Labels

×××× (3) ၀ဏ္ဏသီရိ (1) ၀တ္ထုစာအုအ်များ (7) apk for Android Smart Phone (4) APP (3) Ashin Revata (1) Auto World Journal (1) Blogger များ (10) Chan Myay Mying Sayadaw (2) Dhamma Talk (English) MP3 (1) Dr Ashin Dhammapiya (2) Dr. Mehm Tin Mon (8) Dr. Nandamalabhivamsa (3) DVD တရားခွေများ (5) e-Book in English (42) Facebook ဆိုင်​ရာ (1) Inside jornel (1) IT ebook (1) Lလင်း (1) Maha Thera Ledi Sayadaw (3) Mingun Sayadaw (10) Mogok SayaDaw U Wimala (7) MP3 (10) NetGuide (6) Photos (1) SAR MAUNG TOH (1) U Pannya Vamsa (1) U San Lwin's Dhamma Talks (1) ViDeo dhanma (2) Videos (2) Website (1) Zar Ni (2) ကံချွန် (3) ကဗျာများ (5) ကျွန်းရွာ​တောရဆရာ​တော်​ (1) ကာတွန်း (13) ကိုနေ (1) ကို​ရွှေ​တောသား (1) ကိုလေးမြတ် (1) ကလောင်စုံ (1) ကျမ်းမာသုခ ဂျာနယ် (1) ကျမ်းမာရေး (8) ခင်ချိုထွန်းစာပေ (1) ခင်မျိုးချစ် (1) ခင်မောင်ညို (ဘောဂဗေဒ) (1) ခင်နှင်းယု (1) ခုဒ္ဒကနိကာယ်အ၀င် ၀ိနည်း ၅-ကျမ်း (1) ခုဒ္ဒကနိကာယ်အ၀င် အဘိဓမ္မာ ၇-ကျမ်း (1) ချက်နည်းပြုတ်နည်း (1) ချစ်စံဝင်း (4) ချစ်မ (1) ချစ်ဦးညို (2) ချစ်နိုင်-စိတ်ပညာ (1) ချမ်းမြေ့ဆရာတော် (20) ဂါထာမန္တာန်ပေါင်ချုပ် (2) ဂီတတီးနည်း (1) ဂျာနယ်ကျော်မမလေး (1) ဂျာနယ်ကျော်မလေး (2) ဂျူး (4) ငယ်-လတ်-ကြီး-ဓမ္မစရိယ (1) စံ-ဇာဏီဘို (3) စစ်​တုရင်​ ၉ အုပ်​ (1) စွမ်းထက်အောင် (1) စွယ်စုံကျမ်း ၁+၉ (2) စာအုပ်များ (10) စာအုပ်လမ်ညွှန် (1) စာ​ပေ ဇယား (1) စာ​ပေ​ဟော​ပြောပွဲ mp3 (1) စိမ့်(ပညာရေး) (2) စိုက်ပျိုးရေး (3) စိုးမြတ်သူဇာ (2) ဆရာမင်းလူ (2) ဆရာကြီး ဦးဂိုရင်ဂါ (3) ဆရာကြီး ဦးဇေတဝန် (1) ဆရာဇော်ဂျီ (2) ဆရာတော်ဦးဇောတိက (1) ဆရာမောင်တိုး (1) ဆရာသောင်းလွင် (1) ဆားပုလင်းနှင်းမောင် (1) ဆုထူးပန်ဦးကျော် (1) ဆုမြတ်မွန်မွန် (1) ဆန္ဒအောင် (1) ဇ၀န (1) ဇင်သန့် (3) ဇင်ဝေသော် (1) ဇဝန (1) ဇာဂနာ (1) ညိုသောင်း (1) ညီသစ်​ (1) ညီမေတ္တာ (1) တက္ကသိုလ် စိန်တင် (1) တက္ကသိုလ် နေလင်းအောင် (4) တက္ကသိုလ်စိန်တင် (1) တက္ကသိုလ်နန္ဒမိတ် (1) တက္ကသိုလ်ဘုန်နိုင်၏စာအုပ်များ (10) တက္ကသိုလ်နေဝင်း (7) တက်တိုး (7) တင်​မိုး (1) တင်မိုးလွင် (1) တင်ထွေး (2) တင်မောင်မြင့် (1) တင်​​မော်​ (1) တတိုင်မွေး (1) တရားတော်များ (23) တာယာမင်းဝေ (4) တာတေ (1) တိပိဋကမြန်မာပြန် (3) တစ္ဆေ၀တ္ထု (2) ဒဂုန်ခင်ခင်လေး (1) ဒဂုန်ဦးစန်းငွေ (2) ဒဂုန်ရွှေမျှား (4) ဒဂုန်ရွှေမျှား (1) ဒီဃနိကာယ် ၃-ကျမ်း (1) ဒီလှိုင်းဂျာနယ် (2) ဒုတိယဗိုလ်မှူးကြီး သောင်းထိုက် (1) ဒဿန (1) ဓမ္မစရိယ ဦး​ဋ္ဌေးလှိုင်​ (1) ဓမ္မစရိယ ဦးအေးနိုင် (1) ဓမ္မာစရိယတန်းအတွက် (21) ဓမ္မာစရိယဦးအေးနိုင် (1) ဓမ္မာစရိယာဦးမောင်မောင်လေး (1) ဓမ္မကျောင်းတော် (1) ဓမ္မဘေရီ အရှင်ဝိရိယ (1) ဓာတ်ပုံပြုပြင်နည်းစာအုပ် (1) နည်းပညာ (2) နည်းပညာဂျာနယ်များ (2) နည်းပညာစာအုပ်များ (40) နန်းမာဆရာတော် အရှင်ဥာဏ (1) နိင်ငံရေးစာအုပ်များ (1) နီကိုရဲ (1) နန္ဒသိန်းဇံ (2) ပဌမသံဃယနာအ​မေးအ​ဖြေ (2) ပန်းငွေရုံဆရာတော် (1) ပန်းဝေဝေ (2) ပါရဂူ (10) ပါရဂူမင်းနန္ဒာ (1) ပိဋကတ်ကျမ်းစာ (1) ပီမိုးနင်း (3) ပုညခင် (2) ပုံပြင်စာအုပ် (1) ပျူး (3) ဖွဲ့စည်းပုံအခြေခံဥပဒေ စာအုပ်များ (4) ဖားအောက်တောရဆရာတော် (1) ဖိုးဇာ (1) ဖိုး​ကျော့ (1) ကြည်​ဦး (1) ကြယ်စင်မှူးဝေ (1) တြိစက္က (2) ဗန်းမော်ဆရာတော် (1) ဗဟုသုတ (3) ဗဟုသုတဆောင်းပါး (3) ဗိုလ်ချုပ်အောင်ဆန်း (1) ဗိုလ်​မှူးဘရှင်​ (1) ဗုဒ္ဓစာပေ (1) ဗုဒ္ဓါဝင်​ ပန်း​ချီကားများ (1) ဗျူး (8) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ (11) ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသMP3 (9) ဘာသပြန် အင်္ဂလိပ် (1) ဘာသာပြန်​စာအုပ်​ (2) ဘာသာ​ရေး (4) ဘာသာရေးဆောင်းပါး (23) မဂ္ဂဇင်း (5) မင်းကိုနိုင်​ (1) မင်းခိုက်စိုးစံ (1) မင်းယုဝေ (3) မင်မြတ်သူရ (1) မင်းလူ (1) မင်လူ ၏ စာအုပ်များ (1) မင်းသိင်္ခ (1) မင်းဇော် (1) မစန္ဒာ (1) မဇ္ဈိမနိကာယ် ၃-ကျမ်း (1) မမသဒ္ဒါမောင် (1) မှတ်​စု (1) မသိ (1) မဟာဆွေ (1) မဟူရာ(လွိုင်ကော်) (1) မာဏဝ (1) မိတ်ဆက်လွှာ (1) မိန်းကလေး (3) မိုးကုတ်ဆရာတော်ဘုရားကြီး (5) မိုးတိမ်​ (1) မိုးမိုး (အင်းလျား) (3) မီကိုဇူးဇင် (3) မလေးငြိမ် (1) မျိုးမာန် (4) မျိုးသူရ (1) မှုခင်း (4) ယဉ်ကျေးလိမ္မာ (53) ပြည့်ပိုင်မှူး (1) ပြည့်ပိုင်မှူးအိမ် (1) ပြည်သူ့နီတိ (1) ဖြူးးဆရာတော် (2) ဖြူးဆရာ​တော် mp3 (1) မြတ်ခိုင် (1) မြန်မာစွယ်စုံကျမ်း (1) မြန်မာ့အလင်းသတင်စာ (22) မြသန်းတင့် (20) မြကေတု (1) ရန်ကုန်မျိုးသန့် (1) ရန်​​အောင်​ ​မောင်​​မောင်​ (1) ရှားပါးစာအုပ်များ (4) ရာဇဂဏီ (1) ရဝေထွန်း (1) ရဝေနွယ် (အင်းမ) (2) ရဲညွန့် (1) လကာင်္ရည်ကျော် (1) လင်းထွန်း (1) လင်းယုန်မောင်မောင် (6) လည်​တီဆရာ​တော်​ (3) လမင်းမို့မို့ (1) လယ်တွင်းသားစောချစ် (15) လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး M.A (2) လီနင် (1) လူထုစိန်ဝင်း (6) လူထုဦးလှ (3) လူပုဂ္ဂိုလ်များ (29) လူ​နေ (1) လရောင်ကျူးရင့် (2) ဝဏ္ဍသီရိ (1) ​ဝင်း​မောင်​ထက်​ (1) ဝတ္တုရှည် (30) ဝိဇ္ဇာ (1) ဝိနယ ပိဋက မြန်မာပြန် (5) ကျမ်း (1) ဝိနိစ္ဆယ ကျမ်းစာအုပ်များ (1) သခင်​စိုး (1) သခင်ဘသောင်း (3) သခင်မြတ်ဆိုင် (1) သင်္ခါ (1) သင်းမြတ်နိုး (1) သစ်မွှေး (2) သည်ခေတ်နေ (1) သတိုးဝီရ (1) သတိုးတေဇ (3) သန်းထိုက်ရွှေရိပ် (2) သန်းငြိမ်းအေး (1) သန်းသန်းတင့် (1) သမိန်ပေါ့သွယ် (1) သမိုင်းစာအုပ်များ (1) သံယုတ္တနိကာယ် ၅-ကျမ်း (1) သရ(ICT) (1) သျှင်ဥက္ကဌ (1) သာမဏေကျော် စာမေးပွဲ အတွက် (1) သိန်းဖေမြင့် (1) သိမ့်သိမ့်နွေး (1) သိုင်​ဝတ္ထုများ (1) သိုး​ဆောင်း (1) သီချင်းစာအုပ်​ (1) သီတဂူဆရာ​တော်​ mp3 တရား (2) သီရိသဒ္ဓမ္မာ လကာင်္ရ (1) သုခ (5) သုတ/ရသ (7) သုတ္တသင်္ဂဟ (1) သုသိဏ် (1) သူရထိုက် (1) သျှင်မ (1) ဟာသ (2) အရှင်ကုဏ္ဍလာဘိဝံသ (1) အရှင်ဂုဏိန္ဒ (1) အရှင်​ဆန္ဒာဓိက (1) အရှင်ဇနကာဘိဝံသ (1) အရှင်ဇာနေယျ (1) အရှင်နန္ဒမာလာဘိဝံသ (1) အရှင်နန္ဒမာလာ (1) အဂ္ဂဝိဇ္ဇာ (1) အင်္ဂလိပ်စကားပြော စာအုပ် (1) အင်္ဂလိပ်စာရေးရန် (1) အင်္ဂုတ္တရနိကာယ် ၁၁-ကျမ်း (1) အင်အားဂျာနယ် (3) အကြည်တော် (8) အဘိဓမ္မာ ပိဋက မြန်မာပြန် (1) အရှင်ကုမာရ (3) အရှင်ဆန္ဒာဓိက (33) အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ (5) အရှင်ဇနကာဘိဝံသ (1) အရှင်အာစရာလင်္ကာရ (1) အရှင်ဥာဏ (1) အရှင်ဆေကိန္ဒ (26) အလှပုံများ (9) အားကစား ဂျာနယ်​ (3) အိမ်လွမ်းသူ (1) အတွေး (1) အ​မေးအ​ဖြေ (1) ဥပဒေ စာအုပ်များ (10) ဥပဒေစာအုပ်များ (14) ဥာဏ်ကြွယ် (1) ဦးခင်ညွန့် (1) ဦးချစ်မောင် (1) ဦးဂိုအင်​ကာ (1) ဦးစိုးတင့် ( တောင်ကြီး ) (1) ဦးဆန်းလွင် (1) ဦးထွဋ္ဋ် (1) ဦးထွန်း (1) ဦးထွန်လှ (2) ဦးပဏ္ဍိတ (1) ဦးပညာစာမိ (1) ဦးပုကလေး (1) ဦးငြိမ်းမောင် (1) ဦးဘသန်း (1) ဦးသက္က (1) ဦးသက်စိန် -ဖြူး (1) ဦးဟုတ်စိန် (1) ဦး​ဌေးလှိုင်​ (1) ဦးဌေးလှိုင်( ဓမ္မာစရိယ ) (1) ဦးရွှေအောင် (2) ဦးသော်ဇင် (1) ဦးအောင်ခင် (1) ဦးအောင်ညွန့်ဝင်း (1) ဦးအောင်လင်း (1) ဦးအောင်ဟိန်းကျော် (1) ဦးအေးမောင် (4) ဦးနု (2) ကောင်းထက် (1) ကျော်နန္ဒအောင် (1) ​ကျော်​မြသန်း (1) ကျော်လှိုင် (1) ငွေကြည် (1) ငွေဥဒေါင်း (6) စောမုံညင်း (1) ဆွေလှိုင်ဦး (1) ဆွေလှိုင်ဦး (1) ဆောင်းပါး (6) ထောင်မှူးကြီး သိန်းဝင်း (1) ထောင်မှူးကြီးသိန်းဝင်း (2) ထောင်မှူးကြီးသိန်းဝင်းနှင့် သူရိန်ထွန်း (2) ဒေါ်အုန်းကြည်သား (1) ​​ဒေါက်တာ​ မင်းတင်​မွန်​ (1) ဒေါက်တာ အရှင်ကောဝိဒ (1) ​​ဒေါက်တာ​ ​အောင်​ခင်​ဆြင့်​ (1) ​ဒေါက်တာနန္ဒမာလာဘိဝံသ (1) ဒေါက်တာမင်းတင်မွန် (1) ဒေါက်တာလှဖေ (2) ဒေါက်တာသန်းထွန်း (4) ဒေါက်တာမောင်မောင်ညို (1) နေစိုးထက် (1) နေဝင်း(လန်ဒန် (1) ဖေမြင့် (5) ဖေဖေကျော် (1) ကြေးမုံသတင်းစာ (24) မေတ္တာရှင်ရွှေပြည်သာ (2) မှော်ပီဆရာသိန်းကြီး (1) မောင်ကွန်ပျူတာ (1) ​​မောင်​ခိုင်​မာ (1) မောင်ညိုမှိုင်း(သန်လျင်) (1) မောင်ထင် (1) မောင်ထွန်းမြိုင် (1) မောင်ထွန်းသူ (2) မောင်မိုးသူ (1) မောင်ဝံသ (1) ​မောင်သာချို (1) မောင်သိန်းလွင် (2) ​မောင်​သိန်​​ဖေ (1) မောင်ကောင်းထိုက် (1) မောင်မောင် (ရွှေကရ၀ိတ်) (1) မောင်မောင်မြင့်သိန်း(စက်မူတက္ကသိုလ်) (1) မောင်ရွှေခေတ် (2) ​မောင်​နှင်​​ဆွေ (1) မော်စီတုန်း (1) ​ရေနံ့သာဝင်း​မောင်​ (1) ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဥပဒေများ (1) ရွှေဥဒေါင်း (3) သောင်းညွန့်သစ် (2) သောင်းဝေဦး (3) သော်တာဆွေ (2) အောင်မြင်ရေးဆောင်းပါး (1) အောင်သင်း (5) ​အောင်​​ကြောင်​ဖြာ (1) နွယ်ဂျာသိုင်း (1) နိုင်ငံရေး (1) နိုင်ငံရေး စာအုပ်စင် (2) နိုင်ငံရေးသမိုင်းစာအုပ်များ (1) နိုင်ပန်းလှ (1)
လာရောက်အားပေးသည်အတွက် အထူးကျေးဇူးတင်ပါသည်။

Unordered List

Wednesday, October 21, 2015

ပိတ်ရက်မှာ ဒန်ပေါက် ချက်စားရအောင်




ဒန်ပေါက်ကြိုက်သူများအတွက် အိမ်မှာပဲ လွယ်ကူလျင်မြန်စွာ ချက်ပြုတ်စားသောက်နိုင်မယ့် ဒန်ပေါက်ချက်နည်းကို World Myanmar ကနေ ဝေမျှချင်ပါတယ်။ မိမိနှစ်သက်ရာ ကြက်သား၊ ဆိတ်သား၊ အမဲသား၊ ၀က်သား၊ ငါး စသဖြင့် ချက်ပြုတ်နိုင်ပြီး ယခု ချက်ပြုတ်နည်းမှာတော့ ကြက်သားကို သုံးထားပါတယ်။
၆ယောက်စာ ဒန်ပေါ့က်ချက်မယ်ဆိုရင်တော့ လိုအပ်မယ့်ပစ္စည်းများကတော့
၁။ ဒန်ပေါက်ဆန် ( ပြည်ပမှာ နေထိုင်သူများ အနေနှင့် Basmati ဆန် သုံးနိုင်ပါတယ်။)
၂။ ကြက်သား (ရင်ပုံ ၊ ပေါင် စသဖြင့် နှစ်သက်ရာ အသားကို အရွယ်ကြီးကြီး ၇ တုံး ၈ တုံးစာ တုံးထားဖို့ လိုပါတယ်။)
၃။ ကြက်သွန်နီ အရွယ်တော် ၂ လုံး (သို့) ကြက်သွန်နီကြော်
၎။ ကြက်သွန်ဖြူ  (၅ မွှာ)
၅။ ဂျင်း ( ၁ လက်မ အထူခန့်)
၆။ ဆီ
၇။ ဆား (စားပွဲတင်ဇွန်း ၁ ဇွန်း)
၈။ ကြက်သားမှုန့် ( လက်ဖက်ရည်ဇွန်း ၁ ဇွန်း)
၉။ နနွင်းမှုန့် (အနည်းငယ်)
၁၀။ ငံပြာရည် ( လက်ဖက်ရည်ဇွန်း ၂ ဇွန်း)
၁၁။ ငရုတ်သီး အရောင်တင်မှုန့် ( လက်ဖက်ရည်ဇွန်း ၁ ဇွန်း)
၁၂။ ကရဝေးရွက် ၊ သစ်ကြပိုးခေါက် ( cinnamon) ၊ နာနတ်ပွင့် ၊ ဇီယာ အနည်းငယ်
၁၃။ ဒန်ပေါက် မဆလာ ( ယခု ချက်ပြုတ်နည်းမှာတော့ shan biryani ကိုသုံးထားပါတယ်။ ကြိုက်နှစ်သာ အရသာ ထည့်နိုင်ပါတယ်။)
၁၄။ ဒိန်ချဉ် ( လက်ဖက်ရည်ဇွန်း ၂ ဇွန်း)
၁၅။  ထောပတ် (gee အနည်းငယ်)
၁၆။ ပဲစေ့ အစိမ်း၊ စပျစ်သီးခြောက်၊ သီဟိုဠ်စေ့ အနည်းငယ်
၁၇။ ငရုပ်သီး အစိမ်း ( အစပ်ကြိုက်သူများ အတွက်သာ)


ပထမဆုံး ကြက်သားအတွက် ပြင်ဆင်ပါမယ်။ ကြက်သားများကို တစ်ယောက်စာ အရွယ်တော် အတုံးကြီးကြီး တုံးပြီး အရေခွံခွာကာ အဆီတွေဖယ်ပါတယ်။ ( အရေခွံကြိုက်သူများအတွက် မခွာလိုက အဆင်ပြေပါသည်။) ထို့နောက် နနွင်းမှုန့် ၊ ဆား၊ ကြက်သားမှုန့်၊ ငံပြာရည်၊ ကြက်သားမှုန့် ၊ ဒိန်ချဉ်တို့ နဲ့ သမအောင် နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါတယ်။
အဲဒီ အချိန်အတောအတွင်းမှာ ကြက်သွန်နီကို ခွာပြီး ပါးပါးလှီးကာ ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ကို နှုပ်နှုပ်စင်း ( ကျိတ်) ထားပါ။ ပြီးရင်တော့ ပါးပါးလှီးထားတဲ့ ကြက်သွန်နီတွေကို ရွှေဝါရောင် သန်းလာတဲ့ အထိ ဆီထည့်ပြီး ကြော်ရပါမယ်။
ကြက်သွန်ကြော် ရပြီဆိုရင်တော့ ကြက်သွန်ကြော်ကို ပန်းကန်လုံး တစ်ခုထဲမှာ ဆယ်ထားပါ။ ဆန် ၇ ဗူး ( ပလတ်စတစ်ခွက်) ကို ရေဆေးပြီး ဆန်ရေမြုပ်ရုံ မိနစ် ၃၀ ဆန့် စိမ်ထားရပါမယ်။
ဆန်စိမ်ထားချိန်မှာ ဆီများများ၊ ထောပတ် ( gee) နည်းနည်းနဲ့ နှပ်ထားတဲ့ ကြက်သားကို မီးနည်းနည်းနဲ့ အနီရောင်ဖျော့ဖျော့ သန်းလာတဲ့ အထိ ကြော်ပေးပါ။
မိနစ် ၃၀ ပြည့်လို့ ဆန်ရပြီ ဆိုရင်တော့ ထမင်းထည့်တည်မယ့် အိုးထဲမှာ ရေနွေးဆူအောင် တည်ပြီး ရေနွေးထဲကို ကရဝေးရွက် ၊ သစ်ကြပိုးခေါက် ( cinnamon) ၊ နာနတ်ပွင့် ၊ ဇီယာ တို့ကို ထည့်ထားပါ။ ရေနွေးဆူရင်တော့ ထည့်ထားတဲ့ ကရဝေးရွက် ၊သစ်ကြပိုးခေါက် ( cinnamon) ၊ နာနတ်ပွင့် ၊ ဇီယာ တို့ကို ဖယ်ပြီး  ဒန်ပေါက် မဆလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ စိမ်ထားတဲ့ ဆန်များကို ထည့်ပါ။ ထို့နောက် ၂ မိနစ်ခန့် ကြာတဲ့အခါမှာတော့ လိုချင်တဲ့ ထမင်းအနေအထားကို ကြည့်ရပါမယ်။ ဆန် အနည်းငယ် ရှည်ထွက်လာပြီ ဆိုရင်တော့  မွှေပြီး ထမင်းရည် ငှဲ့ပေးပါ။
( ထမင်းပေါင်းအိုးနဲ့ ချက်လိုသူများ အနေနှင့် ထမင်းကို လုံးဝ ကျက်သွားတဲ့ အထိ မတည်ရပါဘူး။ ခဏတာ (၅ မိနစ်တာ) လောက်သာ တည်ပြီး အထက်ပါ အတိုင်း ဆန် အနည်းငယ်ရှည်ထွက်လာပြီ ဆိုရင်တော့  မွှေပြီး ထမင်းရည် ငှဲ့ပေးပါ။) ဒီအချိန်မှာဆိုရင်တော့ ဒန်ပေါက် မဆလာ သင်းသင်းနဲ့ ထမင်းရပြီ ဖြစ်ပါတယ်။
ကြက်သားတွေလည်း အနီရောင်သန်းပြီ ဆိုရင်တော့ ဆယ်ယူပြီး 0ven ထဲ ထည့်ဖုတ်မယ့် ဗန်းထဲကို ကြက်သားတွေ ထည့်ပြီး ထမင်းကို ကြက်သားပေါ်ကနေ ညီညာစွာ ထပ်ပေးရပါမယ်။ ထမင်းကို ဗန်းထဲထည့်တဲ့အခါ အသာဖြေးဖြေး ခူးသင့်ပါတယ်။ ဒါမှသာ ဆန်ကျိုးကြေခြင်း မဖြစ်ဘူး သူ့အနေအထားအတိုင်း ကြည့်ကောင်းနေမှာ ဖြစ်ပါတယ်။ ထို့နောက် ပဲစေ့ အစိမ်း၊ စပျစ်သီးခြောက်၊ သီဟိုဠ်စေ့ တို့ကို ထည့်ပါ။
oven သုံးမယ့် သူများ အနေနဲ့ ၃၀၀ ဒီဂရီ စင်တီဂရိတ် နဲ့ preheat လုပ်ထားသင့်ပါတယ်။ oven မသုံးတဲ့ သူများ အနေနဲ့ ရေနွေးငွေ့နဲ့ ပေါင်းဖို့အတွက် ရေနွေးတည်၊ ဒါမှမဟုတ် pressure cooker အသင့်ပြင်ထားသင့်ပါတယ်။
ထို့နောက် အနှစ်ပြုလုပ်ရန်အတွက်  ကြက်သားကြော်ထားတဲ့ ဆီ လက်ဖက်ရည်ဇွန်း ၆ ဇွန်း ( ဆီကြိုက်သူများ အတွက် နှစ်သက်သလောက် ထည့်နိုင်ပါတယ်။) ကို အပူပေးပြီး ဆီပူလာရင်တော့ ကြိတ်ထားတဲ့ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့် ကို ထည့်ပြီး ရေနွှေးထဲကနေ ဆယ်ယူထားတဲ့ ကရဝေးရွက် ၊သစ်ကြပိုးခေါက် ( cinnamon) ၊ နာနတ်ပွင့် ၊ ဇီယာ နဲ့ ဒန်ပေါက်မဆလာထည့်ပြီး ရေအနည်းငယ်ထည့်ကာ ၂ မိနစ်ခန့်တည်ပါ။ ငရုတ်သီး အစိမ်းကိုလည်း ရေမထည့်ခင် ထည့်ပြီးကြော်နိုင်ပါတယ်။ ၂ မိနစ်ပြည့်လို့ အနံ့မွှေးလာပြီ ဆိုရင်တော့ ဟင်းအနှစ်ကို ထမင်းပေါ်ကနေ မျက်နှာပြင်အနှံ့ စမ်းပြီး ကြောထားတဲ့ ကြက်သွန်ကြော်တွေကိုလည်း ဖြူးပေးပါ။


ပြီးရင်တော့ oven ထဲထည့်ပြီး ၄၅ မိနစ်ခန့် Bake လုပ်ပါတယ်။ ရေနွေးငွေ့နဲ့ ပေါင်းများသူများလည်း ထိုမျှ အချိန်ပမာဏကြာအောင် ပေါင်းသင့်ပါတယ်။ pressure cooker သုံးသူများ အနေဖြင့် မိနစ် ၃၀ ခန့် ပေါင်းပေးမယ်ဆိုရင် လုံလောက်မယ်လို့ မျှော်လင့်ပါတယ်။
သတ်မှတ်ထားတဲ့ အချိန်ပြည့်ပြီ ဆိုရင်တော့ ဆိုးဆေးကင်းပြီး အနံ့ အရသာရှိရှိနဲ့ စားကောင်းတဲ့ အိမ်လုပ် ဒန်ပေါက်ကို မိမိနှစ်သက်ရာ သရက်သီး သနပ်၊ ငံပိကြော် ၊ချဉ်ပေါင်ဟင်း၊ သခွားသီးအချဉ် စသဖြင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

World Myanmar

0 comments:

Post a Comment