Pages

Friday, July 15, 2016

တစ္ဆေပုံပြင်

(ဝိဥာဉ် ကလဲ့စား)အပိုင်း(၂) 

စားရေးသူ-ထီးကလေး 🌂
******************

 အကောင်ထည်မမြင်ရပဲ ပါးကြားအက်နေရာ နံရံမှသာ ဆိုးရွားလှသော အသံနက်ကြီးဖြင့် ပယောဂါဆရာကြီးအား ပြန်လည် တုန့်ပြန်ပြောဆိုနေလျက် လွန်ခဲ့သည့် ၂နှစ်ကျော် ကာလမှ ဖြစ်ရပ် တစ်ခုအား ပြောပြမည်ဟုဆိုခါ ပဲ့တင်ထပ်နေသည့် အသံတို့ဖြင့် ထွက်ပေါ်လာချေတော့သည်။ ဒီဇင်ဘာလရဲ့ အအေးဒဏ်က ဒီနှစ်ခါမှ ပို၍အေးနေလေသလား မြူခိုးများဆိုင်းလျက် နှင်းမြူများပြိုင်ဆိုင်စွာ ကျနေသည်က ဆောင်းရာသီရဲ့ အလှပကို ပို၍ပေါ်လွင်စေတယ်။ ဒီဇင်ဘာ ၁၂ရက်နေ့ ဒုတိယနှစ်ကျောင်းသားဘဝကို ကျွန်ုပ်ဖြတ်သန်းရချေဦးမည်။မေဂျာက အဏုဇီဝဗေဒ ကိုယ်လုပ်ချင်တာက ရှေ့နေ အမှတ်မမိခဲ့ဘူး။ ဒီတော့ဘာဖြစ်လည်း နာမည်ဆန်းတဲ့ အဏုဇီဝဗေဒဆိုတာကို ကျွုန်ပ်ဘာမှန်းမသိပဲ ရွေးချယ်စေခဲ့ပြီ။ မေဂျာအသစ်ဖြစ်တာကြောင့် ကျောင်းသားဦးရေ ၁၂၀ ခန့်မျှရှိသည့် ကျောင်းခန်း နှစ်ခန်းသာ ထိုမေဂျာကျောင်းသားများ ရှိသေးသည်။သင်ကြားရတဲ့ အဓိကအပိုင်းက မျက်စိဖြင့်မမြင်နိုင်တဲ့ ပိုးမွှားအသေးစားလေးတွေကို အဏုကြည့်မှန်ပြောင်းနဲ့ လေ့လာရတဲ့ အပိုင်းဖြစ်လျက် ကျွန်ုပ်တို့ကတော့ စာသင်ခန်းထဲမှာ တစ်ချိန်တစ်လေသာ ရှိနေတတ်ပြီး အမြဲတမ်းလိုလို အေးအေးဆေးဆေးဖြစ်တဲ့ နေဝန်းနီဆိုတဲ့ ကန်သင်းမှာအမြဲ ထိုင်လေ့ရှိသည်။ ထိုဆိုင်လေးက သာမာန်ဆိုင်တွေနဲ့ မတူ ဆိုင်ရှင် ဦးတွကြီးနဲ့ စာပွဲထိုး ပြည့်စုံဆိုတဲ့ လူနှစ်ယာက်တည်း ဖွင့်ထားသည့် ဆိုင်လေးဖြစ်သည်။ ပထမနှစ် ကျောင်းသားဘဝကို အပျော်တွေနဲ့ ဖြတ်သန်းခဲ့ရင်း အချိန်တွေကုန်ဆုံးစေခဲ့တယ်လေ။ယခု ဒုတိယနှစ်ကျောင်းသားဘဝ ဒီမနက်ခင်းမှာ ကျောင်းစဖွင့်ပြီ ကျွုန်ုပ်တစ်ယောက်တည်း ကားဂိတ်သို့ လမ်းလျောက်နေလျက် မနက်ပိုင်းဆိုတော့ အင်မတန်မှ လိုင်းကောင်းတိုးစီးရတဲ့ အဖြစ်က မလွယ်လှဘူး။ဒီတော့ ဘာဖြစ်လဲ ယောကျာ်းပဲ အထဲကိုတိုးဆီးမနေတော့ဘူး စပယ်ယာနည်းတူ ကိုယ်လည်းပဲ ကားတွယ်စီးလာချေပြီ။ဒုတိယနှစ်ဖြစ်လာသည့် ကျွန်ုပ်အတွေးက ပထမနှစ်ကျောင်းသား ဘဝနဲ့ မတူတော့ပဲ ခံစားမှု့တွေ ပိုရင့်ကျက်လာခဲ့သည်။ မိမိကျောင်းခန်းထဲသို့မသွားသေးပဲ ပထမနှစ်တစ်နှစ်လုံး အချိန်ကုန်စေခဲ့သည့် နေနီဝန်း ကန်သင်းလေးရှိရာကိုသာ ကျွုန်ပ်ခြေလှမ်းများ ဦးတည်နေတော့သည်။ ကန်တင်းအရှေ့သို့ရောက်သည့်နှင့် ကျွုန်ပ်မြင်တွေ့လိုက်ရသည့် မြင်ကွင်းက ထိုဆိုင်လေးထဲတွင် ကျောင်းသားအမြောက်အများ ရှုတ်ရှုတ်သည်းသည်းဖြစ်နေခဲ့သည့် မြင်ကွင်းပင်။ မျက်မှောင်ကျုတ်လိုက်သည်။ သိချင်စိတ်နဲ့ ထိုနေရာကို ဦးတည်းလျောက်သွားလျက် မြင်တွေ့လိုက်ရသည်က `လမ်းလေး…ဘာတွေ ဖြစ်နေတာတုန်း…´ `ဒီမှာလေကွ…သူတို့က သရဲမြင်ဘူးချင်တယ် ဆိုလို့ ငါပြနေတာ´ `ဟင်!…ပြစမ်းပါဦး…´ သူက လမ်းကလေး ကျွုန်ပ်နဲ့ ငယ်စဉ်ကတည်းက ညီအစ်ကိုအရင်းသဖွယ် ပေါင်းသင်းလာကြသည့် အိမ်နီးချင်း သူငယ်ချင်းတွေ ဖြစ်ပြီး သူက အစနှောက်သန်လျက် စိတ်ရင်းအလွန်ကောင်းသူ တစ်ယောက်ဖြစ်သည်။ယခုအခါ သူထိုင်နေသည့် စားပွဲဝိုင်း၌ ကျောင်းသားများ ဝိုင်းအုံနေသည်ကို တွေ့လိုက်သည်နှင့် သူအား ကျွုန်ပ်မေးလိုက်တော့ ကိုင်ထားတဲ့ သူလက်ထဲက ဟန်းဆက်လေး ကျွုန်ပ်ဆီ လှမ်းပေးလိုက်တယ် ။ `ဟာကွာ…ဒါ တကယ်ဟုတ်လို့လား…´ ကျွုန်ပ်အမေးကို သူပြန်မဖြေသေး။ မျက်စိတစ်ဖတ် မှိတ်ပြလိုက်တယ်။သေချာပြီ ဒါဆို လမ်းကလေးတစ်ယောက်ကတော့ မဟုတ်တာ တစ်ခုခုလုပ်နေပြီဆိုတာ။ခဏအကြာမှာပဲ စားသောက်ထားတဲ့ စာပွဲအပေါ်က မုန့်ဖိုးတွေကို သူမရှင်းပဲ ကျောင်းသားတစ်ချို့ရှင်းသွားသည်ကို မြင်တွေ့လိုက်ရသည်။ဝိုင်းအုံနေသည့် ကျောင်းသားများ ရှင်းသွားသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ် လမ်းကလေးအနားသို့ ကပ်ထိုင်လိုက်ပြီး `မင်းဘာတွေ လျောက်လုပ်နေတာတုန်း…´ `ငါဘာလုပ်လို့တုန်း…သရဲမမြင်ဘူးတဲ့ သူတွေကို သရဲပြနေတာလေ…´ `အဲ့ပုံကို ဘယ်ကနေရိုက်လာတာလဲ…တကယ့်သရဲတော့ မဖြစ်နိုင်ဘူး…´ `ဟားဟား…ငါလည်းမသိဘူးကွ ငါ့အသိတစ်ယောက်ဆီကနေ ကင်မရာကူးထားတာ အဲ့ဒီ ကင်မရာထဲမှာ သရဲပုံပေါ်အောင် ရိုက်လို့ရတယ်…အဲ့ဒါနဲ့ ငါလည်း မုန့်ဖိုးမရှင်းရရင် ပြီးရော ဆိုပြီး သရဲမြင်ဘူးချင်ရင် ပြမယ် မုန့်ဖိုးတော့ ရှင်းရမယ်ဆိုပြီ လိမ်တာပဲဟေ့…´ ထိုအချိန်က ဆက်သွဟ်ရေး တယ်လီဖုန်းများဟာ ရှားပါးသော အချိန်ကာလ ဖြစ်လျက် ပိုက်ဆံရှိ သူဌေးသားသမီးများသာ လက်ထဲ၌ ကိုင်ထားခွင့်ရသည်ကို မြင်တွေ့ရသည်။ကျွုန်ပ်တို့မှာမူ မှန်ပြင်ကျဉ်းသည့် ခလုတ်ဖုန်းလေးကိုတောင် ဖုန်းဘေမှန်အောင်မထည့်နိုင်သည့် ဘဝမျိုးဖြစ်လျက် ထူးဆန်းသည့် သရဲပုံပေါ်သော ကင်မရာ ဆော့ဝဲလ်လေးအား ကျွုန်ပ်စိတ်ဝင်တစ်စား ကြည့်နေမိသည်။ `ဟဲ့…နင်တို့ အတန်းမတတ်ဘူးလား…´ အနောက်မှ ရုတ်တရက် မေးလိုက်သော အကြောင့် ကျွုန်ပ်ကြည့်လိုက်မိရာ `ဟင်…မျှားလေး…နင်နောက်ကျနေပါလား…နင့်အိမ်ကို ငါဝင်ခေါ်သေးတယ် နင်သွားပြီးဆိုတာနဲ့ ငါလည်း တစ်ယာက်တည်း ထွက်လာတာ…´ `တော်ပါ အပိုတွေ လာပြောမနေနဲ့…နင်တို့နှစ်ကောင် အိမ်ကို ငါဝင်ခေါ်သေးတယ် မနက်လင်းတည်းက လွယ်အိတ်တစ်လုံးဆွဲပြီး ထွက်သွားပြီတဲ့…´ သူမက မျှားကလေး ကျွုန်ပ်နှင့် လမ်းကလေးတို့ရဲ့ ငယ်စဉ် ကလေးဘဝကတည်းမှ မောင်နှမအရင်းသဖွယ် သိပ်ချစ်ကြသည့် သူငယ်ချင်းတွေဖြစ်လျက် သူမက ပျက်သားသည် ရဲရင့်စွာ ဆုံးဖြတ်တတ်လျက် စိတ်ရင်းအလွန်ကောင်းမွန်သူ တစ်ယောက်လည်းဖြစ်ချေသည်။သုံးယောက်စလုံး၏ စာသင်ခန်းဟာ ကျောင်းအပ်ချိန်တူသည့်အတွက် တစ်မေဂျာတည်းဖြစ်သလို တစ်ခန်းတည်းလည်း ဖြစ်ချေသည်။ထိုနေ့စာသင်ခန်းထဲသို့ ကျွုန်ုပ်တို့ သုံးယောက်စလုံး မရောက်တော့ပဲ ထိုကန်တင်းလေးမှာသာ အချိန်ကုန်စေခဲ့သည်။ ညနေဆောင်းသည်နှင့် သုံးယောက်သား အိမ်အပြန်လမ်းအား ဦးတည်လျောက်လှမ်းနေလျက် ကားဝန်းအတွင်း၌ သပ်ရပ်သန့်ရှင်းလှသော ကားအဖြူလေးတစ်စီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုကားက ပျက်နေဟန်တူသည်။ ကားပိုင်ရှင် ကျောင်းသားလေးမှာ ခေါင်းကုတ်ညင်းထွားနေလျက် ကားအတွင်းမှ ထိုင်နေသည့် မိန်းကလေးကား ငြိမ်သက်လှစွာပင်။ `ကြည့်ပါဦး ကားပျက်နေတာတောင် ကားပေါ်က မိန်းကလေးက အေးဆေးထိုင်နေတယ်…´ `အမယ် သူများတကာကို သွားဝေဖန်နေတယ် ကိုယ်ဟာကိုမနေနိုင်ဘူး…´ `မဟုတ်ပါဘူးဟ…ငါသာဆို နည်းနည်းပါပါး ဘာလုပ်ပေးရမလဲ ဘာလဲ မေးဦးမှာပေါ့ တော်တော်နေနိုင်တယ်.…´ `သူ့ချစ်သူကို ချစ်လို့ ကောင်လေးက ကားပေါ်က မဆင်းခိုင်းတာ နေမှာပေါ့ဟ´ ကိုယ့်အရာမပါသည့် သူများအား ဝေဖန်ထောက်ရှု့လျက် သုံးယောက်သား အပြန်လိုင်းကားပေါ်သို့ စတင်တတ် နေရာယူထိုင်လိုက်တော့သည်။ `ဟဲ့…ဘာကြည့်နေတာလဲ…ပေါက်စီကျန်သေးလားလို့…မေးနေတယ်လေ…´ ညနေဆောင်း ဆိုင်သိမ်းချိန်မှသာလျင် ပေါက်စီအမြဲဝယ်လေ့ရှိသော အဖွားအို၏ အမေးကား ပြန်မဖြေ အဖွားအို၏ ဘေးတွင်ရှိနေသော မျက်နှာဝိုင်းလေးဖြင့် ချစ်စရာ အလွန်ကောင်းသော မိန်းကလေး၏ မျက်နှာကိုပင် နေဝန်းနီ ကန်တင်းမှ စားပွဲထိုးလေး ပြည့်စုံတစ်ယောက် ပြုံးလျက်စိုက်ကြည့်နေခဲ့သည်။မိန်းကလေးမှာတော့ မည်သည့်အရာကိုမှ အာရုံမထား သူ့၏လက်ထဲ၌ရှိသော ဘောပင်လေးကိုသာ လက်ချောင်းလေးများဖြင့် ဆော့ကစား လှည့်နေလျက်ရှိသည်။ `ဟဲ့…နင့်ကို မေးနေတယ်လေ…ပေါက်စီကျန်သေးလားလို့…ဘာကြောင်ကြည့်နေတာလဲ သေချင်လို့လား…´ `ပေါက်စီမေးနေတယ်လေ ပြည့်စုံ ရောင်းလိုက်ဦး…´ ဆိုင်ရှင် ဦးတွကြီးထိုင်နေရာမှ လှမ်းအော်ပြောလိုက်မှသာလျင် အဖွားအိုမေးသော ပေါက်စီတို့ကို ရောင်းလိုက်ချေတော့သည်။ ပြည့်စုံကား အေးဆေးနေတတ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ စကားပြောဆိုလေ့မရှိ ရယ်မောခြင်းမရှိ စိတ်ဝေဒနာရှင်တစ်ယောက် အလားထင်မြင်နေရအောင် သူကားနေတတ်သည်။ သူကား ဆိုင်ပိုင်ရှင် ဦးတွကြီးမှ လွန်ခဲ့သည့် ၁၀နှစ်အတွင်း၌ မိမိဆိုင်ရှေ့ကျောင်းဝန်းအတွင်းတွင် ညဘက်များ လာရောက်အိပ်နေတတ်သည်ကို တွေ့သဖြင့် မည်သူ မည်ဝါမှန်း မသိသည့် သူအား မိမိဆိုင်၌ ခေါ်ယူမွေးစားထားပြီး ဆိုင်အလုပ်များ ခိုင်းစေထားခဲ့သည်။ သူ၏ မွေးရပ်ဇာတိကို မပြော အမည်နာမည်အားလည်းမပြော သို့နှင့် ဦးတွကြီးမှ သူ့အား ပြည့်စုံဟု ခေါ်တွင်စေခဲ့ပြီး သူ၏အကြောင်းအားလည်း ဦးတွကြီးပင် ယခုဆယ်နှစ်အချိန်ထိ မသိချေ။ သို့ပေမယ့် အေးဆေးနေတတ်သော ပြည့်စုံအား ဦးတွကြီးမှ သဘောကျလျက် ယခုချိန်ထိ ဆိုင်တွင် ထားစေခဲ့သည်။ မည်သည့်အခါမှ ပြုံးရယ်တတ်ခြင်းမရှိသည့် ပြည့်စုံကား အဖွားအို၏ ဘေးမှ မြေးဖြစ်သူ မိန်းကလေးအား စိုက်ကြည့်လျက် ပြုံးနေမိသည်ကို ဆိုင်ရှင် ဦးတွကြီး ရိပ်စားမိခဲ့ချေသည်။ထိုမိန်းကလေး၏ အမည်ကား ဝင့်ဝါဟု ခေါ်တွင်လျက် သူမ ပထနှစ်ကျောင်းသူဘဝတွင် မိဘနှစ်ပါး ကားမောက်သေဆုံးသွားသောကြာင့် အဖွားဖြစ်သူက စောင့်လျောက်ထားပြီး စိတ်ဝေဒနာခံစားနေရသည်။ကျောင်းဆင်းချိန်တိုင်း အဖွားဖြစ်သူမှ လာရောက်ကြိုနေလျက်ရှိသည်။ဆိုင်ရှင်ဦးတွကြီး ညဘက်တွင် မိမိနေအိမ်သို့ပြန်သွားလေ့ရှိပြီး အလုပ်သမားဖြစ်သူ ပြည့်စုံကိုတော့ မိမိဆိုင်လေးတွင် စိတ်ချစွာ ညအိပ်စေခဲ့သည်။ ထိုညမှာတော့ ပြည့်စုံတစ်ယောက် အိပ်မပျော်နိုင် အဖွားအိုဘေးမှ မိန်းကလေး၏ မျက်နှာကိုပင် ပြန်မြင်ယောင်နေမိတော့သည်။အိပ်မပျော်သည်ကြောင့် ပိတ်ထားသည့် ဆိုင်တံခါးလေးအား ဖွင့်လျက် မှောင်မည်းနေသည့် ကျောင်ဝန်းလမ်းတစ်လျောက် ဆိုင်ရှင်ဦးတွကြီး သူ့အား ပေးထားသော စက်ဘီအစုတ်လေးကို ထုတ်လျက် ခြေဦးတည့်ရာ စီးနင်းလာရင်း ကျောင်းအနောက် ကွင်းပြင်တောင်ကုန်းလေးတွင် ညနေက တွေ့လိုက်ရသည့် မိန်းကလေးကား မိမိလက်ထဲရှိ ဘောပင်လေးအား လှည့်လည် ကစားနေသည်ကို တွေ့လိုက်ရသည်။လူပျက်သည့် ထိုနေရာတွင် မိန်းကလေးတစ်ယေက်တည်း ထိုင်ငိုင်ဆော့ကစားနေသည်ကို အဝေးမှ ပြည့်စုံတစ်ယောက် ချောင်းကြည့်နေလျက် ပြုံးနေမိခဲ့သည်။ ထိုနေရာမှ မိန်းကလေး ထပြန်သွားသည့် အချိန်မှာသာ မျက်စိတစ်ဆုံးကြည့်လျက် ကျန်နေခဲ့တော့သည်။ ကျောင်းဖွင့်ရက် သုံးရက်မြောက်နေ့မှာ ကျွုန်ပ်ထီးကလေးနှင့်အတူ သူငယ်ချင်း မျှားကလေး လမ်းကလေး တို့ကျောင်းဝန်းအတွင်းသို့ အတူတူလျောက်လှမ်းလာခဲ့သည်။မေဂျာအဆောင်ရှေ့မရောက်ခင် လမ်းခုလပ် တစ်နေရာ၌ မနေ့ညနေမှ တွေ့လိုက်ရသည့် ကားပိုင်ရှင်နှင့်အတူ သူ၏ကားလေး ရပ်ထားသည်ကို တွေ့လိုက်ရသည်။ `ဒီနေ့ နည်းနည်း ချမ်းသလိုပဲနော်…´ `ဆောင်းတွင်းပါဆိုမှ ချမ်းမှာပေါ့…´ `ဒီနားလေးမှာ ငါတို့ ဓာတ်ပုံ တစ်ပုံလောက် အမှတ်တရ ရိုက်ရင် မကောင်းဘူးလား…´ `ကောင်းတယ်…ကောင်းတယ် လမ်းလေး မင်းဖုန်းပါတယ် မဟုတ်လား´ `ပါတယ်လေ ဟိုနေကလို သရဲပုံပေါ်တဲ့ ကင်မရာနဲ့ ရိုက်ပေးရမလား…´ `ကောင်းတာပေါ့ တစ္ဆေနဲ့ အမှတ်တရဆိုပြီး ပြောလို့ရတာပေါ့…ဟားဟား´ ကျွုန်ပ်တို့ ၃ဦးသား ပျော်ရွှင်ရယ်မောနေသည်ကို အနားရှိ ကားပိုင်ရှင်ကတော့ စ်တ်ညစ်နေပုံရသည်။ ပန်ခြံသဖွယ် ပြုလုပ်ထားသည့် ထိုနေရာလေးမှာ အသင့်ပါတဲ့ ကင်မရာကို သူငယ်ချင်းဖြစ်သူ လမ်းကလေး ထုတ်လျက် ကျွုန်ပ်နှင့် သူငယ်ချင်းမျှားကတော့ တစ်ယောက်ကို တစ်ယောက် စနောက်လျက် ဓာတ်ပုံရိုက်ခံရန် ဟန်ပြင်နေခဲ့သည်။ `ရိုက်ပြီးနော်…ဒီကိုကြည့်´ ညာသံပေးလျက် ကင်မရာဖြင့် ချိန်ဆထားသော သူငယ်ချင်း လမ်းကလေး မျက်မှောင်ကျုတ်လျက် မိမိကင်မရာအား စူးစိုက်စွာကြည့်နေခဲ့သည်။ဓာတ်ပုံမရိုက်သေးပဲ ကင်မရာအား စူးစိုက်စွာကြည့်နေသည့် သူ့အနားသို့ ကျွန်ုပ်သွားလိုက်ပြီး `ရိုက်တော့လေကွ…ဘာတွေ ကြောင်ကြည့်နေတာလဲ…´ `ဒီ…ဒီမှာ…´`ဘာတုန်းကွ…ပြစမ်း´ ပြောပြောဆိုဆိုဖြင့် သူကိုင်ထားသော ကင်မရာအား ကျွန်ုပ်လှမ်းယူလျက် ကြည့်လိုက်လေရာ `ဘာတုန်းကွ ဘယ်မှာလဲ…´ `ဟုတ်နေပြီ ထီးလေး…မင်းအနောက်မှာ ရှိနေတဲ့ ကားအဖြူနားမှာ မိန်းကလေးတစ်ယောက်ယောက်ကို ကင်မရာထဲကနေ ငါတွေ့လိုက်တယ်…´ `ဟား…ဟားဟား…ဟေ့ယောင်…ငလမ်း မင်းသူများကို သွားလိမ် ငါ့ကိုလာမလိမ်နဲ့…´ `ထီးလေး…ငါတကယ်ပြောနေတာ ဆံပင်ကျောအလယ်လောက်ရှိတယ် ယဉ်ဖုံးအကျီအဖြူရောင်လေးနဲ့ အဲ့ဒီကားနားမှာ ရပ်နေတယ် ကားပိုင်ရှင်ဘေးမှာကို ရပ်နေတာ…´ `မင်းတကယ်ပြောနေတာလား´ `တစ်ခြားသူတွေကို ငါနောက်ကောင်း နောက်လိမ့်မယ် မင်းတို့ကို ငါဘယ်တော့မှ မနောက်ဘူး…´ `ကောင်းပြီ ဒါဆို ငါတို့ပြန်ချိန်ကြည့်ရအောင်…´ သပ်ရပ်လှသည့် ကားအဖြူရောင်နံဘေးတွင် စိတ်ပျက်စွာ ထိုင်နေသော ကားပိုင်ရှင်မသိသာအောင် ၃ယောက်သား တိုင်ပင်လျက် ကင်မရာဖြင့် ချိန်လိုက်လေရာ `ဟိုက်!…´ ကားလမ်းဘေးတွင် စိတ်ပျက်စွာ ထချလျက်ရှိသော ကားပိုင်ရှင်ဘေးတွင် ဘေးတစောင်း မတ်တပ်ရပ်ကာ ရှိနေသူက သာမာန်မျက်စိဖြင့် မရနိုင်သည့် မိန်းကလေးတစ်ဦးပင်ဖြစ်ချေသည်။ ကင်မရာအား ဖယ်ကြည့်လိုက်လျင် ထိုမိန်းကလေးအား မမြင်ရတော့ပဲ ကင်မရာဖြင့် ချိန်းဆလိုက်သည်နှင့် ထိုမိန်းကလေးအား မြင်နိုင်နေသည်။ လက်သွက်စွာဖြင့် ထိုပုံအား ရိုက်ယူထားလိုက်ပြီး `ဟုတ်တယ် …ငါတို့ဘယ်လို လုပ်သင့်လဲ…´ `ဘယ်လို လုပ်ရမှာတုန်း ကြာရင် ကားပိုင်ရှင်ကို တစ်ခုခု အန္တရယ် ပေးနိုင်တယ် သူ့ကို အသိပေးလိုက်တာ ကောင်းမယ် ထင်တယ်…´ `အဲ့ဒါကောင်းတယ် ဒါပေမဟ့် သူလက်မခံရင်ရော…´ `အဲ့ဒါက သူ့အပိုင်း အသိပေးရမှာကငါတို့အပိုင်း´ သုံးယောက်သား တိုင်ပင်လျက် စိတ်ပျက်စွာ ထိုင်နေသည့် ကားပိုင်ရှင် အနားသို့ လျောက်သွားပြီး `သူငယ်ချင်း…တစ်ခုလောက် မေးလို့ရမလား…´ `တစ်ခြားမှာ သွားပေးလိုက်ပါလား တစ်မျိုးတော့ မထင်နဲ့ ငါ့ကားပျက်နေလို့ အာရုံနောက်နေတယ်…´ ကျွုန်ပ်တို့၏ အမေးစကားအား ဘူစပ်စပ်ဖြင့် သူကား ပြန်ဖြေလျက် ထိုင်နေရာမှ ထလိုက်ပြီး ကားသို့မှီထားလိုက်သည်။ `ဟုတ်တယ် သူငယ်ချင်း မင်းကို မေးမှာကလဲ အဲ့ကားနဲ့ ပတ်သတ်တယ်…´ `ဟာကွာ…ဘာမေးမှာလဲ မြန်မြန်မေး အာရုံနောက်ရတဲ့ ကြားထဲ…´ `ဒီကား ဝယ်ထားတာကြာပြီလား ဘယ်ကဝယ်ထားတာလဲ…´ `မင်းတို့ဝယ်မလို့လား ဝယ်မယ်ဆိုလဲ ငါပြန်ရောင်းပေးမယ် တစ်နေ့မှ တစ်ခါ မပျက်ရရင် ဒီကားက ဘီးမလည်ချင်ဘူး´ `မင်းကားမှာ ပရလောကရဲ့ အစွဲအလမ်းတွေများ ရှိနေလိမ့်မယ်လို့ ငါတို့ထင်တယ် …´ `ဟားဟားဟား…သူငယ်ချင်းမင်းတို့ ဒီစကားတွေ တစ်ခြားမှာ သွားပြောရင် ကောင်းလိမ့်မယ် ငါကတော့ အယုံကြည်လဲ မရှိဘူး လက်လဲ မခံဘူး ငါ့ကားက ဆီပိတ်လို့ဖြစ်တာ မင်တို့ပြောတာ မှားတယ်…´ `ဒါဆို သူငယ်ချင်းက ကျောင်းကို ချစ်သူနဲ့ လာတာလား…´ `မဟုတ်ဘူး တစ်ယောက်တည်းလာတာ…´ ကားပိုင်ရှင်၏ အဖြေကြောင့် သုံးယောက်သား မျက်လုံးချင်း ဆုံလျက် အံ့သြတသသ ဖြစ်သွားခဲ့သည်။ တစ်နေ့ညနေ့က ကားဝန်းဘေးတွင် ထိုသူနှင့် ကားပေါ်တွင် မိန့်မိန့်ထိုင်နေသော မိန်းကလေးတစ်အား တွေ့ခဲ့လျက် ထိုမိန်းကလေးကိုတောင် ဝေဖန်ခဲ့သေးသည့် ကျွုန်ပ်တို့ အားလုံး မည်သည့်စကားမှ ပြန်မပြောနိုင် ငြိမ်သတ်သွားခဲ့လေသည်။ `မင်းတကယ်ပြောနေတာလား…တစ်ခါမှ ကျောင်းကို မိန်းကလေးတစ်ယောက်ယောက် ခေါ်မလာဖူးဘူးလား…´ `မင်းတို့ကို လိမ်ပြီး ငါက ဘာလုပ်ရမှာလဲ ငါ့မှာသာ ချစ်သူရှိရင် ကြွားချင်လွန်းလို့ ခေါ်လာတာ ကြာပြီ…ဘယ်မိန်းကလေးမှ ငါ့ကားပေါ်မှာ မထိုင်ဘူးသေးဘူး…´ `ဒါဆို သေချာပြီ သူငယ်ချင်း မင်းကားမှာ အနောက်အယှက်တစ်ခုခုတော့ ရှိနေပြီ´ `တော်ပြီ တော်ပြီ မင်းတို့နဲ့ စကားမပြောချင်တော့ဘူး ငါ့ကို ခွင့်ပြုဦး´ ဟုဆိုလျက် ပျက်နေသည့် မိမိကားအတွင်းသို့ ဝင်သွားလျက် အပြင်မှ စကားသံများမကြားရအောင် မှန်အလုံတင်ထားလိုက်တော့သည်။ `ဟာ…ဒုက္ခပါပဲ ဒီလူတော့ တော်တော် ခေါင်းကြောမာတာပဲ …´ ထိုကားဘေးတွင်း ကျွန်ုပ်တို့မသွားသေး စိတ်ပူစွာ ကြည့်နေစဉ်မှာပဲ ပျက်နေသည့် ကားဟာ အရှိန်ပြင်းစွာဖြင့် မောင်းထွက်သွားတော့သည်။ `ဟာ…ပြန်ကောင်းသွားတာလား…´ အံ့သြစွာ ထိုကားမောင်းထွက်သည်ကို ကြည့်နေရင်း ပေနှစ်ဆယ်ကွာမျှခန့်တွင် ရုတ်တရက် ထိုးရပ်သွားတော့သည်။ ကားရပ်သွားသည်နှင့် ကားအတွင်းမှ ထိုသူထွက်လာပြီး တုန်ရီနေသော ဟန်တို့ဖြင့် ကျွန်ုပ်တို့ဆီ အပြေးလာနေခဲ့သည်။ `ဘာ…ဘာဖြစ်တာလဲ…´ `ကား…ကားက ငါလည်းမမောင်းပဲနဲ့ အလိုလိုနေရင်း သူဟာသူ မောင်းထွက်သွားတယ်…ဘရိတ်လဲ နင်းမရဘူး သူဟာသူ ထိုးရပ်သွားတယ် မင်းတို့ပြောတာ ဟုတ်နေပြီလား မသိဘူး…ငါဘာလုပ်ရမလဲ…´ `ငါတို့အစတည်းကပြောပါတယ် မင်းကမှ လက်မခံတာ ကြည့်ရတာ မင်းကိုတော့ သူအန္တရယ် ပေးချင်လို့မဟုတ်လောက်ဘူး ဒီတော့ ဆိုင်တစ်ဆိုင်မှာ အေးအေးဆေးဆေး စကားသွားပြောကြမယ်…´ သို့နှင့် ကျွုန်ပ်တို့ထိုင်နေကြ နေဝန်းနီ ကန်တင်းလေးရှိရာသို့ ဦးတည်လျောက်လှမ်း လာခဲ့သည်။ဆိုင်အတွင်းသို့ ဝင်လိုက်သည်နှင့် မည်သည့်အခါမှ ပြုံရွှင်နေသော မျက်နှာအား မမြင်ရသည့် အလုပ်သမား ပြည့်စုံတစ်ယောက် တစ်ခုခုအား တွေးတောစဉ်းစာလျက် ပြုံရွှင်နေသည်ကို တွေ့လိုက်ရသည်။ ကျွန်ုပ်တို့ဝင်လာသည်ကိုပင် သူမတွေ့နိုင် အတွေးများဖြင့် မျောလွှင့်နေခဲ့သည့်ပုံစံ။ ဆိုင်ရှင်ဦးတွကြီး အော်ဂေါက်လိုက်မှသာလျင် ကျွုန်ပ်တို့မှာထားသည့် အစားအသောက်များ လာရောက်ပို့ပေးချေသည်။ `ဒါနဲ့ သူငယ်ချင်းနာမည်က ဘဟ်လိုခေါ်လဲ…ဘယ်မေဂျာကလဲ…´ `ငါ့နာမည်က တန်ခိုးလို့ခေါ်တယ် ဓာတုဗေဒ ဒုတိယနှစ် တကယ်ဆို ဘွဲ့ရပြီးပြီး စာမေးပွဲတွေကျလို့ မင်းတို့ကရော…´ `ငါက ထီးကလေး…သူက မျှားကလေး ဒါက လမ်းကလေး…ငါတို့က ငယ်သူငယ်ချင်းတွေ ပြီးတော့ အဏုဇီဝဗေဒ ဒုတိယနှစ် မေဂျာအသစ် ကျောင်းသားတွေပဲ´ `မင်းတို့နဲ့ခင်ရတာ ငါသိပ်ဝမ်းသာမိတယ် မင်းတို့မှာ တစ်ဖတ်သားကို ကူညီချင်တဲ့စိတ် အပြည့်အဝရှိတယ် ငါလဲ အဲ့စိတ်မျိုးအပြည့်ရှိတယ် အခုကားက ငါ့အဖေ ပွဲရုံက တပည့်တစ်ယောက် ဈေးပေါပေါနဲ့ လာရောင်းသွားလို့ တန်လို့ငါ့ကို ဝယ်ပေးထားတာ…အဲ့ကားက တစ်နေ့ကို တစ်ခါပျက်တယ် ထူးဆန်းတာတစ်ခုက မနက်ကျရင်  ညကကားသိမ်းထားတဲ့ နေရာမှာ မဟုတ်ပဲ အရှေ့ ငါးပေလောက် ရွှေ့နေတယ် ဒါမှ မဟုတ်ရင် သော့ခတ်ထားတဲ့ ကားတံခါးကြီးက အလိုလိုပွင့်ပွင့်နေတယ် ငါလဲ ပေတေပြီး ဒီကားပဲစီးနေခဲ့တာ တစ်ခုခုကို သိထားတယ် ဒါပေမဟ့် ကားလေးကို အရမ်းကြိုက်လို့ ပစ်ရမှာ နှမျောတယ်လေ ဒါကြောင့် မင်းတို့ပြောတဲ့ စကားတွေကို ငါမကြားချင်တာပဲ…အခုတော့ သူက အစွမ်းတွေ ပြနေပြီ ငါဘာလုပ်သင့်လဲ…´ `မင်းလုပ်သင့်က မင်းအဖေနဲ့ ပြန်တိုင်ပင်ဦး ပြီးမှ တစ်ခုခုဆုံးဖြတ်…´ `ဒါပေမယ့် အခုကျောင်းပြန်ရင်တော့ ငါမစီးရဲတော့ဘူး…အဖေ့ကိုပဲ ကားလာယူခိုင်းလိုက်တော့မယ်…´ ထိုနေ့မှစ၍ တန်ခိုးဟု ခေါ်တွင်သော ကားပိုင်ရှင်နှင့် ကျွန်ုပ်တို့အားလုံး ခင်မင်သွားခဲ့တော့သည်။ ထိုကားက မိန်းကလေးတစ်ယောက်အား ရက်စက်စွာ ပထမကားပိုင်ရှင်မှ တိုက်မိခဲ့ပြီး အလောင်းအား အစဖျက်ထားခဲ့သည်။မိန်းကလေး၏ သွေးစွန်းထားသော ထိုကားတွင် အချိန်ပြည့် ကားပိုင်ရှင် တန်ခိုးအား အကူညီတောင်းနေခဲ့သည်ကို အယုံကြည်မရှိသည့် တန်ခိုးက သူမအား ဥပေက္ခာပြုထားခဲ့သည်။ ယခုအခါမှသာလျင် အဖြစ်မှန်အားလုံး မှန်ကန်စွာ ပေါ်ပေါက်လျက် အလောင်းဖျောက်ခဲ့သူ တရားခံအားလည်း ဖမ်းစီးရမိခဲ့ချေသည်။ သို့ပေမယ့် ထိုကားလေးကိုတော့ ပိုင်ရှင်ဖြစ်သူ တန်ခိုး စီးနှင်းမှု့မရှိတော့ပဲ သူငယ်ချင်းများဖြစ်သည့် ကျွန်ုပ်တို့နည်းတူ လိုင်းကားသာ တိုးစီးချေတော့သည်။ `မြေးလေးရေ မြေးလေး…ဒီကလေးမလေး ဘယ်လျောက်သွားနေပါလိမ့်…´ စိတ်ရောဂါရှင်မလေး ဝင့်ဝါအား ပျောက်ဆုံးနေလျက် အဖွားဖြစ်သူမှာတော့ မှောင်နေသည့် ညနေဆောင်းလေးတွင် ကျောင်းဝန်းတစ်လျောက် လိုက်လံရှာဖွေနေလျက်ရှိသည်။ နေနီဝန်းကန်တင်းအရှေ့ရောက်သည်နှင့် ဆိုင်သိမ်းဆည်းနေသူ အလုပ်သမားလေး ပြည့်စုံကား ထိုမြင်ကွင်းကို တွေ့ရှိလိုက်ရသည်။ တစ်ခုခုတွေးတောမိလျက် ဆိုင်ရှင် ဦးတွကြီးပေးထားသော စက်ဘီးအဆုတ်လေးအား ထုတ်လျက် သိမ်းလက်စ အလုပ်များအား ပစ်ထားခဲ့ပြီး ပျောက်ဆုံးနေသော ဝင့်ဝါအား သူမသွားတတ်သည့် နေရာလေးဆီသို့ ဦးတည်နှင်းသွားတော့သည်။ သူထင်သည့် အတိုင်းသာလျင် ကျောင်းဝန်းအနောက် ကွင်းပြင်တောင်ကုန်းလေး၌ ဘောပင်လေးအား လှည့်လျက် ထိုင်နေသည့် ဝင့်ဝါအား တွေ့လိုက်ရသည်။သို့နှင့် မိမိစက်ဘီးအား ပစ်ချလိုက်ပြီး ဝင့်ဝါရှိနေသည့် တောင်ကုန်းလေးဆီသို့ လျောက်လှမ်းသွားလိုက်သည်။ သူမအနားသို့ ရောက်လာသည့် ပြည့်စုံအား မော့ကြည့်လျက် မိမိအနားတွင် ထိုင်ရန် ဟန်ပြလိုက်သည်။ မည်သည့်စကားမှ မပြောသည့် ပြည့်စုံကား အဖွားဖြစ်သူ သူမအား လိုက်ရှာနေကြောင်း မပြောတော့ပဲ ဝင့်ဝါ၏ လက်အား ဆွဲလျက် အဖွားဖြစ်သူဆီသို့ လိုက်ပို့ပေးရန် ဆွဲခေါ်လိုက်တော့သည်။ထိုနောက် မိမိကိုယ်ပေါ်တွင် ရှိနေသော အနွေးထည်အစုတ်လေးအား ဝင့်ဝါကို ခြုံပေးထားလျက် စက်ဘီးလေးတွန်းကာ အဖွာဖြစ်သူဆီသို့ လျောက်လှမ်းလာနေခဲ့သည်။ ဝင့်ဝါကား မည်သည့်စကားမှ မပြော ပြည့်စုံ၏ လက်မောင်းကိုမှီလျက် လျောက်လှမ်းလာခဲ့သည်။ မြေးဖြစ်သူအား လိုက်ရှာနေရသည့် အဖွားအိုကား မောဟိုက်လျက် လမ်းနံဘေးတွင် ထိုင်နေသည်ကို တွေ့လိုက်ပြီး သူတို့နှစ်ဦးအား မြင်တွေ့လိုက်ရသည့်အဖွားအိုက `ဟဲ့ကောင် နင်ငါ့မြေးကို ဘယ်ခေါ်သွားတာလဲ နင့်ကိုရဲတိုင်မယ်´ ထိုသို့ပြောနေသည်ကို တုန့်လှုပ်မှု့မရှိ ဝင့်ဝါ၏ မျက်နှာလေးကိုသာကြည့်လျက် ပြည့်စုံကား ပြုံးနေခဲ့သည်။ ထိုနောက် အဖွားဖြစ်သူအား ပြည့်စုံခေါ်သွားခြင်း မဟုတ် သူမကိုယ်တိုင် အိမ်မှ ထွက်သွားကြောင်း ပြောခဲ့သည်။ဝင့်ဝါကိုယ်ပေါ်တွင်ရှိနေသော ပြည့်စုံ၏ အနွေးထည်လေးအား အဖွားအိုမှ ဖယ်လိုက်ပြီး `ရော့…နံစော်နေတာပဲ နောက်တစ်ခါ ငါ့မြေးကို ကြည့်ရဲကြည့်ကြည့် နင့်ကို သတ်ပစ်မယ်…´ ဟု ပြောလျက် ပြည့်စုံ၏ အနွေးထည်လေးအား မြေပြင်ပေါ်သို့ ပစ်ချပေးပြီး မြေးဖြစ်သူ ဝင့်ဝါအား လက်ဆွဲခေါ်သွားတော့သည်။ စာရေးသူ-ထီးကလေး။ ✏✏✏✏✏✏✏✏✏✏✏✏

Original from: http://hteekalayblog.blogspot.co.id/2016/04/blog-post_72.html?m=1
မူလစာရေးသူ -->>ထီးကလေး 

No comments:

Post a Comment