Labels

APP (3) Ashin Revata (1) Auto World Journal (1) Blogger များ (10) Chan Myay Mying Sayadaw (2) DVD တရားခွေများ (5) Dhamma Talk (English) MP3 (1) Dr Ashin Dhammapiya (2) Dr. Mehm Tin Mon (8) Dr. Nandamalabhivamsa (3) Facebook ဆိုင်​ရာ (1) IT ebook (1) Inside jornel (1) Lလင်း (1) MP3 (10) Maha Thera Ledi Sayadaw (3) Mingun Sayadaw (10) Mogok SayaDaw U Wimala (7) NetGuide (6) Photos (1) SAR MAUNG TOH (1) U Pannya Vamsa (1) U San Lwin's Dhamma Talks (1) ViDeo dhanma (2) Videos (2) Website (1) Zar Ni (2) apk for Android Smart Phone (4) e-Book in English (42) ×××× (3) ကဗျာများ (5) ကာတွန်း (13) ကိုနေ (1) ကိုလေးမြတ် (1) ကို​ရွှေ​တောသား (1) ကလောင်စုံ (1) ကံချွန် (3) ကျမ်းမာသုခ ဂျာနယ် (1) ကျမ်းမာရေး (8) ကျွန်းရွာ​တောရဆရာ​တော်​ (1) ခင်ချိုထွန်းစာပေ (1) ခင်မျိုးချစ် (1) ခင်မောင်ညို (ဘောဂဗေဒ) (1) ခင်နှင်းယု (1) ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်း (1) ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်း (1) ချက်နည်းပြုတ်နည်း (1) ချစ်စံဝင်း (4) ချစ်မ (1) ချစ်ဦးညို (2) ချစ်နိုင်-စိတ်ပညာ (1) ချမ်းမြေ့ဆရာတော် (20) ဂါထာမန္တာန်ပေါင်ချုပ် (2) ဂီတတီးနည်း (1) ဂျာနယ်ကျော်မမလေး (1) ဂျာနယ်ကျော်မလေး (2) ဂျူး (4) ငယ်-လတ်-ကြီး-ဓမ္မစရိယ (1) စစ်​တုရင်​ ၉ အုပ်​ (1) စာအုပ်များ (10) စာအုပ်လမ်ညွှန် (1) စာ​ပေ ဇယား (1) စာ​ပေ​ဟော​ပြောပွဲ mp3 (1) စိမ့်(ပညာရေး) (2) စိုက်ပျိုးရေး (3) စိုးမြတ်သူဇာ (2) စံ-ဇာဏီဘို (3) စွမ်းထက်အောင် (1) စွယ်စုံကျမ်း ၁+၉ (2) ဆရာမင်းလူ (2) ဆရာဇော်ဂျီ (2) ဆရာတော်ဦးဇောတိက (1) ဆရာမောင်တိုး (1) ဆရာသောင်းလွင် (1) ဆရာကြီး ဦးဂိုရင်ဂါ (3) ဆရာကြီး ဦးဇေတဝန် (1) ဆားပုလင်းနှင်းမောင် (1) ဆုထူးပန်ဦးကျော် (1) ဆုမြတ်မွန်မွန် (1) ဆန္ဒအောင် (1) ဇင်သန့် (3) ဇင်ဝေသော် (1) ဇဝန (1) ဇာဂနာ (1) ဇ၀န (1) ညိုသောင်း (1) ညီသစ်​ (1) ညီမေတ္တာ (1) တက်တိုး (7) တက္ကသိုလ် စိန်တင် (1) တက္ကသိုလ် နေလင်းအောင် (4) တက္ကသိုလ်စိန်တင် (1) တက္ကသိုလ်နန္ဒမိတ် (1) တက္ကသိုလ်ဘုန်နိုင်၏စာအုပ်များ (10) တက္ကသိုလ်နေဝင်း (7) တင်မိုးလွင် (1) တင်ထွေး (2) တင်မောင်မြင့် (1) တင်​မိုး (1) တင်​​မော်​ (1) တတိုင်မွေး (1) တရားတော်များ (23) တာယာမင်းဝေ (4) တာတေ (1) တိပိဋကမြန်မာပြန် (3) တစ္ဆေ၀တ္ထု (2) ဒဂုန်ခင်ခင်လေး (1) ဒဂုန်ဦးစန်းငွေ (2) ဒဂုန်ရွှေမျှား (1) ဒဂုန်ရွှေမျှား (4) ဒီဃနိကာယ် ၃-ကျမ်း (1) ဒီလှိုင်းဂျာနယ် (2) ဒုတိယဗိုလ်မှူးကြီး သောင်းထိုက် (1) ဒဿန (1) ဓမ္မစရိယ ဦးအေးနိုင် (1) ဓမ္မစရိယ ဦး​ဋ္ဌေးလှိုင်​ (1) ဓမ္မာစရိယတန်းအတွက် (21) ဓမ္မာစရိယဦးအေးနိုင် (1) ဓမ္မာစရိယာဦးမောင်မောင်လေး (1) ဓမ္မကျောင်းတော် (1) ဓမ္မဘေရီ အရှင်ဝိရိယ (1) ဓာတ်ပုံပြုပြင်နည်းစာအုပ် (1) နည်းပညာဂျာနယ်များ (2) နည်းပညာစာအုပ်များ (40) နည်းပညာ (2) နန်းမာဆရာတော် အရှင်ဥာဏ (1) နိင်ငံရေးစာအုပ်များ (1) နီကိုရဲ (1) နန္ဒသိန်းဇံ (2) ပဌမသံဃယနာအ​မေးအ​ဖြေ (2) ပန်းငွေရုံဆရာတော် (1) ပန်းဝေဝေ (2) ပါရဂူ (10) ပါရဂူမင်းနန္ဒာ (1) ပိဋကတ်ကျမ်းစာ (1) ပီမိုးနင်း (3) ပုညခင် (2) ပုံပြင်စာအုပ် (1) ပျူး (3) ဖားအောက်တောရဆရာတော် (1) ဖိုးဇာ (1) ဖိုး​ကျော့ (1) ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်များ (4) ဗန်းမော်ဆရာတော် (1) ဗဟုသုတ (3) ဗဟုသုတဆောင်းပါး (3) ဗိုလ်ချုပ်အောင်ဆန်း (1) ဗိုလ်​မှူးဘရှင်​ (1) ဗုဒ္ဓစာပေ (1) ဗုဒ္ဓါဝင်​ ပန်း​ချီကားများ (1) ဗျူး (8) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ (11) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသMP3 (9) ဘာသာရေးဆောင်းပါး (23) ဘာသာပြန်​စာအုပ်​ (2) ဘာသာ​ရေး (4) ဘာသပြန် အင်္ဂလိပ် (1) မဂ္ဂဇင်း (5) မင်လူ ၏ စာအုပ်များ (1) မင်းခိုက်စိုးစံ (1) မင်းယုဝေ (3) မင်းသိင်္ခ (1) မင်းဇော် (1) မင်မြတ်သူရ (1) မင်းကိုနိုင်​ (1) မင်းလူ (1) မစန္ဒာ (1) မဇ္ဈိမနိကာယ် ၃-ကျမ်း (1) မမသဒ္ဒါမောင် (1) မသိ (1) မဟာဆွေ (1) မဟူရာ(လွိုင်ကော်) (1) မာဏဝ (1) မိတ်ဆက်လွှာ (1) မိန်းကလေး (3) မိုးကုတ်ဆရာတော်ဘုရားကြီး (5) မိုးတိမ်​ (1) မိုးမိုး (အင်းလျား) (3) မီကိုဇူးဇင် (3) မလေးငြိမ် (1) မျိုးမာန် (4) မျိုးသူရ (1) မှတ်​စု (1) မှုခင်း (4) ယဉ်ကျေးလိမ္မာ (53) ရန်ကုန်မျိုးသန့် (1) ရန်​​အောင်​ ​မောင်​​မောင်​ (1) ရာဇဂဏီ (1) ရဝေထွန်း (1) ရဝေနွယ် (အင်းမ) (2) ရဲညွန့် (1) ရှားပါးစာအုပ်များ (4) လကာင်္ရည်ကျော် (1) လင်းထွန်း (1) လင်းယုန်မောင်မောင် (6) လည်​တီဆရာ​တော်​ (3) လမင်းမို့မို့ (1) လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး M.A (2) လယ်တွင်းသားစောချစ် (15) လီနင် (1) လူထုစိန်ဝင်း (6) လူထုဦးလှ (3) လူပုဂ္ဂိုလ်များ (29) လူ​နေ (1) လရောင်ကျူးရင့် (2) ဝတ္တုရှည် (30) ဝိဇ္ဇာ (1) ဝိနယ ပိဋက မြန်မာပြန် (5) ကျမ်း (1) ဝိနိစ္ဆယ ကျမ်းစာအုပ်များ (1) ဝဏ္ဍသီရိ (1) သခင်ဘသောင်း (3) သခင်မြတ်ဆိုင် (1) သခင်​စိုး (1) သင်္ခါ (1) သင်းမြတ်နိုး (1) သစ်မွှေး (2) သည်ခေတ်နေ (1) သတိုးဝီရ (1) သတိုးတေဇ (3) သန်းထိုက်ရွှေရိပ် (2) သန်းသန်းတင့် (1) သန်းငြိမ်းအေး (1) သမိန်ပေါ့သွယ် (1) သမိုင်းစာအုပ်များ (1) သရ(ICT) (1) သာမဏေကျော် စာမေးပွဲ အတွက် (1) သိန်းဖေမြင့် (1) သိမ့်သိမ့်နွေး (1) သိုင်​ဝတ္ထုများ (1) သိုး​ဆောင်း (1) သီချင်းစာအုပ်​ (1) သီတဂူဆရာ​တော်​ mp3 တရား (2) သီရိသဒ္ဓမ္မာ လကာင်္ရ (1) သုခ (5) သုတ/ရသ (7) သုတ္တသင်္ဂဟ (1) သုသိဏ် (1) သူရထိုက် (1) သံယုတ္တနိကာယ် ၅-ကျမ်း (1) သျှင်မ (1) သျှင်ဥက္ကဌ (1) ဟာသ (2) အဂ္ဂဝိဇ္ဇာ (1) အင်္ဂလိပ်စကားပြော စာအုပ် (1) အင်္ဂလိပ်စာရေးရန် (1) အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း (1) အင်အားဂျာနယ် (3) အဘိဓမ္မာ ပိဋက မြန်မာပြန် (1) အရှင်ကုမာရ (3) အရှင်ဆန္ဒာဓိက (33) အရှင်ဇနကာဘိဝံသ (1) အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ (5) အရှင်အာစရာလင်္ကာရ (1) အရှင်ဥာဏ (1) အရှင်ဆေကိန္ဒ (26) အလှပုံများ (9) အားကစား ဂျာနယ်​ (3) အိမ်လွမ်းသူ (1) အတွေး (1) အကြည်တော် (8) အရှင်ကုဏ္ဍလာဘိဝံသ (1) အရှင်ဂုဏိန္ဒ (1) အရှင်ဇနကာဘိဝံသ (1) အရှင်ဇာနေယျ (1) အရှင်နန္ဒမာလာဘိဝံသ (1) အရှင်နန္ဒမာလာ (1) အရှင်​ဆန္ဒာဓိက (1) အ​မေးအ​ဖြေ (1) ဥပဒေ စာအုပ်များ (10) ဥပဒေစာအုပ်များ (14) ဥာဏ်ကြွယ် (1) ဦးခင်ညွန့် (1) ဦးချစ်မောင် (1) ဦးစိုးတင့် ( တောင်ကြီး ) (1) ဦးဆန်းလွင် (1) ဦးထွန်လှ (2) ဦးထွဋ္ဋ် (1) ဦးပညာစာမိ (1) ဦးပုကလေး (1) ဦးသက်စိန် -ဖြူး (1) ဦးသက္က (1) ဦးဟုတ်စိန် (1) ဦးဌေးလှိုင်( ဓမ္မာစရိယ ) (1) ဦးရွှေအောင် (2) ဦးသော်ဇင် (1) ဦးအောင်ခင် (1) ဦးအောင်ညွန့်ဝင်း (1) ဦးအောင်လင်း (1) ဦးအောင်ဟိန်းကျော် (1) ဦးအေးမောင် (4) ဦးနု (2) ဦးဂိုအင်​ကာ (1) ဦးထွန်း (1) ဦးပဏ္ဍိတ (1) ဦးဘသန်း (1) ဦးငြိမ်းမောင် (1) ဦး​ဌေးလှိုင်​ (1) ကောင်းထက် (1) ကျော်နန္ဒအောင် (1) ကျော်လှိုင် (1) ငွေဥဒေါင်း (6) ငွေကြည် (1) စောမုံညင်း (1) ဆောင်းပါး (6) ဆွေလှိုင်ဦး (1) ဆွေလှိုင်ဦး (1) ထောင်မှူးကြီး သိန်းဝင်း (1) ထောင်မှူးကြီးသိန်းဝင်း (2) ထောင်မှူးကြီးသိန်းဝင်းနှင့် သူရိန်ထွန်း (2) ဒေါက်တာ အရှင်ကောဝိဒ (1) ဒေါက်တာမင်းတင်မွန် (1) ဒေါက်တာလှဖေ (2) ဒေါက်တာသန်းထွန်း (4) ဒေါက်တာမောင်မောင်ညို (1) ဒေါ်အုန်းကြည်သား (1) နေစိုးထက် (1) နေဝင်း(လန်ဒန် (1) ဖေဖေကျော် (1) ဖေမြင့် (5) မေတ္တာရှင်ရွှေပြည်သာ (2) မောင်ကွန်ပျူတာ (1) မောင်ညိုမှိုင်း(သန်လျင်) (1) မောင်ထင် (1) မောင်ထွန်းသူ (2) မောင်ထွန်းမြိုင် (1) မောင်မိုးသူ (1) မောင်ဝံသ (1) မောင်သိန်းလွင် (2) မောင်ကောင်းထိုက် (1) မောင်မောင် (ရွှေကရ၀ိတ်) (1) မောင်မောင်မြင့်သိန်း(စက်မူတက္ကသိုလ်) (1) မောင်ရွှေခေတ် (2) မော်စီတုန်း (1) မှော်ပီဆရာသိန်းကြီး (1) ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဥပဒေများ (1) ရွှေဥဒေါင်း (3) သောင်းညွန့်သစ် (2) သောင်းဝေဦး (3) သော်တာဆွေ (2) အောင်သင်း (5) အောင်မြင်ရေးဆောင်းပါး (1) ကြေးမုံသတင်းစာ (24) ပြည်သူ့နီတိ (1) ပြည့်ပိုင်မှူး (1) ပြည့်ပိုင်မှူးအိမ် (1) ဖြူးဆရာ​တော် mp3 (1) ဖြူးးဆရာတော် (2) မြတ်ခိုင် (1) မြန်မာစွယ်စုံကျမ်း (1) မြန်မာ့အလင်းသတင်စာ (22) မြသန်းတင့် (20) မြကေတု (1) ၀ဏ္ဏသီရိ (1) ၀တ္ထုစာအုအ်များ (7) ကြည်​ဦး (1) ကြယ်စင်မှူးဝေ (1) တြိစက္က (2) နိုင်ငံရေး (1) နိုင်ငံရေး စာအုပ်စင် (2) နိုင်ငံရေးသမိုင်းစာအုပ်များ (1) နိုင်ပန်းလှ (1) နွယ်ဂျာသိုင်း (1) ​ဝင်း​မောင်​ထက်​ (1) ​ကျော်​မြသန်း (1) ​ဒေါက်တာနန္ဒမာလာဘိဝံသ (1) ​မောင်သာချို (1) ​မောင်​သိန်​​ဖေ (1) ​မောင်​နှင်​​ဆွေ (1) ​ရေနံ့သာဝင်း​မောင်​ (1) ​အောင်​​ကြောင်​ဖြာ (1) ​​ဒေါက်တာ​ မင်းတင်​မွန်​ (1) ​​ဒေါက်တာ​ ​အောင်​ခင်​ဆြင့်​ (1) ​​မောင်​ခိုင်​မာ (1)
လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။

Unordered List

Monday, September 7, 2015

ယတြာကို ယုံကြည်ကြသူများ





မကြာသေးမီက ဘန်ကောက် ပို့စ်သတင်းစာမှာ ပြုံးချင်စရာ သတင်းတစ်ပုဒ်တွေ့ရပါသည်။ ယင်းသတင်းမှာ ထိုင်းနိုင်ငံကို လတ်တလော စစ်အာဏာသိမ်းထားသော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်၏ အခါတော်ပေး ဗေဒင်ဆရာဗာရင်ဆိုသူအား မေးမြန်းထားခြင်းဖြစ်ပါသည်။ ၎င်းကထိုင်းနိုင်ငံ နောက်တက်မည့် ၀န်ကြီးချုပ်သည် အက္ခရာပီနှင့်စသည်။ ထို့ကြောင့်သူ့ကိုကိုးကွယ်သူ ဗိုလ်ချုပ်ကြီးပရာယွတ်ဖြစ်မည်။ အခြား ပီအက္ခရာနှင့် စသူများလည်း မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ပရာယွတ်သည် ထိုင်းရာဇ၀င်တွင် ကျော်ကြားခဲ့သည့် နရာစူဝမ်ဘုရင်၏ စစ်သူကြီးဝင်စားသူ ဖြစ်သည်။ ယခုဘ၀တွင်လည်း အတိတ်ဘ၀ကကဲ့သို့ ထိုင်းနိုင်ငံကို စောင့်ရှောက်ရန် ပြန်လာခြင်းဖြစ်သည်ဟု ဆိုပါသည်။

စစ်အာဏာသိမ်းထားသော  ဗိုလ်ချုပ်ကြီးပရာယွတ်သည် ထိုင်းဝန်ကြီးချုပ်ဖြစ်လာနိုင်သလားဆိုသည်က မကြာမီသိရှိရပါမည်။ ဖြစ်ရန်လည်း ရာခိုင်နှုန်းများနေပါသည်။ သို့ရာတွင် ရယ်စရာကောင်းသည်က ဗိုလ်ချုပ်ကြီးပရာယွတ်ဝန်ကြီးချုပ်ဖြစ်ခြင်း၊ မဖြစ်ခြင်းမဟုတ်ပါ။ လူသားများ အင်္ဂါဂြိုဟ်ကိုပင် သွားရန်ပြင်နေကြသည့်ခေတ်တွင် ဗေဒင်ဆရာကို ဆည်းကပ်ကြသည့်၊ ဗေဒင်လက္ခဏာကို ယုံကြည်ကြသည့် ထိုင်းအစိုးရ ခေါင်း ဆောင်များ၏ စရိုက်ဖြစ်ပါသည်။

၎င်းဗေဒင်ဆရာဗာရင်သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက် ဆင်ကောင်းစားစဉ်ကလည်းအခါ တော်ပေးလုပ်ခဲ့ဖူးသည်။ သက် ဆင်၊ ပရာယွတ်၊ စွန်သီစသည့် ထိုင်းနိုင်ငံ၏ အဖွဲ့မျိုးစုံကွဲနေ သည့် နိုင်ငံရေးခေါင်းဆောင်များ အားလုံးတွင် တူညီသည့်အချက် တစ်ခုရှိပါသည်။ ယင်းကား ဗေဒင်လက္ခဏာကို လုံးဝယုံကြည်ကြ ခြင်း ဖြစ်ပါသည်။ လိုအပ်လာ လျှင် အိမ်နီးနားချင်း မြန်မာနိုင်ငံ သို့ပင် ဗေဒင်မေးရန် လာရောက် တတ်ကြသည်။ မြန်မာနိုင်ငံက ဗေဒင်အကြားအမြင် အကျော် အမော် အီးတီဆိုလျှင်လည်း ထိုင်းခေါင်းဆောင် အတော်များများ လာရောက်မေးမြန်းဖူးသည်ဟု နိုင်ငံခြားသတင်းစာတစ်စောင်က အီးတီနှင့် အင်တာဗျူးတွင် ဖော်ထားသည်ကို ဖတ်ရသည်။

မြန်မာနိုင်ငံက ခေါင်း ဆောင်များကလည်း ထူးမခြားနား ပင်။ အုပ်ချုပ်သည့် မင်းအစိုးရ များသည် နိုင်ငံအုပ်ချုပ်ရန် ခေတ် အဆက်ဆက်တွင် လက်ရုံးရည်၊ နှလုံးရည်ထက် ဗေဒင်ကို ပိုအား ကိုးကြသည်။ မိမိတို့သည် နတ်သိ ကြားကစေလွှတ်သော ဘုန်းရှင် ကံရှင် မင်းကောင်းမင်းမြတ်ဆို သည်ကို ပြည်သူအားသိစေချင် ကြသည်။ ကုန်းဘောင်ခေတ်က ဆိုလျှင် ဘုန်းကံကြီးသော မင်းအ ဖြစ် ပြည်သူများ သိမြင်စေရန် ဆင်ဖြူတော်ကိုရအောင် ရှာကြ သည်။ ကုန်းဘောင်ခေတ် မင်းတစ်ပါးဆိုလျှင် ဆင်ဖြူအသေကိုအတင်းသယ်ဆောင်ပြီး ဆင်ဖြူရှင်ဘွဲ့ခံယူသည်။

ဗေဒင်ဆရာအခါတော်ပေး များ၏ အကြံပြုချက်အရ လိုက် လုပ်ကြသည်။  ကိုးကွယ်လျှင် ဘုန်းကံကြီးသည် အဆိုရှိသော ရွှေတိဂုံစေတီပေါ်က ပတ္တမြား မျက်ရှင်နှင့် ပဲခူးရွှေမော်ဓောစေတီတော် အထက်ပစ္စယံရှိဆုတောင်းပြည့်ဘုရားများကို ကျိတ်ကိုးကွယ်ကြ၏။ စစ်အစိုးရလက်ထက်တွင် မဖြူတဖြူ ဆင်ဖြူတော်များကို ငွေကြေး အမြောက်အမြား အကုန်အကျခံပြီး တရိုတသေကိုးကွယ်ထားသည်။ ဆရာလေးစကြာမင်းခေါင်၊ တိမ်ကြားဦးသန်းလှစသဖြင့် အခါတော်ပေးများ ခေတ်ကောင်းခဲ့ကြသည်။

၎င်းတို့သည် နိုင်ငံအား အုပ် ချုပ်သင့်သော ဘုန်းရှင်ကံရှင်များ ဆိုသည်ကို ပြည်သူများက လက် ခံပြီး  ၎င်းတို့အုပ်ချုပ်သည်ကို အသာတကြည် လက်ခံအောင် သိမ်းသွင်းကြသည်။ တစ်နည်းဆို ရလျှင် ဗေဒင်ဆရာများ၊ ဆင်ဖြူ ရှင်ဖြင့် ဘုန်းကံအာဏာကို အများလက်ခံအောင်  ပြုလုပ်သူများ သည် ကိုယ်ပိုင်အရည်အချင်းဖြင့် ဘုန်းတန်ခိုးအာဏာကို မတည် ဆောက်နိုင်သူများ ဖြစ်သည်။ ကိုယ်ပိုင်အရည်အချင်းကို မယုံ ကြည်သောအခါ နတ်အားကိုး၊ ဗေဒင်ဆရာအားကိုးကြခြင်း ဖြစ် ပါသည်။ ယတြာကို ယုံသည်။  ယင်းဓလေ့ထုံးစံမှာ အာဏာကို တိုင်းပြည်အတွက် အသုံးချခြင်း ထက် မိမိကိုယ်ကျိုးစီးပွားအတွက် ရေရှည်ခိုင်မြဲစွာ ဆုပ်ကိုင်လိုကြ သည့် အာရှနိုင်ငံက ခေါင်းဆောင် များ၏ ထုံးစံဖြစ်ပါသည်။

ဒီမိုကရေစီဖွံဖြိုးနေကြ သော အနောက်နိုင်ငံကြီးများတွင် နိုင်ငံခေါင်းဆောင်ဖြစ် အခါ တော်ပေး ဗေဒင်ဆရာထက် လက်ရုံးရည်၊ နှလုံးရည် အစွမ်းအစ ရှိရန် လိုပါသည်။ ဒီမိုကရေစီနိုင်ငံမှ ပြည်သူများက မင်းလောင်းဆို သည်ထက် ပညာအရည်အချင်း အုပ်ချုပ်မှုစွမ်းရည်ကို အကဲဖြတ် စောင့်ကြည့်ပြီး ရွေးချယ်ကြသည့်အတွက် ဖြစ်၏။ အနီးဆုံးဥပမာ ပေးရလျှင်  အမေရိကန်ပြည်ထောင်စု၏  လက်ရှိသမ္မတအိုဘားမားမည်သို့ သမ္မတဖြစ်လာသည်ကို လေ့လာကြည့်ပါ။

၁၉၆၁ ခုနှစ်တွင် အာဖရိ ကန် အမေရိကန်လူမျိုး ဖခင်နှင့် လူဖြူမိခင်မှ ဟာဝိုင်အီကျွန်းတွင် မွေးဖွားခဲ့သော အိုဘားမားသည် ယခု သမ္မတဖြစ်လာသည်အထိ သူ၏ပညာအရည်အချင်းနှင့် နှလုံးရည်အစွမ်းအစကို အားကိုး ခဲ့သည်။  မိဘကလည်း မချမ်း သာ။  တက္ကသိုလ်တက်စဉ်က ပညာသင်စရိတ်အဖြစ်  ချေးခဲ့ သော ဘဏ်ချေးငွေသည် လွန်ခဲ့ သော ရှစ်နှစ်ခန့်တွင်မှ အကျေ ဆပ်နိုင်ခဲ့၏။ ကမ္ဘာကျော် နယူး ယောက်ကိုလံဘီယာ တက္ကသိုလ်၊ ဟားဗတ်ဥပဒေကျောင်းများတွင် ပညာသင်ကြားခဲ့ပြီး အအောင် မြင်ဆုံး ဥပဒေပညာရှင်တစ်ဦး ဖြစ်အောင် ကြိုးစားခဲ့သည်။ သမ္မတမဖြစ်မီ ချီကာဂိုတက္ကသိုလ်နာမည်ကျော် ဥပဒေပါမောက္ခဖြစ်လာအောင် ကြိုးစားခဲ့သည်။ သမ္မတမဖြစ်မီတွင်ပင်  ၎င်းရေးသားထားသော စာအုပ်က သန်းချီရောင်းရပြီး အောင်မြင်သူတစ်ဦး၊ လူတော်တစ်ဦး ဖြစ်နေပါပြီ။ စိုင်ကော်ပြီး ချုံပေါ်ရောက်လာခြင်းမဟုတ်။ ထိုအရည်အချင်းကို အားကိုးယုံကြည်မှုဖြင့် လူသန်းသုံးရာကျော်ရှိသော ကမ္ဘာ့အကြီးဆုံးနိုင်ငံကြီး၏ သမ္မတရာထူးနေရာရယူခဲ့ခြင်း ဖြစ်သည်။ ဗေဒင်ဆရာလည်း မပါ၊ တဘောင်ကိုလည်း အားမကိုး။ ယတြာလည်းမပါခဲ့ပါ။ ကိုယ့်ကိုယ်ကိုယ် အိပ်မက်အရ မင်းလောင်းဟုလည်းမပြောဆိုခဲ့ဖူးဘဲ မင်းနေရာရောက်လာခြင်း ဖြစ်ပါသည်။

နောက်တစ်ဦးက ၂၀၁၆ ရွေးကောက်ပွဲတွင် အမေရိကန် သမ္မတဖြစ်လာမည်ဟု ထင်ကြေး ပေးနေကြသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီ လာရီကလင်တန် ဖြစ်ပါသည်။ ဟီလာရီက သမ္မတဖြစ်ချင်သည့် အတွက် ၂၀၀၇ ခုနှစ်တွင် သမ္မတ အိုဘားမားနှင့် ပါတီတွင်း ကိုယ် စားလှယ်လောင်း အရွေးခံရန် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။ အိုဘားမားက အနိုင် ရသွားသောအခါ ဟီလာရီ၏ အ ရည်အချင်းကို သိသည့်အတွက်  နိုင်ငံခြားရေးဝန်ကြီး ရာထူးကို ပေးအပ်ခဲ့သည်။ နိုင်ငံခြားရေး ၀န်ကြီးဖြစ်လာသောအခါ အမေ ရိကန်သမိုင်းတွင် အတော်ဆုံးနိုင်ငံခြားရေးဝန်ကြီးတစ်ဦးအဖြစ်အသိအမှတ်ပြုခံရသည်။ သို့ သော် သက်တမ်းတစ်ကြိမ်သာ ထမ်းဆောင်ပြီး ရာထူးမှအနားယူခဲ့သည်။ အများစုက ၂၀၁၆ တွင် သမ္မတ ရွေးရန် ပြင်ဆင်ခြင်းဟု ဆိုပါ သည်။ သို့သော်  ၎င်းတို့ပြင်ဆင် သည်ကား ပညာအရည်အချင်း အဘက်ဘက်မှာ ပြိုင်ဘက်ထက် သာလွန်အောင် ကြိုးစားပြင်ဆင် ခြင်း ဖြစ်ပါသည်။

အထူးသဖြင့် သမ္မတလောင်းများမှာ မိန့်ခွန်းပြော စွမ်း ရည်ကအစ  အရေးကြီးလှသည့် အတွက်   ဟီလာရီကလင်တန် အချိန်ယူပြင်ဆင်နေခြင်း  ဖြစ်ပါသည်။  ထို့ကြောင့် ဒီမိုကရေစီအားကောင်းသော နိုင်ငံများတွင် ခေါင်းဆောင်ဖြစ်ရေးအတွက်ထက် ကိုယ့်အရည်အချင်းကိုသာ အားကိုးပြင်ဆင်ကြိုးပမ်းကြပါသည်။

ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ် ရာ ထူးကို မှန်းနေသည့် ပရာယွတ်က ထိုင်းပြည်သူများကို ဗေဒင်ဆရာ အားကိုးဖြင့် ၎င်းကိုနိုင်ငံ၏ ကယ် တင်ရှင်ဟု အထင်ရောက်စေရန် ကြိုးပမ်းနေပါသည်။ ထိုင်းနိုင်ငံ ကို ဆက်လက်အုပ်ချုပ်ရန် ယတြာကို အားကိုးနေသည်။ သို့သော် လည်း ကိုယ့်အရည်အချင်းကိုယ်မယုံရဲသဖြင့် ရွေးကောက်ပွဲလုပ်ရန် တွန့်ဆုတ်နေပြန်ပါသည်။ ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတသော ဒီမိုကရေစီရွေးကောက် ပွဲများ အမြန်ဆုံး ကျင်းပပေးရန်အမေရိကန်နှင့် အနောက်နိုင်ငံ များက တွန်းအားပေးနေရသည်။ အဘယ်ကြောင့်ဆိုသော် ရာဇ၀င်တွင် ထင်ရှားသော ထိုင်းစစ်ဘုရင် နရစူဝမ်၏ စစ်သူကြီး ပြန်ဝင်စား သည်ဆိုသော ဗိုလ်ချုပ်ကြီး ပရာ ယွတ်မှာ ရွေးကောက်ပွဲအဖြေရ လဒ်ကို ရင်ဆိုင်ရန် စွမ်းအားမရှိ  သေးသည့်အတွက် ဖြစ်ပါသည်။

ထားထားမြင့်

0 comments:

Post a Comment