Showing posts with label ဘာသာရေးဆောင်းပါး. Show all posts
Showing posts with label ဘာသာရေးဆောင်းပါး. Show all posts
Monday, September 26, 2016
Saturday, September 24, 2016
ခါးကုန်းမကြီး ဥတ္တရာဘာဖြစ်လို့ ကျွန်ဖြစ်ရတာလည်း?
(ခုဇ္ဇုတ္တရာ)
ကောသမ္ဗီပြည်၌ ထီးဖြူအုပ်ချုပ် မင်းလုပ်နေသော ဥတေနမင်းကြီးမှာ မိဖုရားသုံးယောက်ရှိတဲ့အနက် သာမာဝတီမိဖုရားကြီးရဲ့ ကျွန်ယုံမကြီးတစ်ယောက်ကတော့ ခုဇ္ဇုတ္တရာ(ခါးကုန်းမကြီးဥတ္တရာ)ဖြစ်ပါတယ်။ ဥတ္တရာဆိုတဲ့ ကျွန်မကြီးဟာ တကယ်တော့ ကမ္ဘာတစ်သိန်းတိတိ ပါရမီဖြည့်ခဲ့တဲ့ သူတော်ကောင်းကြီးလည်း ဖြစ်ပါတယ်။ ဉာဏ်အရာမှာလည်း အရှင်အန္တာမထေရ်မြတ်လို ဉာဏ်မျိုးဖြစ်ပါတယ်။ ဥတ္တရာဟောသော တရားတော်တွေကို ဘုရားရှင်က သာဓုခေါ်လိုက်တာနဲ့ ဒီတရားတော်တွေဟာ ဘုရားဟောထဲမှာ အကျုံးဝင်သွားပါတယ်။ သဂါင်္ယနာတင်တဲ့အထဲမှာလည်း ဣတိဝုတ် ပါဠိတော်ဆိုပြီး သင်္ဂါယနာတင်ထားပါတယ်။
ပြောချင်တာက ဒီလောက်ပါရမီတွေ ကောင်းပြီး ဘာဖြစ်လို့ ကျွန်ဖြစ်နေရတာလည်း?
အဓိကပြောချင်တာ ဒီအကြောင်းကို ပြောချင်တာ။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေအများကြီး ဒီလိုကံမျိုးကို လွန်ကျူးနေတာတွေကို တွေ့နေရလို့ပါ။
ဥတ္တရာဟာ တစ်ချိန် ကဿ ပဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်တော်မူစဉ်က သူဌေးသမီးတစ်ဖြစ်ခဲ့ဘူးပါတယ်။ တစ်နေ့မှာ သူအလှပြင်သော ပစ္စည်းကို သီလရှိတဲ့ ဘိက္ခုနီထေရ်ရီမကြီးကို ယူခိုင်းမိပါတယ်။ အရှင်မ တပည့်တော်ကို ဤမိတ်ကပ်ဘူး(အလှပြင်ပစ္စည်း)ကိုယူပေးပါလို့ခိုင်းမိပါတယ်။ ဒီကံကကျွန်ဖြစ်ရခြင်းရဲ့ အကြောင်းအရင်း၊ ခါးကုန်းသောကံက တစ်ချိန်မှာ ခါးကုန်းနေသော အရှင်ပစ္စေကဗုဒ္ဓါတစ်ဆူကို ပုံစံတူပြုလုပ် နောက်ပြောင်မိတဲ့ကံပါ။ နွားခြေရာခွက်နောက်သို့ အစဉ်လိုက်သော လှည်းဘီးတွေလိုပါဘဲ ဒီကံတွေက အကျိုးပေးလို့ ဘဝပေါင်း ၂၀၀ကျော် ကျွန်ဘဲဖြစ်ရပါတယ်။ တရားရမယ့် ဘဝမှာလည်း ခါးကုန်းမကြီး ဘဝနဲ့ ကျွန်လာဖြစ်ရပြန်တယ်။
ယခုခေတ်မှာ လူတွေအနေနဲ့ ရဟန်းတွေကို ခိုင်းတာမျိုးတွေကို တွေ့နေရပါတယ်။ သီလရှိတဲ့ အရှင်ကောင်း အရှင်မြတ်တွေကို ခိုင်းမိရင်တော့ ဒီလိုကံမျိုး ထူထောင်မိလျှက်သား ဖြစ်သွားပါပြီ။ အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ ရဟန်းတွေအနေနဲ့လည်း ဒကာ.ဒကာမ ခိုင်းတာတွေကို လုပ်ပေးလို့ ကြည်ညိုပြီး လှူရင်လည်း ဒီဝတ္ထုပစ္စည်းတွေဟာ ဘယ်လိုမှ မအပ်ပါဘူး။
ကျေးဇူးတော်ရှင် ဖားအောက်တောရ ဆရာတော်ဘုရားကြီး၏ အဆုံးအမတရားတော်ထဲမှာ ယုတ်စွအဆုံး ရန်ကုန်ကို ခရီးသွားမည့် ရဟန်း.သမဏေ.သီလရှင်ကို ရန်ကုန်က အမျိုးတွေကို မိမိတို့ သာကြောင်း မာကြောင်းလေးတောင်မှ မမှာပါနဲ့ဆိုပြီး ဆုံးမထားတော်မူပါတယ်။ ဒါကြောင့် သင်ဒကာ.ဒကာမအပေါင်းတို့သည်လည်း ကိုယ့်ထက် သီလကြီးကျယ်သော ရဟန်း.သာမဏေ.သီလရှင်များကို ယောင်ရမ်းပြီး မခိုင်းမိစေရန် စေတနာထား၍ ရေးသားလိုက်ရပါကြောင်း။
အရှင်ဝိနယ(ဓမ္မဝိနယတောရ)
Tuesday, September 20, 2016
Saturday, September 12, 2015
ဘုရားနှင့်ဘုရားကျာင်းဆောင်ကိုးကွယ်ထားရှိခြင်းအကျိုး (၉) မျိုး
(၁) ဘုရားကျောင်းဆောင် ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း၊ဘုရားဝေယျာဝစ္စ ပြုနေရခြင်း၊ ဘုရားကို ကိုင်းညွတ်သည့်စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရား တရားနှင့် ကင်းကွာမနေခြင်း။
(၂) မြတ်စွာဘုရားကို ဖူးတွေ့ ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ်ပို၍ ယုံကြည်မှု လေးနက်လာသည်။
(၃) အိမ်တွင် ဘုရားကျောင်းဆောင် ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှုပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဥာဏ် ထက်မြက်ခြင်းများရှိလာသည်။
(၄) ကုသိုလ်တရားများ တိုးပွားလာသည်။
(၅) စိတ်ညစ်ညူးမှု ရှိလာလျှင် ဘုရားစင် ဘုရားရှင် ရှေ့ တော်သို့ သွားပြီး ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေအချာကြည့်အာရုံပြုလိုက်ခြင်းဖြင့် စိတ်ညစ်ညူးမှုများ ပပျောက်လာသည်။အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းမှ ရပ်ပြီးစိတ်ကြည်နူးမှု ချက်ချင်း ရရှိလာပါသည်။
(၆) အိမ်တွင် ဘုရားကျောင်းဆောင်ရှိသဖြင့် နာနာဘာဝ ၀ိနာဘာဝများ၏အနှောက်အယှက်များမှ ကင်းပြီး မကြောက်မရွံ့  နေနိုင်ပါသည်။
(၇) ဆင်းရဲဒုက္ခကို သည်းခံလာနိုင်သည်။
(၈)ဘုရားကျောင်းဆောင်ကို ပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်းသုတ်သင်ပြီး ကျကျ နန ထားလျှင် အိမ်ကျက်သရေ၊လူ့ ကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည်။
(၉) ဘုရားကျောင်းဆောင်ရှိသဖြင့် မြတ်စွာဘုရားနှင့် အတူပေါင်းသင်းနေရသကဲ့သို့  ဖြစ်ပြီး သူတပါး၏ ချီးမြှောက်ပူဇော်မှုကိုခံယူရရှိနိုင်ပါသည်။
(ဗုဒ္ဓဘာသာကောင်း တစ်ယောက် မှ)Credit To : အနှိုင်းမဲ့စာတိုပေစများမှတ်ချက် - နံပါတ် (၉) အချက်ကို ကျွန်တော် သင့်လျော်သလို စာသားပြင်ထားပါသည်။ မူရင်း စာရေးသူ၏ အရေးအသားမှာတော့ "( ဘုရားစင်ရှိသဖြင့်) ဘုရားကျောင်းဆောင် မြတ်စွာဘုရားနှင့် အတူပေါင်းသင်းနေရသကဲ့သို့  ဖြစ်ပြီး သူတစ်ပါး၏ ချီးမြှောက်ပူဇော်မှုကို ခံယူရရှိနိုင်ပါသည်။ " လို့ ပါရှိပါတယ်။................
Monday, September 7, 2015
ငါ သူတော်ကောင်းဖြစ်ပြီလား
သူတော်ကောင်းစစ်စစ်ဖြစ်ချင်ရင် သူတော်တာ၊ မတော်တာ
ကြည့်ဖို့မလိုဘူး၊ ကိုယ်ကောင်း၊ မကောင်းကိုပဲ ကြည့်ဖို့
လိုတယ်၊ တကယ့်သူတော်ကောင်းဆိုတာ ကိုယ်ကောင်း
ဖို့က အဓိကကျတယ်၊ သူတော်မှ ကိုယ်ကောင်းမယ်
ဆိုရင်တော့ သူတော်ကောင်းစစ်စစ် မဖြစ်နိုင်သေးဘူး။
`သင်ကောင်းလျှင် ကျွန်ုမဆိုးပါ´ ဆိုတဲ့ စာတမ်းကလေးဟာ
တစ်ချိန်က တော်တော်ခေတ်စားခဲ့တယ်၊ ဟိုအိမ် ဒီအိမ်
ဟိုဆိုင် ဒီဆိုင် နေရာတိုင်းလိုလိုမှာ ချိတ်ထား၊ ကပ်ထားတာ
တွေ့ရဖူးတယ်။ သဘောကျလို့ ကိုယ့်အယူအဆ ကိုယ့်
သဘောထားနဲ့ တိုင်ဆိုင်လို့ အမြတ်တနိုးကပ်ထားကြတာ
ဖြစ်မှာပေါ့။ ဒါ ကိုယ့်စိတ်ကို ထုတ်ပြနေတာပဲ၊
ကိုယ့်အဆင့်အတန်းကို ဖော်ပြနေတာပဲ၊ ဒီအဆိုအမိန့်ဟာ
မှန်သလိုလိုရှိပေမယ့် တကယ်တော့ သိပ်မမှန်သေးဘူး။
သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဆိုတော့ သင်မကောင်းလျှင်
ကျွန်ုပ်ဆိုးမယ်ပေါ့၊ မင်းကောင်းရင် ငါကောင်းမယ်၊
မင်းဆိုးရင် ငါဆိုးမယ်၊ မင်းက ပါးရိုက်ရင် ငါက နားကိုက်မယ်၊
အိုးရွဲ့ရင် စလောင်းရွဲ့မယ်၊ ဒီ အဓိပ္ပါယ်ပဲ။ ဒါဟာ တကယ့်
သူတော်ကောင်းတို့ရဲ့ သဘောထားမဟုတ်ဘူး၊ သာမန်အဆင့်က
သဘောထားပဲ။
ကိုယ့်ပါးရိုက်တာ၊ ကိုယ့်လက်သီးနဲ့ထိုးတာ ဒီအတိုင်းပဲ ခေါင်းငုံ့
ခံနေရမှာလားဆိုတော့ အဲဒီအဆင့် အဲဒီသဘောထားမျိုး
ပြောတာမဟုတ်ဘူး၊ လောကထဲမှာ တစ်ခါတစ်ခါ ဆွေဂုဏ်မျိုးဂုဏ်
ဓနဂုဏ်အပြင် မိုက်ဂုဏ် ဆိုတာမျိုးလည်း လိုအပ်တဲ့အခါ ရှိ
သေးတာပဲ၊ နဂါးမှန်းသိအောင် အမောက်ထောင်ပြရတယ်
ဆိုတာမျိုးလည်း လိုအပ်သေးတာပဲ။
အခုဟာ ယေဘုယျကိစ္စ အဝဝနဲ့ဆိုင်တဲ့ အကောင်းအဆိုးကို
ပြောနေတာ၊ ဘယ်သူကောင်းတယ်၊ ဘယ်လောက်ကောင်းတယ်၊
ဘယ်သူဆိုးတယ်၊ ဘယ်လောက်ဆိုးတယ်၊ အချင်းချင်းတော့
သိကြတာပဲ၊ `သူဆိုးတာ သူ့အပိုင်း၊ သူမကောင်းတာ သူ့အပိုင်း၊
ကိုယ့်အပိုင်းက ကိုယ်ကောင်းနေဖို့ အရေးကြီးတယ်။´
မကောင်းမှန်းသိရင် မဆက်ဆံနဲ့၊ မပေါင်းသင်းနဲ့၊ ဝေးဝေးရှောင်၊
`တကယ်တော့ ကိုယ်ကောင်းတာ ကိုယ့်အတွက်ပါ၊ ကိုယ်ကောင်းတာ
သူ့အတွက် မသေချာပေမယ့် ကိုယ့်အတွက်ကတော့ သေချာတယ်။´
`ဘုရားအလောင်း မျောက်မင်းဟာ သူ့ခေါင်း ထုရိုက်သတ်တဲ့ မုဆိုး
တောထဲမှာ မျက်စိလည် ဒုက္ခရောက်နေတာကို သစ်တစ်ပင်က
တစ်ပင်ကူး၊ သူ့ခေါင်းကသွေးစက်နဲ့ လမ်းပြတော်မူခဲ့တယ်၊
ဘယ်လောက်တောင်ကောင်းတဲ့ သူတော်ကောင်းလဲ၊ ဒီလောက်
ကောင်းလို့ ဘုရားဖြစ်တာပဲ။´
သေချာတွေးကြည့်ရင် ကြက်သီးမွှေးညှင်း ထလောက်အောင်၊ မျက်ရည်
ကျလောက်အောင် ကြည်ညိုရပါတယ်၊ ငါ့တို့ရဲ့ ဘုရားအလောင်းတော်ဟာ
အဲဒီလောက်ကောင်းတဲ့ သူတော်ကောင်းကြီး။
ဘုရားတပည့် ငါတို့တတွေကော ဘယ်လောက်ကောင်းကြသလဲ၊
ဘယ်လောက် ကောင်းနိုင်သလဲ၊ ဘာတွေကောင်းကြသလဲ၊ ဘယ်သူ့
အပေါ် ဘယ်လောက်ကောင်းကြသလဲ၊ ဘာတွေကောင်းထားသလဲ၊
ဘာတစ်ခုမှ မျှော်လင့်ချက် မထားဘဲ ငါကောင်းထားတာ၊ ငါကောင်း
ခဲ့တာ ဘာတွေများ ရှိသလဲ၊ ငါ သူတော်ကောင်းဖြစ်ပြီလား၊
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပေါ့နော်။ ။
[ ဆရာတော် အရှင်သံဝရာလင်္ကာရ ]
(ဓမ္မပိယဆရာတော်)
အတိက်ကအမှားကို ထားပြီး အမှန်တရားဆီသို့ ချီတက်ပါ
"မိမိတို့ ဘ၀ဆုံမှတ်ကနေ နောက်ကြောင်းပြန်လှည့်ကြည့်ပြီးစဉ်းစားလိုက်တဲ့အခါ ဘ၀ရဲ့အနာအဆာ အမှားများစွာ ကို တွေ့ရတတ်တယ်။ ရှေ့တူရှုကို လှမ်းမျော်တွေးတောလိုက်တဲ့အခါမှာတော့ ထိုအမှားများကို ပြင်ဖို့ အခွင့်အရေးတွေ တွေ့ရ ပါလိမ့်မယ်။"
လူတိုင်းမှာတော့ အမှားတစ်ခုစီမက ရှိတတ်ကြတယ်။ အချို့သူများကျတော့ အမှားကိုပဲ မှားမှန်းမသိ ဆက်လက်မှားနေကြ တယ်။ အချို့များကျတော့လည်း မှားမှန်းသိပေမယ့် ကံကို မယုံသလိုလို မထူးဇာတ်ခင်းပြီး ဆက်မှားဖို့ကျိုးစားကြတယ်။ အချို့ကျတော့လည်း ဘ၀နောက်ကြောင်း ပြန်သုံးသပ်လိုက်တဲ့အခါ အမှားကို သိတယ်။ သိတော့ ငါမှားခဲ့လေခြင်းဆိုပြီးတော့ ၀မ်းနည်းစွာ နောင်တရကြတယ်။ ပူဆွေးကြရတယ်။ ဒါပေမယ့် သူဟာ ရှေ့တူရှုကို ဆက်လက်ကြည့်ဖို့ မကျိုးစား ဘူး။ ရှေ့တူရှုကို လှမ်းမျော်မကြည့်မိတော့ "သြော် ငါ့မှာ နောက်ထပ်မမှားအောင် ပြင်ဖို့ အခွင့်အရေးတွေ ရှိသေးပါလား" ဆိုတာကို မတွေးမိဘူး။ အဲတော့ အမှန်ဘက်ကို ပြန်မရောက်နိုင်သေးဘူး ဖြစ်နေတာပေါ့။
အချို့သူများကတော့ ဘ၀နောက်ကြောင်းက အမှားတွေကိုလည်း သတိထားမိတယ်။ ဒါ့အပြင် မိမိရှေ့မှာ ရှိနေတဲ့ အမှန်မြင်ဖို့ အခွင့်အရေးတွေကိုလည်း သိတယ်။ ဒီတော့ ဘယ်လိုတွေးလဲဆိုရင် "ငါဟာ နောက်က ကောက်ကြောင်းတွေကိုပဲ ထပ်တလဲလဲ စဉ်းစားနေလို့ကတော့ စိတ်ဆင်းရဲမှုကလွဲပြီး အမှန်ဖြစ်လာမှာမဟုတ်ဘူး။ ငါ့ရှေ့မှာ ရှိနေတဲ့ အခွင့်အရေးတွေကိုပဲ အသုံးချပြီး အမှန်ဖြစ်အောင် ကျိုးစားရမယ်" လို့ဆုံးဖြတ်တယ်။ ထို့နောက် အတက်နိုင်ဆုံး ကောင်းအောင်နေထိုင်သွားတယ်။ ကိုယ့်နောက်မှာရှိနေတဲ့အမှားတွေကို ခံစားမနေဘဲ သင်္ခန်းစာအဖြစ်ယူကာ လှေခါးထစ်လိုနင်းပြီး အမှန်ဆီသို့ ချီတက်သွားတယ်။ နောက်ဆုံး အမှန်တွေ များလာတော့ စိတ်ချမ်းသာတာပေါ့။
ဘုရားရှင်ဟာ ခတ်ခဲတဲ့အကျင့်မှားတွေကို ခြောက်နှစ်ကြာအောင် ကျင့်ခဲ့တယ်။ နောက်တော့ ဒီလမ်းက မမှန်ဘူးဆိုတာ သိခဲ့တယ်။ နောက်ပြီး အမှန်လမ်းအစစ်ကိုလည်း မြင်ခဲ့တယ်။ အဲအမှန်လမ်းအတိုင်းလျှောက်လှမ်းခဲ့တာ အချိန်တိုအတွင်းမှာပဲ သစ္စာသိမြင်ပြီး ဘုရားအဖြစ်သို့ရောက်တော်မူခဲ့ပါတယ်။
အဇာတသတ်မင်းဟာ သမိုင်းမှာ ကြီးလေးတဲ့အမှားကြီးကို လုပ်ခဲ့တယ်။ နောင်တအကြီးအကျယ်ရခဲ့တယ်။ ဘုရားနဲ့တွေ့ပြီး အမှားကိုဝန်ချတောင်းပန်ကာ မိမိရှေ့မှာရှိနေတဲ့ ကောင်းမှုအခွင့်အရေးတွေကို အားထုတ်ခဲ့တယ်။ သာသနာတိုးတက်အောင် ဆောင်ရွက်ခဲ့တယ်။
အဂုင်္လိမာလဟာ လူပေါင်းများစွာကို သတ်ခဲ့တယ်။ သူလည်းပဲ ဘုရားနဲ့တွေ့လို့ အမှားသိကာ အမှန်မြင်အောင်ကျိုးစား ခဲ့တယ်။ နောက်ဆုံး သစ္စာသိမြင် ရဟန္တာပင် ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် စာဖတ်သူများလည်းပဲ အမှားရှိခဲ့ရင် အမှားမှန်းသိအောင်အရင်သုံးသပ်ပါ။ တစ်စိမ့်စိမ့်တွေးပြီးတော့လည်း ၀မ်းနည်းမနေပါနဲ့။ အချိန်ကုန်ပါတယ်။ ကိုယ့်ရှေ့မှာ အမှန်ရဖို့ အခွင့်အရေးတွေ အများကြီးရှိနေတယ်ဆိုတာလည်း သိထား ပါ။ နောက်ပြီး အခွင့်အရေးတိုင်းကို ကောင်းကောင်းအသုံးချပြီး လူကောင်းတစ်ယောက်ဖြစ်အောင် ဆက်လက်နေထိုင်သွားဖို့ ကျိုးစားပါ။ ဒါမှ စိတ်ချမ်းသာမူကို ရရှိပါလိမ့်မယ်။
ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ
သီလရှိသူ၊ ပညာရှိသူ၊ သူတော်ကောင်း၊ ဘုန်းကျက်သရေရှိသူ
သီလရှိသူ...
ကိုယ်၊ နုတ်၊ စိတ်တို့ကို သတိနဲ့ ကောင်းစွာ စောင့်ရှောက်ပြီး မကောင်းမှုကို မပြု။ မိမိစတဲ့အကြောင်းကြောင့် လိမ်ညာ မပြောဆို။ ထိုသို့သောသူကို သီလရှိသူဟု ဘုရားစတဲ့ သူတော်ကောင်းများက ခေါ်ဆိုကြပါတယ်။
ပညာရှိသူ....
နက်နဲတဲ့ ပြဿနာတွေကို စိတ်ဖြင့် ကြံရုံမျှနဲ့ ဖြေဆိုနိုင်စွမ်းရှိတယ်။ အကျိုးမဲ့ဖြစ်တဲ့ ရုန့်ရင်းတဲ့ အမှုမျိုးကို မပြု၊ အချိန်အခါ အလျှောက်ဖြစ်ပေါ်လာတဲ့ အစီးအပွားကို ကောင်းစွာ အသုံးချနိုင်တယ်။ ထိုသို့သောသူကို ပညာရှိဟု ဘုရားစတဲ့ သူတော် ကောင်းများက ဆိုကြတယ်။
သူတော်ကောင်း....
ကျေးဇူးသိတယ်။ သိတဲ့အတိုင်း ဆပ်လေ့ရှိတယ်။ မြဲမြံတည်ကြည်တယ်။ မိတ်ဆွေကောင်းပီသတယ်။ ဒုက္ခရောက်နေတဲ့ သူငယ်ချင်းရဲ့ အမှုကို ကူညီဆောင်ရွက်ပေးတယ်။ ထိုသို့သောသူကို သူတော်ကောင်းလို့ ဘုရားစတဲ့သူတော်ကောင်းများ က ခေါ်ကြတယ်။
ဘုန်းကျက်သရေရှိသူ.....
သက်ဝင်သော သဒ္ဓါတရားရှိတယ်။ ချစ်ဖွယ်စကား၊ သာယာတဲ့စကား၊ နူးညံ့တဲ့စကားကို ဆိုလေ့ရှိတယ်။ ပေးကမ်းခြင်း အလေ့ရှိပြီး တောင်းလာသူတို့ရဲ့ အသံကို သိတယ်။ ပေးကမ်းခြင်းဖြင့် သူတစ်ပါးကို ချီးမြောက်လေ့ရှိတယ်။ ထိုသူကို ဘုန်းကျက် သရေဟာ ဘယ်တော့မှ စွန့်ခွါမသွားပါဘူး။ အမြဲတမ်း ကျက်သရေရှိနေပါတယ်။ ဒါကြောင့် သူ့ကို ဘုန်းကျက်သရေရှိသူလို့ ဘုရားစတဲ့သူတော်ကောင်းများက ဆိုကြပါတယ်။
ဓမ္မမိတ်ဆွေများအားလုံး သီလရှိသူများ၊ ပညာရှိသူများ၊ သူတော်ကောင်းများ၊ ဘုန်းကျက်သရေရှိသူများ ဖြစ်နိုင်ကြပါစေ။
ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ
ဗုဒ္ဓက ဘာလို့ ရှေးဘဝ နောက်ဘဝ ယုံခိုင်းသလဲ
စာရေးသူမှာ ဥရောပသား မိတ်ဆွေ ရှိပါတယ်။ သူတို့လည်း လူငယ်တွေ ဖြစ်ကြပြီး ဘာသာရေး အကြောင်း ပြောဖြစ်တဲ့ အခါ သူတို့ဟာ ဘယ်ဘာသာကိုမှ မကိုးကွယ်ကြောင်း သိရတော့ အင်မတန် အံ့သြ မိပါတယ်။ ဒါက သက်သက်ပါ။ ဗုဒ္ဓ ဘာသာနဲ့ ပက်သက်ပြီး ပြောဆိုမိတာ ကတော့ ရှေးဘဝ နောက်ဘဝ အကြောင်း ဖြစ်ပါတယ်။ သူ့ အနေနဲ့ ရှေး ဘဝ (Past Existence of life) နဲ့ နောင်လာမယ့် ဘဝ (Future Life) အပေါ်မှာ အယုံအကြည် မရှိပါဘူးတဲ့။ လက်ရှိ ဆင်းရဲနေသူတွေ အင်မတန် ဆင်းရဲပြီး ဒါဟာ ရှေးဘဝ အကုသိုလ်ကြောင့်၊ ချမ်းသာတဲ့ သူတွေ ကျပြန်တော့လဲ ဒါက ရှေးဘဝ ကုသိုလ် ကောင်းမှုကြောင့်လို့ ပြောနေကြတာ လုံးဝ မတရား ပါဘူးတဲ့။ သူဒါကို လုံးဝ လက်မခံ ပါဘူးတဲ့။ ဒါနဲ့ စာရေးသူလည်း တတ်နိုင်သလောက် ရှင်းပြ ပေးတော့ သူလည်း လက်ခံ သွား ပါတယ်။ စာဖတ်သူ တို့ကို ပြန်လည် မျှဝေ ပေးရမယ် ဆိုရင်တော့ …
ရှေးဘဝ ဘာကြောင့် ယုံသင့်သလဲ
ကျနော်တို့ မွေးဖွားလာတယ်။ ကြီးပြင်းလာတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အခါ ချမ်းသာတွေ၊ ကြွယ်ဝ သူတွေ လုပ်ငန်း ကိုင်ငန်း အဆင်ပြေသူတွေ များစွာ ရှိတာကို မြင်တွေ့ ရမှာပါ။ တစ်ဖက်မှာလည်း ဆင်းရဲ သူတွေ၊ အနာရောဂါ ထူပြားသူတွေ များစွာ ရှိပါတယ်။ ကိုယ်တိုင် ကို ပြန်ကြည့်ကျတော့လဲ အဖြေက တစ်မျိုးပေါ့။ ဒီတော့ ဆင်းရဲသူတွေက ချမ်းသာသူတွေကို ကြည့်ပြီးတော့ မုဒိတာ မပွားနိုင်ပဲ မနာလို အူတို ဖြစ်ရင်ဖြစ်မယ် မဖြစ်ရင် မဖြစ်ဘူး။ သို့ပေမယ့် ကြိမ်းသေ ဖြစ်မှာက မိမိကိုယ်ကို ပြန်လည် နှိပ်စက် ညဉ်းဆဲတဲ့ (Self Insulting) ကတော့ ကြိမ်းသေ ဖြစ်ပါတယ်။ သူဟာ ဒေါသ (Anger) စိတ်၊ အမုန်းစိတ် (Hatred) မွေးဖွား စေပြီး နောက်ဆက်တွဲ အနေနဲ့ ကိုယ်တိုင် ထိခိုက်တာတင် မကပဲတော့ ပတ်ဝန်းကျင်က အခြား သူတစ်ပါး တွေအပေါ် သက်ရောက် ပါတော့တယ်။ အလွယ် အားဖြင့် ကြည့်ရင် ခိုးမယ်။ သတ်မယ်။ လုယက်မယ်၊ နောက်ဆုံး ဖြစ်လာ မှာ ကတော့ ကမ္ဘာ ပျက်တဲ့ အချိန်ပါပဲ။
ဒီတော့ မြတ်စွာ ဘုရားက ဟောပါတယ်။ ဒါဟာ ရှေးဘဝ အကုသိုလ် ကံတွေ အကျိုးပေးနေခြင်း ကြောင့်ပါတဲ့။ ယင်း အကုသိုလ်က သံသရာ တစ်လျှောက် (Cycle of Rebirth) မှာ ကျင်လည် (repeat) ဖြစ်နေသေး သရွေ့ ကတော့ ခံနေရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ကောင်းမှုတွေနဲ့ ပြန် အစားထိုး ကြိုးစားရင်၊ တရား ဓမ္မ ကျင့်ကြံရင် လွတ်မြောက်မယ်လို့ ဆိုခဲ့ ပါတယ်။ ဒီတော့ ဘုရားဟော တရားကို လက်ခံပြီး ကျင့်ကြံ သူတို့ဟာ လက်ရှိမှာ ဘယ်လောက်ပဲ ဆင်းရဲ ဆင်းရဲ၊ ဒုက္ခ ဘယ်လောက်ပဲ ရောက်ရောက်၊ အဆိုးဆုံး အနေနဲ့ ပတ်ဝန်းကျင်က ဖယ်ခွာ ခံရရင်တောင် ဒါဟာ ငါပြုတဲ့ ရှေးဘဝ အကုသိုလ် ကံကြောင့် ပါလားလို့ သံဝေဂဥာဏ်ကို တည်စေ ပါတယ်။ တစ်နည်းအားဖြင့် ယောနိသော မနသိ ကာယ လို့ခေါ်တဲ့ Positive Point of View and Thinking ( အကောင်းဘက်မှ ရှုခြင်း၊ မြင်ခြင်း) ဆိုတဲ့ စိတ်ကို ပေါ်ပေါက် စေပါတယ်။ ဒီတော့ ဒေါသ ဖြစ်မယ့် အစား ဒေါသ ကို ဖြေမယ့် စိတ်တွေ ဖြစ်လာ တာကြောင့် ကောင်းမှု မပြု ရင်တောင် သေချာတာကတော့ သူ မကောင်းမှု မပြုတော့ဘူး။ ပြုရင်တောင်မှ သတိ လက်လွတ်မှပဲ ပြုလုပ်လိမ့်မယ်။ သတိ တစ်ခု ပြန်ယှဉ်တဲ့ အခါ သူ သတိထား သွားလိမ့်မယ်။ အားလုံးသာ ရှေးဘဝကို ယုံပြီး Positive Point of View and Thinking ကို အမြဲတော့ remind လုပ်နိုင်မယ် ဆိုရင် ကမ္ဘာက အမြဲအေးချမ်းမှာပါပဲ။ ဒီအချက်က ရှေးဘဝကို ယုံသင့်ကြောင်း ထဲမှာ အသေးစိတ် မျှသော တစ်ချက်သာ ဖြစ်ပါတယ်။ ဒီထက် နက်နဲတာ ကတော့ စာဖတ်သူတို့ ကိုယ်တိုင် နောက်မှ လေ့လာ နိုင်ပါတယ်။
နောင်ဘဝ ယုံသင့်ကြောင်း
လူသေလူဖြစ် ထက် လူသေ ဘာမှ မဖြစ် (End of life) ကို ယုံကြည်သူ များစွာ ရှိပါတယ်။ ယင်းသို့ ယုံကြည်သူ အများစုမှာ တွေ့ရှိရတဲ့ ပြသနာက Action and Reaction အပေါ် လက်ခံမှု နည်းပါး သွားခြင်း ဖြစ်ပါ တယ်။ ပြုလုပ် လိုက်တဲ့ ကောင်းတဲ့ အလုပ်၊ မကောင်းတဲ့ အလုပ် တိုင်းမှာ တူညီတဲ့ သက်ရောက်မှု ကို ပြန်လည် ခံစား (Suffer) ရမယ် လို့ မြတ်စွာ ဘုရားက ဟောကြားခဲ့ ပါတယ်။ ဒါကတော့ ငြင်းစရာ မလိုလောက်အောင် သွေးထွက် လောက်အောင် မှန်တာကို အများစု လက်ခံ ကြပါတယ်။ ကိုယ့်မျက်စိ ရှေ့မှာ ကောင်းမှု လုပ်သူတွေကို မြင်တွေ့ ရပြီး သူတို့လေးတွေ ဆက်ပြီးတော့ ကောင်းတဲ့ ကံတွေ၊ အခြေအနေတွေ ကြုံတွေ့ နေရတာကို အားလုံး မြင်ကြ မှာပါ။ ကိုယ်တိုင်လည်း ကြုံပါလိမ့်မယ်။ ဒါဆို မကောင်းတဲ့ အမှုကိစ္စ ဘက်ကို လှည့်ရအောင်။ ကိုယ်ကိုယ်တိုင် ကနေ စကြည့်မယ်။ မကောင်းမှု တစ်ခု ပြုလုပ်ခဲ့တယ် ဆိုပါစို့။ ပြုသူ ကျန်ုပ်တို့ရဲ့ စိတ်အသွင် သဏ္ဍာန် ထဲမှာ ကိန်းအောင်း နေတတ်ပြီး မရှုတတ်ရင် မသေမချင်း အချိန်အထိ စိတ်ကို နှိပ်စက် နေပါလိမ့်မယ်။ ဒါက အလွယ်ဆုံး ရှင်းပြ မူပါ။ မကောင်းမှုတွေ ကြီးကြီး မားမား လုပ်လို့ မကောင်းတဲ့ အပြစ်ကို ချက်ချင်း လက်ငင်း ပြန်ခံ ရတာတွေကလည်း သာဓကတွေ မနည်း ပါဘူး။
သို့ပေမယ့် အချို့ကျတော့လည်း အဆန်း။ အခု အပြစ်လုပ်တယ်။ စိတ်ကောင်း မထားဘူး။ မဟုတ်တာ လုပ်တယ်။ ပတ်ဝန်းကျင် နဲ့ သူတစ်ပါးကို နှိပ်စက် ညဉ်းဆဲတယ်။ ဘာမှ ဆိုးကျိုး မခံးစားရတဲ့ အပြင်၊ လက်ရှိမှာ ဆက်ပြီးတော့တောင် ကောင်းစား နေပါသေးတယ်။ အဲ့လို လူတွေလည်း အများကြီးပါ။ ဒါဟာ ရှေးဘဝ ကောင်းမှုတွေရဲ့ အကျိုးကို ခံစားဖို့ အခါ အခွင့် သင့်နေသေးလို့ ဖြစ်ပြီးအဲဒီ မကောင်းမှု ကံကို ကြုံဖို့ အခါအခွင့် မသင့် သေးလို့ ဖြစ်ကြောင်း မြတ်စွာ ဘုရားက အဘိဓမ္မာမှာ တိတိ ကျကျ ဟောကြားခဲ့ ပါတယ်။ ဒီတော့ ဒီတစ် ဘဝ မကြုံရင်နောင် နောင် ဘဝ သံသရာ အဆက်ဆက်မှာ ဒီအတွက် အကြွေး ဆပ်ရမယ်.။ ဝဋ်လည် ရမယ်လို့ ကြိမ်းသေ ဟောခဲ့ ပြန်ပါတယ်။ ဒါကို သိပြီး ဥာဏ်ဖြင့် ရှုမြင်တဲ့ သူတွေရဲ့ စိတ်သဏ္ဍာန် ထဲမှာ ယောနိသော မနသိကာရ လို့ခေါ်တဲ့ Positive thinking and viewing ကပဲ ပြန်လည် ကိန်းအောင်း အုံးမယ် ဆိုရင် ဒါဟာ အတော်လေး ကောင်းသွား ပြီ။ သူ မကောင်းတာတွေ လက်ရှိမှာ မလုပ်ရဲတော့ဘူး။ ဒါဟာ အနာဂတ်မှာ ကြိမ်းသေ ခံစားရမယ် အကြွေးဆပ်ရမယ် ဆိုတာကို သိသွားတယ်။ နောင်ဘဝမှာ ဆပ်ရမယ် ဆိုတာကို သိသွား တယ်။ အကယ်၍ ကောင်းတာတွေ လုပ်ရင်လည်း ဒီဘဝ မခံစား ရရင်တောင် နောင်ဘဝ ခံစားရမယ် ဆိုတာ ကိုလည်း သိသွားတယ်။ ဒီတော့ ကောင်းတာတွေပဲ ဆက်တိုက် လုပ်တော့မှာ ဖြစ်ပါတယ်။
အနှစ်ချုပ်
အနှစ်ချုပ် အားဖြင့် ဆိုရရင် ဒီဘဝ ကောင်းနေတာတွေ၊ ဆိုးနေတာတွေဟာ အကြောင်းမဲ့ မဟုတ်ပဲ ရှေးဘဝ အဆက်ဆက်က ကုသိုလ် အကုသိုလ် အမှု ကိစ္စ (Wholesome and Unwholesome deeds) ကြောင့် ဖြစ်ပြီး ခု ကောင်းတာတွေ လုပ်နေတာ၊ မကောင်းတာတွေ လုပ်နေရတာဟာ Cycle of Rebirth ဖြစ်နေတဲ့ ၃၁ ဘုံ (31 Planes of Existence) မှာ ပြန်လည် ဝဋ်ကြွေး ဆပ်ရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ မြတ်စွာဘုရားက ကြောက်ဖို့ အတွက် ခြောက်လန့်ခဲ့တာ မဟုတ် ပါဘူး။ ဥာဏ်နဲ့ သိပြီး သတိ (Mindful) အမြဲ ယှဉ်လို့ ကောင်းတာတွေသာ လုပ်ဆောင် သွားဖို့ ဖြစ်ပါတယ်။ ဒီလောက် ဆိုရင် မြတ်စွာ ဘုရားက ရှေးဘဝ၊ နောင်ဘဝ ကို ဘာကြောင့် ယုံခိုင်း သလဲ ဆိုတာ အကြမ်းအားဖြင့် သိရှိပြီလို့ မျော်လင့် ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
သာသနာအတွက် တုနှိုင်းမဲ့သည့် ဝိသာခါ
သူသူထက်လွင်
ဗမာတိုင်းရင်းသားများတွင် ရိုးရာဓလေ့ပုံပြင်များ အပြင် ကိုးကွယ်မှုဆိုင်ရာ စိတ်ဝင်စားဖွယ်ကောင်း သော ဗုဒ္ဓဝင်ပုံပြင်များ၊ ဓမ္မပဒပုံပြင်များလည်းရှိသည်။ အဆိုပါ ဗုဒ္ဓဝင်ပုံပြင်များစွာအနက် အမျိုး ဘာသာ သာ သနာတော်ကို စံတင်ထိုက်အောင် ထိန်းသိမ်းခဲ့ပြီး သာ သနာတော် ပြန့်ပွားထွန်းကား အောင်ဆောင်ရွက်နိုင်သည့် သောတာပန် အရိယာဗမာအမျိုးသမီး၊ ကျောင်းအမကြီး ဝိသာခါ၏ 'သာသနာအတွက် တုနှိုင်းမဲ့သည့် ဝိသာခါ'ဆိုသည့် ဓမ္မပဒပုံပြင်လေးကို ဖော်ပြပေးမည်ဖြစ်ပါသည်။
ရှေးဘဒ္ဒကမ္ဘာ ဂေါတမမြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်အချိန်က သူဌေးကြီးဓနဉ္စယနှင့် သုမနဒေဝီ တို့သည် သူဌေးသမီးလေးဝိသာခါကို မွေးဖွားခဲ့သည်။ ဝိသာခါ၏အဘိုးဖြစ်သူသည် ဘုရင်အသိအမှတ်ပြု သူဌေး ဘွဲ့ခံ မေဏ္ဍကသူဌေးကြီးဖြစ်ပြီး အဘိုးဖြစ်သူ၏ကျေးဇူး ကြောင့် ဝိသာခါနှင့် သူငယ်ချင်းအပေါင်းအဖော်ငါးရာမှာ မြတ်စွာဘုရားထံ တရားဒေ သနာတော် နာကြားခဲ့ရသည်။ ရှေးဘဝပါရမီ ဆုတောင်း ကြောင့် အသက်ခုနစ်နှစ်အ ရွယ်တွင်ပင် သောတာပန်အရိ ယာ သူတော်စင်တစ်ဦးဖြစ်လာ သူလေးဖြစ်သည်။
သာဝတ္ထိပြည်၌နေထိုင်သည့် မိဂါရသူဌေးကြီးတွင် ပုဏဝဃနသူဌေးသားတစ်ဦးရှိပြီး အိမ်ထောင်ရက်သား ချပေးရန် သင့်လျော်သော သတို့သမီးအလိုရှိခဲ့ကြသည်။သူဌေးသားမှာ အိမ်ထောင်မပြုလိုသဖြင့် ကောင်းခြင်းငါးပါး နှင့်ပြည့်စုံသော သတို့သမီးကို ရှာဖွေပေးရန်ခိုင်းလိုက်သည်။
ကောင်းခြင်းငါးပါးမှာ ဆံပင်၏ကောင်းခြင်း၊ အသား အရေ၏ကောင်းခြင်း၊ အသံ၏ကောင်းခြင်း၊ အရိုးကောင်း ခြင်း၊ အရွယ်၏ကောင်းခြင်းတို့ဖြစ်ပြီး ကောင်းခြင်းငါးပါး စလုံးနှင့် ပြည့်စုံသူမှာ ရှားပါးသည်။
ယင်းကဲ့သို့ရှားပါးသော်လည်း သူဌေးကြီးလင်မယား မှာ သတို့သမီးရှာဖွေမှုကျွမ်းကျင်သော လက္ခဏာဗေဒင် တတ်ကျွမ်းသော ဗြဟ္မဏ(ပုဏ္ဏား)ရှစ်ယောက်ကိုပင့်ဖိတ် ကာ လာဘ်လာဘများစွာပေးပြီး အနယ်နယ်အရပ်ရပ်သို့ ရှာဖွေစေသည်။ ထိုကာလတွင် ဝိသာခါ သတို့သမီးမှာ အသက် ၁၆နှစ်အရွယ်ရောက်ရှိလာပြီး ဝိဝဋနက္ခတ်ပွဲ သဘင်ကို ဆင်နွှဲရန် အြေ>ွခအရံငါးရာနှင့် ထွက်လာသည်။ အခြံအရံတစ်စုနှင့်သွားလာနေသော ဝိသာခါအလှမှာ အခြားသူများနှင့်မတူဘဲ ထင်းခနဲပေါ်လွင်နေသည်ကို ဗြဟ္မဏတို့ တွေ့မြင်သွားသည်။
ဝိသာခါတို့ပျိုမေတစ်စု တည်းခိုဇရပ်အနီးကိုရောက် သည့်အချိန်တွင် မိုးလေများရွာချလေရာ အားလုံး အပြေး အလွှား မိုးလွတ်ရာကိုပြေးကြသော်လည်း သောတာပန် ဣနြေ္ဒရှင်ဖြစ်သည့် ဝိသာခါသည် မိုးရေထဲတွင် ပြေးမသွား ဘဲ ပုံမှန်အတိုင်း ဣနြေ္ဒရရသွားလာသည်ကို သတို့သမီး ရွေးချယ်မည့် ဗြဟ္မဏတို့တွေ့သွားသည်။ အဲဒီမှာ ဝိသာခါ ၏ ဆံပင်၊ အသားအရေ၊ အရွယ်၏ကောင်းခြင်းများကို တွေ့မြင်ရပြီး အရိုး၏ကောင်းခြင်းကို သိမြင်နိုင်ဖို့ ဝိသာခါ ၏ သွားများကိုမြင်နိုင်ရန် စကားစပြောလေသည်။
ဝိသာခါကိုစမ်းသပ်သည့်သဘောဖြင့် ''ဤသမီးငယ် သည် ထိုင်းမှိုင်း၏။ လေးလံ၏။ လျင်မြန်မှုမရှိ။ ဖျတ်လတ် မှုမရှိ။ အကယ်၍ အိမ်ထောင်ကျပါက သူမ၏ခင်ပွန်းမှာ အချိန်မီ ထမင်းစားဖို့မလွယ်''ဟု အချင်းချင်းပြောလေဟန် ဖြင့်ဝေဖန်ကြသည်။
ဝိသာခါအမျိုးသမီးလေးကလည်း ''လောကမှာ လျင် မြန်စွာသွားသင့်သူ လေးဦးရှိပါတယ်။ သူတို့မှာ (၁) မင်း မြောက်တန်ဆာငါးပါးကို ဆင်ယင်ထားသောမင်း၊ (၂)ကကြိုးဆင်ယင်ထားသောမင်္ဂလာဆင်တော်၊ (၃) ရဟန်း သံဃာနှင့် (၄) အမျိုးသမီးတွေဖြစ်ပါတယ်''လို့ ပြန်ပြော လိုက်တဲ့အတွက် ဝိသာခါရဲ့သွားများကို မြင်တွေ့ခွင့်ရပြီး အရိုး၏ကောင်းခြင်းနှင့် ပြည့်စုံသောကြောင့် သူဌေးသား၏ ဇနီးလောင်းအဖြစ် ကမ်းလှမ်းခဲ့ပါသည်။ ဝိသာခါကလည်း မျိုးရိုးအဆင့်အတန်းကို ပြန်လည်မေးမြန်းပြီးမှ မိမိတို့နှင့် သူဌေးမျိုးရိုးချင်းတူညီမှုရှိသောကြောင့် ကမ်းလှမ်းမှုကို လက်ခံလိုက်သည်။
အဲဒီနောက် ရာဇဂြိုဟ်ပြည့်ရှင်ဗိမ္ဗိသာရမင်း၏ သူဌေး ဘွဲ့ရ မေဏ္ဍကသူဌေးကြီး၏မြေးဖြစ်သူ ဝိသာခါနှင့် သာ ဝတ္ထိပြည်သူဌေးဘွဲ့ရ မိဂါရသူဌေးကြီး၏သား ပုဏဝဃန တို့ ဖူးစာဆုံဖြစ်ခဲ့ကြသည်။
နှစ်ပြည်ထောင်သူဌေးကြီးများ၏ မိတ်ဆွေများ၊ ဓန အင်အားများနှင့် မင်္ဂလာပွဲကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲဖြစ်ခဲ့ပြီး ကောသလမင်းကြီးကိုယ်တိုင် တက်ရောက်ချိးမြှင့်ခဲ့သည်။
ဓနဉ္စယသူဌေးကြီးဟာ ယောက္ခမအိမ်လိုက်သွားရ မည့် သမီးဖြစ်သူကို အိမ်ထောင်ရှင်များလိုက်နာရမည့် အချက်(၁ဝ)ချက်ကို သေချာလေ့ကျင့်သင်ကြားပေးကာ ဘာသာအယူဝါဒမတူသော ယောက္ခမအိမ်ကို လိုက်နေ ရမည့် သမီးဖြစ်သူအား စိတ်မချသဖြင့် သူဌေးကြီးရှစ်ဦး အား သမီးကို ကြည့်ရှုစောင့်ရှောက်ရန် အပ်နှံခဲ့သည်။
မိဂါရသူဌေးအိမ်သို့ရောက်သွားသည့် ချွေးမဝိသာခါ သည် ရောက်သည့်နေ့မှစပြီး ချွေးမဝတ္တရားကို ကျေပွန် အောင် ဆောင်ရွက်ခဲ့သည်။ ဘယ်လိုပင် တာဝန်ကျေအောင် ဆောင်ရွက်သော်လည်း ဘာသာတရားနှင့်ပတ်သက်လာ သည့်အခါ ခုနစ်နှစ်သမီးအရွယ်ကတည်းက သောတာပန် ဖြစ်ခဲ့သည့် ဝိသာခါသည် ယောက္ခမများ၏ တိတ္ထိကိုးကွယ် မှုအပေါ်မှာတော့ ဟန်ဆောင်ကာ တာဝန်မကျေခဲ့ပေ။ ဝိသာခါ၏ယောက္ခမများသည် ဘာသာခြားများဖြစ်ပြီး အိမ် သို့ ရဟန္တာမျာြး<ွကလာမည်ဟုဆိုကာ ဝိသာခါကိုထွက်ပြီး ဖူးမြော်ခိုင်းရာ ရဟန္တာဟုဆိုသည့် တိတ္ထိငါးရာစလုံးမှာ အဝတ်အစားမပါ ကိုယ်လုံးတီးများဖြစ်နေသောကြောင့် ဝိသာခါက ရှက်ပြီး အိမ်ထဲလှည့်ဝင်သွားသည်ကို တိတ္ထိ များရော၊ ယောက္ခမကြီးပါမြင်သွားသဖြင့် ဒေါသထွက် ကြသည်။ ထိုသို့ ဒေါသဖြစ်သော်လည်း သမီးယောက္ခမ ဖြစ်တာ မကြာသေးသဖြင့် ယောက္ခမကြီးက သူတို့အမျက် ဒေါသကို ချုပ်ထိန်းနိုင်ခဲ့သည်။
ဝိသာခါတို့အိမ်ရှေ့တွင် ဝိသာခါကိုးကွယ်သည့် ဗုဒ္ဓ ဘာသာဝင် ရဟန်းတော်တစ်ပါး ဆွမ်းခြံ<ွကလာသည်ကို ဝိသာခါ၏ယောက္ခမကြီးက ထမင်းစားရင်း လှမ်းမြင်သော် လည်း မမြင်ယောင်ဆောင်ပြီး ဆွမ်းမလှူခဲ့ပါ။ ထိုအခါ ဝိသာခါသည် လက်အုပ်ချီပြီး ''ခွင့်လွှတ်ပါဘုရား။ တပည့် တော်ဖခင်က အဟောင်းကိုစားသုံးသူတစ်ယောက်မို့ ကန် တော့ဆွမ်းပါဘုရား''လို စိတ်မကောင်းစွာ လျှောက်တင် လိုက်ရာ ယောက္ခမလုပ်သူက ''ဟယ် ယုတ်မာလိုက်တဲ့ ချွေးမ၊ မင့်အသက်အရွယ်လေးနဲ့ ငါ့ကို အဟောင်းစား (မစင်)စားသူလို့ပြောတာ အစွမ်းကုန်စော်ကားလိုက်တာ ပဲ။ နင် ခုချက်ချင်း အိမ်ပေါ်ကဆင်းသွားစမ်း''လို့ နှင်ချ ခံရပါသည်။ ဝိသာခါကလည်း ''ကျွန်မမှာအပြစ်မရှိပါ။ အဖေတို့မကျေနပ်ရင် ကျွန်မဖခင်အပ်လိုက်တဲ့ သူဌေးကြီး ရှစ်ဦးရှေ့မှာ စစ်ဆေးနိုင်ပါတယ်''ဟု ဆိုသည်။
ချွေးမနှင့်ယောက္ခမကြား အချေအတင်ဖြစ်ပြီး သူြ<ွကယ်ရှစ်ဦးက ဝိသာခါကို အကျိုးအကြောင်းမေးမြန်းဖြေ ရှင်းပေးသည်။
''ဦးကြီးတို့ အဟောင်းစားသူဆိုတဲ့အဓိပ္ပာယ်က မိုက် ရိုင်းတဲ့သဘောနဲ့ ပြောတာမဟုတ်ပါဘူး။ ကျွန်မယောက္ခမ က ဒီဘဝမှာ သြူ<ွကယ်တစ်ဦးဖြစ်ပြီး ဘုရား၊ ရဟန်းတို့ကို ဆွမ်းတစ်လုပ်တောင် မကြည်ဖြူနိုင်ပါဘူး။ သူဟာ ဘဝ ဟောင်းကကောင်းမှုကိုပဲ ခံစားပြီး ခုဘဝမှာ ဘာကောင်း ကျိုးမှမလုပ်သူမို့ အဟောင်းစားသူလို့ တင်စားပြောဆိုခြင်း ဖြစ်ပါတယ်''လို့ ဖြေရှင်းချက်ပေးသည်။
ဝိသာခါ၏ဖြေရှင်းချက်သည် ရဲရင့်မှန်ကန်သည့်အ တွက် သြူ<ွကယ်ရှစ်ယောက်က ယောက္ခမသူဌေးကို နားချ ကြသည်။ ထိုအခါမှ ဝိသာခါလည်း ဒီအိမ်မှာ ဆက်နေရ မည်ဆိုလျှင် ဗုဒ္ဓရှင်တော်မြတ်ဘုရားနှင့် ဗုဒ္ဓဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရမှနေမည်ဟု ရဲဝံ့စွာတောင်းဆို ခဲ့သည်။ ယင်းပြဿနာများဖြစ်ပြီးနောက်ပိုင်းတွင် ဝိသာခါ သည် မြတ်စွာဘုရားနှင့် သံဃာတော်များကို ဆွမ်းကပ်ခွင့် ရခဲ့သည်။
မြတ်စွာဘုရားနှင့်သံဃာတော်များြ<ွကလာသည့် အခါ ဝိသာခါသည် ယောက္ခမ သူဌေးကြီးကို တရားထွက်နာ ဖို့ လူကြားထဲတွင် ခေါ်သည့် အတွက် ငြင်းရခက်ပြီး ကန့် လန့်ကာနောက်ကွယ်မှနေ၍ ဘုရားကိုမကြည့်ဘဲ တရားနာ ခဲ့သည်။ ကန့်လန့်ကာနောက် ကွယ်က တရားနာသော်လည်း မိဂါရသူဌေးကြီးမှာ ပါရမီ ရှိသောကြောင့် သစ္စာလေးပါးကို ထိုးထွင်းမြင်သွားပြီး သောတာပန်တည်သွားကာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာ သည်။
ဝိသာခါသူတော်ကောင်းမလေး၏ သတ္တိရှိရှိကိုယ့် ဘာသာတရားဘက်ကရပ်တည်ပြီး ဘာသာမတူသူများ အား စိတ်စေတနာဖြင့်ဖိတ်ခေါ်နိုင်ခဲ့သည့်အတွက် ဘာသာ မတူသောယောက္ခမနှင့် ခင်ပွန်းဖြစ်သူမှာ ဗုဒ္ဓဘာသာဝင် သူတော်စင်များဖြစ်လာကြသည်။
ကျောင်းအမကြီးဝိသာခါလို့ အမည်တွင်စေမည့် ပုဗ္ဗာ ရုံကျောင်းတိုက်ကြီးကို ကျောင်းမြေအတွက် ကိုးကုဋေ၊ ကျောင်းဆောက်လုပ်ရန်အတွက် ကိုးကုဋေ၊ ကျောင်းလှူ ပူဇော်ပွဲအတွက် အလှူငွေကိုးကုဋေ စုစုပေါင်း ၂၇ကုဋေ ကုန်ကျခံပြီး သမိုင်းဝင်ကျောင်းအလှူတော်ကြီးကို တည် ဆောက်လှူဒါန်းခဲ့ပါသည်။
ဝိသာခါကျောင်းအမကြီး၏ မိမိကိုးကွယ်သော ဘာ သာတရားကို မည်သည့်အကြောင်းနှင့်မျှ စွန့်ပယ်မသွား တတ်သော ခိုင်မာသည့်စိတ်ဓာတ်များကို အတုယူနိုင်ရန် ဆန္ဒပြု ရေးသားဖော်ပြလိုက်ခြင်းပင်ဖြစ်ပါသည်။
ကျမ်းကိုး- ဦးရွှေအောင်၊ ဓမ္မပဒ၊ ပုပ္ဗဝဂ်၊ ဝိသာခါ။
ထူးခြားသော အမျိုးသမီးလေးတစ်ယောက်
ရွှေပြည်သာမြို့နယ်၊ (၉)ရပ်ကွက်တွင်
ဘာသာခြားမိသားစုတစ်စုရှိ၏။
သူတို့ သားသမီးများတွင် လွန်စွာလှပသော
မိန်းကလေးတစ်ယောက်ပါ၏။ ထိုမိန်းကလေးသည်
ဘာသာခြားဖြစ်သော်လည်း အရွယ်ရောက်ချိန်မှစ၍
ရတနာသုံးပါးကို အလိုလိုကြည်ညိုနေ၏။
ဗုဒ္ဓရုပ်ပွားတော်များကိုတွေ့လျှင် ဦးချချင်၏။
ည တရားပွဲများနှင့်တွေ့လျှင် ဝင်ရောက်နာယူချင်၏။
ဆွမ်းခံသံဃာများကိုတွေ့လျှင် လောင်းလှူချင်၏။
ဗုဒ္ဓဘာသာလောကထဲသို့ မည်ကဲ့သို့ ဝင်ရောက်ရမည်ကို
မသိနိုင်ဖြစ်နေ၏။
တစ်ခုသာ ရှိတော့၏။ ဗုဒ္ဓဘာသာအမျိုးသားနှင့်
အိမ်ထောင်ကျမှ သာလျှင် သူသည် ဗုဒ္ဓဘာသာ
ဖြစ်ရမည်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်
အမျိုးသားမှတပါး မည်သည့်ဘာသာဝင် အမျိုးသားနှင့်မှ
အိမ်ထောင်မကျပါစေနှင့်ဟု အဓိဋ္ဌာန်ပြု ဆုတောင်းထား၏။
သူမ အရွယ်ရောက်သည်နှင့် ယောက်ျားလေးရှင်တိုင်းက
လာစပ်ကြ၏။ သူ့မိဘများကလည်း သူတို့နှင့်
ဘာသာတူလျှင် ပြီးရော ဟူသောစိတ်ဖြင့် လာစပ်သမျှကို လက်ခံ၏။
အံ့သြစရာကောင်းသည်ကား စေ့စပ်ပြီးသည်နှင့်
သတို့သားလောင်းသည် မယူချင်တော့ဟုဆိုကာ
စေ့စပ်ကြောင်းလမ်းမှုကို ဖျက်ပစ်၏။
ဤကဲ့သို့ ပျက်သွားသည်မှာ ငါးယောက်လောက်ပင်ရှိသွား၏။
ထိုသို့ ဖြစ်သည်ကို သူ့မိဘများက မကျေနပ်။
ထို့ကြောင့် သူတို့နှင့်ဘာသာတူ ရေခဲချောင်းရောင်းသူ
လူတစ်ယောက်နှင့်ပင် စေ့စပ်ပေး၏။
အံ့သြစရာကောင်းလှ၏။ မဲပေနေသော
ရေခဲချောင်းရောင်းသမားသည် ယင်း မိန်းကလေးကို
မနှစ်သက်ဟုဆိုကာ စေ့စပ်ပွဲကို ဖျက်ပစ်ပြန်၏။
ဗုဒ္ဓဘာသာဖြစ်မည့် မိန်းကလေး၏ဘုန်းကံကြောင့်
ဘာသာတူအမျိုးသားများ အနားသို့ မကပ်နိုင်ခြင်းဖြစ်၏။
ငါးရာ့ငါးဆယ်လာ မဟောသဓာဇာတ်ကြောင်းတွင်
ထိုပုံစံမျိုးတွေ့ဖူး၏။ တက္ကသိုလ်မှ ဒိသာပါမောက္ခဆရာကြီးသည်
တပည့်များ ပညာဆုံးခန်းတိုင်သောအခါ တစ်ယောက်သောတပည့်နှင့်
သူ့သမီးချော အလိမ္မာကိုပေးစားပြီး ပြန်လွတ်လိုက်၏။
သို့သော် မိန်းကလေးက ဘုန်းကံရှိပြီး ယောက်ျားလေးက
ဘုန်းကံမရှိသောအခါ မိန်းကလေးနားသို့ မကပ်နိုင်ဖြစ်နေ၏။
မိန်းကလေးက ခုတင်ပေါ်အိပ်နေလျှင် ထိုယောက်ျားက
ကြမ်းပြင်ပေါ် ဆင်းအိပ်၏။ ယောက်ျားလေးနေရာ
ဇာတိမြို့သို့ ပြန်လာရင်း တောတစ်တောကိုဖြတ်ရ၏။
ထိုတောထဲတွင် သစ်သီးပင်တစ်ပင်ကိုတွေ့၍
မိန်းကလေးက ယောက်ျားလေးကို တက်ခူးခိုင်း၏။
ယောက်ျားလေးက ခူးမပေးပဲ ကိုယ့်ဖာသာ တက်ခူးဖို့ပြော၏။
မိန်းကလေးသည် မခံချင်စိတ်ကြောင့်
သစ်ပင်ပေါ်သို့ ကိုယ်တိုင်တက်ပြီးခူး၏။
မိန်းကလေး သစ်ပင်ပေါ်ရောက်သွားသည်နှင့်
ယောက်ျားဖြစ်သူသည် သစ်ပင်ပတ်လည်တွင်
ဆူးခက်များချထားပြီး ထွက်ပြေးလေ၏။
မိန်းကလေးက အောက်ဆင်းပြီး သူ့နောက်သို့
မလိုက်စေရန် ဆူးခက်တွေ ချထားခြင်းဖြစ်၏။
ထိုအချိန်မှာပင် “ဝိဒေဟရာဇ်ရှင်ဘုရင်ကြီး” တိုင်းခန်းလှည့်လာရင်း
ထိုအမျိုးသမီးကို တွေ့သွားပြီး နှစ်သက်တော်မူသဖြင့်
တော်ကောက်ခါ မိဖုရား ခေါင်ကြီးအဖြစ် မြှောက်စားတော်မူ၏။
ဤဇာတ်တော်၌ မိန်းကလေးတွင် မိဖုရား ခေါင်ကြီးဖြစ်ရမည့်
ဘုန်းကံ ပါနေသောကြောင့် သာမန်ယောက်ျား
တစ်ယောက်က ကာမပိုင်အဖြစ် မသိမ်းပိုက်နိုင်ခြင်းဖြစ်သလို
ရွှေပြည်သာမှ မိန်းကလေးသည်လည်း
ဗုဒ္ဓဘာသာ ဖြစ်ရမည့် ဘုန်းကံရှိနေသောကြောင့်
ဘာသာတူအမျိုးသားများက မသိမ်းပိုက်နိုင်ကြခြင်းဖြစ်၏။
မှတ်ချက်။ ။ရေသဖန်းပင်ပေါ်မှရသော မိဖုရား
ဖြစ်သောကြောင့် “ဥဒုမ္ဗရဒေဝီ” ဟု အမည်တွင်၏။
တစ်ရက်တွင်ကား ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ယောက်နှင့်
ရသွားပြီး သူ ဆည်းကပ်ကိုးကွယ်ချင်သည့် ရတနာသုံးပါးကို
ဆည်းကပ်ကိုးကွယ်ခွင့် ရသွား၏။ မိဘ,ဘိုးဘွားအစဉ်အဆက်
ဘာသာခြားဖြစ်နေပါလျက် ဤမိန်းကလေးသည်
ဗုဒ္ဓဘာသာကိုမှ အလိုလို ကိုးကွယ်ချင်စိတ်ဖြစ်နေခြင်းသည်
အဘယ့်ကြောင့်နည်း။ အဖြေကား ဤမိန်းကလေးသည်
အရင်ဘဝက ဗုဒ္ဓဘာသာဝင်တစ်ယောက်ပင် ဖြစ်၏။
ဒါန၊ သီလ၊ သမထကုသိုလ်လောက်ပင်လုပ်ပြီး
“အန္ဓပုထုဇဉ်” ဘဝနှင့် သေခဲ့ရ၏။
ဝိပဿနာ ကုသိုလ် တစ်ခုမှမယူနိုင်ခဲ့။
ဝိပဿနာဉာဏ်ဆို၍ “နာမရူပ ပရိစ္ဆေဒဉာဏ်” နှင့်
“ပစ္စယပရိဂ္ဂဟဉာဏ်” လောက်ပင် မရခဲ့။
ထို့ကြောင့် အန္ဓပုထုဇဉ်ဘဝမှ စုတေသောအခါ ဘာသာခြားဘဝသို့
ရောက်ခဲ့ရခြင်းဖြစ်၏။ အရင်ဘဝက အသက်ထက်ဆုံး
ဗုဒ္ဓဘာသာဘဝနှင့် နေခဲ့ရသောကြောင့် ယခု
ဘာသာခြားဘဝတွင်လည်း ရတနာသုံးပါးကို
ဆည်းကပ်ကိုးကွယ် ချင်စိတ် အလိုလိုပေါက်လာခြင်းဖြစ်၏။
ထို့ကြောင့် ဗုဒ္ဓဘာသာအများစုကို တိုက်တွန်းပါ၏။
ရွှေပြည်သာမှ မိန်းကလေးလို မဖြစ်ရအောင်
ဘဝဆက်တိုင်း ဗုဒ္ဓဘာသာမှ တခြားဘာသာသို့
ပြောင်းမသွားရအောင် အနည်းဆုံး
“နာမရူပ ပရိစ္ဆေဒဉာဏ်” နှင့် “ပစ္စယပရိဂ္ဂဟဉာဏ်”
ကိုအရယူနိုင်ကြပါစေ။
-【မေတ္တာရှင်(ရွှေပြည်သာ)၏ “သညာသိနှင့်
ပညာသိ(သုဒ္ဓဝိပဿနာကျင့်စဉ်)” မှကောက်နှုတ်
ပူဇော်မျှဝေပါသည်။ 】
ယတြာကို ယုံကြည်ကြသူများ
မကြာသေးမီက ဘန်ကောက် ပို့စ်သတင်းစာမှာ ပြုံးချင်စရာ သတင်းတစ်ပုဒ်တွေ့ရပါသည်။ ယင်းသတင်းမှာ ထိုင်းနိုင်ငံကို လတ်တလော စစ်အာဏာသိမ်းထားသော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်၏ အခါတော်ပေး ဗေဒင်ဆရာဗာရင်ဆိုသူအား မေးမြန်းထားခြင်းဖြစ်ပါသည်။ ၎င်းကထိုင်းနိုင်ငံ နောက်တက်မည့် ၀န်ကြီးချုပ်သည် အက္ခရာပီနှင့်စသည်။ ထို့ကြောင့်သူ့ကိုကိုးကွယ်သူ ဗိုလ်ချုပ်ကြီးပရာယွတ်ဖြစ်မည်။ အခြား ပီအက္ခရာနှင့် စသူများလည်း မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ပရာယွတ်သည် ထိုင်းရာဇ၀င်တွင် ကျော်ကြားခဲ့သည့် နရာစူဝမ်ဘုရင်၏ စစ်သူကြီးဝင်စားသူ ဖြစ်သည်။ ယခုဘ၀တွင်လည်း အတိတ်ဘ၀ကကဲ့သို့ ထိုင်းနိုင်ငံကို စောင့်ရှောက်ရန် ပြန်လာခြင်းဖြစ်သည်ဟု ဆိုပါသည်။
စစ်အာဏာသိမ်းထားသော ဗိုလ်ချုပ်ကြီးပရာယွတ်သည် ထိုင်းဝန်ကြီးချုပ်ဖြစ်လာနိုင်သလားဆိုသည်က မကြာမီသိရှိရပါမည်။ ဖြစ်ရန်လည်း ရာခိုင်နှုန်းများနေပါသည်။ သို့ရာတွင် ရယ်စရာကောင်းသည်က ဗိုလ်ချုပ်ကြီးပရာယွတ်ဝန်ကြီးချုပ်ဖြစ်ခြင်း၊ မဖြစ်ခြင်းမဟုတ်ပါ။ လူသားများ အင်္ဂါဂြိုဟ်ကိုပင် သွားရန်ပြင်နေကြသည့်ခေတ်တွင် ဗေဒင်ဆရာကို ဆည်းကပ်ကြသည့်၊ ဗေဒင်လက္ခဏာကို ယုံကြည်ကြသည့် ထိုင်းအစိုးရ ခေါင်း ဆောင်များ၏ စရိုက်ဖြစ်ပါသည်။
၎င်းဗေဒင်ဆရာဗာရင်သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက် ဆင်ကောင်းစားစဉ်ကလည်းအခါ တော်ပေးလုပ်ခဲ့ဖူးသည်။ သက် ဆင်၊ ပရာယွတ်၊ စွန်သီစသည့် ထိုင်းနိုင်ငံ၏ အဖွဲ့မျိုးစုံကွဲနေ သည့် နိုင်ငံရေးခေါင်းဆောင်များ အားလုံးတွင် တူညီသည့်အချက် တစ်ခုရှိပါသည်။ ယင်းကား ဗေဒင်လက္ခဏာကို လုံးဝယုံကြည်ကြ ခြင်း ဖြစ်ပါသည်။ လိုအပ်လာ လျှင် အိမ်နီးနားချင်း မြန်မာနိုင်ငံ သို့ပင် ဗေဒင်မေးရန် လာရောက် တတ်ကြသည်။ မြန်မာနိုင်ငံက ဗေဒင်အကြားအမြင် အကျော် အမော် အီးတီဆိုလျှင်လည်း ထိုင်းခေါင်းဆောင် အတော်များများ လာရောက်မေးမြန်းဖူးသည်ဟု နိုင်ငံခြားသတင်းစာတစ်စောင်က အီးတီနှင့် အင်တာဗျူးတွင် ဖော်ထားသည်ကို ဖတ်ရသည်။
မြန်မာနိုင်ငံက ခေါင်း ဆောင်များကလည်း ထူးမခြားနား ပင်။ အုပ်ချုပ်သည့် မင်းအစိုးရ များသည် နိုင်ငံအုပ်ချုပ်ရန် ခေတ် အဆက်ဆက်တွင် လက်ရုံးရည်၊ နှလုံးရည်ထက် ဗေဒင်ကို ပိုအား ကိုးကြသည်။ မိမိတို့သည် နတ်သိ ကြားကစေလွှတ်သော ဘုန်းရှင် ကံရှင် မင်းကောင်းမင်းမြတ်ဆို သည်ကို ပြည်သူအားသိစေချင် ကြသည်။ ကုန်းဘောင်ခေတ်က ဆိုလျှင် ဘုန်းကံကြီးသော မင်းအ ဖြစ် ပြည်သူများ သိမြင်စေရန် ဆင်ဖြူတော်ကိုရအောင် ရှာကြ သည်။ ကုန်းဘောင်ခေတ် မင်းတစ်ပါးဆိုလျှင် ဆင်ဖြူအသေကိုအတင်းသယ်ဆောင်ပြီး ဆင်ဖြူရှင်ဘွဲ့ခံယူသည်။
ဗေဒင်ဆရာအခါတော်ပေး များ၏ အကြံပြုချက်အရ လိုက် လုပ်ကြသည်။ ကိုးကွယ်လျှင် ဘုန်းကံကြီးသည် အဆိုရှိသော ရွှေတိဂုံစေတီပေါ်က ပတ္တမြား မျက်ရှင်နှင့် ပဲခူးရွှေမော်ဓောစေတီတော် အထက်ပစ္စယံရှိဆုတောင်းပြည့်ဘုရားများကို ကျိတ်ကိုးကွယ်ကြ၏။ စစ်အစိုးရလက်ထက်တွင် မဖြူတဖြူ ဆင်ဖြူတော်များကို ငွေကြေး အမြောက်အမြား အကုန်အကျခံပြီး တရိုတသေကိုးကွယ်ထားသည်။ ဆရာလေးစကြာမင်းခေါင်၊ တိမ်ကြားဦးသန်းလှစသဖြင့် အခါတော်ပေးများ ခေတ်ကောင်းခဲ့ကြသည်။
၎င်းတို့သည် နိုင်ငံအား အုပ် ချုပ်သင့်သော ဘုန်းရှင်ကံရှင်များ ဆိုသည်ကို ပြည်သူများက လက် ခံပြီး ၎င်းတို့အုပ်ချုပ်သည်ကို အသာတကြည် လက်ခံအောင် သိမ်းသွင်းကြသည်။ တစ်နည်းဆို ရလျှင် ဗေဒင်ဆရာများ၊ ဆင်ဖြူ ရှင်ဖြင့် ဘုန်းကံအာဏာကို အများလက်ခံအောင် ပြုလုပ်သူများ သည် ကိုယ်ပိုင်အရည်အချင်းဖြင့် ဘုန်းတန်ခိုးအာဏာကို မတည် ဆောက်နိုင်သူများ ဖြစ်သည်။ ကိုယ်ပိုင်အရည်အချင်းကို မယုံ ကြည်သောအခါ နတ်အားကိုး၊ ဗေဒင်ဆရာအားကိုးကြခြင်း ဖြစ် ပါသည်။ ယတြာကို ယုံသည်။ ယင်းဓလေ့ထုံးစံမှာ အာဏာကို တိုင်းပြည်အတွက် အသုံးချခြင်း ထက် မိမိကိုယ်ကျိုးစီးပွားအတွက် ရေရှည်ခိုင်မြဲစွာ ဆုပ်ကိုင်လိုကြ သည့် အာရှနိုင်ငံက ခေါင်းဆောင် များ၏ ထုံးစံဖြစ်ပါသည်။
ဒီမိုကရေစီဖွံဖြိုးနေကြ သော အနောက်နိုင်ငံကြီးများတွင် နိုင်ငံခေါင်းဆောင်ဖြစ် အခါ တော်ပေး ဗေဒင်ဆရာထက် လက်ရုံးရည်၊ နှလုံးရည် အစွမ်းအစ ရှိရန် လိုပါသည်။ ဒီမိုကရေစီနိုင်ငံမှ ပြည်သူများက မင်းလောင်းဆို သည်ထက် ပညာအရည်အချင်း အုပ်ချုပ်မှုစွမ်းရည်ကို အကဲဖြတ် စောင့်ကြည့်ပြီး ရွေးချယ်ကြသည့်အတွက် ဖြစ်၏။ အနီးဆုံးဥပမာ ပေးရလျှင် အမေရိကန်ပြည်ထောင်စု၏ လက်ရှိသမ္မတအိုဘားမားမည်သို့ သမ္မတဖြစ်လာသည်ကို လေ့လာကြည့်ပါ။
၁၉၆၁ ခုနှစ်တွင် အာဖရိ ကန် အမေရိကန်လူမျိုး ဖခင်နှင့် လူဖြူမိခင်မှ ဟာဝိုင်အီကျွန်းတွင် မွေးဖွားခဲ့သော အိုဘားမားသည် ယခု သမ္မတဖြစ်လာသည်အထိ သူ၏ပညာအရည်အချင်းနှင့် နှလုံးရည်အစွမ်းအစကို အားကိုး ခဲ့သည်။ မိဘကလည်း မချမ်း သာ။ တက္ကသိုလ်တက်စဉ်က ပညာသင်စရိတ်အဖြစ် ချေးခဲ့ သော ဘဏ်ချေးငွေသည် လွန်ခဲ့ သော ရှစ်နှစ်ခန့်တွင်မှ အကျေ ဆပ်နိုင်ခဲ့၏။ ကမ္ဘာကျော် နယူး ယောက်ကိုလံဘီယာ တက္ကသိုလ်၊ ဟားဗတ်ဥပဒေကျောင်းများတွင် ပညာသင်ကြားခဲ့ပြီး အအောင် မြင်ဆုံး ဥပဒေပညာရှင်တစ်ဦး ဖြစ်အောင် ကြိုးစားခဲ့သည်။ သမ္မတမဖြစ်မီ ချီကာဂိုတက္ကသိုလ်နာမည်ကျော် ဥပဒေပါမောက္ခဖြစ်လာအောင် ကြိုးစားခဲ့သည်။ သမ္မတမဖြစ်မီတွင်ပင် ၎င်းရေးသားထားသော စာအုပ်က သန်းချီရောင်းရပြီး အောင်မြင်သူတစ်ဦး၊ လူတော်တစ်ဦး ဖြစ်နေပါပြီ။ စိုင်ကော်ပြီး ချုံပေါ်ရောက်လာခြင်းမဟုတ်။ ထိုအရည်အချင်းကို အားကိုးယုံကြည်မှုဖြင့် လူသန်းသုံးရာကျော်ရှိသော ကမ္ဘာ့အကြီးဆုံးနိုင်ငံကြီး၏ သမ္မတရာထူးနေရာရယူခဲ့ခြင်း ဖြစ်သည်။ ဗေဒင်ဆရာလည်း မပါ၊ တဘောင်ကိုလည်း အားမကိုး။ ယတြာလည်းမပါခဲ့ပါ။ ကိုယ့်ကိုယ်ကိုယ် အိပ်မက်အရ မင်းလောင်းဟုလည်းမပြောဆိုခဲ့ဖူးဘဲ မင်းနေရာရောက်လာခြင်း ဖြစ်ပါသည်။
နောက်တစ်ဦးက ၂၀၁၆ ရွေးကောက်ပွဲတွင် အမေရိကန် သမ္မတဖြစ်လာမည်ဟု ထင်ကြေး ပေးနေကြသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီ လာရီကလင်တန် ဖြစ်ပါသည်။ ဟီလာရီက သမ္မတဖြစ်ချင်သည့် အတွက် ၂၀၀၇ ခုနှစ်တွင် သမ္မတ အိုဘားမားနှင့် ပါတီတွင်း ကိုယ် စားလှယ်လောင်း အရွေးခံရန် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။ အိုဘားမားက အနိုင် ရသွားသောအခါ ဟီလာရီ၏ အ ရည်အချင်းကို သိသည့်အတွက် နိုင်ငံခြားရေးဝန်ကြီး ရာထူးကို ပေးအပ်ခဲ့သည်။ နိုင်ငံခြားရေး ၀န်ကြီးဖြစ်လာသောအခါ အမေ ရိကန်သမိုင်းတွင် အတော်ဆုံးနိုင်ငံခြားရေးဝန်ကြီးတစ်ဦးအဖြစ်အသိအမှတ်ပြုခံရသည်။ သို့ သော် သက်တမ်းတစ်ကြိမ်သာ ထမ်းဆောင်ပြီး ရာထူးမှအနားယူခဲ့သည်။ အများစုက ၂၀၁၆ တွင် သမ္မတ ရွေးရန် ပြင်ဆင်ခြင်းဟု ဆိုပါ သည်။ သို့သော် ၎င်းတို့ပြင်ဆင် သည်ကား ပညာအရည်အချင်း အဘက်ဘက်မှာ ပြိုင်ဘက်ထက် သာလွန်အောင် ကြိုးစားပြင်ဆင် ခြင်း ဖြစ်ပါသည်။
အထူးသဖြင့် သမ္မတလောင်းများမှာ မိန့်ခွန်းပြော စွမ်း ရည်ကအစ အရေးကြီးလှသည့် အတွက် ဟီလာရီကလင်တန် အချိန်ယူပြင်ဆင်နေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီအားကောင်းသော နိုင်ငံများတွင် ခေါင်းဆောင်ဖြစ်ရေးအတွက်ထက် ကိုယ့်အရည်အချင်းကိုသာ အားကိုးပြင်ဆင်ကြိုးပမ်းကြပါသည်။
ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ် ရာ ထူးကို မှန်းနေသည့် ပရာယွတ်က ထိုင်းပြည်သူများကို ဗေဒင်ဆရာ အားကိုးဖြင့် ၎င်းကိုနိုင်ငံ၏ ကယ် တင်ရှင်ဟု အထင်ရောက်စေရန် ကြိုးပမ်းနေပါသည်။ ထိုင်းနိုင်ငံ ကို ဆက်လက်အုပ်ချုပ်ရန် ယတြာကို အားကိုးနေသည်။ သို့သော် လည်း ကိုယ့်အရည်အချင်းကိုယ်မယုံရဲသဖြင့် ရွေးကောက်ပွဲလုပ်ရန် တွန့်ဆုတ်နေပြန်ပါသည်။ ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတသော ဒီမိုကရေစီရွေးကောက် ပွဲများ အမြန်ဆုံး ကျင်းပပေးရန်အမေရိကန်နှင့် အနောက်နိုင်ငံ များက တွန်းအားပေးနေရသည်။ အဘယ်ကြောင့်ဆိုသော် ရာဇ၀င်တွင် ထင်ရှားသော ထိုင်းစစ်ဘုရင် နရစူဝမ်၏ စစ်သူကြီး ပြန်ဝင်စား သည်ဆိုသော ဗိုလ်ချုပ်ကြီး ပရာ ယွတ်မှာ ရွေးကောက်ပွဲအဖြေရ လဒ်ကို ရင်ဆိုင်ရန် စွမ်းအားမရှိ သေးသည့်အတွက် ဖြစ်ပါသည်။
ထားထားမြင့်
အရိမေတ္တယျဘုရား ဘယ်အချိန်ပွင့်သလဲ
မေး- အရိမေတ္တယျဘုရားရှင်ဟာ ဘယ်အချိန်မှာ ပွင့် မှာလဲဘုရား။ အရိမေတ္တယျဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာကပျက်မှာလား၊ မပွင့်သေးခင် ပျက်မှာလားဆို တာသိချင်ပါတယ်ဘုရား။
မေသက်လှိုင်(လားရှိုး)
ဖြေ- ဒါမပြောမီ တစ်ကမ္ဘာရဲ့သက်တမ်းကို ပထမပြော ပါမယ်။ ဒါပြောမယ်ဆိုရင် အသင်္ချေယျဆိုတဲ့စကား ကို အရင်ပြောရမယ်။ အသင်္ချေယျဆိုတာ မရေမတွက် နိုင်တာကို ပြောတာပါ။ ဒါမှမဟုတ် တစ်အနောက်က သုညပေါင်း ၁၄ဝ ရှိတဲ့ကိန်းဂဏန်းကို 'အသင်္ချေယျ' လို့ခေါ်ပါတယ်။ လူတို့ရဲ့သက်တမ်းဟာ အသင်္ချေယျ သက်တမ်းကနေ တဖြည်းဖြည်းနဲ့ ဆယ်နှစ်သက်တမ်း အထိ ဆုတ်ယုတ်လာပါတယ်။ ဒါကိုပဲ 'ဆုတ်ကပ်'လို့ ခေါ်ပါတယ်။ ထိုဆယ်နှစ်သက်တမ်းကို ရောက်တဲ့အ ခါ ကပ်ကြီးသုံးပါးအနက် တစ်ပါးပါးကြောင့် လူအများသေကျေပျက်စီးကြရပါတယ်။ြ<ွကင်းကျန်ရစ်တဲ့ အချို့ လူများဟာ သံဝေဂရပြီး ကုသိုလ်တရားများ တိုးပွား အောင် အားထုတ်လာကြရာကနေ တဖြည်းဖြည်းအ သက်တမ်း ပြန်ရှည်လာပါတယ်။ ဒီလို တဖြည်းဖြည်း ရှည်လာရာ အသင်္ချေယျတိုင်အထိပါပဲ။ ဒါကို 'တက် ကပ်'လို့ ခေါ်ပါတယ်။
ဒီလိုအသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ် နှစ်တမ်းမှ အသင်္ချေယျတမ်း တိုင်အောင် တက်ကပ်+ ဆုတ်ကပ်တစ်စုံကို ''အန္တရကပ်တစ်ကပ်''လို့ ခေါ်ပါ တယ်။ ဒီလိုအန္တရကပ်ပေါင်း ၆၄ ကပ်ဟာ ဒီဘဒ္ဒကမ္ဘာ ရဲ့သက်တမ်းပါပဲ။ ဒီဘဒ္ဒကမ္ဘာမှာ အန္တရကပ် ၆၄ ကပ် အနက် အဋ္ဌမ(၈)ကပ်မြောက်မှစပြီး ကကုသန်မြတ်စွာ ဘုရားပွင့်တော်မူပြီး နဝမ(၉)ကပ်မြောက်မှာ ကောဏ ဂုံဘုရား ပွင့်တော်မူပါတယ်။ ဒသမ(၁ဝ)ကပ်မြောက် မှာတော့ ကဿပဘုရားရှင်ပွင့်တော်မူပြီး ဧကာဒသမ (၁၁)ကပ်မြောက်မှာ ဂေါတမဘုရားရှင် ပွင့်တော်မူတဲ့ အတွက် အရိမေတ္တယျဘုရားရှင်က ဒွါဒသမ
(၁၂)ကပ် မြောက်မှာ ပွင့်တော်မူမယ်လို့ မှတ်ယူရပါမယ်။
(အာဒိကပ္ပကျမ်း/၁၄၇-၁၄၈)
မှန်နန်းရာဇဝင်မှာတော့ အန္တရကပ် ပထမ ကပ်မှာ ကကုသန်ဘုရား၊ ဒုတိယကပ်မှာ ကောဏဂုံ ဘုရား၊ တတိယကပ်မှာ ကဿပဘုရား၊ စတုတ္ထကပ် မှာ ဂေါတမဘုရား ပွင့်တော်မူကြတဲ့အတွက် အရိမေတ္တ ယျဘုရားက ပဉ္စမမြောက်အန္တရကပ်မှာ ပွင့်တော်မူပါ မယ်လို့ မှတ်ယူရပါမယ်။
(မှန်နန်းရာဇဝင်/ပ-တွဲ ၅၄-၇)
ကျေးဇူးရှင်လယ်တီဆရာတော်ကြီးနဲ့ အ ခြားဆရာတော်ကြီးများကလည်း ဂေါတမမြတ်စွာဘု ရားဟာ စတုတ္ထအန္တရကပ်မှာ ပွင့်တော်မူကြောင်း မိန့် ဆိုထားတဲ့အတွက် အရိမေတ္တယျဘုရားဟာ ပဉ္စမအန္တ ရကပ်မှာ ပွင့်တော်မူမှာပါ။ြ<ွကင်းတဲ့ကမ္ဘာများမှာတော့ ဘုရားပွင့်တဲ့ အန္တရကပ်များကတော့ ဆိုခဲ့ပြီးတဲ့အတိုင်း တထစ်ချ မှတ်ယူလို့မရပါ။ သင့်လျော်တဲ့ အန္တရကပ် မှာ ပွင့်တော်မူကြမယ်လို့ မှတ်ယူရပါမယ်။
နောက်တစ်ခုက ဒီဘဒ္ဒကမ္ဘာမှာ ပွင့်တော် မူမယ့်ဘုရားရှင်များက ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမေတ္တယျဘုရားများ ဖြစ်ကြပါတယ်။ ဒီဘုရားငါးဆူပွင့်တော်မူပြီးမှ ကမ္ဘာပျက်မှာဖြစ်တဲ့အ တွက် အရိမေတ္တယျ ဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာ ပျက်ပါမယ်။
Yangon Media Group
မင်းမှန်မှ မိုးမှန်မယ်
ဒေဝေါ ၀ဿတု ကာလေန
သဿ သမ္ပတ္တိ ဟေတုစ
ဖီတော ဘ၀တု လောကောစ
ရာဇာ ဘ၀တု ဓမ္မိကော။
မိုးသည် အချိန်မှန်မှန် ရွာသွန်းပါစေ၊
ကောက်ပဲသီးနှံများလည်း ပြည့်စုံပါစေ၊
လောကကြီး သာယာဝပြောပါစေ၊
ရှင်ဘုရင်နှင့်တကွ အုပ်ချုပ်သူများလည်း တရားရှိပါစေ။
ဒီဂါထာလေးဟာ သီရိလင်္ကာနိုင်ငံသူ၊ နိုင်ငံသားများနှင့် သံဃာတော်များ အမြဲရွတ်ဆို ဆုတောင်းလေ့ ရှိတဲ့ ဆုတောင်းဂါထာလေးပါ။
မှန်ပါတယ်။ ဒီဆုတောင်းလေးဟာ တိုင်းပြည်တစ်ပြည်မှာ မရှိမဖြစ်လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေ ပါပဲ။
စိုက်ပျိုးရေးကို အဓိကထားနေရတဲ့ မိမိတို့နိုင်ငံမှာ မိုးမှန်မှန်ရွာသွန်းဖို့ လိုအပ်ပါတယ်။ မိုးမှန်မှ စိုက်ပျိုး လို့ အဆင်ပြေပါတယ်။ မိမိရွာဘက်တွေမှာ မိုးရွာချိန်မှာမရွာဘူး။ မကြာခင်ရွာနိုင်ကောင်းပါရဲ့ ဆိုပြီး ကြို ကျဲတွေ ကျဲထားကြတယ်။ တကယ်တော့မိုးက ရွာမလာပါဘူး။ ဒီတော့ ကျဲထားတာတွေ ဖျက်သိမ်းလိုက် ရပါတယ်။
မြန်မာနိုင်ငံမှာ မိုးမမှန်တာ ကြာပါပြီ။ မိုးမမှန်တော့ လူတွေလည်း ဒုက္ခရောက်ကြတယ်။ လိုအပ်တဲ့ အချိန်မှာ မရွာဘူး။ မလိုတဲ့အချိန်မှာဆိုရင်တော့ ဖျက်မိုးဆိုပြီး ရေလျှံအောင် ရွာလိုက်ပါတယ်။
မိုးမှန်မှ ကောက်ပဲသီးနှံဖြစ်ထွန်းမယ်။ သီးနှံဖြစ်ထွန်းမှ တိုင်းသူပြည်သားတွေ အဆင်ပြေပြီး ချမ်းသာ ၀ပြောမယ်။
မိုးမှန်ပြီး တိုင်းပြည်စည်ပင်ပါသော်လည်း အုပ်ချုပ်သူတရားမရှိရင်၊ တရားဥပဒေနှင့်အညီ မအုပ်ချုပ် ရင် တိုင်းသူပြည်သားတွေ ဒုက္ခရောက်ပါတယ်။ ဒါကြောင့် ရှင်ဘုရင်တရားရှိဖို့ကိုလည်း အမြဲဆုတောင်းနေ ကြတာပါ။
ဒီအခြေခံအချက်တွေ ပြည့်စုံရင်တော့ တိုင်းပြည်ဟာ သာယာဝပြောပြီး အေးချမ်းတဲ့ နိုင်ငံတစ်ခု ဖြစ် တာပေါ့။
တစ်နည်းအားဖြင့် စဉ်းစားရင် အုပ်ချုပ်သူများ တရားရှိခြင်းဟာ မိုးမှန်ခြင်း၊ သီးနှံဖြစ်ထွန်းခြင်း၊ တိုင်းပြည်ဝပြောခြင်းတို့ရဲ့ အကြောင်းတစ်ရပ်ဖြစ်ပါတယ်။ အုပ်ချုပ်သူကိုယ်တိုင် တရားနှင့်အညီလိုက်နာမှာ တိုင်းသူပြည်သားတွေကိုလည်း တရားကို လိုက်နာကျင့်သုံးဖို့ ပြောဆိုလို့ရမယ်။ အုပ်ချုပ်သူကိုယ်တိုင်က သတ်နေ၊ ခိုးနေ၊ လိမ်နေ၊ သောက်စားနေရင်တော့ တိုင်းသူပြည်သားတွေကို မသတ်ဖို့၊ မခိုးဖို့၊ မလိမ်ဖို့၊ မသောက်စားဖို့ ပြောလို့မရပါဘူး။
ဒါကြောင့် မင်းမှန်မှ မိုးမှန်ပါလိမ့်မယ်။ မိုးအမြဲမှန်ဖို့အတွက် မင်းလည်း ဆက်ပြီးမှန်နေဖို့လိုပါတယ်။ မိုးနှင့်မင်းဟာ ဆက်စပ်ပက်သက်နေပါတယ်။
မင်းလည်းမှန်ပါစေ...။ မိုးလည်းမှန်ပါစေ....။ ပြည်သူများလည်း ချမ်းသာပါစေ....။
ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ
အဖေ့ခြေရာပူဇော်နည်း
အဖေ့ဂုဏ်ရည်
မွေးဖသည်ကား သမီးသားတို့ ကြီးပွားစေရန် ချစ်စိတ်သန်၍ ဘေးရန်ထူပြော မြစ်ရေကြောနှင့် တောင်တောမရှောင် ညဥ့်မှောင်မကင်း ခလုတ်ကျင်းနှင့် မိုးပြင်းလေကြမ်း သည်းခံစွမ်းလျက် ဘေးကျမ်းလက်နက် အသက်အန္တရာယ် အသွယ်သွယ်ကို တကယ်မရှု ဥစ္စာစုလျက် သားနုသေးငယ် သမီးမယ်တို့ ကိုယ်ဝယ်ဘေးရှင်း ရွယ်ကြီးမြင်းသော် စိုးမင်းရာဇာ ရှိန်ဝါမသေး သူဌေးသူကြွယ် ဖြစ်ဘို့ရွယ်လျက် ကြီးငယ်လုံးလ ဥဿာဟဖြင့် မွေးဖမိတာ ပြုနိုင်ပါ၍ ဓီတာပုတ္တ ရှိသမျှ၌ မိဖမေတ္တာ လွန်ကြီးပါ၏။
ဤအပိုဒ်ဖြင့် ဖခင်ဖြစ်သူက သားသမီးတို့ကို စောင့်ရှောက်လုပ်ကျွေးပုံ အဖေ့ကျေးဇူးဂုဏ်ရည်တို့ကို ပြဆိုသည်။ ဖခင်သည် သားသမီးအတွက် စီးပွားဥစ္စာရှာဖွေရာ၌ မိမိအသက်အန္တရာယ်ကိုပင် ထည့်မတွက်ပဲ ရှာဖွေစုဆောင်းပြီး လုပ်ကျွေးပုံကို ဖော်ညွှန်းပြသည်။ ဤ(၂)ပိုဒ်တို့ဖြင့် မိဘနှစ်ပါးတို့က သားသမီးတို့အပေါ် မှာထားသော မေတ္တာတရားကြီးမားပုံကို သီကုံးပြသည်။
မိဘကျေးဇူးဆပ်နည်း
မိဘတို့ကိုဖြစ်စေ မိဘတို့၏ခြေရာကိုဖြစ်စေ ရှိခိုးဦးချရုံမျှနှင့်တော့ ကျေးဇူးဆပ်မှုသည် မပြည့်စုံပေ၊ သဗြဟ္မကသုတ်၊ ဗြဟ္မသုတ်တို့၌လည်း မြတ်စွာဘုရားရှင်ကိုယ်တိုင် တိုက်တွန်းညွှန်ပြထားသည့်အတိုင်း မိဘတို့အား အစားအသောက်တို့ကိုလည်း ကျွေးမွေးပေးရမည်။ အ၀တ်အထည်တို့ဖြင့်လည်း ဆင်မြန်းပေးရ မည်။ အိပ်ယာထိုင်ခင်းတို့ကိုလည်း ခင်းကျင်းပြင်ဆင်ပေးရမည်။
ရေမိုးတို့ဖြင့်လည်း ချိုးပေးရမည်။ မိဘတို့ ညောင်းညာမှုဖြစ်လျှင် ခြေဆုပ်လက်နယ် နင်းနှိပ်ပေးရမည်။ နေထိုင်မကောင်းလျှင် ဆေးဝါးလည်း ကုသပေးရပါမည်။ မိဘတို့ကကုသိုလ်ပြုနိုင်ရန်အတွက် ငွေကြေးအားဖြင့်လည်း ထောက်ပံ့ပေးကမ်းရပါမည်။
ထို့အပြင် သမစိတ္တ၀ဂ်၌ မြတ်စွာဘုရားရှင် နည်းလမ်းညွှန်ပြခဲ့သော မိဘကျေးဇူးဆပ်နည်းတို့ဖြင့်လည်း ပြုစုစောင့်ရှေက် လုပ်ကျွေးရပါမည်။ ယုံကြည်မှုသဒ္ဓါတရား၊ စောင့်ထိန်းမှု ကိုယ်ကျင့်တရား၊ စွန့်ကြဲပေးကမ်းမှု၊ စာဂတရား၊ ဆင်ခြင်သိမြင်မှု ပညာတရားအားဖြင့် ဤတရား(၄)ပါး နည်းပါးသော မိဘတို့ကို ပြည့်စုံတိုးပွားအောင် ပြုလုပ်ပေးခြင်းဖြင့်လည်း ကျေးဇူးဆပ်ရပါမည်။
မိဘခြေရာပူဇော်နည်း
ထိုအခါတွင်မူ မိဘနှစ်ပါးတို့၏ ခြေဖ၀ါး ခြေရာ လေးဖက်လုံးကိုဖြစ်စေ မိခင်၏ ဘယ်ခြေဖ၀ါးခြေရာ ဖခင်၏ ညာခြေဖ၀ါးခြေရာကိုဖြစ်စေ နနွင်းမှုန့်(သို့မဟုတ်) သင့်တော်သည့် ဆေးရောင်ဖြင့် အ၀တ်ဖြူသန့်သန့်ပေါ်တွင် ချစေရပါမည်။ ထိုမိဘတို့၏ခြေရာ ထင်ကျန်ရစ်သော အ၀တ်စကို တဘက်ဖြစ်စေ ခေါင်းအုံးဖုံး ခေါင်းအုံးစွတ်ဖြစ်စေ ပြုလုပ်ပြီး ရှိခိုးနိုင်ပေသည်။
တဘက်ဖြင့် မျက်နှာသုတ်နိုင်သလို ခေါင်းအုံးဖုံးခေါင်းအုံး စွတ်ထားသော ခေါင်းအုံးပေါ်တွင် ခေါင်းချပြီးလည်း အိပ်စက်နိုင်ပါသည်။ ခရီးသွားလာရာတွင် အဆောင်အဖြစ် ယူသွားနိုင်ပေသည်။ ရောက်လေရာ နေလေရာအရပ်မှာ မိဘတို့၏ ခြေရာတို့ကို မြင်တိုင်းမြင်တိုင်း မိဘတို့၏ မိမိအပေါ်ပြုဘူးထားသော ကျေးဇူးတွေကို သတိရပြီး ဦးချရှိခိုးနိုင်ပါသည်။ ယင်းတို့ပြုလျှင် ဘေးရန်အန္တရာယ် ကင်းဝေးနိုင်ပါသည်။ စီးပွားဥစ္စများလည်း တိုးတက်နိုင်ပေသည်။
အဖေ့ခြေရာ ရှိခိုးဂါထာ
ဝုဎိုကာရော အာလိင်္ဂေတွာ၊ စုမ္ဗိတွာ ပိယ ပုတ္တကံ
ရာဇမဇ္ဈံ သုပတိဋ္ဌံ၊ ပိတုပါဒံ နမာမဟံ။
ယောပိတာ၊ အကြင်အဖေသည်။ ၀ုဎိုကာရော သားသမီး၏ ကြီးပွားကြောင်းကို ပြုလုပ်လျှက်။ အာလိင်္ဂေတွာ၊ သားသမီး၏လည်ကိုပွေ့ဖက်ပြီး။ စုမ္ဗိတွာ၊ နမ်းရှုတ်၍။ ပိယ ပုတ္တကံ၊ ချစ်လှစွာသော သားသမီးကို။ ရာဇမဇ္ဈံ၊ မင်း မှူးမတ်တို့၏ အလယ်၌။ သုပတိဋ္ဌံ၊ ကောင်းစွာတည်စေ၏။ ပွဲလယ်တင့်စေ၏။ တဿပိတု၊ ထိုအဖေ၏။ ပါဒံ၊ ခြေအစုံ ခြေရာအစုံကို။ အဟံ၊ အကျွန်ုပ်သည်။ နမာမိ၊ ရိုသေမြတ်နိုး ရှိခိုးပါ၏။
မှတ်ချက်။ ဆရာတော်ဘဒ္ဒန္တနာရဒါဘိဝံသရေးသားသော အဖေ့ခြေရာ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။
(မှတ်ချက်။ ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ ရေးသားသော အဖေ့ခြေရာစာအုပ်မှကောက်နှုတ်ဖော်ပြပါသည်။)
သံဃာသင်းခွဲသူရဲ့ အကျိုးရလာဒ်
သံဃာသင်းခွဲတယ်ဆိုတာ သံဃာအချင်းချင်း မညီညွတ်အောင် စိတ်ဝမ်းကွဲအောင် ပဋိပက္ခတွေ လုပ်ဆောင်၊ သွေးထိုးလှုံဆော်မှုတွေ လုပ်ဆောင်တာပါပဲ။ တရားသဖြင့် ဖြေရှင်းရမှာကို မတရား သဖြင့် ဖြေရှင်းတယ်။ မတရားတာကိုလည်း တရားသယောင်ယောင် ဖန်တီးတယ်။ လာဘ်စား၊ ဖြတ်စား အဂတိလိုက်စားနေတယ်ဆိုရင် ဒါဟာ သံဃာမညီညွတ်ခြင်းရဲ့ အကြောင်းတရားပါပဲ။
ဘုရားရှင်က သံဃာကို မညီညွတ်အောင်လုပ်သူဟာ အာယုကပ်ပတ်လုံး အကုသိုလ်တိုးပွားတယ်။ အာယုကပ်ပတ်လုံး ငရဲမှာ ကျက်ရတယ်လို့ ဟောတော်မူပါတယ်။
တရားအတိုင်း၊ ၀ိနည်းဓမ္မကံအတိုင်း ဆောင်ရွက်မှ သံဃာညီညွတ်မှုကို ရပါမယ်။ သဃာကို
ညီညွတ်အောင် ပြောဆိုလုပ်ကိုင်တဲ့သူဟာ အာယုကပ်ပတ်လုံး ကုသိုလ်တိုးတယ်။ အာယုကပ်ပတ်လုံး နတ်ပြည်မှာ ဖြစ်တယ်လို့ ဟောပါတယ်။
သံဃာညီညွတ်ရင် ချမ်းသာတယ်။ ညီညွတ်သောရဟန်းတို့ကို ချီးမြောက်သူ၊ ညီညွတ်ခြင်း ၌ မွေ့လျှော်ပြီး တရား၌ တည်သောရဟန်းဟာ ယောဂရဲ့ကုန်ရာ နိဗ္ဗာန်မှ မဆုတ်ယုတ်။ သံဃာညီညွတ် အောင်ပြုတဲ့အတွက် အာယုကပ်ပတ်လုံး နတ်ပြည်မှာ မွေ့လျော်ရတယ်လို့ ဟောတော်မူပါတယ်။
ဒါကြောင့် သံဃာအချင်းချင်းညီညွတ်အောင် နေထိုင်ဖို့ တိုက်တွန်းပါတယ်။ သံဃာသင်းခွဲတာဟာ ကြီးလေးတဲ့ အပြစ်ပါပဲ။ ကြီးလေးတဲ့ အပြစ်ရှိသူဟာ ကြီးလေးတဲ့ အကုသိုလ်အကျိုးကို ခံစားရပါလိမ့်မယ်။
ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ
အဖေဆိုသည်မှာ
ပုတ္တံ ပါတိ ရက္ခတီတိ ပိတာ။
Father means a protector of his own children.
အဖေဆိုတာ သားသမီးတွေကို ကာကွယ်ပေးတဲ့သူပါ။ အဖေရှိနေရင် လုံခြုံတယ်။ အဖေရှိရင် ဘေးကင်း တယ်။ အဖေရှိရင် ဘယ်သူမှ လာအနိုင်မကျင့်ရဲဘူး။ အဖေရှိနေရင် ခွန်အားတွေအလိုလိုရှိလာတယ်။ ဘာဖြစ်လို့လဲဆိုရင် အဖေဟာ သားသမီးကို ရှေ့ကနေမားမားမတ်မတ် ကာကွယ်ပေးထားလို့ပါ။
ပုတ္တံ ပိယာယတီတိ ပိတု။
Father means a lover of his own children.
သာသမီးတွေကို ချစ်မြတ်နိုးတဲ့အတွက်ကြောင့် အဖေလို့ခေါ်တယ်။ အဖေဟာ ပင်ပန်းစွာနဲ့ အလုပ် မှ ပြန်လာခဲ့သော်လည်း သားသမီးမျက်နှာလေးကို မြင်လိုက်ရတဲ့အခါ အမောစိတ်တွေပြေပြီး ချစ်စိတ် တွေဝေကြရပါတယ်။
သော ပိတာ ယောတု ပေါသကော။
Father means a supporter of his own children.
သားသမီးဇနီးမယားတွေကို ရှာဖွေကျွေးမွေးတာ အဖေပါ။ ကိုယ့်သားသမီးကို ၀မ်းဝအောင် ရှာဖွေကျွေးမွေး ရတယ်။ ခါးလှအောင် အ၀တ်ဆင်ပေးရတယ်။ ဘ၀လှအောင် ပညာတွေ သင်ပေးရတယ်။ ကိုယ့်သားသမီး ကို လမ်းမှားမရောက်အောင်၊ လိမ္မာယဉ်ကျေးအောင် ပြုံး၍ တစ်ဖုံ၊ အမုန်းခံ၍တစ်မျိုး ဆိုဆုံးမတတ်တယ်။ အဖေ့ခေါင်းထဲမှာ သားသမီးတွေကို ဘယ်လို အမွေတွေပေးမလဲဆိုတာပဲ တွေးတယ်။ တစ်မိသားစုလုံးရဲ့ တာဝန်တွေကို ပုခုံးပေါ်ထမ်းကာ ကြမ်းတမ်းတဲ့ဘ၀လမ်းကို လျှောက်လှမ်းနေတာ အဖေပါ။
ဒါပြင် ဖြောင့်မှန်တဲ့ မျိုးရိုးအမွေအနှစ်တွေကိုလည်း ထိမ်းသိမ်းတတ်အောင် သင်ပေးပါတယ်။ လောကမှာ ရှိတဲ့ အဖေအများစုကတော့ သားသမီးပေါ်ထားတဲ့စိတ် တူကြပါတယ်။ အချို့တာဝန်မကျေတဲ့ အဖေတွေ လည်း ရှိပါတယ်။ တာဝန်မကျေသော်လည်းပဲ သူရှိနေတာနဲ့ကိုပဲ ဘယ်သူမှ လာမစော်ကားရဲပါ ဘူး။ သားသမီးကို ချစ်တဲ့စိတ်ကလည်း သူ့ရင်ထဲမှာ ကိန်းအောင်းနေပါတယ်။
ဒါကြောင့် အဖေရှိသေးတဲ့သူရော အဖေမရှိတော့တဲ့သူရော အဖေနေ့မှာ အဖေ့ကို သတိရပေးပါ။ အဖေကို ကျေးဇူးဆပ်ပေးပါ။ နွေးထွေးတဲ့ မေတ္တာလေးတွေ ပြန်ပေးပါ။ အဖေ့စကားလိုက်နာတဲ့အနေနဲ့ လူကောင်းဖြစ်အောင်ကျိုးစားပါ။
ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ
ဘာသာပြောင်းရေး ဥပဒေမူကြမ်း ကို ဘာသာရေးခေါင်းဆောင် များ ပြစ်တင်
အစိုးရကရေးဆွဲထားတဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမှုကြမ်းဟာ အဓိက ဘာသာကြီးလေးခုရဲ့ အဆိုဆုံးမတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ရန်ကုန်မြို့ရှိ ဘာသာရေးခေါင်းဆောင်တွေ က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ချက်ထရီယမ်ဟိုတယ်မှာကျင်းပတဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမှုကြမ်းနဲ့ ပတ်သက် တဲ့ ဆွေးနွေးပွဲမှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်ပြီး ရွှေညဝါ ဆရာတော် ဦးပညာသီဟက အခုလို မိန့်ကြားပါတယ်။
“ဗြဟ္မစိုရ်တရား ၄ ပါးထဲက မုဒိတာဗြဟ္မစိုရ် တတိယဗြဟ္မစိုရ် တော်တော်ခေါင်းပါးတယ်၊ တတိယဗြဟ္မစိုရ်ဆိုတာ ဘယ်သူ့ကိုမှမကြည်ဖြူတဲ့ မည်းညစ်တဲ့နှလုံးသားကို ဖယ်ရှားပြီးတော့ ဖြူစင်တဲ့ နှလုံးသားနဲ့ လောကကိုကြည့်တဲ့အမြင်ပါ၊ ဝမ်းမြောက်ပေးတဲ့အမြင်၊ သာဓုခေါ်ပေးတဲ့အမြင်ပါ၊ အင်မတန်သိမ်မွေ့တဲ့ ညင်သာတဲ့ တတိယဗြဟ္မစိုရ်ကို အမျိုးသားရေးစရိုက်အဖြစ် ကျင့်သုံးသွားနိုင်မယ်ဆိုရင် ဘယ်ဘာသာဝင်တွေနဲ့မဆို ယှဉ်တွဲပြီးတော့ နေထိုင်နိုင်မှာပါ”
မြန်မာနိုင်ငံမှာ ဒီလို ဥပဒေမျိုး ပြဌာန်းစရာမလိုပဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကသာ အဓိကကျတယ် လို့လည်း ဘာသာရေးခေါင်းဆောင်တွေက ပြောကြပါတယ်။
ဒီနေ့ဆွေးနွေးပွဲမှာ ခရစ်ယာန်ဓမ္မတက္ကသိုလ် ပါမောက္ခ ဒေါက်တာ စောလှိုင်ဘွား၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် ဦးသောင်းလွင်အောင်နဲ့ ဟိန္ဒူ တရားဟောဆရာ ဦးစန်းမြင့်လှိုင် တို့ကလည်း ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေမှုကြမ်းကို ရုပ်သိမ်းပေးဖို့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင်နဲ့ တခြား နိုင်ငံတကာအဖွဲ့အစည်း ၈ဝ ကျော်က တောင်းဆိုထားပါတယ်။
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေကို ပြဌာန်းပေးဖို့ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတထံ ပြီးခဲ့တဲ့ ဇူလိုင်လ ၉-ရက်နေ့က စာရေးသားတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
RFA Burmese
သင်္ကန်းလှူရခြင်း အကျိုးများ
သင်္ကန်းလှူဒါန်းရကျိုး ၈-ပါး
၁။ ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း
၂။ ကိုယ်၌ မြူအညစ်အကြေးမတင် သန့်ရှင်းစင်ကြယ်ခြင်း
၃။ အရောင်အ၀ါနှင့် ပြည့်စုံခြင်း
၎။ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း
၅။ သိမ်မွေ့နူးညံ့သော ကိုယ်ရှိခြင်း
၆။ အဖြူ အ၀ါ အနီ အ၀တ်ပုဆိုးတစ်သိန်းတို့ ဦိးထိပ်အထက်၌ ဆောင်းမိုးလျက် ရှိကုန်ခြင်း
၇။ ပိုးပုဆိုး၊ ကမ္ဗလာပုဆိုးတို့ကိုရခြင်း
၈။ ခေါမပုဆိုး၊ ၀ါချည်ပုဆိုးတို့ကို ရခြင်း
ဆောင် = သင်္ကန်းအလှူ၊ အကျိုးမူကား၊ ရွှေတူအဆင်း၊ မြူကြေးကင်းလျက်၊ တောက်ခြင်းရောင်ဝါ၊ နူးညံ့စွာလျက်၊ သုံးဖြာပုဆိုး၊ လေးမျိုးသောချည်၊ များသည်တသိန်း၊ ခပ်သိမ်းဌာန၊ ဤရှစ်ဝကို၊ မုချမလွဲ ရလေမြဲ။ (သုံးပုံတံချူကျမ်း၊ ၂၄)
ပိလိန္ဒ၀စ္ဆတ္ထေရအပဒါန်လာ “ သင်္ကန်းအကျိုး ၈ပါး” နှင့် “ သင်္ကန်းအကျိုး ၂ပါး” တို့ကို ပေါင်း၍
“ သင်္ကန်းလှူဒါန်းရကျိုး ၁၀ပါး” ပြဆောင်ပုဒ်=
ရွှေသို့အဆင်း၊ ညစ်ကြေးကင်း၍၊ ရောင်ဝင်းထိန်ပ၊ နူးညံ့လှ၏၊ မကသိန်းဖိုး၊ ပုဆိုးရလေ၊ ညို ရွှေ ဖြူ အနီ၊ ဤရှစ်လီနှင့်၊ ကြီးလင့်ကံအား၊ ယောင်္ကျားဖြစ်ဘိ၊ ဧဟိဘိက္ခု၊ သဗ္ဗညုက၊ ခေါ်ပြုမြွက်ဟ၊ မိန်းမဘ၀၊ လက်ခတသိန်း၊ တွက်ကိန်းတန်ဖိုး၊ ကိုးကုဋေမျှ၊ လေးလအချိန်၊ ပန်းတိမ်ငါးရာ၊ မှန်စွာလုပ်ရ၊ မဟာလတာ၊ ခေါ်တန်ဆာကို၊ ၀တ်ကာဆင်မြန်း၊ မြတ်ရွှေကျမ်းဝယ်၊ ဤတစ်ဆယ်သည်၊ မှတ်ဖွယ်သင်္ကန်း လှူကျိုးတည်း။
အဋ္ဌသာလိနီအဋ္ဌကထာလာ “ သင်္ကန်းလှူဒါန်းရကျိုး ၆ပါး” ပြဆောင်ပုဒ်=
အဘိဓမ္မာ၊ ကျမ်းအလာကား၊ ကောင်းစွာအသံ၊ တတန်အနံ့၊ မွှေးပျံ့လှိုင်စွာ၊ ရသာဘောဂ၊ သုံးဆောင်ရလျက်၊ ဖဿကိုယ်မှာ၊ နူးညံ့စွာနှင့်၊ ပမာဂွမ်းလား၊ ကင်းငြားအနား၊ ခမ်းသာသုခ၊ ဤခြောက်ဝကို၊ နိစ္စမလွဲစံရမြဲ။ (သုံးပုံတံချူကျမ်း၊ ၂၄။)
“ ပံသကူ သင်္ကန်းလှူဒါန်းရကျိုး” ပြ ဆောင်ပုဒ်=
ပံသကူသင်္ကန်း၊ လှူဒါန်းရကြောင့်၊ ဆင်းလှ၊ ခွန်အား၊ ကြီးမားပညာ၊ အင်္ဂါပြည့်ဝ၊ ကြီးလှတန်ခိုး၊ လုံးရပ်မျိုးနှင့်၊ ပြည့်ဖြိုးဘဏ္ဍာ၊ များစွာကျွန်တွေ၊ ရွှေ၊ ငွေ၊ ကျွဲ၊ နွား၊ ဆင်၊ မြင်းများနှင့်၊ သိကြားတစ်ထောင်၊ မြားမြောင်ပဒေသရာဇ်၊ စကြာရှစ်ဆယ်၊ အပါယ်စသား၊ မလားမရောက်၊ မြားမြောက်စည်းစိမ်၊ ဂုဏ်သိရ်ဖြိုး မောက်၊ နိဗ္ဗာန်ရောက်သည်၊ ကျမ်းထောက်ပံသကူ လှူကျိုးတည်း။
(သဗ္ဗမင်္ဂလ ဓမ္မဒေသနာ၊ ၅၀၉ ၅၁၀။)
(မှတ်ချက်။ ဆရာတော် ဦးဇောတာလင်္ကာရ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သာသနဓဇသိရီပ၀ရဓမ္မာစရိယ ဒီဃနိကာယကောဝိဒ ရေးသားတော်မူသော ပိဋကတော်နှင့်စပ် မှတ်စုထွေလာ သိကောင်းစရာ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။)
မဟာသမ္မတမင်းနှင့် ဒီမိုကရေစီသဘော
Democracy is defined as the government of the people, by the people, for the people.
တက္ကသိုလ်မှာတုန်းက မဟာသမ္မတမင်းနှင့်ပတ်သက်တဲ့ သင်္ခန်းစာတစ်ခု သင်ရပါတယ်။ ဒီမိုကရေစီဆိုတာ ခုနောက်ပိုင်း မှ ခေတ်စားလာတာမဟုတ်ပါဘူး။ ဟိုကမ္ဘာဦးကာလတွေကတည်းက ရှိခဲ့တာပါ။ ထိုခေတ်မှာတုန်းက အုပ်ချုပ်သူမရှိသေးပါဘူး။ ဒီလိုပဲ ကိုယ်သဘောနဲ့ကိုယ် ရှင်သန်နေခဲ့ကြတယ်။ အစပိုင်းမှာ အေးအေးချမ်းချမ်းပဲ သတ်တာဖြတ်တာမရှိ၊ လိမ်တာမရှိ၊ ခိုးတာ မရှိသေးပါဘူး။ ကာလအတန်ကြာလာတဲ့အခါမှာတော့ လူအဖွဲ့အစည်းထဲမှာ အချို့လူတွေဟာ တဖြည်းဖြည်းနဲ့ ခိုးခြင်းဝှက်ခြင်း၊
လိမ်ပြောခြင်းစသော မကောင်းမူတွေပြုလုပ်လာခဲ့ကြတယ်။ အဲဒီအခါမှာ်ထိုမကောင်းမူလုပ်တဲ့သူတွေကို အပြစ်ပေးဆုံးမဖို့နဲ့ လူအဖွဲ့အစည်းကို မျှမျှတတဖြစ်အောင် စီမံကွပ်ကဲနိုင်ဖို့အတွက် အသိဥာဏ်ပညာနဲ့ပြည့်စုံတဲ့ သူတစ်ယောက်ကို ပြည်သူတွေ က ၀ိုင်းဝန်းပြီး ခေါင်းဆောင်ခန့်ခဲ့ကြတယ်။ လူအများက တင်မြောက်ခဲ့လို့ သူ့ကို မဟာသမ္မတမင်းလို့ ခေါ်တယ်။
မဟာသမ္မတမင်းဟာ လုပ်ရည်ကိုင်ရည်ရှိတယ်။ ရုပ်ရည်လည်း တည်ကြည်ခန့်ငြားတယ်။ ဥာဏ်လည်းထက်တယ်။ ကိုယ့်ကျင့်ကောင်းတဲ့အပြင် စိတ်ထားလည်း ရိုးသားလှပါတယ်။ မျှမျှတတနဲ့ စီမံနိုင်ခဲ့ပါတယ်။ ဒီလိုဂုဏ်နဲ့ပြည့်စုံလို့လည်းပဲ သူ့ကို ၀ိုင်းပြီး တင်မြောက်ခဲ့ကြတာပေါ့။ မဟာသမ္မတမင်းဆိုတာ ကမ္ဘာအဦးပိုင်းက ပထမဆုံးသော ဒီမိုကရေစီ ခေါင်းဆောင်ပါပဲ။ လူတွေဟာ သူ့ကို ဘာလို့ ခေါင်းဆောင်တင်ရတာလဲဆိုတော့ လူအဖွဲ့အစည်းကို အေးချမ်းအောင်၊ တရားမျှတအောင်၊ ဒုစရိုက်တွေကင်းရှင်းအောင်၊ ချမ်းသာကြွယ်ဝအောင် စသောလူလောကအကျိုးစီးပွားကို ဆောင်ရွက်စေဖို့အတွက် ခန့်ခဲ့တာပါပဲ။
ဒါကြောင့် ဒီမိုကရေစီရဲ့အဓိပ္ပါယ်ကို ဖွင့်ဆိုတဲ့အခါ တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရသည် ပြည်သူတွေရဲ့ အစိုးရ၊ ပြည်သူတွေကနေ ခန့်အပ်ထားတဲ့ အစိုးရ၊ ပြည်သူတွေအတွက်လုပ်ဆောင်နေတဲ့ အစိုးရဖြစ်မှ ဒီမိုကရေစီဖြစ်တယ်ဆိုတာကို မဟာသမ္မတမင်းက သက်သေခံနေပါတယ်။
ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ
ကမ္ဘာ့ငြိမ်းချမ်းရေးခေါင်းဆောင်နှစ်ဦး၏ ငြိမ်းချမ်းရေးလမ်းစဉ်
ပညာရှိသူတော်ကောင်းများဟာ ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်ပတ်သက်ပြီး ဓား ဓားချင်း၊ တုတ် တုတ် ချင်းဖြင့် တည်ဆောက်လို့မရဘူး၊ ခွင့်လွတ်ခြင်းဖြင့်သာ တည်ဆောက်လို့ရတယ်ဆိုတာကို နားလည် သဘောပေါက်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကမ္ဘာကျော် ဘာသာရေးခေါင်းဆောင်နှစ်ဦးရဲ့ အဆိုအမိန့် လေးတွေကို ပြောပြချင်ပါတယ်။ ထိုနှစ်ဦးကတော့ သခင်ယေရှု (Jesus) နှင့် ဗုဒ္ဓတို့ပဲ ဖြစ်ပါတယ်။
သခင်ယေရှုက ပြောပါတယ်။
"သင်ဟာ ' An eye for an eye and a tooth for a tooth' ကိုယ့်မျက်လုံးတစ်လုံးထုတ်ခံရင် သူ့မျက်လုံးတစ်လုံး ပြန်ထုတ်ရမယ်၊ ကိုယ့်သွားတစ်ချောင်းကျိုးရင် သူ့သွားတစ်ချောင်းကိုလဲ ချိုးရမယ်' ဆိုတဲ့စကားကြားဖူးမှာပါတဲ့။ တကယ်တော့ အဲဒီလိုလုပ်တာဟာ ငြိမ်းချမ်းမှုဆီသို့ ဦးတည်နေတာ မဟုတ်ပါဘူး။
အဲလို တုန့်ပြန်မယ့်အစား......
"If anyone slaps you on the right cheek, let him slap your left cheek too"
"သင့်ကို တစ်စုံတစ်ယောက်က ညာဘက်ပါး လာရိုက်ရင်၊ သင့်ရဲ့ ဘယ်ဘက်ပါး ကိုပါ ထပ်ရိုက်ခိုင်း လိုက်ပါ။"
အဲလို လုပ်လိုက်တာဟာ တစ်ဘက်သားကို သူ့အမှားကို သိအောင်၊ သံဝေဂရအောင် ကိုယ့်ပါးတစ် ဖက်ထပ်အနာခံပြီး ခွင့်လွတ်ခြင်းဖြင့် တုန့်ပြန်လိုက်တာပါပဲ။ တကယ်လို့သာ သူတစ်ပြန် ကိုယ်တစ်ပြန် ပြန် ရိုက်နေမယ်ဆိုရင် ပါးကျိုးရုံကလွဲလို့ ကောင်းကျိုးဖြစ်မလာနိုင်ပါဘူး။"
သခင်ယေရှုဟာ ရန်သူကို ရန်သူလို မတုန့်ပြန်ဘဲ ခွင့်လွတ်ခြင်းဖြင့် ပညာရှိသူတော်ကောင်းလို တုန့်ပြန်ဖို့ မိန့်ဆိုခဲ့တာပါ။
ကမ္ဘာ့ငြိမ်းချမ်းရေးခေါင်းဆောင် ဗုဒ္ဓဘုရားရှင်ဟာလည်း ရန်သူကို ရန်သူလို မတုန့်ပြန်ဖို့ ပညာရှိ သူတော်ကောင်းအနေနဲ့ တုန့်ပြန်ဖို့ ဆုံးမတော်မူခဲ့ပါတယ်။ ဘုရားရှင့်ရဲ့ စကားတော်မှာ
"န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တိ စ ကုဒါစနံ၊ အဝေရေနစ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။"
"Hatred is never appeased by hatred. Hatred is appeased only by love. This is eternal law of peace"
"ရန်သူကို ရန်မူခြင်းဖြင့် မငြိမ်းချမ်းနိုင်၊ ချစ်ခြင်း၊ ခွင့်လွတ်ခြင်း၊ ရန်မမူခြင်းဖြင့်သာ ငြိမ်းချမ်းမှုကို ရနိုင် ၏။ ဒါဟာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ထာဝရတည်ရှိတဲ့ ဥပဒေတော်ပါပဲ"ဟု မိန့်တော်မူပါတယ်။
ဘုရားလောင်း ဒီဃာဝုမင်းသားဟာ ကိုယ့်ရဲ့ ချစ်လှစွာသောမိဘနှစ်ပါးရဲ့ ထီးနန်းကိုလည်းလု၊ မိဘကို လည်း သတ်ခဲ့တဲ့ ရန်သူတော် ဗြဟ္မဒတ်မင်းကို အလွယ်တကူ ဇီဝိန်ချွေကာ ကလဲစားချေဖို့ အခွင့်သာခဲ့ပေ မယ့် "အရှည်ကိုလည်း မကြည့်နဲ့၊ အတိုကိုလည်း မကြည့်နဲ့၊ ရန်သူကို ရန်မူခြင်းဖြင့် မဖြေရှင်းနိုင်၊ ရန်မမူခြင်းဖြင့်သာ ဖြေရှင်းနိုင်တယ်" ဟူသော သေခါနီးဆဲဆဲမှာ ပြောခဲ့တဲ့ ခမည်းတော်ရဲ့စကား ကို မြေ၀ယ်မကျ နားထောင်ခဲ့ပါတယ်။
အရှည်ကိုလည်း မကြည့်နဲ့ ဆိုတာ ရန်ငြိုးကို ကြာရှည်မျိုသိပ်ထားပြီး ကလဲ့စားမချေနဲ့လို့ ပြောတာပါ။ အတိုကိုလည်း မကြည့်နဲ့ဆိုတာ မိတ်ဆွေတစ်ယောက်ကို အချိန်တိုတိုနဲ့ အဆက်မဖြတ်နဲ့ လမ်းမခွဲနဲ့ လို့ ပြောတာပါ။ ရန်သူကို ရန်မူခြင်းဖြင့် မငြိမ်းနိုင်၊ ရန်မမူခြင်းဖြင့်သာ ငြိမ်းနိုင်တယ်ဆိုတာကတော့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ထာဝရနည်းဥပဒေကို ဖော်ပြလိုက်တာပါပဲ။
ဘုရားလောင်းဟာ ခမည်းတော်စကားနားထောင်ကာ ကလဲ့စား မချေပဲ မေတ္တာချွေခဲ့တဲ့အတွက်ကြောင့် အပြန်အလှန်ငြိမ်းချမ်းမှုကို ရခဲ့ပါတယ်။
ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေး ခေါင်းဆောင်နှစ်ဦးရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကတော့ ရန်သူကို ရန်မမူပဲ ခွင့်လွတ်ခြင်းဖြင့်သာ အေးချမ်းမူကို တည်ဆောက်နိုင်တယ်ဆို တာပါပဲ။ လူးသားအားလုံး ကမ္ဘာကျော် ပုဂ္ဂိုလ်နှစ်ဦး၏ ကမ္ဘာ့ငြိမ်းချမ်းရေးလမ်းစဉ် ကို လိုက်နာကာ အေးချမ်းတဲ့ကမ္ဘာဖြစ်အောင် အားထုတ်နိုင် ကြပါစေ။













.jpg)







.jpg)
.jpg)

















































