ခုနှစ်မှာ န-ယ-က က ပြဋ္ဌာန်းခဲ့တဲ့ 'ဆိပ်ကမ်းများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ' (မူရင်း ဥပဒေက The Ports Act ) စသည်များ ဖြစ်ကြပါတယ်။
( 'Act' နှင့်'The Law' ၊ 'အက်ဥပဒေနှင့် ဥပဒေ' တို့ ဘယ်လိုခြား နားသလဲလို့ အမေးခံရလို့ ဂျာနယ်နှစ်စောင်မှာ ဆောင်းပါး နှစ်ကြိမ် ရေးပြီး ရှင်းခဲ့ပြီးဖြစ်ပေမယ့် ယခုထိလည်း မေးကြတုန်းမို့ တစ်ကြိမ်ထပ်ရေးရဦးမလို ဖြစ်နေပြန်တယ်။ ) တည်ဆဲဥပဒေဖြစ်တဲ့
The Penal Codeကို ပြင်ဆင်တဲ့ဥပဒေ ကို ' ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့် ဥပဒေ' လို့ မြန်မာဘာသာဖြင့် အမည်ပေးတဲ့ ကိစ္စကတော့ ၁၉၇၄ ခုနှစ် နောက်ပိုင်းမှာကျင့်သုံးခဲ့တဲ့ အစဉ်အလာ နဲ့ကိုက်ညီတယ်လို့ ဆိုရမှာပါ။
ဒါပေမယ်လို့ ပြင်ဆင်မယ့် ပြဋ္ဌာန်းချက်ကိုတော့ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြရမှာပါ။ ၁၉၇၄ ခုနှစ်နောက်ပိုင်းမှာ ထူးခြား လာတာတစ်ခုက ပြင်ဆင်တဲ့ဥပဒေရဲ့ 'စာကိုယ်မှာ' မြန်မာနှင့် အင်္ဂလိပ် နှစ်ဘာသာရောပြီး ရေးတာပဲ။ ဥပမာ "ကာလစည်းကမ်းသတ် အက်ဥပဒေ၊ ပုဒ်မ---ကို အောက်ပါစကားရပ်ဖြင့် အစားထိုးရမည်" လို့ ခြေဆင်းမှာရေးပြီး အောက်မှာတော့ ပြင်ဆင်တဲ့စာသားကို မူရင်းဘာသာ ဖြစ်တဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားဖော်ပြခြင်း ဖြစ်ပါတယ်။
ပြည်သူအများ သိရှိနိုင်ရန် ယခုထုတ်ဝေထားတဲ့ 'တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေ'၊ 'ရာဇ၀တ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ'၊ 'ပစ္စည်း လွှဲပြောင်းခြင်း အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ' စသည်တို့ကို သာဓကအဖြစ် ကြည့်ရှုနိုင်ပါတယ်။
မပြောမဖြစ်လို့ အစဉ်အလာတွေ၊ သမိုင်းကြောင်းတွေ ပြောနေရတာနဲ့ ဆောင်းပါးလည်း ရှည်သွားပြီ။ ဒီ ဆောင်းပါးနဲ့ ထပ်မံပြီး ပြောလိုတဲ့ အဓိကအချက်က တည်ဆဲဥပဒေဖြစ်တဲ့ The Penal Code ကို ပြင်ဆင်စရာရှိရင် ယခု ပြည်သူအများသိရှိရန် ထုတ်ပြန် ထားတဲ့ တရားမကျင့်ထုံးဥပဒေ၊ ရာဇ၀တ် ကျင့်ထုံးဥပဒေ စတာတွေကို ပြင်ဆင်တဲ့ ပုံစံအတိုင်း အင်္ဂလိပ်ဘာသာဖြင့် ပြင်ဆင် ရမှာဖြစ်ပါတယ်။
(ဆိုရှယ်လစ်ခေတ်က မသုံးလိုတဲ့ 'ရာဇသတ်'၊ 'ရာဇ၀တ်' ဆိုတဲ့ ဝေါဟာရအဟောင်းတွေကို ပြန်လည် သုံးတော့မယ်ဆိုတဲ့ သဘောကို လည်း တွေ့ရတယ်)။ အဲဒီလိုဆိုရင် ယခုထုတ် ပြန်ထားတဲ့ 'ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း' ဆိုတာကို လွှတ်တော်(များ)ကို တင်ပြဖို့ မဖြစ်နိုင်တော့ဘူး။
အထက်မှာဖော်ပြခဲ့တဲ့ အစဉ်အလာများနဲ့အညီ ပြင်ဆင်ချက်တွေကို အင်္ဂလိပ် ဘာသာ ဖြင့် ရေးသားပြီး မူရင်း ဥပဒေမှာ အစားထိုး ရမှာ ဖြစ်ပါတယ်။ လက်ရှိ 'ရာဇသတ်ကြီး'မှာတော့ မြန်မာ ဘာသာပြန်ဆိုတဲ့အနေနဲ့ ပြင်ဆင်သင့်ပါတယ်။ မြန်မာဘာသာပြန် ဥပဒေ ကို လွှတ်တော်ကို တင်ပြဖို့၊ လွှတ်တော်က ပြဋ္ဌာန်းပေးဖို့လိုမှာ မဟုတ်ပါဘူး။
ယခုထုတ်ပြန်ထားပြီးဖြစ်တဲ့ ဥပဒေ ကြမ်းတိုင်းရဲ့ အောက်ခြေမှာ "ပြည်သူအများ သိရှိလေ့လာ အကြံပြုနိုင်ရေးအတွက် ဖော်ပြခြင်း ဖြစ်ပါသည်" လို့ ဖော်ပြထားပါတယ်။ ဒီကိစ္စအတွက် ပြည်သူအများဆိုတာကို နှစ်ပိုင်းခွဲခြား ရမယ်ထင်တယ်။ တစ်ပိုင်းက 'ဥပဒေ သမားများ' နဲ့ ကျန်တစ်ပိုင်းက 'ဥပဒေ သမားမဟုတ်သူများ' ဖြစ်ပါတယ်။
ဥပဒေသမားမဟုတ်တဲ့ ပြည်သူတွေက ဥပဒေကြမ်းများနဲ့ပတ်သက်လို့ အကြံပြု ချက်တွေက သူတို့ရဲ့ 'လောကအမြင်' အရ အကြံပြု တာတွေဖြစ်လို့ 'မူ' သဘော မှာ အကျုံးဝင်တဲ့အကြံပေးချက်တွေဖြစ်မယ်။ Technicalities လို့ခေါ်တဲ့ ဥပဒေ ရေးဆွဲခြင်းဆိုင်ရာ အတတ်ပညာနဲ့ ပတ်သက်လို့တော့ သိပ်ပါနိုင်မှာ မဟုတ်ဘူး။
ဝေါဟာရအသုံးအနှုန်း၊ ၀ါကျ ဖွဲ့စည်းတည်ဆောက်ပုံ စတဲ့ အချက် တချို့တော့ ပါနိုင်ပါတယ်။ ဥပဒေသမား များရဲ့ အကြံပြုချက် ဆိုရင်တော့ ဥပဒေဆိုင်ရာမူသဘောအပြင်၊ အတတ်ပညာ ဆိုင်ရာ ကိစ္စတွေလည်း ပါပါလိမ့်မယ်။
အတတ်ပညာဆိုင်ရာကိစ္စတွေကတော့ ဥပဒေကြမ်းရဲ့ သက်ဆိုင်ရာပုဒ်မ တစ်ခု ချင်းအလိုက် စိစစ်ချက်တွေ ပါရှိနိုင်ပါ တယ်။ (လက်ရှိ လွှတ်တော်တွေမှာတော့ 'ပုဒ်မ'လို့မသုံးဘဲ 'အပိုဒ်' လို့ သုံးတာကို သတိထားမိတယ်။ ဒီကိစ္စနဲ့ပတ်သက် လို့ တပည့်တစ်ယောက်က 'ပုဒ်မ' လို့သုံးရ မှာ မဟုတ်ဘူးလား၊ ဘာလို့ 'အပိုဒ်' လို့ သုံးတာလဲလို့ မေးတာနှင့် 'ဟဲ့- နင့်ပါးစပ် ပိတ်ထား၊ ဆင်သွားရင် လမ်းဖြစ်တယ်' လို့ ပြန်'ဟောက်' လိုက်ရတယ်။
ဒါပေ မယ့် 'ဆင်သွားလျှင်လမ်းဖြစ်တယ်ဆိုပေ မယ်လို့လည်း အဲဒီလမ်းက ဖြောင့်ဖြူးသာယာဖို့နဲ့ ရေရှည်အကျိုးရှိဖို့တော့ လိုမှာပေါ့ နော။) အတတ်ပညာပိုင်းဆိုင် ရာစစ်စစ် အကြံပြုချက်တွေကိုတော့ သတင်းစာ/ ဂျာနယ်တွေမှာ (နေရာ အခက်အခဲကြောင့်) ဖော်ပြ နိုင်မယ်လို့ မထင်ဘူး။
'ရာဇသတ်ကြီးဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်း' မှာလည်း ထောက်ပြ ပြောဆိုစရာတွေကတော့ ပုဒ်မတိုင်း (အဲ -အပိုဒ်တိုင်းမှာ) ရှိမှာပါ။ ဒီနေရာမှာ လောလောဆယ် တစ်ချက်ကိုပဲ ဥပမာ အဖြစ် ဖော်ပြလိုပါတယ်။ တည်ဆဲ ဥပဒေ မှာပါတဲ့ 'ငွေဒဏ်' (fine) ကို ပြင်ဆင်ဖို့ ကိစ္စပါ။
လွန်ခဲ့တဲ့နှစ် ၅၀/၁၀၀ လောက် က သတ်မှတ်ခဲ့တဲ့ ဒဏ်ငွေပမာဏဟာ ယခုခေတ် ငွေကြေးတန်ဖိုးအရ အလွန် နည်းနေတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒါက ငွေကြေးဖောင်းပွမှုကိစ္စဆို တော့ နိုင်ငံတိုင်းမှာ အနည်းနှင့်အများရှိ ကြတာကတော့ ဓမ္မတာပဲလို့ ပြောရမှာပါ။
သိပ်ဝေးဝေးမကြည့်ဘဲ န-၀-တ ခေတ်ဥပဒေတွေမှာ သတ်မှတ်တဲ့ ဒဏ်ငွေပမာဏနဲ့ န-ယ-က ခေတ် နှောင်းပိုင်း ဥပဒေတွေမှာ သတ်မှတ်ထားတဲ့ ဒဏ်ငွေပမာဏတွေကို နှိုင်းယှဉ် ကြည့်ရုံနဲ့ ပြဿနာရဲ့သဘောကို သိနိုင်ပါတယ်။ နောက်ပြီး ဒါကဥပဒေတစ်ခု၊ နှစ်ခုထဲမှာသာ ဖြစ်တဲ့ကိစ္စမဟုတ်ဘူး။ ပြစ်ဒဏ်ပါဝင်တဲ့ ဥပဒေတိုင်းမှာ စဉ်းစား ရမယ့်ပြဿနာ ဖြစ်ပါတယ်။
လက်ရှိ ငွေကြေးတန်ဖိုးအပေါ် မူတည်ပြီး ဥပဒေ များမှာပါရှိတဲ့ ဒဏ်ငွေပမာဏတွေကို လိုက်ပြင်ရမည်ဆိုရင်တော့ ငါးနှစ်/ ၁၀ နှစ် တစ်ကြိမ် ပြင်ဆင်နေရမည့် အခြေအနေ ရှိနိုင်ပါတယ်။ တွေးမိတာတစ်ခုကတော့ ဒဏ်ငွေချမှတ်နိုင်တဲ့ပြစ်မှုတိုင်း အတွက် အနည်းဆုံး ဒဏ်ငွေကိုသာ သတ်မှတ်ထားပြီး အများဆုံးဒဏ်ငွေကို သတ်မှတ်မထားဘဲ ခေတ်အခါအလိုက် ငွေကြေးတန်ဖိုး အလျောက် အမှုစစ် တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ သတ်မှတ်ခွင့်ပေးထားမယ်ဆိုရင် ဘယ်လိုနေမလဲလို့ စဉ်းစားကြည့်မိတာပါ။

http://myanmar.mmtimes.com/2012/article/581/article02.html

Thursday, September 17, 2015

၅မိနစ်လောက်အချိန်ပေးပြီးဖတ်ကြည့်ပါ




၅မိနစ်လောက်အချိန်ပေးပြီးဖတ်ကြည့်ပါလား ခင်ဗျာ..အကျိုးကျေးဇူးလေးတစ်ခုခုတော့ရသွားမှာပါ :)

တစ်ခါတုန်းက အဖိုးအိုတစ်ဦး ဟာ ရွာမှာ တစ်ယောက်တည်းအထီးကျန်ဆန်စွာနေရတယ် ။ တစ်နေ့တော့အဖိုးအိုက သူ့ သားနဲ့ သူ့ချွေးမ သူ့မြေးလေးတွေရှိတဲ့နေရာမှာ သွားနေမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွာကနေထွက်လာခဲ့တယ် ..။ ဒီလိုနဲ့ ခရီးရှည်ကြီးကိုဖြတ်သန်းပြီးတော့ သူ့သား ချွေးမနဲ့ မြေးကလေးတို့နေတဲ့အိမ်ကိုရောက်လာပါတယ် ။



စစရောက်ခြင်းမှာ သားဖြစ်သူတို့မိသားစုက ၀မ်းပမ်းတသာကြိုဆိုကြတယ် ။ အိမ်ဦးခန်းမှာ နေရာပေးကြတယ် ။ ဒီလိုနဲ့ အဖိုးအိုဟာ သူ့သားမိသားစုနဲ့အတူ နေထိုင်ရင်း တစ်ပတ်တိတိ အချိန်ကိုရောက်လာခဲ့တယ် ။ နေ့တိုင်းနေ့တိုင်းမှာ မိသားစုထမင်းဝိုင်းမှာ အားလုံးအတူဝိုင်းစားကြတယ်။ အဖိုးအိုရဲ့မျက်လုံးတွေဟာ မှုန်ရီနေပါပြီ ။ အဖိုးအိုရဲ့လက်တွေက အသက်အရွယ်ကြောင့် တုန်ယင်နေခဲ့တယ် ။

တခါတခါ ဇွန်းနဲ့ ခက်ရင်းတွေလွတ်ကျသလို ..တခါတခါမှာလည်း ပန်းကန်ထဲက ထမင်းတွေဟာ ဘေးနားကိုဖိတ်လို့ဖိတ်ကြမ်းပြင်ပေါ်ကျလို့ကျနဲ့ ပေပွနေခဲ့ရတယ် ။ တစ်ပတ်တိတိရှိလာတဲ့အခါ သားဖြစ်သူနဲ့ချွေးမတို့က မခံနိုင်တော့ပါဘူး ။ သူတို့တိုင်ပင်ကြတယ် ။

“ အဖေ့ရဲ့ ထမင်းစားတဲ့အခါ ဟိုဖိတ်ဒီဖိတ်ဒါဏ်ကိုမခံနိုင်တော့ဘူး အဖေက ထမင်းစားရင်လည်းအသံမြည်တယ် ညစ်ပတ်နေတာပဲ ကြမ်းပြင်ပေါ်မှာလဲ ပေပွနေရော ငါတို့တစ်ခုခုလုပ်ရအောင် ” လို့ မိန်းမဖြစ်သူကိုတိုင်ပင်တယ် ။ ဒီလိုနဲ့ သူတို့ဟာ အဖိုးအိုကို ထမင်းတစ်ဝိုင်းတည်းအတူစားခွင့်မပေးတော့ပဲ အခန်းထောင့်လေးမှာ စားပွဲခုံသေးသေးလေးနဲ့ ကျွေးပါတော့တယ် ။

အဖိုးအိုဟာ ကြွေပန်းကန်နဲ့စားတဲ့အခါ မှာလည်း ခဏခဏ ပန်းကန်တွေကျကွဲတဲ့အတွက် သားဖြစ်သူက သစ်သားခွက်ကလေးလုပ်ပြီး အဖိုးအိုကိုကျွေးတယ် ။ အဲဒီအချိန်ကစလို့ အဖိုးအိုဟာ တိတ်ဆိတ်စွာပဲ အခန်းထောင့်လေးက ထမင်းစားပွဲလေးမှာ စားရပါတယ် ။ တခါတခါ သားဖြစ်သူနဲ့ချွေးမဖြစ်သူရဲ့ ဒေါသတကြီးဆူပူကြိမ်းမောင်းသံတွေကိုလည်းခံရသေးတယ် ။

ဒီလိုနဲ့တစ်နေ့တော့ သူတို့သားကလေးဖြစ်သူဟာ အိမ်ရှေ့မှာ ငြိမ်ငြိမ်ကလေးထိုင်ပြီး တစ်ခုခုကို စိတ်ဝင်တစားလုပ်နေတာတွေ့လိုက်ရတယ် ။ ဒီတော့ သားဖြစ်သူဆီသွားပြီး မိဘတွေကချိုသာတဲ့စကားနဲ့မေးလိုက်တယ် ။

“ သား ဘာလုပ်နေတာလဲ ဟင် ”

သားဖြစ်သူက သူ့ဖခင်နဲ့မိခင်ကို ပြုံးပြီးကြည့်လိုက်တယ် ပြီးတော့ ပြောလိုက်တယ် ..။

“ သားလည်း အဖေ့တို့အမေတို့လိုပဲ အဖေအမေတို့ကြီးလာရင်ကျွေးဖို့ သစ်သားခွက်ကလေးလုပ်နေတာပါ ”

အဲဒီလိုပြောပြီး သားဖြစ်သူက သူ့အလုပ်သူဆက်လုပ်နေခဲ့တယ် ။မိဘတွေဟာ သားဖြစ်သူစကားကိုကြားပြီးအလွန်ပဲထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ် ။ သူတို့ ဘာစကားတစ်ခွန်းမှ မပြောနိုင်ဘူး တုန်လှုပ်ခြောက်ခြားသွားပြီး ပါးပြင်ပေါ်ကနေ မျက်ရည်တွေ စီးကျလာခဲ့ရတယ် ။ သူတို့အမှားကို သူတို့ ထင်းကနဲ မြင်သွားခဲ့ရတယ် ။ အိမ်ထဲကိုလှမ်းကြည့်လိုက်တော့အဖိုးအိုက တိတ်ဆိတ်စွာ သူတို့ကို ငေးနေတာတွေ့လိုက်ရပါတော့တယ် ။

===================================

သင်လည်းတစ်နေ့ အဖိုးအိုဖြစ်လာမှာပါပဲ ။ မိဘတွေကို ချစ်ခင်ကြင်နာယုယပြီးကိုယ့်မျိုးဆက်တွေအတွက် မေတ္တာတရားကိုပြသပါ ။ ကလေးတွေဟာ သင်တို့အပြုအမှုတွေကို မြင်တယ် .. ကြားတယ် ..လိုက်မှတ်သားတယ် ..။ သင်တို့ပြုသမျှဟာ သင်တို့ထံပြန်လာပါလိမ့်မယ် ။

တစ်နေ့နေ့မှာ ကိုယ်ဟာ သားတစ်ယောက် ပြီးတော့ဖခင်တစ်ယောက်ပြီးတော့အဖိုးအိုတစ်ယောက်ဖြစ်လာဦးမှာပါပဲ ။ မသေခင်လေး ကျွေးရတဲ့ မိဘအတွက် ထမင်းဟာ သူတို့မြိုချလိုက်တိုင်း မနင် ..ပါစေနဲ့ ။ လျောလျောရှူရှုဝင်ပါစေ ..။

“ မိဘကျေးဇူးဆပ်နိုင်ကြပါစေ ”

မူရင်း=သက်တန့်ချို 
 
မိဘကိုအလေးထားသူများအတွက်
မျှဝေပေလိုက်ပါတယ်

ပိုက်ဆံကို သုံးသင့်တဲ့နေရာ(၅)မျိုးနဲ့ မသုံးသင့်တဲ့နေရာ(၅)မျိုး



ပိုက်ဆံဟာ ကျွန်တော်တို့နေ့စဉ်ဘဝအတွက် မရှိမဖြစ်အရာပါ။ အမြဲတမ်းသုံးစွဲနေရတဲ့ ဒီပိုက်ဆံကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပေါ်သမျှအသစ်အသစ်သော အရာတွေကို ဝယ်ယူရင်း သင်ဟာ ငွေကြေးဆိုင်ရာ သောက တွေများလာရမှာ ဧကန်ပါပဲ။ ဒီတော့ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို ဘယ်နေရာမှာ သုံးသင့်ပြီး ဘယ်နေရာမှာ မသုံးသင့်ဘူးလဲ။
ပိုက်ဆံကို အရမ်းမသုံးသင့်တဲ့နေရာ(၅)မျိုးကတော့

၁။ အီလက်ထရောနစ် ပစ္စည်းများ
ယနေ့အခါ အီလက်ထရောနစ်ပစ္စည်းတွေဟာ ကျွန်တော်တို့ဘဝတွေအတွက် မရှိမဖြစ်အရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေကို လိုအပ်တာထက် ပိုပြီး မဝယ်ယူသင့်ပါဘူး။ နေ့တိုင်းနေ့တိုင်း အသစ်အသစ်တွေ ထွက်ရှိလာတာကြောင့်ပဲဖြစ်ပါတယ်။ ဒီတော့ အသစ်တွေထွက်တိုင်း မဝယ်ယူပဲ သင့်တော်တဲ့ပစ္စည်းတွေကို ဝယ်ယူရင်း အချိန်တစ်ခုထိသုံးသင့်ပါတယ်။

၂။ အိမ်အလှဆင် ပစ္စည်းများ
လူတိုင်းကတော့ကိုယ်အိမ်လေးကိုလှချင်ကြတာပါပဲ။ ဒါပေမယ့်အခြားသူတွေရဲ့အပြင်အဆင်တွေကိုတွေ့တိုင်း၊ စာအုပ်တွေထဲမှာမြင်ရတိုင်း လိုက်လံပြောင်းလဲဖို့တော့ မကြိုးစားသင့်ပါဘူး။ တော်ရုံပဲ အသုံးပြုသင့်ပါတယ်။

၃။ Fancy လက်ဝတ်ရတနာများ
လက်ပတ်နာရီနဲ့အခြား Fancy လက်ဝတ်ရတနာတွေဟာ လည်းနေ့စဉ်ဘဝအတွက် လိုအပ်ပါတယ်။ ဒါပေမယ့် ဒီအရာတွေကိုလည်း ချင့်ချိန်ပြီးမှ ဝယ်ယူသင့်ပါတယ်။

၎။ အသစ်အသစ်သော fashion ပစ္စည်းများ
အရာအရာတိုင်းအသစ်အသစ်တွေထွက်နေသလိုဒီ fashion အသုံးအဆောင်တွေဟာလည်းပိုလို့တောင်ထွက်ရှိနေပါသေးတယ်။သဘောကျတိုင်း၊အသစ်ထွက်တိုင်း အလွန်အမင်း ဝယ်ယူဖို့ မသင့်ပါဘူး။

၅။ ကားများ
ကားတွေဟာလည်းအလွန်အမင်းဝယ်ယူသင့်တဲ့အရာထဲမှာမပါပါဘူး။ဒီနေ့ဝယ်လိုက်တဲ့ကားဟာမနက်ဖြန်မှာမော်ဒယ်အောက်သွားပါပြီ။ ကိုယ်ဝယ်စဉ်ကဈေးကြီးကြီးပေးဝယ်ခဲ့တဲ့ဒီအရာတွေဟာမစီးချင်လို့ပြန်ရောင်းတဲ့အခါမှာအလွန်အမင်းဈေးကျသွားတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ဒါကြောင့် ဒီအရာတွေအတွက်လည်း ငွေအရမ်းကြီး မသုံးသင့်ပါဘူး

ပိုက်ဆံသုံးသင့်တဲ့အရာ(၅)မျိုးကတော့

၁။ ပညာရေး
ကျွန်တော်တို့ဘဝတွေ တစ်ဆင့်ကနေ တစ်ဆင့်တိုးတက်ဖို့ အတွက် ကိုယ်နဲ့သက်ဆိုင်တဲ့ပညာ အသီးသီးကို ကျွန်တော်တို့လိုအပ်ကြပါတယ်။ တစ်ချို့သင်တန်းတွေဟာ ဈေးကြီးတယ်လို့ ထင်ရပေမယ့် ကိုယ့်အတွက်လိုအပ်တယ်ဆိုရင်တက်သင့်ပါတယ်။ ဒီနေရာမှာတော့ ပိုက်ဆံကိုချွေတာနေဖို့မလိုအပ်ပါဘူး။

၂။ ခရီးသွားခြင်း
ခရီးတစ်ခုသွားရင် ပိုက်ဆံတော်တော်ကုန်တတ်ပါတယ်။ ဒါပေမယ့် ဒီလိုခရီးထွက်ခြင်းက စိတ်ကိုအပန်းပြေစေတဲ့အပြင် ကုန်သွားတဲ့ပိုက်ဆံထက်ပိုပြီး တန်ဖိုးရှိတဲ့ လွတ်လပ်လန်းဆန်းခြင်းနဲ့ ဒေသန္တရ ဗဟုသုတတွေ၊အတွေးအခေါ်သစ်တွေကိုပါ ရရှိစေနိုင်တဲ့အတွက်ဒီနေရာမှာလည်း ပိုက်ဆံကိုသုံးဖို့လိုအပ်ပါတယ်။

၃။ ဂီတ
ဂီတဆိုင်ရာတူရိယာ တစ်ခုခုတီးဖို့ သင်ကြားဖို့ပဲဖြစ်ဖြစ်၊သီချင်းခွေနဲ့အခြားဂီတဆိုင်ရာ ပစ္စည်းတွေ ဝယ်တဲ့နေရာမှာတော့ ပိုက်ဆံကိုသုံးသင့်ပါတယ်။ ကျွန်တော်တို့တတွေ အမြဲတမ်းအလုပ်ချည်းပဲ လုပ်နေလို့ မဖြစ်နိုင်ပါဘူး။ တစ်ခါတစ်ရံမှာတော့ စိတ်အပန်းပြေစေဖို့အတွက် ဂီတဟာ မရှိမဖြစ်လိုအပ်တဲ့အတွက်ကြောင့် ဒီနေရာမှာလည်း သင့်ပိုက်ဆံကို သုံးလိုက်ပါ။

၎။ စာအုပ်များ
စာအုပ်တွေဟာ ရတနာတွေထက် ပိုပြီးတန်ဖိုးရှိပါတယ်။ဒီစာအုပ်တွေထဲကနေ ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ သုတ ရသ တွေကိုရရှိနိုင်တဲ့အတွက်ကြောင့်ပါ။ ဒါ့ကြောင့် တန်ဖိုးရှိတဲ့ စာအုပ်တွေဝယ်ဖို့အတွက်သင့်ရဲ့ငွေကိုသုံးလိုက်ပါ။

၅။ ကျန်းမာရေး
ကျန်းမာရေးဟာ ကျွန်တော်တို့ဘဝအတွက် အရေးကြီးဆုံးအရာပဲဖြစ်ပါတယ်။ အဲ့ဒီတော့ ကျန်းမာရေးနဲ့ပါတ်သတ်တဲ့ သင်တန်းတစ်ခုခုတက်တာပဲဖြစ်ဖြစ်၊ဆေးဝါးနဲ့အခြားကျန်းမာစေမယ့် အစားအစာတွေစားတာပဲဖြစ်ဖြစ် ဝယ်ယူတဲ့နေရာမှာလည်း ပိုက်ဆံကိုအသုံးချသင့်ပါတယ်။


  စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ
ကောင်လွန်းလိုပြန်လည်မျှဝေပေးလိုက်တယ်နော်