Pages

Saturday, September 24, 2016

ခါးကုန်းမကြီး ဥတ္တရာဘာဖြစ်လို့ ကျွန်ဖြစ်ရတာလည်း?


(ခုဇ္ဇုတ္တရာ)


     ကောသမ္ဗီပြည်၌ ထီးဖြူအုပ်ချုပ် မင်းလုပ်နေသော ဥတေနမင်းကြီးမှာ မိဖုရားသုံးယောက်ရှိတဲ့အနက် သာမာဝတီမိဖုရားကြီးရဲ့ ကျွန်ယုံမကြီးတစ်ယောက်ကတော့ ခုဇ္ဇုတ္တရာ(ခါးကုန်းမကြီးဥတ္တရာ)ဖြစ်ပါတယ်။ ဥတ္တရာဆိုတဲ့ ကျွန်မကြီးဟာ တကယ်တော့ ကမ္ဘာတစ်သိန်းတိတိ ပါရမီဖြည့်ခဲ့တဲ့ သူတော်ကောင်းကြီးလည်း ဖြစ်ပါတယ်။ ဉာဏ်အရာမှာလည်း အရှင်အန္တာမထေရ်မြတ်လို ဉာဏ်မျိုးဖြစ်ပါတယ်။ ဥတ္တရာဟောသော တရားတော်တွေကို ဘုရားရှင်က သာဓုခေါ်လိုက်တာနဲ့ ဒီတရားတော်တွေဟာ ဘုရားဟောထဲမှာ အကျုံးဝင်သွားပါတယ်။ သဂါင်္ယနာတင်တဲ့အထဲမှာလည်း ဣတိဝုတ် ပါဠိတော်ဆိုပြီး သင်္ဂါယနာတင်ထားပါတယ်။ 
     ပြောချင်တာက ဒီလောက်ပါရမီတွေ ကောင်းပြီး ဘာဖြစ်လို့ ကျွန်ဖြစ်နေရတာလည်း?
အဓိကပြောချင်တာ ဒီအကြောင်းကို ပြောချင်တာ။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေအများကြီး ဒီလိုကံမျိုးကို လွန်ကျူးနေတာတွေကို တွေ့နေရလို့ပါ။ 
     ဥတ္တရာဟာ တစ်ချိန် ကဿ     ပဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်တော်မူစဉ်က သူဌေးသမီးတစ်ဖြစ်ခဲ့ဘူးပါတယ်။ တစ်နေ့မှာ သူအလှပြင်သော ပစ္စည်းကို သီလရှိတဲ့ ဘိက္ခုနီထေရ်ရီမကြီးကို ယူခိုင်းမိပါတယ်။ အရှင်မ တပည့်တော်ကို ဤမိတ်ကပ်ဘူး(အလှပြင်ပစ္စည်း)ကိုယူပေးပါလို့ခိုင်းမိပါတယ်။ ဒီကံကကျွန်ဖြစ်ရခြင်းရဲ့ အကြောင်းအရင်း၊ ခါးကုန်းသောကံက တစ်ချိန်မှာ ခါးကုန်းနေသော အရှင်ပစ္စေကဗုဒ္ဓါတစ်ဆူကို ပုံစံတူပြုလုပ် နောက်ပြောင်မိတဲ့ကံပါ။ နွားခြေရာခွက်နောက်သို့ အစဉ်လိုက်သော လှည်းဘီးတွေလိုပါဘဲ ဒီကံတွေက အကျိုးပေးလို့ ဘဝပေါင်း ၂၀၀ကျော် ကျွန်ဘဲဖြစ်ရပါတယ်။ တရားရမယ့် ဘဝမှာလည်း ခါးကုန်းမကြီး ဘဝနဲ့ ကျွန်လာဖြစ်ရပြန်တယ်။
     ယခုခေတ်မှာ လူတွေအနေနဲ့ ရဟန်းတွေကို ခိုင်းတာမျိုးတွေကို တွေ့နေရပါတယ်။ သီလရှိတဲ့ အရှင်ကောင်း အရှင်မြတ်တွေကို ခိုင်းမိရင်တော့ ဒီလိုကံမျိုး ထူထောင်မိလျှက်သား ဖြစ်သွားပါပြီ။ အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ ရဟန်းတွေအနေနဲ့လည်း ဒကာ.ဒကာမ ခိုင်းတာတွေကို လုပ်ပေးလို့ ကြည်ညိုပြီး လှူရင်လည်း ဒီဝတ္ထုပစ္စည်းတွေဟာ ဘယ်လိုမှ မအပ်ပါဘူး။
     ကျေးဇူးတော်ရှင် ဖားအောက်တောရ ဆရာတော်ဘုရားကြီး၏ အဆုံးအမတရားတော်ထဲမှာ ယုတ်စွအဆုံး ရန်ကုန်ကို ခရီးသွားမည့် ရဟန်း.သမဏေ.သီလရှင်ကို ရန်ကုန်က အမျိုးတွေကို မိမိတို့ သာကြောင်း မာကြောင်းလေးတောင်မှ မမှာပါနဲ့ဆိုပြီး ဆုံးမထားတော်မူပါတယ်။ ဒါကြောင့် သင်ဒကာ.ဒကာမအပေါင်းတို့သည်လည်း ကိုယ့်ထက် သီလကြီးကျယ်သော ရဟန်း.သာမဏေ.သီလရှင်များကို ယောင်ရမ်းပြီး မခိုင်းမိစေရန် စေတနာထား၍ ရေးသားလိုက်ရပါကြောင်း။

     အရှင်ဝိနယ(ဓမ္မဝိနယတောရ)

No comments:

Post a Comment