Pages

Wednesday, August 31, 2016

ဆဋ္ဌသင်္ဂါယနာတင် မြန်မာဘာသာပြန် ပိဋကတ်သုံးပုံ စာအုပ်များဒေါင်းရန်



ပိဋကတ်သုံးပုံဆိုသည်မှာဗုဒ္ဓမြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်လးဆယ့်ငါးဝါ ကာလအတွင်း  ဟောကြားခဲ့သော တရားတော် (ဗုဒ္ဓ၀စန) များကို ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရေးသား မှတ်တမ်းတင်ထားသော စာပေများကို ခေါ်ဆိုပေသည်။ တနည်းအားဖြင့်  ၀ိနယ ပိဋကတ်၊ အဘိဓမ္မာ ပိဋကတ် နှင့် သုတ္တန္တ ပိဋကတ် ဟူ၍ သုံးမျိုးခွဲခြားထားသည်။ဝိနည်းပိဋကတ် = ၀ိနည်း (၅)ကျမ်းအဘိဓမ္မာပိဋကတ်= အဘိဓမ္မာ(၇)ကျမ်းသုတ္တန္တပိဋကတ်= ထိုမှ ကြွင်းသော ဗုဒ္ဓစကားတော်များကို သုတ္တန္တ ပိဋကတ် ၌ ထည့်သွင်းသည်။ (၃၇)ကျမ်း စုစုပေါင်း (၄၉)ကျမ်း ဖြစ်သည်။ ပိဋကတ်သုံးပုံသည် ဓမ္မခန္ဓာ အရေအတွက်အားဖြင့် သုတ္တန်ပိဋကတွင် (၂၁၀၀၀) ၀ိနည်းပိဋကတ်တွင် (၂၁၀၀၀) အဘိဓမ္မာပိဋကတ်တွင် (၄၂၀၀၀) စုစုပေါင်း ဓမ္မခန္ဓာပေါင်း (၈၄၀၀၀)ရှိသည်ထို(ဗုဒ္ဓ၀စန) တရားတော်များတွင် ရဟန်းယောင်္ကျား၊ ရဟန်းမိန်းမတို့ လိုက်နာရန် ၀ိနည်းသိက္ခာပုဒ်များ ပါဝင်သည့် ဟောကြားဆုံးမချက်များကို `၀ိနယ´ဟု ခေါ်၍ ကျန်ရှိသော ဗုဒ္ဓ၀စန များကို `ဓမ္မ´ဟု ခေါ်ဆိုသည်။ ၀ိနယမှ ကြွင်းသော ဗုဒ္ဓ၀စနအားလုံးကို ဓမ္မ ဟု ခေါ်ဆိုရသဖြင့် ယင်း ဓမ္မတွင် `အဘိဓမ္မာ´ တရားတော်များလည်း အကြုံးဝင်လျက် ရှိသည်။ဝိနည်းပိဋက (မြန်မာပြန်)

No comments:

Post a Comment