Michelangelo Buonarroti |
“ကျနော်တို့တွေဟာ ရည်မှန်းချက်ထားတဲ့အခါ ဖြစ်တတ်တဲ့ ပြဿနာက ထားလိုက်တဲ့ရည်မှန်းချက်က သေးနေတတ်ပြီး ရယူဖို့လွယ်တတ်တယ်။ အမှန်တော့ ဖြစ်သင့်တာက ရည်မှန်းချက်ကို ကြီးကြီးထားပြီးတော့ ရယူဖို့ လိုအပ်နေသေးတာမျိုး ဖြစ်ရမယ်။”မိုက်ကယ်အိမ်ဂျယ်လို (Michelangelo Buonarroti)
Oprah Winfrey |
၂။ မိမိချစ်မြတ်နိုးရာကိုသာ လုပ်ပါ
“အောင်မြင်ဖို့အတွက်သွားမယ့်
လမ်းကြောင်းမှာ ငွေရလို့လုပ်ရတာထက် ကိုယ်တိုင်အမှန်တကယ်
ချစ်မြတ်နိုးတဲ့အရာကိုသာ တွေ့အောင်ရှာဖွေပြီး လုပ်ပါ။”အိုပရာ ၀င်းဖရေ (Oprah Winfrey)
Phil Knight |
၃။ မျှတစွာ ကိုင်တွယ်တတ်ပါစေ
“မိမိရဲ့ ကိုယ်ပိုင်ဘ၀နဲ့ အလုပ်ဘ၀ကြားမှာ ရှောင်လွှဲလို့မရမယ့် ပြဿနာလေးတွေ ကြုံတွေ့ရမှာပါ။ ဘယ်သူကမှ တစ်ဖက်ထဲကို အာရုံပြုပြီး ရေရှည်မှာ ရပ်တည်လို့မရဘူး။ အရေးကြီးတာက ဒီနှစ်ခုကို မျှတစွာ ဘယ်လိုကိုင်တွယ်ပြီး အောင်မြင်အောင် လုပ်ဆောင်မလဲ ဆိုတာပါပဲ။”
ဖေးလ်နိုက်ခ် (Phil Knight) CEO of Nike Inc
Henry Ford |
“ကျရှုံးခြင်းတစ်ခုဆိုတာ တကယ်တော့ အသစ်ပြန်စတင်ဖို့အတွက် အခွင့်အရေးတစ်ခုပဲ။ ပြန်စတဲ့အခါ အရင်က ကျရှုံးခဲ့တဲ့ သင်ခန်းစာကို အခြေခံပြီး ပိုကောင်းအောင် လုပ်ဆောင်နိုင်တာပေါ့။”ဟင်နရီဖို့ (Henry Ford) Founder of Ford Motors
Leonardo da Vinci |
၅။ အလုပ်နှင့်သက်သေပြပါ
“အောင်မြင်မှုကို
ဖန်တီးနိုင်တဲ့လူတွေဟာ ဘယ်တော့မှ ထိုင်ပြီး အရာရာဟာ ဖြစ်လာတာကို
မစောင့်နေဘူး။ သူတို့တွေဟာ ကိုယ်တိုင် မဖြစ်ဖြစ်အောင်
နည်းလမ်းတွေရှာဖွေပြီး အောင်မြင်မှုကို ဖန်တီးကြတယ်။”လီရိုနာဒို ဒါ ဗင်ချီ
(Leonardo da Vinci) Renaissance GeniusTheodore Roosevelt |
“အောင်မြင်ဖို့အတွက် အဓိက အကျဆုံးအရာက လူတိုင်းနဲ့ အဆင်ပြေအောင် ဘယ်လို ဆက်ဆံရမလဲဆိုတာပဲ။”
သီရိုဒိုး လို့စဘက်ပ် (Theodore Roosevelt)USA ၏ ၂၆ဦးမြောက် သမ္မတ
Mark Twain |
“အတွေးအခေါ်အသစ်ရှိတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ အတွေးအခေါ်သစ် မအောင်မြင်ခင်အထိ ငတုံးတစ်ယောက်ပဲ။”
မက်ခ်တ၀န်င် (Mark Twain) ကမ္ဘာကျော်စာရေးဆရာ
Walter Disney |
“သင်အရာတစ်ခုကို စိတ်ကူးနဲ့ အိမ်မက်မက်နိုင်တယ်ဆိုရင် အဲ့ဒါကို သင်အကောင်အထည်ဖော်နိုင်တယ်။”
ဝေါတာ ဒစ်စနီ (Walter Disney) Walt Disney Founder
Thomas Jefferson |
“ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်ဖို့ ယုံကြည်မှုအပြည့်နဲ့ အကောင်းမြင်ပြီး လျှောက်လှမ်းနေတဲ့ လူတစ်ယောက်ကို ဘယ်အရာကမှ သူအောင်မြင်အောင် ရပ်တည့်လို့ရမှာ မဟုတ်သလို ယုံကြည်မှုမရှိပဲ အဆိုးမြင်ပြီး ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်အတွက်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။”
သောမက်စ် ဂျက်ဖာဆန် (Thomas Jefferson)USA ၏ တတိယမြောက် သမ္မတ
Abraham Lincoln |
၁၀။ စိတ်ဓာတ်မကျပါနဲ့
“အဆုံးမှာတော့ အောင်မြင်ရမယ်လို့ ခံယူချက်အပြည့်ထားပါ။ ဘယ်တော့မှ စိတ်ဓာတ်ကျပြီး လောကကြီးကို ဒူးထောက်အရှုံးမပေးပါနဲ့။”အေဘရေဟမ် လင်ကွန်း (Abraham Lincoln)USA ၏ ၁၆ဦးမြောက် သမ္မတ
၁၁။ အလုပ်ကြိုးစားပါ
“သာမာန်လူတစ်ယောက်ရဲ့ ကြိုးစားနိုင်စွမ်းတစ်ခုကို ကျော်လွန်ပြီး မကြိုးစားနိုင်ပဲနဲ့တော့ ဘယ်တော့မှ ထိပ်ဆုံးနေရာကို ရောက်လာဖို့ ဖြစ်လာမှာ မဟုတ်ဘူး။”
ဂျေစီပန်နီ (JC Penny) JC Penney Inc’s Founder
Steve Jobs |
“မိမိယုံကြည်ရာတစ်ခုအတွက် ရပ်တည်ဖို့ အမြဲတမ်း သတ္တိရှိပါစေ။ ဒီယုံကြည်ချက်က မိမိဖြစ်လာချင်တဲ့ အရာတစ်ခုကို သိရှိနားလည်ထားတာဖြစ်တယ်။”
စတိဂျော့ (Steve Jobs) Apple Inc’s Co-founder
အားလုံးပဲ အောင်မြင်တဲ့ဘ၀တွေကို ဖန်တီးတည်ဆောက်နိုင်ကြပါစေ။
မြန်မာအွန်လိုင်းစာအုပ်စင် မှ ပြန်လည်ကိုးကားတင်ဆက်ပါသည်။
0 comments:
Post a Comment